လူကုန်ကူးခံရသူအား သေဆုံးစေခြင်း (သို့) မသန်စွမ်းဖြစ်စေသည်အထိ ကျူးလွန်သူကို သေဒဏ်ချမှတ်ရန် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း

1423

မျိုးကြီး (NP News) - ဇူလိုင် ၁၁
လူကုန်ကူးခံရသူအား သေဆုံးစေခြင်း သို့မဟုတ် မသန်စွမ်းဖြစ်စေသည်အထိ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို သေဒဏ်ချမှတ်ရမည်ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း ထားသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေး ထိုးကာ ပြီးခဲ့သော ဇွန်လအတွင်း အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ရန်၊ အထူးသဖြင့် လူကုန်ကူးခံရသူအမျိုးသမီးနှင့် ကလေး သူငယ်များအား အလေးဂရုပြု၍ ကာကွယ်ရန်နှင့်အကူအညီပေးရန်၊ ဥပဒေနှင့်အညီထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်ရန် စသောရည်ရွယ်ချက်များဖြင့် ရေးဆွဲထားသည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ထို့ပြင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတွင် လူကုန်ကူးခံရသူအား သေဆုံးစေခြင်း သို့မဟုတ် သူတစ်ပါး၏ အကူအညီကို အမြဲတမ်းရယူရသည့် မသန်စွမ်းခြင်းဖြစ်စေသည့်အထိ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ ပါက ထိုသူကို သေဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်လက်ပြီး မည်သူမဆို အမျိုးသမီးနှင့်ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား ပါက ထိုသူကို အနည်းဆုံးထောင်ဒဏ် (၁ဝ)နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ပြီးခဲ့သော ၂ဝ၂၁ ခုနှစ်အတွင်း လူကုန်ကူးမှုကျူးလွန်သူ ၁၆ဝ ဦးကို ထောင်ဒဏ် (၁ဝ)နှစ်မှ ထောင်ဒဏ်နှစ် (၂ဝ)အထိ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
လက်ရှိတွင် လူကုန်ကူးမှုပုံစံများသည် ဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးကျဆင်းမှုနှင့် လူမှုရေးစံနှုန်းနိမ့်ပါးမှုများအပေါ် လူကုန်ကူးသူများက အလွဲအသုံးပြုခေါင်းပုံဖြတ်ခြင်း၊ ကလေးသူငယ်လူကုန်ကူးမှုများနှင့် အဓမ္မလုပ်အားခိုင်း စေမှုများ တိုးမြင့်လာပြီး ပြောင်းလဲတိုးတက်လာသော နည်းပညာကိုအသုံးပြုချကာ လူစုဆောင်ခြင်းများလည်း ကျူးလွန်လာကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ပြင် ပြည်ပသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရမှုများရှိနေသည့်အပြင် အခြားနိုင်ငံ သားများမှာလည်း မြန်မာနိုင်ငံအတွင်း တရားမဝင်ခေါ်ဆောင်ကာ စေခိုင်းခံရမှုဖြစ်စဉ်များ ဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုထားသည်။

Zawgyi Version;
လူကုန္ကူးခံရသူအား ေသဆုံးေစျခင္း (သို႔) မသန္စြမ္းျဖစ္ေစသည္အထိ က်ဴးလြန္သူကို ေသဒဏ္ခ်မွတ္ရန္ ဥပေဒတြင္ ထည့္သြင္းျပ႒ာန္း
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁၁
လူကုန္ကူးခံရသူအား ေသဆုံးေစျခင္း သို႔မဟုတ္ မသန္စြမ္းျဖစ္ေစသည္အထိ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရသူကို ေသဒဏ္ခ်မွတ္ရမည္ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒတြင္ ထည့္သြင္းျပ႒ာန္း ထားသည္။
အဆိုပါ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒကို နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က လက္မွတ္ေရး ထိုးကာ ၿပီးခဲ့ေသာ ဇြန္လအတြင္း အတည္ျပဳျပ႒ာန္းထားျခင္းျဖစ္သည္။
လူကုန္ကူးခံရသူအားလုံးကို ကာကြယ္ေစာင့္ေရွာက္ရန္၊ အထူးသျဖင့္ လူကုန္ကူးခံရသူအမ်ိဳးသမီးႏွင့္ ကေလး သူငယ္မ်ားအား အေလးဂ႐ုျပဳ၍ ကာကြယ္ရန္ႏွင့္အကူအညီေပးရန္၊ ဥပေဒႏွင့္အညီထိုက္သင့္ေသာ ျပစ္ဒဏ္မ်ား ခ်မွတ္ျခင္းျဖင့္ လူကုန္ကူးမႈမ်ား ေလ်ာ့နည္းပေပ်ာက္ရန္ စေသာရည္႐ြယ္ခ်က္မ်ားျဖင့္ ေရးဆြဲထားသည္ဟု ဥပေဒတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒတြင္ လူကုန္ကူးခံရသူအား ေသဆုံးေစျခင္း သို႔မဟုတ္ သူတစ္ပါး၏ အကူအညီကို အၿမဲတမ္းရယူရသည့္ မသန္စြမ္းျခင္းျဖစ္ေစသည့္အထိ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရ ပါက ထိုသူကို ေသဒဏ္ခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။
ဆက္လက္ၿပီး မည္သူမဆို အမ်ိဳးသမီးႏွင့္ကေလးသူငယ္မ်ားအား လူကုန္ကူးမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား ပါက ထိုသူကို အနည္းဆုံးေထာင္ဒဏ္ (၁ဝ)ႏွစ္မွ အမ်ားဆုံးေထာင္ဒဏ္တစ္သက္အထိ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္ လည္း ခ်မွတ္ႏိုင္သည္ဟု ဥပေဒတြင္ ထည့္သြင္းျပ႒ာန္းထားသည္ကို ေတြ႕ရသည္။
ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္အတြင္း လူကုန္ကူးမႈက်ဴးလြန္သူ ၁၆ဝ ဦးကို ေထာင္ဒဏ္ (၁ဝ)ႏွစ္မွ ေထာင္ဒဏ္ႏွစ္ (၂ဝ)အထိ ျပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ လူကုန္ကူးမႈပုံစံမ်ားသည္ ဆင္းရဲႏြမ္းပါးမႈ၊ စီးပြားေရးက်ဆင္းမႈႏွင့္ လူမႈေရးစံႏႈန္းနိမ့္ပါးမႈမ်ားအေပၚ လူကုန္ကူးသူမ်ားက အလြဲအသုံးျပဳေခါင္းပုံျဖတ္ျခင္း၊ ကေလးသူငယ္လူကုန္ကူးမႈမ်ားႏွင့္ အဓမၼလုပ္အားခိုင္း ေစမႈမ်ား တိုးျမင့္လာၿပီး ေျပာင္းလဲတိုးတက္လာေသာ နည္းပညာကိုအသုံးျပဳခ်ကာ လူစုေဆာင္ျခင္းမ်ားလည္း က်ဴးလြန္လာေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ထို႔ျပင္ ျပည္ပသို႔ တရားမဝင္သြားေရာက္အလုပ္လုပ္ကိုင္ရာမွ လူကုန္ကူးခံရမႈမ်ားရွိေနသည့္အျပင္ အျခားႏိုင္ငံ သားမ်ားမွာလည္း ျမန္မာႏိုင္ငံအတြင္း တရားမဝင္ေခၚေဆာင္ကာ ေစခိုင္းခံရမႈျဖစ္စဥ္မ်ား ျဖစ္ပြားလာသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေျပာဆိုထားသည္။