ကြော်ငြာမှာ လိင်ပိုင်းဆိုင်ရာအမြင် သက်ရောက်မှုရှိနေတယ်လို့ ဝေဖန်ခံရတဲ့ တောင်ကိုရီးယား အလှကုန်ပစ္စည်းအမှတ်တံဆိပ် Innisfree ပြန်လည်တောင်းပန်ရ

1043

ရောင်နီ (NP News) - စက်တင်ဘာ ၂၆
တောင်ကိုရီးယား အလှကုန်ပစ္စည်း အမှတ်တံဆိပ် Innisfree ဟာ မျက်လုံးမှိတ်ထားတဲ့ အမျိုးသမီးမော်ဒယ်တစ်ဦးရဲ့မျက်နှာပေါ်ကို အဖြူရောင် နို့ရည်တွေ လောင်းချနေတဲ့ ကြော်ငြာပုံကြောင့် ဝေဖန်ခံရပြီးနောက် ပြန်လည်တောင်းပန်လိုက်ရပါတယ်။
Innisfree အမှတ်တံဆိပ်ထဲက Green Tea Ceramide ဆိုတဲ့ ထုတ်ကုန်အရောင်းမြှင့်တင်တဲ့ Campaign ကြော်ငြာဟာ လိင်ပိုင်းဆိုင်ရာအမြင်သက်ရောက်မှုရှိတယ်လို့ဆိုကာ တောင်ကိုရီးယား အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
Innisfree ရဲ့ TikTok ဗီဒီယိုတစ်ခုမှာ အမျိုးသမီးမော်ဒယ်တစ်ဦးက သူမရဲ့မျက်နှာပေါ်ကို နို့နှစ်ပန်းကန်လောင်းချကာ မျက်နှာမော့ထားတဲ့ပုံ ဖော်ပြထားပါတယ်။
ကြော်ငြာက နို့ရည်ဟာ မျက်နှာကို အစိုဓာတ်ဖြည့်တင်းပေးနိုင်တယ်။ အရေးအကြောင်း သက်သာစေတယ် စတဲ့ message တွေကို ပြချင်တာဖြစ်ပေမယ့် ကြော်ငြာရဲ့တင်ဆက်တဲ့ပုံစံကြောင့် "အမျိုးသမီးဖောက်သည်တွေကို အဓိကတားဂတ်ထားတဲ့ အမှတ်တံဆိပ်တစ်ခုက အမျိုးသမီးတွေကို လှောင်ပြောင်တာ ရှက်စရာကောင်းပါတယ်” "Innisfree skin lotion ကို ကောလိပ်ကတည်းက တသမတ်တည်း သုံးခဲ့တာပါ။ ဒါပေမယ့် ဒီကြော်ငြာက အရမ်းစိတ်ပျက်မိတာကြောင့် တခြားအမှတ်တံဆိပ် ပြောင်းသုံးချင်နေတာ၊ ဘာပြောင်းရမလဲ" ဆိုတဲ့မှတ်ချက်တွေ များစွာရရှိခဲ့တာဖြစ်ပါတယ်။
ဒီအတွက် Innisfree က စက်တင်ဘာ ၂၃ ရက်မှာတော့ ဆိုရှယ်မီဒီယာပလပ်ဖောင်း X ကတဆင့် ကိုရီးယားဘာသာစကားနဲ့ တောင်းပန်စာ ထုတ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version:
ေၾကာ္ျငာမွာ လိင္ပိုင္းဆိုင္ရာအျမင္ သက္ေရာက္မႈရွိေနတယ္လို႔ ေဝဖန္ခံရတဲ့ ေတာင္ကိုရီးယား အလွကုန္ပစၥည္းအမွတ္တံဆိပ္ Innisfree ျပန္လည္ေတာင္းပန္ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆
ေတာင္ကိုရီးယား အလွကုန္ပစၥည္း အမွတ္တံဆိပ္ Innisfree ဟာ မ်က္လုံးမွိတ္ထားတဲ့ အမ်ိဳးသမီးေမာ္ဒယ္တစ္ဦးရဲ႕မ်က္ႏွာေပၚကို အျဖဴေရာင္ ႏို႔ရည္ေတြ ေလာင္းခ်ေနတဲ့ ေၾကာ္ျငာပုံေၾကာင့္ ေဝဖန္ခံရၿပီးေနာက္ ျပန္လည္ေတာင္းပန္လိုက္ရပါတယ္။
Innisfree အမွတ္တံဆိပ္ထဲက Green Tea Ceramide ဆိုတဲ့ ထုတ္ကုန္အေရာင္းျမႇင့္တင္တဲ့ Campaign ေၾကာ္ျငာဟာ လိင္ပိုင္းဆိုင္ရာအျမင္သက္ေရာက္မႈရွိတယ္လို႔ဆိုကာ ေတာင္ကိုရီးယား အြန္လိုင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ေဝဖန္မႈေတြရွိခဲ့တာျဖစ္ပါတယ္။
Innisfree ရဲ႕ TikTok ဗီဒီယိုတစ္ခုမွာ အမ်ိဳးသမီးေမာ္ဒယ္တစ္ဦးက သူမရဲ႕မ်က္ႏွာေပၚကို ႏို႔ႏွစ္ပန္းကန္ေလာင္းခ်ကာ မ်က္ႏွာေမာ့ထားတဲ့ပုံ ေဖာ္ျပထားပါတယ္။
ေၾကာ္ျငာက ႏို႔ရည္ဟာ မ်က္ႏွာကို အစိုဓာတ္ျဖည့္တင္းေပးႏိုင္တယ္။ အေရးအေၾကာင္း သက္သာေစတယ္ စတဲ့ message ေတြကို ျပခ်င္တာျဖစ္ေပမယ့္ ေၾကာ္ျငာရဲ႕တင္ဆက္တဲ့ပုံစံေၾကာင့္ "အမ်ိဳးသမီးေဖာက္သည္ေတြကို အဓိကတားဂတ္ထားတဲ့ အမွတ္တံဆိပ္တစ္ခုက အမ်ိဳးသမီးေတြကို ေလွာင္ေျပာင္တာ ရွက္စရာေကာင္းပါတယ္” "Innisfree skin lotion ကို ေကာလိပ္ကတည္းက တသမတ္တည္း သုံးခဲ့တာပါ။ ဒါေပမယ့္ ဒီေၾကာ္ျငာက အရမ္းစိတ္ပ်က္မိတာေၾကာင့္ တျခားအမွတ္တံဆိပ္ ေျပာင္းသုံးခ်င္ေနတာ၊ ဘာေျပာင္းရမလဲ" ဆိုတဲ့မွတ္ခ်က္ေတြ မ်ားစြာရရွိခဲ့တာျဖစ္ပါတယ္။
ဒီအတြက္ Innisfree က စက္တင္ဘာ ၂၃ ရက္မွာေတာ့ ဆိုရွယ္မီဒီယာပလပ္ေဖာင္း X ကတဆင့္ ကိုရီးယားဘာသာစကားနဲ႔ ေတာင္းပန္စာ ထုတ္ျပန္ခဲ့ရတယ္လို႔ သိရပါတယ္။