တစ်နိုင်ငံလုံး၌ မြေပဲ ဧက (၃၂) သိန်းနီးပါး စိုက်ပျိုးရန်လျာထားပြီး မိုးမြေပဲဧက (၁၅) သိန်းကျော် စိုက်ပျိုးပြီးစီး

 174

ချယ်ရီ (NP News ) - စက်တင်ဘာ ၂၆
လက်ရှိ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့်မြေပဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧက (၃၂) သိန်းနီးပါး စိုက်ပျိုးရန်ထားကာ မိုးမြေပဲဧက (၁၅) သိန်းကျော် စိုက်ပျိုးထားပြီဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
မြေပဲ၊ နှမ်း၊ နေကြာနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧကများကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်သော်လည်း ပန်းတိုင်အထွက်နှုန်းရရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။
မြေပဲသီးနှံ၏ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ချက်မှာ တစ်ဧကလျှင် တင်း(၇၀) ဖြစ်ပြီး ပြီးခဲ့သည့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၏ တစ်နိုင်ငံလုံး ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် (၅၇.၂၁) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
“တိုင်းချုပ်အနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ တစ်ဧက (၇၇) တင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှာ တစ်ဧက (၆၉) တင်း၊ ကရင်ပြည်နယ်မှာ တစ်ဧက (၆၇) တင်း၊ မွန်ပြည်နယ်မှာ တစ်ဧကကို (၆၂) တင်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။ တောင်သူတစ်ဦးချင်းစိုက်ပျိုးမှုကတော့ တစ်ဧက တင်း (၈၀) ကျော် ထွက်ရှိတဲ့ နေရာတွေလည်းရှိတာကြောင့် မြေပဲ စိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ မကြာမီ ကာလအတွင်းမှာ ပန်းတိုင်ဧက ပြည့်မီ နိုင်တော့မှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် မိုးမြေပဲ (၁,၈၈၇,၃၅၃) ဧက၊ ဆောင်းမြေပဲ (၁,၂၉၀,၇၅၀)၊ မြေပဲ စုစုပေါင်း (၃,၁၇၈,၁၀၃) ဧက တို့ကို စိုက်ပျိုးရန် လျာထားပြီ လက်ရှိအချိန်အထိ မိုးမြေပဲ (၁,၅၈၅,၀၈၇) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တစ္ႏိုင္ငံလုံး၌ ေျမပဲ ဧက (၃၂) သိန္းနီးပါး စိုက္ပ်ိဳးရန္လ်ာထားၿပီး မိုးေျမပဲဧက (၁၅) သိန္းေက်ာ္ စိုက္ပ်ိဳးၿပီးစီး
ခ်ယ္ရီ (NP News ) - စက္တင္ဘာ ၂၆
လက္ရွိ ဘ႑ာႏွစ္တြင္ ဆီထြက္သီးႏွံတစ္မ်ိဳးျဖစ္သည့္ေျမပဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဧက (၃၂) သိန္းနီးပါး စိုက္ပ်ိဳးရန္ထားကာ မိုးေျမပဲဧက (၁၅) သိန္းေက်ာ္ စိုက္ပ်ိဳးထားၿပီျဖစ္ေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
ေျမပဲ၊ ႏွမ္း၊ ေနၾကာႏွင့္ ဆီထြက္သီးႏွံမ်ားစိုက္ပ်ိဳးရာတြင္ စိုက္ဧကမ်ားကို လ်ာထားခ်က္ျပည့္မီေအာင္ စိုက္ပ်ိဳးႏိုင္ေသာ္လည္း ပန္းတိုင္အထြက္ႏႈန္းရရန္ လိုအပ္လ်က္ရွိေနေၾကာင္း သိရသည္။
ေျမပဲသီးႏွံ၏ ပန္းတိုင္အထြက္ႏႈန္းသတ္မွတ္ခ်က္မွာ တစ္ဧကလွ်င္ တင္း(၇၀) ျဖစ္ၿပီး ၿပီးခဲ့သည့္ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္၏ တစ္ႏိုင္ငံလုံး ပ်မ္းမွ်အထြက္ႏႈန္းမွာ တစ္ဧကလွ်င္ (၅၇.၂၁) တင္း ထြက္ရွိခဲ့ေၾကာင္း သိရသည္။
“တိုင္းခ်ဳပ္အေနနဲ႔ ပဲခူးတိုင္းေဒသႀကီးမွာ တစ္ဧက (၇၇) တင္း၊ ဧရာဝတီတိုင္း ေဒသႀကီးမွာ တစ္ဧက (၆၉) တင္း၊ ကရင္ျပည္နယ္မွာ တစ္ဧက (၆၇) တင္း၊ မြန္ျပည္နယ္မွာ တစ္ဧကကို (၆၂) တင္း ထြက္ရွိေနၿပီ ျဖစ္ပါတယ္။ ေတာင္သူတစ္ဦးခ်င္းစိုက္ပ်ိဳးမႈကေတာ့ တစ္ဧက တင္း (၈၀) ေက်ာ္ ထြက္ရွိတဲ့ ေနရာေတြလည္းရွိတာေၾကာင့္ ေျမပဲ စိုက္ပ်ိဳးထုတ္လုပ္မႈအေနနဲ႔ မၾကာမီ ကာလအတြင္းမွာ ပန္းတိုင္ဧက ျပည့္မီ ႏိုင္ေတာ့မွာျဖစ္ပါတယ္” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိ (၂၀၂၅-၂၀၂၆) ဘ႑ာေရးႏွစ္တြင္ မိုးေျမပဲ (၁,၈၈၇,၃၅၃) ဧက၊ ေဆာင္းေျမပဲ (၁,၂၉၀,၇၅၀)၊ ေျမပဲ စုစုေပါင္း (၃,၁၇၈,၁၀၃) ဧက တို႔ကို စိုက္ပ်ိဳးရန္ လ်ာထားၿပီ လက္ရွိအခ်ိန္အထိ မိုးေျမပဲ (၁,၅၈၅,၀၈၇) ဧက စိုက္ပ်ိဳးၿပီး ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.