မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ဒ်တွင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ နည်းပြအဖြစ် ပြန်လည်တာဝန်ယူမည်

 535

ဖြိုးခန့် (NP News) ဇူလိုင် ၁၂
မန်ယူအသင်းကစားသမားဟောင်း တိုက်စစ်မှူး ဝိန်းရွန်းနီသည် မေဂျာလိဂ်ဘောလုံးအသင်း ဒီစီယူနိုက်တက်ဒ် အသင်းတွင် တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၁ သန်းရမည့်နည်းပြအဖြစ် တာဝန်ယူရန် သဘောတူညီမှုရရှိခဲ့ ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်၊၊

ဒီစီယူနိုက်တက်ဒ်အသင်းတွင် ၂ ရာသီကြာ ပါဝင်ခဲ့ဖူးသည့် ရွန်းနီသည် ဒါဘီကောင်တီ အသင်းနည်းပြအဖြစ် (၁၇) လကြာတာဝန်ယူခဲ့ပြီး ပြီးခဲ့သည့်လတွင် အသင်းနည်းပြအဖြစ်မှ နှုတ်ထွက်ခဲ့ကြောင်း သိရသည်၊၊

ဒါဘီကောင်တီအသင်းသည် ဘဏ္ဍာရေးအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့်ရာသီတွင် တတိယတန်းကိုထပ်မံ တန်းဆင်းခဲ့ရကြောင်း သိရသည်၊၊

ရွန်းနီသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဒီစီယူနိုက်တက်ဒ်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီစီယူနိုက်တက်ဒ် ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့သော ချက်အက်ရှ်တွန် ၏နေရာတွင် အစားထိုးတာဝန်ယူမည် ဖြစ်ကြောင်း သိရသည်၊၊

ရွန်းနီသည် ဒီစီယူနိုက်တက်ဒ်အသင်းနှင့် အသေးစိတ်အချက်အလက်များ ဆွေးနွေးပြီးချိန်တွင် အလုပ်ဗီဇာ ရရှိ သည်နှင့် ဒီစီယူနိုက်တက်ဒ်အသင်းသို့ ပြောင်းရွှေ့တာဝန်ယူသွားမည်ဖြစ်ကြောင်း ESPN သတင်းမှဖော်ပြခဲ့သည်၊၊

ဒီစီယူနိုက်တက်ဒ်အသင်းသည် ပြီးခဲ့သည့်ရာသီ ပြည်တွင်းအမှတ်ပေးဖလားပြိုင်ပွဲတွင် (၁၇)ပွဲကစားကာ (၁၇)မှတ် ဖြင့် အောက်ဆုံးအဆင့် ဒုတိယနေရာတွင် ရပ်တည်နေခဲ့ပြီး ၎င်းတို့၏နောက်ဆုံးကစားပွဲဖြစ်သည့် Philadelphia Union အသင်းနှင့်ပွဲတွင် (၇) ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ရွန်းနီသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၅၃) ပွဲကစားကာ ပရီးမီးယားလိဂ်ဆုဖလား ငါးကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ်ရရှိခဲ့ကြောင်း သိရသည်၊၊ ရွန်းနီသည် ဒီစီယူနိုက်တက်အသင်းတွင် နှစ်ရာသီကြာ ကစားချိန် အတွင်း လိဂ်ပွဲပေါင်း (၄၈) ပွဲပါဝင်ကစားခဲ့ကာ ဂိုးပေါင်း(၂၃) ဂိုးသွင်းယူခဲ့ပြီး(၂ဝ၂ဝ) ပြည့်နှစ်တွင် ဒါဘီအသင်းကို ပြောင်းရွှေ့ခဲ့သည်။

https://www.channelnewsasia.com/sport/rooney-become-dc-united-manager-reports-2801451

Zawgyi Version;
ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ဒ္တြင္ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းနီ နည္းျပအျဖစ္ ျပန္လည္တာဝန္ယူမည္
ၿဖိဳးခန႔္ (NP News) ဇူလိုင္ ၁၂

