အမေရိကန်မှာ ခွေးက အားသွင်းဘတ္ထရီကို ကိုက်ဝါးမိခြင်းကြောင့် အိမ်မီးလောင်မှုဖြစ်ပွား

 365

ရောင်နီ (NP News) - အောက်တိုဘာ ၁၈

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားမှာ အိမ်ခွေးတစ်ကောင်ဟာ အားသွင်းထားတဲ့ လစ်သီယမ်-အိုင်းယွန်းဘတ္ထရီကို ဝါးစားမိပြီး မတော်တဆ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခွေးလေးရဲ့အမည်ကတော့ ကော်လ်တွန်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်မှာ ကံကောင်းစွာနဲ့ မီးလောင်မှု ပမာဏ သေးငယ်ပြီး မီးကူးစက်ခြင်း မရှိသလို ခွေးဟာလည်း ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ hapel Hill မီးသတ်ဌာနက အောက်တိုဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်ကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် အားသွင်းထားတဲ့ ဘတ္ထရီတွေကို ဘေးကင်းတဲ့နေရာမှာ သေချာသိမ်းဆည်းဖို့ အရေးကြီးတယ်လို့ မီးသတ်ဦးစီးဌာနက ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်က ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တဲ့ အဲဒီအဖြစ်အပျက် ဗီဒီယိုဟာ အောက်တိုဘာ ၁၇ ရက်မှာတော့ မျှဝေမှု အကြိမ်ရေ ၁၀,၀၀၀ ကျော်၊ Engagement ၂၂,၀၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မွာ ေခြးက အားသြင္းဘတၳရီကို ကိုက္ဝါးမိျခင္းေၾကာင့္ အိမ္မီးေလာင္မႈျဖစ္ပြား

ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၈
အေမရိကန္ႏိုင္ငံ၊ ေျမာက္ကာ႐ိုလိုင္းနားမွာ အိမ္ေခြးတစ္ေကာင္ဟာ အားသြင္းထားတဲ့ လစ္သီယမ္-အိုင္းယြန္းဘက္ထရီကို ဝါးစားမိၿပီး မေတာ္တဆ မီးေလာင္မႈျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
ေခြးေလးရဲ႕အမည္ကေတာ့ ေကာ္လ္တြန္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္မွာ ကံေကာင္းစြာနဲ႔ မီးေလာင္မႈ ပမာဏ ေသးငယ္ၿပီး မီးကူးစက္ျခင္း မရွိသလို ေခြးဟာလည္း ဒဏ္ရာရရွိမႈ မရွိခဲ့ဘူးလို႔ hapel Hill မီးသတ္ဌာနက ေအာက္တိုဘာ ၁၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
မီးေလာင္မႈျဖစ္ပြားခ်ိန္ကို ရွင္းရွင္းလင္းလင္း မသိရေပမယ့္ အားသြင္းထားတဲ့ ဘတၳရီေတြကို ေဘးကင္းတဲ့ေနရာမွာ ေသခ်ာသိမ္းဆည္းဖို႔ အေရးႀကီးတယ္လို႔ မီးသတ္ဦးစီးဌာနက ဆိုပါတယ္။
ေအာက္တိုဘာ ၁၃ ရက္က ဆိုရွယ္မီဒီယာမွာ မွ်ေဝခဲ့တဲ့ အဲဒီအျဖစ္အပ်က္ ဗီဒီယိုဟာ ေအာက္တိုဘာ ၁၇ ရက္မွာေတာ့ မွ်ေဝမႈ အႀကိမ္ေရ ၁၀,၀၀၀ ေက်ာ္၊ Engagement ၂၂,၀၀၀ ေက်ာ္ထိ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.