ရုရှားနဲ့စစ်ပွဲမှာ အစ္စရေးထုတ် Iron Dome စနစ် အလုပ်ဖြစ်မှာမဟုတ်ကြောင်း ယူကရိန်းစစ်ဘက်ဆို

 1402

ဂျန်ဇက် (NP News) - ဇူလိုင် ၁၃
အစ္စရေးနိုင်ငံက ထုတ်လုပ်တဲ့ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ယူကရိန်းနဲ့ရုရှားကြားဖြစ်နေတဲ့ စစ်ပွဲ မှာ အလုပ်ဖြစ်နိုင်မှာမဟုတ်ကြောင်း ယူကရိန်းစစ်ဘက် တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်နီကောဗ့်က Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ရုရှားစစ်ဘက်က ပစ်ခတ်နေတဲ့ခရုဇ်ဒုံးကျည်များ၊ ပဲ့ထိန်းဒုံးကျည်များကိုကာကွယ်ဖို့ ထိရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါဒုံးကျည်ကာကွယ်ရေးစနစ်ဟာ အနိမ့်ပျံလာတဲ့ဒုံးကျည်များ၊ အရှိန်နှေးတဲ့ဒုံးကျည်များကို ကာကွယ်ရာမှာ အဆင်ပြေနိုင်ပေမယ့် ရုရှားစစ်ဘက်အသုံးပြုနေတဲ့ ခရုဇ်ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည်များကိုကာကွယ်ဖို့ အဆင် ပြေနိုင်မှာ မဟုတ်ကြောင်း ယူကရိန်းဗိုလ်ချုပ် ရက်နီကောဗ့်က ပြောပါတယ်။

၎င်းက "ယူကရိန်းဟာ စစ်ပွဲမှာ ရုရှားနိုင်ငံက ပစ်လွှတ်တဲ့ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ရင်ဆိုင်နေရ တယ်။ အစ္စရေးရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်က ရုရှားဒုံးကျည်တွေကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွေဟာ ရုရှားရဲ့ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေကို ကာကွယ်နိုင်မှာမဟုတ်ဘူး" လို့ပြောပါတယ်။

ရုရှားနဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် ယူကရိန်းဟာ အစ္စရေးနိုင်ငံထုတ် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်များ ရလို ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ယူကရိန်းကာကွယ်ရေးဝန်ကြီးက Iron Dome ဒုံးကျည် ကာကွယ်ရေး စနစ်က အလုပ်မဖြစ်တဲ့အတွက် နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ် လိုအပ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ချက် နဲ့ အမေရိကန်နိုင်ငံတို့ထံကနေ ဒုံးကျည်ကာကွယ်ရေးစနစ်များ ရယူနိုင်ဖို့ ကြိုးပမ်းရဖွယ်ရှိ တယ်လို့ သတင်းများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ ရုရှားနဲ့ စစ်ပွဲစတင်ပြီးနောက်ပိုင်းကတည်းက အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွဟာ ယူကရိန်းကို အမြှောက်များ၊ တင့်ကားဖျက်ဒုံးကျည်များအပါ အဝင် ခေတ်မီလက်နက်များ ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

https://www.republicworld.com/world-news/russia-ukraine-crisis/israels-iron-dome-would-be-ineffective-against-russian-missiles-ukraine-defence-minister-articleshow.html

Zawgyi Version;
႐ုရွားနဲ႔စစ္ပြဲမွာ အစၥေရးထုတ္ Iron Dome စနစ္ အလုပ္ျဖစ္မွာမဟုတ္ေၾကာင္း ယူကရိန္းစစ္ဘက္ဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၃
အစၥေရးႏိုင္ငံက ထုတ္လုပ္တဲ့ Iron Dome ဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ ယူကရိန္းနဲ႔႐ုရွားၾကားျဖစ္ေနတဲ့ စစ္ပြဲ မွာ အလုပ္ျဖစ္ႏိုင္မွာမဟုတ္ေၾကာင္း ယူကရိန္းစစ္ဘက္ တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ယူကရိန္းကာကြယ္ေရးဝန္ႀကီး ရက္နီေကာဗ့္က Iron Dome ဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ ႐ုရွားစစ္ဘက္က ပစ္ခတ္ေနတဲ့ခ႐ုဇ္ဒုံးက်ည္မ်ား၊ ပဲ့ထိန္းဒုံးက်ည္မ်ားကိုကာကြယ္ဖို႔ ထိေရာက္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

အဆိုပါဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ အနိမ့္ပ်ံလာတဲ့ဒုံးက်ည္မ်ား၊ အရွိန္ေႏွးတဲ့ဒုံးက်ည္မ်ားကို ကာကြယ္ရာမွာ အဆင္ေျပႏိုင္ေပမယ့္ ႐ုရွားစစ္ဘက္အသုံးျပဳေနတဲ့ ခ႐ုဇ္ဒုံးက်ည္နဲ႔ ပဲ့ထိန္းဒုံးက်ည္မ်ားကိုကာကြယ္ဖို႔ အဆင္ ေျပႏိုင္မွာ မဟုတ္ေၾကာင္း ယူကရိန္းဗိုလ္ခ်ဳပ္ ရက္နီေကာဗ့္က ေျပာပါတယ္။

၎က "ယူကရိန္းဟာ စစ္ပြဲမွာ ႐ုရွားႏိုင္ငံက ပစ္လႊတ္တဲ့ခ႐ုဇ္ဒုံးက်ည္ေတြ၊ ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ ရင္ဆိုင္ေနရ တယ္။ အစၥေရးရဲ႕ဒုံးက်ည္ကာကြယ္ေရးစနစ္က ႐ုရွားဒုံးက်ည္ေတြကို ရာႏႈန္းျပည့္ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူး။ Iron Dome ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြဟာ ႐ုရွားရဲ႕ခ႐ုဇ္ဒုံးက်ည္ေတြ၊ ပဲ့ထိန္းဒုံးက်ည္ေတြကို ကာကြယ္ႏိုင္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

႐ုရွားနဲ႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ယူကရိန္းဟာ အစၥေရးႏိုင္ငံထုတ္ Iron Dome ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ား ရလို ေၾကာင္း ေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမယ့္ ယူကရိန္းကာကြယ္ေရးဝန္ႀကီးက Iron Dome ဒုံးက်ည္ ကာကြယ္ေရး စနစ္က အလုပ္မျဖစ္တဲ့အတြက္ ေနာက္ထပ္ ဒုံးက်ည္ကာကြယ္ေရးစနစ္ လိုအပ္တယ္လို႔ ဆိုပါတယ္။

ယူကရိန္းဟာ ခ်က္ နဲ႔ အေမရိကန္ႏိုင္ငံတို႔ထံကေန ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ား ရယူႏိုင္ဖို႔ ႀကိဳးပမ္းရဖြယ္ရွိ တယ္လို႔ သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိေနပါတယ္။ ႐ုရွားနဲ႔ စစ္ပြဲစတင္ၿပီးေနာက္ပိုင္းကတည္းက အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံတြဟာ ယူကရိန္းကို အေျမႇာက္မ်ား၊ တင့္ကားဖ်က္ဒုံးက်ည္မ်ားအပါအဝင္ ေခတ္မီလက္နက္မ်ား ကူညီပံ့ပိုးေပးထားတယ္လို႔ သိရပါတယ္။

https://www.republicworld.com/world-news/russia-ukraine-crisis/israels-iron-dome-would-be-ineffective-against-russian-missiles-ukraine-defence-minister-articleshow.html

© 2021. All rights reserved.