တရုတ်သို့တင်ပို့သည့် GCCA မှတ်ပုံတင်ပစ္စည်းအမယ် (၃၇၀၀)ကျော်ရှိ

323

NP News - စက်တင်ဘာ ၂၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သို့ ၄ နှစ်နီးပါအတွင်း မှတ်ပုံတင်လျှောက်ထားခဲ့သည့် မြန်မာကုန်ပစ္စည်းအမယ်ပေါင်း (၃၇၀၀)ကျော် ရှိလာကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC ရုံးလုပ်ငန်းအဖွဲ့ စာရင်းများအရ သိရသည်။
လက်ရှိတွင် စားသောက်ကုန်ပစ္စည်းများတင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံ GACC တွင် မှတ်ပုံတင် လျှောက်ထားမှုများ ဆက်လက်ရှိနေပြီး လျှောက်ထားမှုများ အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်အထိ ကုမ္ပဏီ (သို့မဟုတ်) စက်ရုံ ၁,၇၉၅ ခု ရှိ၍ ပေးပို့လာသည့် စောင်ရေ စုစုပေါင်း ၃,၇၃၉ စောင်ကို မှတ်ပုံတင်လျှောက်ထားပြီးဖြစ်ကြောင်း GACC ရုံးလုပ်ငန်းအဖွဲ့မှ သိရသည်။
အဆိုပါ လျှောက်ထားမှုများမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၁,၆၂၀ ၊ စောင်ရေအားဖြင့် ၃,၅၆၄ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ (သို့မဟုတ်)စက်ရုံ ၁၅၂ ခု၊ စောင်ရေ ၁၅၂ စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ စောင်ရေ ၁၄ စောင် ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် တို့ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အနေဖြင့် လည်း လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်(သို့မဟုတ်) တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်းကို ကြေညာချက်အမှတ် ၂၄၈ နှင့် ၂၄၉ တို့ဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
တ႐ုတ္သို႔တင္ပို႔သည့္ GCCA မွတ္ပုံတင္ပစၥည္းအမယ္ (၃၇၀၀)ေက်ာ္ရွိ
NP News - စက္တင္ဘာ ၂၇
ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ စားေသာက္ကုန္တင္ပို႔ရန္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ အေကာက္ခြန္အေထြေထြ အုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕ (GACC) သို႔ ၄ ႏွစ္နီးပါအတြင္း မွတ္ပုံတင္ေလွ်ာက္ထားခဲ့သည့္ ျမန္မာကုန္ပစၥည္းအမယ္ေပါင္း (၃၇၀၀)ေက်ာ္ ရွိလာေၾကာင္း ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ျပည္တြင္းကုန္သြယ္မႈဌာနခြဲ၊ GACC ႐ုံးလုပ္ငန္းအဖြဲ႕ စာရင္းမ်ားအရ သိရသည္။
လက္ရွိတြင္ စားေသာက္ကုန္ပစၥည္းမ်ားတင္ပို႔ႏိုင္ရန္အတြက္ တ႐ုတ္ႏိုင္ငံ GACC တြင္ မွတ္ပုံတင္ ေလွ်ာက္ထားမႈမ်ား ဆက္လက္ရွိေနၿပီး ေလွ်ာက္ထားမႈမ်ား အေနျဖင့္လည္း ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္မွ ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္အထိ ကုမၸဏီ (သို႔မဟုတ္) စက္႐ုံ ၁,၇၉၅ ခု ရွိ၍ ေပးပို႔လာသည့္ ေစာင္ေရ စုစုေပါင္း ၃,၇၃၉ ေစာင္ကို မွတ္ပုံတင္ေလွ်ာက္ထားၿပီးျဖစ္ေၾကာင္း GACC ႐ုံးလုပ္ငန္းအဖြဲ႕မွ သိရသည္။
အဆိုပါ ေလွ်ာက္ထားမႈမ်ားမွာ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ကုမၸဏီ ၁,၆၂၀ ၊ ေစာင္ေရအားျဖင့္ ၃,၅၆၄ ေစာင္၊ ငါးလုပ္ငန္းဦးစီးဌာနမွ ကုမၸဏီ (သို႔မဟုတ္)စက္႐ုံ ၁၅၂ ခု၊ ေစာင္ေရ ၁၅၂ ေစာင္၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ကုမၸဏီ ၁၄ ခု၊ ေစာင္ေရ ၁၄ ေစာင္ ၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ကုမၸဏီ ၉ ခု၊ ေစာင္ေရ ၉ ေစာင္ တို႔ျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ အေကာက္ခြန္အေထြေထြ အုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕ (GACC) အေနျဖင့္ လည္း လြန္ခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ စတင္၍ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ စားေသာက္ကုန္ တင္ပို႔မည့္(သို႔မဟုတ္) တင္ပို႔လ်က္ရွိသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ GACC တြင္ မွတ္ပုံတင္ၿပီးမွသာလွ်င္ တင္ပို႔ခြင့္ရရွိမည္ျဖစ္ေၾကာင္းကို ေၾကညာခ်က္အမွတ္ ၂၄၈ ႏွင့္ ၂၄၉ တို႔ျဖင့္ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္ေၾကာင္းသိရသည္။