စစ်ကိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးမှု ဖြစ်ပွား

1358

NP News - ဇူလိုင် ၉
စစ်ကိုင်းတိုင်းရှိ မြို့နယ်အသီးသီးတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မုံရွာမြို့၊ မြဝတီရပ်ကွက်၌ ဇူလိုင်လ ၇ ရက်၊ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ မြဝတီရပ်ကွက်၊ မန်းကျည်းပင်ဈေး ရှေ့၊ ဗိုလ်တစ်ထောင်လမ်းဘေးတွင် ဈေးရောင်းနေသူ ဒေါ်ခင်စန်းတင့်(၅၄)နှစ်အား ဆိုင်ကယ်စီးလာသူ အမျိုးသား နှစ်ဦးကသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားပြီး အဆိုပါပစ်ခတ်မှုကြောင့် ဒေါ်ခင်စန်းတင့်(၅၄)နှစ်သည် အခင်းဖြစ်ရာနေရာတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အလားတူ အဆိုပါနေ့ နံနက် ၄ နာရီ ၅ မိနစ်တွင် ဝက်လက်မြို့၊ လှတောကျေးရွာတွင်လည်း အမျိုးသား(၁) ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ လှတောကျေးရွာ၊ လှတော-ဝက်လက်ကား လမ်းဘေးရှိ “မြနီလာ” လ္ဘက်ရည်ဆိုင်တွင် ဦးမိုးမြင့်ဆွေ(၄၃)နှစ်သည် လ္ဘက်ရည်ဆိုင်အတွင်းရှိနေစဉ် အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမိုးမြင့်ဆွေ(၅၄)သည် သေနတ်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလူထုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှပြောသည်။
https://npnewsmm.com/news/62c965d8da068b4b9608ba9d

zawgyi version
စစ္ကိုင္းတြင္ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ျပည္သူ ႏွစ္ဦးေသဆုံးမႈ ျဖစ္ပြား
NP News - ဇူလိုင္ ၉
စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္အသီးသီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ မုံ႐ြာၿမိဳ႕၊ ျမဝတီရပ္ကြက္၌ ဇူလိုင္လ ၇ ရက္၊ နံနက္ ၁၁ နာရီခန႔္က ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။ ျမဝတီရပ္ကြက္၊ မန္းက်ည္းပင္ေဈး ေရွ႕၊ ဗိုလ္တစ္ေထာင္လမ္းေဘးတြင္ ေဈးေရာင္းေနသူ ေဒၚခင္စန္းတင့္(၅၄)ႏွစ္အား ဆိုင္ကယ္စီးလာသူ အမ်ိဳးသား ႏွစ္ဦးကေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားၿပီး အဆိုပါပစ္ခတ္မႈေၾကာင့္ ေဒၚခင္စန္းတင့္(၅၄)ႏွစ္သည္ အခင္းျဖစ္ရာေနရာတြင္ ေသနတ္ထိမွန္ဒဏ္ရာျဖင့္ ေသဆုံး သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
အလားတူ အဆိုပါေန႔ နံနက္ ၄ နာရီ ၅ မိနစ္တြင္ ဝက္လက္ၿမိဳ႕၊ လွေတာေက်း႐ြာတြင္လည္း အမ်ိဳးသား(၁) ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။ ျဖစ္စဥ္မွာ လွေတာေက်း႐ြာ၊ လွေတာ-ဝက္လက္ကား လမ္းေဘးရွိ “ျမနီလာ” လၻက္ရည္ဆိုင္တြင္ ဦးမိုးျမင့္ေဆြ(၄၃)ႏွစ္သည္ လၻက္ရည္ဆိုင္အတြင္းရွိေနစဥ္ အမ်ိဳးသား ႏွစ္ဦးက ဆိုင္ကယ္ျဖင့္ေရာက္လာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ ဦးမိုးျမင့္ေဆြ(၅၄)သည္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
၎ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ရွိသူမ်ား၊ ျပည္သူလူထုႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ အေၾကာင္းမဲ့ရက္စက္စြာ လုပ္ႀကံသတ္ျဖတ္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။
https://npnewsmm.com/news/62c965d8da068b4b9608ba9d