ရှမ်းမြောက်တွင် လက်နက်ကိုင်အဖွဲ့များ၏ ဖိအားပေးမှုများအကြား ဒေသခံများ ခက်ခဲစွာရှင်သန်နေကြရ

 2216

သန့်ဇင် (NP News) - ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ဖိအားပေးမှုများအကြား ဒေသခံများ ခက်ခဲစွာရှင်သန်နေထိုင်နေရကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။

MNDAA နှင့် TNLA လက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့အချို့တွင် လက်နက်ကိုင်အဖွဲ့များအကြား နယ်မြေအငြင်းပွားမှုနှင့် အခြားသော ပဋိပက္ များရှိနေကြောင်း သိရသည်။

“လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေက လက်နက်ကိုင်အဖွဲ့များတဲ့အောက်မှာ လက်နက်ကိုင်အဖွဲ့က တစ်ဖွဲ့တည်းမဟုတ်ဘဲနဲ့ (၂)ဖွဲ့။ (၃) ဖွဲ့ရှိတဲ့အပေါ်မှာ လက်နက်ကိုင်အဖွဲ့ရဲ့(၂)ဖွဲ့ ပဋိပက္ခပြင်းထန်မှုတွေရှိတယ်။ အဓိကအားဖြင့် ကွတ်ခိုင်မြို့မှာ KIA က မူးယစ်းဆေးဝါးတားဆီးမှု ဗီနိုင်းစတေကာထုတ်ဝေမှုကို TNLA က လာရောက်တားဆီးရာကနေ (၂)ဖက်တင်း မာမှုတွေဖြစ်ပွားခဲ့တယ်ပေါ့။ ဒီအုပ်စု(၂)စု လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့ကြားမှာလည်း ပဋိပက္ခပြင်းထန် မှုတွေရှိတယ်။ TNLA ကလည်း လူမျိုးရေးကို ပဋိပက္ခ ဖြစ်စေတဲ့အရာမျိုးတွေကို ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင်မှာ မကြာခဏ ကျူးလွန်လေ့ရှိတယ်” ဟု ၎င်းကပြောသည်။

(၁၀၂၇) စစ်ဆင်ရေးဖော်ဆောင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ မိုင်းလုံ၊သိန္နီ၊ ကွမ်းလုံ၊ မုန်းကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့ကို MNDAA ၊ TNLA တို့က ထိန်းချုပ်ထားကြောင်း သိရသည်။

ထို့နောက် အဆိုပါ လက်နက်ကိုင်အဖွဲ့များထိန်း ချုပ်ထားရာမြို့များမှ ဒေသခံများအနေဖြင့် လက်နက်ကိုင်အဖွဲ့များ၏ ဖိနှိပ်မှုများအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ကျူးလွန်နေ ကြောင်း ၎င်းက ဆက်ပြောသည်။ “သူတို့တွေထိန်းချုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေရောက်လာတဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းက စစ်မက် ကင်းရာ နေရာတွေကို ပြောင်းရွှေ့သွားကြရတယ်။ အဲဒီမှာ သူတို့မြို့တွေမှာ ပြည်သူတွေမရှိတဲ့အခါကျတော့ သူတို့အတွက် တပ်မတော်အနေနဲ့က လေကြောင်းရန်က ချေမှုန်းမှာကို စိုးရိမ်တဲ့အတွက် နေအိမ်တွေကို ချိပ်ပိတ်တဲ့ အစီအစဉ်တွေ ပြန်မလာရင် အိမ်ကိုသိမ်းမယ်ဆိုပြီး အတင်းအကြပ်နဲ့ အသိပေးပြီးဆောင် ရွက်ခဲ့တာမျိုး တွေရှိပါတယ်။ ပြန်လာလို့လည်း အဖမ်းခံရတဲ့ အနေအထားမျိုးတွေ အများကြီးရှိခဲ့ပါ တယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် MNDAA နှင့် TNLA ထိန်းချုပ်ထားရာ မြို့များတွင် စက်သုံးဆီး၊ လျှပ်စစ်မီးနှင့် ဆက် သွယ်ရေးလိုင်းအချို့ ပြတ်တောက်နေပြီး ခေတ်အဆက်ဆက်အဆိုးရွားဆုံး အခြေအနေများကို ရင်ဆိုင် နေရကြောင်း အထက်ပါဒေသခံက ဆိုသည်။“ပြောရရင်တော့ သူတို့ထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ ပြည်သူတွေက စက်သုံးဆီပြတ်လပ်မှုကို ကြုံတွေ့ရတယ်။ နောက်လျှပ်မီးအခြေအနေနဲ့ဆက်သွယ်ရေးတွေ ခက်ခဲလာတယ်။ ကျွန်တော်တို့ပြည်သူတွေက ကွတ်ခိုင်လို နေရာမှာ အဖွဲ့(၂)အုပ်ချုပ်တဲ့အခါမှာ ဘယ်သူ က ခေါင်းဆောင်လဲဆိုတာကို ဝေခွဲမရဖြစ်တယ်။ ဟိုဘက်သွားလည်းပေးရ။ ဒီဘက်သွားလည်းပေးရနဲ့ အဲလိုမျိုးတွေရှိတယ်။ အဲဒါတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိအခြေအနေပေါ့။ အဲဒီတော့ ရှမ်းမြောက်ကဒေသခံတွေက စစ်အစိုးရလည်း မီခဲ့တယ်။ ခေတ်အဆက်ဆက်လည်းမီခဲ့တယ်။ ဒါပေမဲ့ ဒီလောက်ထိဆိုးရွားတဲ့ အခြေအနေမျိုး မတွေ့ဖူးဘူး။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် သူတို့ကို ထောက်ခံတဲ့ အင်အားစုတွေကိုယ်တိုင်က MNDAA နဲ့ TNLA ကိုမလိုလားတော့ဘူး။ ပြောရမယ်ဆိုရင်‌ တော့ သူတစ်လူ ငါတစ်မင်းစနစ်နဲ့ အုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်လာတာပေါ့”ဟု အထက်ပါ သတင်းရင်း မြစ်က ဆိုသည်။

