နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် မြန်မာနိုင်ငံသို့ ပြန်ကာလျှောက်ရမည်ဆိုသောသတင်းများသည် မှန်ကန်မှုမရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးပြော

1509

မျိုးကြီး (NP News) - ဇူလိုင် ၅
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာနိုင်ငံသို့ ပြန်ကာလျှောက်ထားရမည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ပြောသည်။
၎င်းသတင်းများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဇူလိုင်လ ၅ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပရောက်မြန်မာများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံတွင် ပြန်လည်လျှောက် ထားရမည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည်ကို တွေ့ရကြောင်း သံရုံးက ဆိုသည်။
လက်ရှိတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလုပ်ငန်းများကို သံရုံးတွင် ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် ထိုင်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များနှင့် ပြည်ပ၌ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသားကျောင်းသားများ ကိုင်ဆောင်သည့် PE အမျိုးအစားနိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာသံဃာတော်များ ကိုင်ဆောင်သည့် PR အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ထိုင်းနိုင်ငံတွင် မှီခိုဗီဇာဖြင့်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PT အမျိုးအစား နိုင်ငံကူးလက်မှတ်များနှင့် မြန်မာနိုင်ငံသား သင်္ဘောသားများကိုင်ဆောင်သည့် PS အမျိုးအစား နိုင်ငံကူးလက်မှတ်များကိုလည်း သက်တမ်းတိုးပေးလျက်ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံးတွင် ကြိုတင်ရက်ချိန်းရယူပြီးပါက နေ့ချင်ပြီးဆောင်ရွက်ပေးနေကြောင်း အသိပေးထုတ်ပြန်ထားသည်။
သို့သော် လတ်တလောတွင် ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများကြားတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံသို့ ပြန်ပြီး လျှောက်ထားရမည်ဆိုကာ သံရုံးများက ပြောဆိုနေသည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။
https://npnewsmm.com/news/62c428d355c1601454144343

zawgyi version
ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးရန္ ျမန္မာႏိုင္ငံသို႔ ျပန္ကာေလွ်ာက္ရမည္ဆိုေသာသတင္းမ်ားသည္ မွန္ကန္မႈမရွိေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးေျပာ
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၅
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို ျမန္မာႏိုင္ငံသို႔ ျပန္ကာေလွ်ာက္ထားရမည္ဆိုေသာ သတင္းမ်ားမွာ မဟုတ္မွန္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးက ေျပာသည္။
၎သတင္းမ်ားႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဇူလိုင္လ ၅ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျပည္ပေရာက္ျမန္မာမ်ားအေနျဖင့္ ၎တို႔၏ ႏိုင္ငံကူးလက္မွတ္မ်ား သက္တမ္းကုန္ဆုံးပါက သက္တမ္းတိုးေလွ်ာက္ထားျခင္းလုပ္ငန္းကို ျမန္မာႏိုင္ငံတြင္ ျပန္လည္ေလွ်ာက္ ထားရမည္ဟု လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပလ်က္ရွိသည္ကို ေတြ႕ရေၾကာင္း သံ႐ုံးက ဆိုသည္။
လက္ရွိတြင္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးလုပ္ငန္းမ်ားကို သံ႐ုံးတြင္ ပုံမွန္အတိုင္း လက္ခံေဆာင္႐ြက္ေပးေနေၾကာင္း ရွင္းလင္းစြာ အသိေပးအပ္ပါသည္ဟု ထုတ္ျပန္ထားသည္။
ျမန္မာသံ႐ုံးအေနျဖင့္ ထိုင္းတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားမ်ား ကိုင္ေဆာင္သည့္ PJ အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္မ်ားႏွင့္ ျပည္ပ၌ပညာသင္ၾကားလ်က္ရွိသည့္ ျမန္မာႏိုင္ငံသားေက်ာင္းသားမ်ား ကိုင္ေဆာင္သည့္ PE အမ်ိဳးအစားႏိုင္ငံကူးလက္မွတ္မ်ားကို သက္တမ္းတိုးေပးလ်က္ရွိသည္ဟု ဆိုသည္။
ထို႔ျပင္ ျပည္ပ၌ ပညာသင္ၾကားလ်က္ရွိသည့္ ျမန္မာသံဃာေတာ္မ်ား ကိုင္ေဆာင္သည့္ PR အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္မ်ား၊ ထိုင္းႏိုင္ငံတြင္ မွီခိုဗီဇာျဖင့္ေနထိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ား ကိုင္ေဆာင္သည့္ PT အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္မ်ားႏွင့္ ျမန္မာႏိုင္ငံသား သေဘၤာသားမ်ားကိုင္ေဆာင္သည့္ PS အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္မ်ားကိုလည္း သက္တမ္းတိုးေပးလ်က္ရွိေၾကာင္း ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။
ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးအေနျဖင့္ သံ႐ုံးတြင္ ႀကိဳတင္ရက္ခ်ိန္းရယူၿပီးပါက ေန႔ခ်င္ၿပီးေဆာင္႐ြက္ေပးေနေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
သို႔ေသာ္ လတ္တေလာတြင္ ျပည္ပႏိုင္ငံမ်ားေရာက္ ျမန္မာႏိုင္ငံသားမ်ားၾကားတြင္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္း လုပ္ငန္းမ်ားကို ျမန္မာႏိုင္ငံသို႔ ျပန္ၿပီး ေလွ်ာက္ထားရမည္ဆိုကာ သံ႐ုံးမ်ားက ေျပာဆိုေနသည္ဟု သတင္းမ်ားထြက္ေပၚေနလ်က္ရွိသည္။
https://npnewsmm.com/news/62c428d355c1601454144343