ပတ်စပို့ကို ပွဲစားများဖြင့်လုပ်ဆောင်သည့်အတွက် ကုန်ကျစရိတ်ပိုများခြင်းဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးမှုများကြောင့် အချိန်နှောင့်နှေးမှုများရှိဟုဆို

1139

ဟိန်း (NP News) - ဇူလိုင် ၂
ပတ်စပို့လုပ်ဆောင်ရာတွင် ကြားပွဲစားများဖြင့်လုပ်ဆောင်သည့်အတွက် ကုန်ကျစရိတ်ပိုမိုများပြားခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးအရ စစ်ဆေးမှုများရှိသည့်အတွက် အချိန်နှောင့်နှေးမှုများရှိနေခြင်းဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနမှ သိရသည်။
“ကျွန်တော်တို့က ပတ်စပို့နဲ့ပတ်သက်ပြီးတော့ အွန်လိုင်းကလျှောက်နိုင်တယ်၊ ကိုယ်တိုင်လည်းလျှောက်နိုင်တယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း ဌာနခွဲတွေဖွင့်ပြီးတော့ လုပ်ပေးနေတာရှိတယ်။ တစ်ခုပြောချင်တာက တချို့က ကိုယ်တိုင်မလုပ်ဘဲနဲ့ ကြားထဲက ပွဲစားတွေနဲ့လုပ်တာရှိတယ်။ ပွဲစားတွေနဲ့ လုပ်နေရင်တော့မလိုအပ်တဲ့ ကုန်ကျစာရိတ်တွေလည်း ရှိနိုင်တာပေါ့။ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်တာပိုပြီးတော့ကောင်းမယ်ထင်ပါတယ်”လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် လ ၁ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဆက်လက်၍ အချိန်ကြန့်ကြာမှုများနှင့်ပတ်သက်၍ ပတ်စပို့ လျှောက်ရာတွင် တစ်ရက်လျှင် လူပေါင်း ၂၅ဝဝ ခန့် ရှိကြောင်း၊ အဆိုပါလူတစ်ဦးချင်းအတွက် ပတ်စပို့ကို ချက်ခြင်းဆောင်ရွက်ပေး၍မရကြောင်း၊ ၎င်းတို့နဲ့ ပတ်သက်သည့် လိုအပ်သောစာရွက်စာတမ်းများအား စိစစ်ရကြောင်း၊ နောက်ကြောင်းရာဇဝင်များနှင့် ပစ်မှုကင်းရှင်းမှုများကိုလည်း စိစစ်ရကြောင်း၊ ယင်းကဲ့သို့ အကြောင်းအရာများကို လူတစ်ဦးချင်းစစ်ဆေးရခြင်းဖြစ်သည့်အတွက် ထိုက်သင့်သည့်အချိန်ကာလတစ်ခုပေးရမည်ဖြစ် ကြောင်းနှင့် ကိုယ်တိုင်လုပ်ကြည်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ကျွန်တော်တို့လည်း တချို့သော သတင်းဌာနတွေ၊ တချို့သော ကိုယ်တိုင်လုပ်တဲ့သူတွေရဲ့ ပြောပြချက်အရတော့ တွေ့ရပါတယ်။ ပြောပြချက်အရတော့ ကျွန်တော်တို့ ပြောပြနေတဲ့လုပ်ငန်းစဉ်တွေက တစ်မျိုးဖြစ်တယ်။ တကယ်မြေပြင်မှာ အဲဒီလုပ်ငန်းစဉ်တွေအတိုင်း လုပ်တဲ့အတွက် အချိန်နှောင့်နှေးကြန့်ကြာနေတာမျိုးတွေရှိတယ်။ မှန်ပါတယ်။ တချို့နေရာတွေမှာတော့ နှောင့် နှေးကြန့်ကြာနေပါတယ်။ ဒီလိုအချိန်မှာတော့ လုံခြုံရေးအရ စိစစ်ရမှုအခြေအနေတွေ ရှိတဲ့အတွက် ကြန့်ကြာတာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း အကြောင်းအရင်းတွေ စစ်ဆေးပြီးရင် ပြေလည်အောင်၊ ဒါထက်ပိုပြီးတော့ မြန်ဆန်အောင် လုပ်ဆောင်သွားနိုင်မယ့်အစီအစဉ်များကို လုပ်ဆောင်ပေးပါမယ်”ဟု ပြောသည်။
ယခုကာလတွင် ပြည်ပထွက်ခွာသူ များပြားနေကြောင်းသိရပြီး ပတ်စ်ပို့ပြုလုပ်ရာတွင်လည်း ၃ သိန်းမှ ၅ သိန်းအထိ ကုန်ကျစာရိတ်များရှိနေကြောင်း မြေပြင်သတင်းများအရသိရသည်။
https://npnewsmm.com/news/62c005ce9eb6d715e40362b6