zawgyi version
ရွမ္းေျမာက္တြင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ဖိအားေပးမႈမ်ားအၾကား ေဒသခံမ်ား ခက္ခဲစြာရွင္သန္ေနၾကရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ဖိအားေပးမႈမ်ားအၾကား ေဒသခံမ်ား ခက္ခဲစြာရွင္သန္ေနထိုင္ေနရေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။

MNDAA ႏွင့္ TNLA လက္နက္ကိုင္အဖြဲ႕မ်ားထိန္းခ်ဳပ္ထားသည့္ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ၿမိဳ႕အခ်ိဳ႕တြင္ လက္နက္ကိုင္အဖြဲ႕မ်ားအၾကား နယ္ေျမအျငင္းပြားမႈႏွင့္ အျခားေသာ ပဋိပက္ မ်ားရွိေနေၾကာင္း သိရသည္။

“လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းရဲ႕အေျခအေနက လက္နက္ကိုင္အဖြဲ႕မ်ားတဲ့ေအာက္မွာ လက္နက္ကိုင္အဖြဲ႕က တစ္ဖြဲ႕တည္းမဟုတ္ဘဲနဲ႔ (၂)ဖြဲ႕။ (၃) ဖြဲ႕ရွိတဲ့အေပၚမွာ လက္နက္ကိုင္အဖြဲ႕ရဲ႕(၂)ဖြဲ႕ ပဋိပကၡျပင္းထန္မႈေတြရွိတယ္။ အဓိကအားျဖင့္ ကြတ္ခိုင္ၿမိဳ႕မွာ KIA က မူးယစ္းေဆးဝါးတားဆီးမႈ ဗီႏိုင္းစေတကာထုတ္ေဝမႈကို TNLA က လာေရာက္တားဆီးရာကေန (၂)ဖက္တင္း မာမႈေတြျဖစ္ပြားခဲ့တယ္ေပါ့။ ဒီအုပ္စု(၂)စု လက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕ၾကားမွာလည္း ပဋိပကၡျပင္းထန္ မႈေတြရွိတယ္။ TNLA ကလည္း လူမ်ိဳးေရးကို ပဋိပကၡ ျဖစ္ေစတဲ့အရာမ်ိဳးေတြကို ေက်ာက္မဲ၊ နမၼတူ၊ ကြတ္ခိုင္မွာ မၾကာခဏ က်ဴးလြန္ေလ့ရွိတယ္” ဟု ၎ကေျပာသည္။