မန္ယူအသင္းကစားသမားေဟာင္း တိုက္စစ္မႉး ဝိန္း႐ြန္းနီသည္ ေမဂ်ာလိဂ္ေဘာလုံးအသင္း ဒီစီယူႏိုက္တက္ဒ္ အသင္းတြင္ တစ္ႏွစ္လုပ္ခ အေမရိကန္ေဒၚလာ ၁ သန္းရမည့္နည္းျပအျဖစ္ တာဝန္ယူရန္ သေဘာတူညီမႈရရွိခဲ့ ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့သည္၊၊

ဒီစီယူႏိုက္တက္ဒ္အသင္းတြင္ ၂ ရာသီၾကာ ပါဝင္ခဲ့ဖူးသည့္ ႐ြန္းနီသည္ ဒါဘီေကာင္တီ အသင္းနည္းျပအျဖစ္ (၁၇) လၾကာတာဝန္ယူခဲ့ၿပီး ၿပီးခဲ့သည့္လတြင္ အသင္းနည္းျပအျဖစ္မွ ႏႈတ္ထြက္ခဲ့ေၾကာင္း သိရသည္၊၊

ဒါဘီေကာင္တီအသင္းသည္ ဘ႑ာေရးအခက္အခဲမ်ား ႀကဳံေတြ႕ခဲ့ရၿပီး ၿပီးခဲ့သည့္ရာသီတြင္ တတိယတန္းကိုထပ္မံ တန္းဆင္းခဲ့ရေၾကာင္း သိရသည္၊၊

႐ြန္းနီသည္ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဒီစီယူႏိုက္တက္ဒ္အသင္းႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဒီစီယူႏိုက္တက္ဒ္ ယာယီနည္းျပအျဖစ္တာဝန္ယူခဲ့ေသာ ခ်က္အက္ရွ္တြန္ ၏ေနရာတြင္ အစားထိုးတာဝန္ယူမည္ ျဖစ္ေၾကာင္း သိရသည္၊၊

႐ြန္းနီသည္ ဒီစီယူႏိုက္တက္ဒ္အသင္းႏွင့္ အေသးစိတ္အခ်က္အလက္မ်ား ေဆြးေႏြးၿပီးခ်ိန္တြင္ အလုပ္ဗီဇာ ရရွိ သည္ႏွင့္ ဒီစီယူႏိုက္တက္ဒ္အသင္းသို႔ ေျပာင္းေ႐ႊ႕တာဝန္ယူသြားမည္ျဖစ္ေၾကာင္း ESPN သတင္းမွေဖာ္ျပခဲ့သည္၊၊

ဒီစီယူႏိုက္တက္ဒ္အသင္းသည္ ၿပီးခဲ့သည့္ရာသီ ျပည္တြင္းအမွတ္ေပးဖလားၿပိဳင္ပြဲတြင္ (၁၇)ပြဲကစားကာ (၁၇)မွတ္ ျဖင့္ ေအာက္ဆုံးအဆင့္ ဒုတိယေနရာတြင္ ရပ္တည္ေနခဲ့ၿပီး ၎တို႔၏ေနာက္ဆုံးကစားပြဲျဖစ္သည့္ Philadelphia Union အသင္းႏွင့္ပြဲတြင္ (၇) ဂိုး- ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့သည္။

႐ြန္းနီသည္ မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၅၃) ပြဲကစားကာ ပရီးမီးယားလိဂ္ဆုဖလား ငါးႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ ဆုဖလား တစ္ႀကိမ္ရရွိခဲ့ေၾကာင္း သိရသည္၊၊ ႐ြန္းနီသည္ ဒီစီယူႏိုက္တက္အသင္းတြင္ ႏွစ္ရာသီၾကာ ကစားခ်ိန္ အတြင္း လိဂ္ပြဲေပါင္း (၄၈) ပြဲပါဝင္ကစားခဲ့ကာ ဂိုးေပါင္း(၂၃) ဂိုးသြင္းယူခဲ့ၿပီး(၂ဝ၂ဝ) ျပည့္ႏွစ္တြင္ ဒါဘီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သည္။

https://www.channelnewsasia.com/sport/rooney-become-dc-united-manager-reports-2801451

Related news

© 2021. All rights reserved.