zawgyi version
ပတ္စပို႔ကို ပြဲစားမ်ားျဖင့္လုပ္ေဆာင္သည့္အတြက္ ကုန္က်စရိတ္ပိုမ်ားျခင္းျဖစ္ၿပီး လုံၿခဳံေရးအရ စစ္ေဆးမႈမ်ားေၾကာင့္ အခ်ိန္ေႏွာင့္ေႏွးမႈမ်ားရွိဟုဆို
ဟိန္း (NP News) - ဇူလိုင္ ၂
ပတ္စပို႔လုပ္ေဆာင္ရာတြင္ ၾကားပြဲစားမ်ားျဖင့္လုပ္ေဆာင္သည့္အတြက္ ကုန္က်စရိတ္ပိုမိုမ်ားျပားျခင္းျဖစ္ေၾကာင္းႏွင့္ လုံၿခဳံေရးအရ စစ္ေဆးမႈမ်ားရွိသည့္အတြက္ အခ်ိန္ေႏွာင့္ေႏွးမႈမ်ားရွိေနျခင္းျဖစ္ေၾကာင္း ျပည္ ထဲေရးဝန္ႀကီးဌာနမွ သိရသည္။
“ကြၽန္ေတာ္တို႔က ပတ္စပို႔နဲ႔ပတ္သက္ၿပီးေတာ့ အြန္လိုင္းကေလွ်ာက္ႏိုင္တယ္၊ ကိုယ္တိုင္လည္းေလွ်ာက္ႏိုင္တယ္။ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာလည္း ဌာနခြဲေတြဖြင့္ၿပီးေတာ့ လုပ္ေပးေနတာရွိတယ္။ တစ္ခုေျပာခ်င္တာက တခ်ိဳ႕က ကိုယ္တိုင္မလုပ္ဘဲနဲ႔ ၾကားထဲက ပြဲစားေတြနဲ႔လုပ္တာရွိတယ္။ ပြဲစားေတြနဲ႔ လုပ္ေနရင္ေတာ့မလိုအပ္တဲ့ ကုန္က်စာရိတ္ေတြလည္း ရွိႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ သတ္မွတ္ထားတဲ့နည္းလမ္းအတိုင္း ကိုယ္တိုင္ကိုယ္က်ေဆာင္႐ြက္တာပိုၿပီးေတာ့ေကာင္းမယ္ထင္ပါတယ္”လို႔ ျပည္ထဲေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ဇူလိုင္ လ ၁ ရက္က က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။
ဆက္လက္၍ အခ်ိန္ၾကန႔္ၾကာမႈမ်ားႏွင့္ပတ္သက္၍ ပတ္စပို႔ ေလွ်ာက္ရာတြင္ တစ္ရက္လွ်င္ လူေပါင္း ၂၅ဝဝ ခန႔္ ရွိေၾကာင္း၊ အဆိုပါလူတစ္ဦးခ်င္းအတြက္ ပတ္စပို႔ကို ခ်က္ျခင္းေဆာင္႐ြက္ေပး၍မရေၾကာင္း၊ ၎တို႔နဲ႔ ပတ္သက္သည့္ လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားအား စိစစ္ရေၾကာင္း၊ ေနာက္ေၾကာင္းရာဇဝင္မ်ားႏွင့္ ပစ္မႈကင္းရွင္းမႈမ်ားကိုလည္း စိစစ္ရေၾကာင္း၊ ယင္းကဲ့သို႔ အေၾကာင္းအရာမ်ားကို လူတစ္ဦးခ်င္းစစ္ေဆးရျခင္းျဖစ္သည့္အတြက္ ထိုက္သင့္သည့္အခ်ိန္ကာလတစ္ခုေပးရမည္ျဖစ္ ေၾကာင္းႏွင့္ ကိုယ္တိုင္လုပ္ၾကည္ရန္ တိုက္တြန္းေၾကာင္း ၎က ေျပာၾကားသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္း “ကြၽန္ေတာ္တို႔လည္း တခ်ိဳ႕ေသာ သတင္းဌာနေတြ၊ တခ်ိဳ႕ေသာ ကိုယ္တိုင္လုပ္တဲ့သူေတြရဲ႕ ေျပာျပခ်က္အရေတာ့ ေတြ႕ရပါတယ္။ ေျပာျပခ်က္အရေတာ့ ကြၽန္ေတာ္တို႔ ေျပာျပေနတဲ့လုပ္ငန္းစဥ္ေတြက တစ္မ်ိဳးျဖစ္တယ္။ တကယ္ေျမျပင္မွာ အဲဒီလုပ္ငန္းစဥ္ေတြအတိုင္း လုပ္တဲ့အတြက္ အခ်ိန္ေႏွာင့္ေႏွးၾကန႔္ၾကာေနတာမ်ိဳးေတြရွိတယ္။ မွန္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ေႏွာင့္ ေႏွးၾကန႔္ၾကာေနပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ လုံၿခဳံေရးအရ စိစစ္ရမႈအေျခအေနေတြ ရွိတဲ့အတြက္ ၾကန႔္ၾကာတာေတြလည္း ရွိပါတယ္။ ဒါေတြကိုလည္း အေၾကာင္းအရင္းေတြ စစ္ေဆးၿပီးရင္ ေျပလည္ေအာင္၊ ဒါထက္ပိုၿပီးေတာ့ ျမန္ဆန္ေအာင္ လုပ္ေဆာင္သြားႏိုင္မယ့္အစီအစဥ္မ်ားကို လုပ္ေဆာင္ေပးပါမယ္”ဟု ေျပာသည္။
ယခုကာလတြင္ ျပည္ပထြက္ခြာသူ မ်ားျပားေနေၾကာင္းသိရၿပီး ပတ္စ္ပို႔ျပဳလုပ္ရာတြင္လည္း ၃ သိန္းမွ ၅ သိန္းအထိ ကုန္က်စာရိတ္မ်ားရွိေနေၾကာင္း ေျမျပင္သတင္းမ်ားအရသိရသည္။
https://npnewsmm.com/news/62c005ce9eb6d715e40362b6