(၁၀၂၇) စစ္ဆင္ေရးေဖာ္ေဆာင္ၿပီးေနာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နမ့္ဆန္၊ မန္တုံ၊ နမ့္ခမ္း၊ နမၼတူ၊ မိုင္းေငါ့၊ ကြတ္ခိုင္၊ မိုင္းလုံ၊သိႏၷီ၊ ကြမ္းလုံ၊ မုန္းကိုး၊ ၾကဴကုတ္(ပန္ဆိုင္း)၊ ခ်င္းေ႐ႊေဟာ္၊ ကုန္းၾကမ္း၊ ေလာက္ကိုင္၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါႏွင့္ လားရႈိးၿမိဳ႕တို႔ကို MNDAA ၊ TNLA တို႔က ထိန္းခ်ဳပ္ထားေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါ လက္နက္ကိုင္အဖြဲ႕မ်ားထိန္း ခ်ဳပ္ထားရာၿမိဳ႕မ်ားမွ ေဒသခံမ်ားအေနျဖင့္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ဖိႏွိပ္မႈမ်ားအျပင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုလည္း က်ဴးလြန္ေန ေၾကာင္း ၎က ဆက္ေျပာသည္။ “သူတို႔ေတြထိန္းခ်ဳပ္ၿပီးတဲ့ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ျပည္သူေတြ အေနနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြေရာက္လာတဲ့အတြက္ ရွမ္းျပည္နယ္ေတာင္ပိုင္းက စစ္မက္ ကင္းရာ ေနရာေတြကို ေျပာင္းေ႐ႊ႕သြားၾကရတယ္။ အဲဒီမွာ သူတို႔ၿမိဳ႕ေတြမွာ ျပည္သူေတြမရွိတဲ့အခါက်ေတာ့ သူတို႔အတြက္ တပ္မေတာ္အေနနဲ႔က ေလေၾကာင္းရန္က ေခ်မႈန္းမွာကို စိုးရိမ္တဲ့အတြက္ ေနအိမ္ေတြကို ခ်ိပ္ပိတ္တဲ့ အစီအစဥ္ေတြ ျပန္မလာရင္ အိမ္ကိုသိမ္းမယ္ဆိုၿပီး အတင္းအၾကပ္နဲ႔ အသိေပးၿပီးေဆာင္ ႐ြက္ခဲ့တာမ်ိဳး ေတြရွိပါတယ္။ ျပန္လာလို႔လည္း အဖမ္းခံရတဲ့ အေနအထားမ်ိဳးေတြ အမ်ားႀကီးရွိခဲ့ပါ တယ္”ဟု ၎က ေျပာသည္။

ထို႔ျပင္ MNDAA ႏွင့္ TNLA ထိန္းခ်ဳပ္ထားရာ ၿမိဳ႕မ်ားတြင္ စက္သုံးဆီး၊ လွ်ပ္စစ္မီးႏွင့္ ဆက္ သြယ္ေရးလိုင္းအခ်ိဳ႕ ျပတ္ေတာက္ေနၿပီး ေခတ္အဆက္ဆက္အဆိုး႐ြားဆုံး အေျခအေနမ်ားကို ရင္ဆိုင္ ေနရေၾကာင္း အထက္ပါေဒသခံက ဆိုသည္။“ေျပာရရင္ေတာ့ သူတို႔ထိန္းခ်ဳပ္တဲ့ေဒသမွာရွိတဲ့ ျပည္သူေတြက စက္သုံးဆီျပတ္လပ္မႈကို ႀကဳံေတြ႕ရတယ္။ ေနာက္လွ်ပ္မီးအေျခအေနနဲ႔ဆက္သြယ္ေရးေတြ ခက္ခဲလာတယ္။ ကြၽန္ေတာ္တို႔ျပည္သူေတြက ကြတ္ခိုင္လို ေနရာမွာ အဖြဲ႕(၂)အုပ္ခ်ဳပ္တဲ့အခါမွာ ဘယ္သူ က ေခါင္းေဆာင္လဲဆိုတာကို ေဝခြဲမရျဖစ္တယ္။ ဟိုဘက္သြားလည္းေပးရ။ ဒီဘက္သြားလည္းေပးရနဲ႔ အဲလိုမ်ိဳးေတြရွိတယ္။ အဲဒါေတြကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက လက္ရွိအေျခအေနေပါ့။ အဲဒီေတာ့ ရွမ္းေျမာက္ကေဒသခံေတြက စစ္အစိုးရလည္း မီခဲ့တယ္။ ေခတ္အဆက္ဆက္လည္းမီခဲ့တယ္။ ဒါေပမဲ့ ဒီေလာက္ထိဆိုး႐ြားတဲ့ အေျခအေနမ်ိဳး မေတြ႕ဖူးဘူး။ ဘာေၾကာင့္ ဒီလိုေျပာတာလဲဆိုရင္ သူတို႔ကို ေထာက္ခံတဲ့ အင္အားစုေတြကိုယ္တိုင္က MNDAA နဲ႔ TNLA ကိုမလိုလားေတာ့ဘူး။ ေျပာရမယ္ဆိုရင္‌ ေတာ့ သူတစ္လူ ငါတစ္မင္းစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ပုံစံမ်ိဳးျဖစ္လာတာေပါ့”ဟု အထက္ပါ သတင္းရင္း ျမစ္က ဆိုသည္။

Related news

© 2021. All rights reserved.