မြန်မာတိုက်လေယာဉ်တွေ ထိုင်းဘက်ခြမ်းကို ပျံသန်းခဲ့ပြီးနောက် ထိုင်းလေတပ်က အက်ဖ် ၁၆ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့

2126

ဂျန်ဇက် (NP News) - ဇူလိုင် ၁
ထိုင်း တော်ဝင်လေတပ်ဟာ တိုက်ပွဲများဖြစ်ပွားနေတဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသကို အက်ဖ် ၁၆ တိုက်လေယာဉ် နှစ်စင်းစေလွှတ်ခဲ့သလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကိုလည်း ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ထိုင်းသတင်းတွေ က ဖော်ပြခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ MiG-29 တိုက်လေယာဉ်တွေဟာ ထိုင်းဘက်ခြမ်းကို ပျံသန်းလာခဲ့ပြီးနောက် ထိုင်းတော်ဝင် လေတပ်ဟာ အက်ဖ် ၁၆ တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းဘက်ခြမ်းကို မြန်မာတိုက်လေယာဉ်တွေ ဝင်ရောက်လာခဲ့ပြီးနောက် မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနယ်စပ်က စာသင်ကျောင်းက ကလေးတွေဟာ ဘန်ကာတွေထဲ ပြေးဝင်ခဲ့ရကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
မြန်မာတိုက်လေယာဉ်များ ထိုင်းအချုပ်အခြာဖြစ်တဲ့ ထိုင်းလေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာခဲ့ကြောင်း၊ ထိုင်း လေကြောင်းပိုင်နက်အတွင်း မြန်မာတိုက်လေယာဉ်တွေ လက်နက်တွေအသုံးပြုသံများ ကြားခဲ့ရသလို လက်နက် အသုံးပြုမှုကြောင့် မီးခိုးများ ထွက်ပေါ်လာခြင်းကိုလည်းတွေ့မြင်ခဲ့ရကြောင်း ထိုင်းအခြေစိုက် matichon သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်းလေတပ်ဟာ နယ်စပ်ဒေသကိုဖြတ်သန်းပျံသန်းလာတဲ့ မြန်မာ MiG-29 တိုက်လေယာဉ်များကို စုံစမ်း ရှာဖွေနိုင်ခဲ့ကြောင်း၊ မြန်မာတိုက်လေယာဉ်တွေဟာ ရေဒါက ပျောက်သွားတာမျိုးတွေလည်းရှိခဲ့ကြောင်း၊ ထိုင်း လေတပ်က ဆိုပါတယ်။
မြန်မာတိုက်လေယာဉ်တွေ ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပြီးနောက် ထိုင်းလေတပ်အနေနဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်များကို နယ်စပ်ဒေသကိုကင်းလှည့်ပျံသန်းစေဖို့ စေလွှတ်ခဲ့ရကြောင်း၊ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းဘက်ခြမ်းရှိ ကျေးရွာတွေရှိ ရွာသားတွေရဲ့ အဆိုအရ ထိုင်း အက်ဖ် ၁၆ တိုက်လေယာဉ်တွေဟာ နယ်စပ်ဒေသမှာ ၁ နာရီကြာ ပျံသန်းခဲ့ကြောင်း၊ မြန်မာ တိုက်လေယာဉ်များနောက်ကို လိုက်ခဲ့ကြောင်းဆိုထားပါတယ်။
https://www.matichon.co.th/politics/news_3428614

Zawgyi Version;
ျမန္မာတိုက္ေလယာဥ္ေတြ ထိုင္းဘက္ျခမ္းကို ပ်ံသန္းခဲ့ၿပီးေနာက္ ထိုင္းေလတပ္က အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ေစလႊတ္ခဲ့
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁
ထိုင္း ေတာ္ဝင္ေလတပ္ဟာ တိုက္ပြဲမ်ားျဖစ္ပြားေနတဲ့ ထိုင္း-ျမန္မာနယ္စပ္ေဒသကို အက္ဖ္ ၁၆ တိုက္ေလယာဥ္ ႏွစ္စင္းေစလႊတ္ခဲ့သလို ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာစစ္သံမႉးကိုလည္း ေခၚယူေတြ႕ဆုံခဲ့ေၾကာင္း ထိုင္းသတင္းေတြ က ေဖာ္ျပခဲ့ပါတယ္။
ျမန္မာစစ္တပ္ရဲ႕ MiG-29 တိုက္ေလယာဥ္ေတြဟာ ထိုင္းဘက္ျခမ္းကို ပ်ံသန္းလာခဲ့ၿပီးေနာက္ ထိုင္းေတာ္ဝင္ ေလတပ္ဟာ အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြ ေစလႊတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ထိုင္းဘက္ျခမ္းကို ျမန္မာတိုက္ေလယာဥ္ေတြ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထိုင္းနယ္စပ္က စာသင္ေက်ာင္းက ကေလးေတြဟာ ဘန္ကာေတြထဲ ေျပးဝင္ခဲ့ရေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။
ျမန္မာတိုက္ေလယာဥ္မ်ား ထိုင္းအခ်ဳပ္အျခာျဖစ္တဲ့ ထိုင္းေလေၾကာင္းပိုင္နက္ထဲ ဝင္ေရာက္လာခဲ့ေၾကာင္း၊ ထိုင္း ေလေၾကာင္းပိုင္နက္အတြင္း ျမန္မာတိုက္ေလယာဥ္ေတြ လက္နက္ေတြအသုံးျပဳသံမ်ား ၾကားခဲ့ရသလို လက္နက္ အသုံးျပဳမႈေၾကာင့္ မီးခိုးမ်ား ထြက္ေပၚလာျခင္းကိုလည္းေတြ႕ျမင္ခဲ့ရေၾကာင္း ထိုင္းအေျခစိုက္ matichon သတင္းဌာနက ေဖာ္ျပထားပါတယ္။
ထိုင္းေလတပ္ဟာ နယ္စပ္ေဒသကိုျဖတ္သန္းပ်ံသန္းလာတဲ့ ျမန္မာ MiG-29 တိုက္ေလယာဥ္မ်ားကို စုံစမ္း ရွာေဖြႏိုင္ခဲ့ေၾကာင္း၊ ျမန္မာတိုက္ေလယာဥ္ေတြဟာ ေရဒါက ေပ်ာက္သြားတာမ်ိဳးေတြလည္းရွိခဲ့ေၾကာင္း၊ ထိုင္း ေလတပ္က ဆိုပါတယ္။
ျမန္မာတိုက္ေလယာဥ္ေတြ ေရဒါကေန ေပ်ာက္ကြယ္သြားခဲ့ၿပီးေနာက္ ထိုင္းေလတပ္အေနနဲ႔ အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကို နယ္စပ္ေဒသကိုကင္းလွည့္ပ်ံသန္းေစဖို႔ ေစလႊတ္ခဲ့ရေၾကာင္း၊ ထိုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံ နဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထိုင္းဘက္ျခမ္းရွိ ေက်း႐ြာေတြရွိ ႐ြာသားေတြရဲ႕ အဆိုအရ ထိုင္း အက္ဖ္ ၁၆ တိုက္ေလယာဥ္ေတြဟာ နယ္စပ္ေဒသမွာ ၁ နာရီၾကာ ပ်ံသန္းခဲ့ေၾကာင္း၊ ျမန္မာ တိုက္ေလယာဥ္မ်ားေနာက္ကို လိုက္ခဲ့ေၾကာင္းဆိုထားပါတယ္။
https://www.matichon.co.th/politics/news_3428614