ဂျပန်လေပိုင်နက်ထဲသို့ တရုတ်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဂျပန်ဖော်ပြ

 1110

ALynn (NP News) - ဩဂုတ် ၂၇

ဂျပန်နိုင်ငံလေပိုင်နက်ထဲကို တရုတ်စပိုင်လေယာဉ် ထိုးဖောက်ဝင်ရောက် လာပြီး တစ်ရက်အကြာတွင် တိုကျိုရှိ တရုတ်သံရုံးမှ အရာရှိတစ်ဦးကို ဆင့်ခေါ်ပြီး ၎င်း၏လေပိုင်နက်ကို ချိုးဖောက်ခြင်းမှာ လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက “စစ်လေယာဉ်တွေရဲ့ ပထမဆုံး လေပိုင်နက်ချိုးဖောက်မှုဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ရုံသာမကဘဲ ကျွန်ုပ်တို့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျပန်၏တောင်ပိုင်း ကျူရှူးကျွန်း ကမ်းရိုးတန်းမှ Danjo ကျွန်းများပေါ်တွင် နှစ်မိနစ်ကြာ လှည့်ပတ်နေသည့် တရုတ် Y-9 ကင်းထောက်လေယာဉ်တစ်စင်းကို နံနက် ၁၁ နာရီ ၂၉ မိနစ်တွင် တွေ့ရှိခဲ့ကြောင်း ဂျပန်စစ်တပ်က တနင်္လာနေ့ (ဩဂုတ်လ ၂၆ ရက်) တွင် ပြောကြားခဲ့သည်။ ဝေဟင်ပိုင်နက်မှ ထွက်ခွာရန် တရုတ်လေယာဉ်အား တိုက်လေယာဉ်များ အသုံးပြု ခြိမ်း ခြောက်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

လေပိုင်နက်ချိုးဖောက်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ရန် ယာယီတရုတ် သံအမတ်ကြီး ရှီယောင်ကို ဆင့်ခေါ်ခဲ့ကြောင်း နောက်ပိုင်းတွင် ယင်းကဲ့သို့ဖြစ်ရပ်မျိုးမဖြစ်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် တရုတ်နိုင်ငံကို တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံးမှ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါ။ ဂျပန်စစ်တပ်၏ အဆိုအရ ၎င်းသည် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း ဂျက်တိုက်လေယာဉ်ပျံသန်းမှု ၆၆၉ ကြိမ်နီးပါးပြုလုပ်ခဲ့ရပြီး ယင်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်စစ်လေယာဉ်များကို ခြောက်လှန့်ဖို့ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နှင့် ရုရှားလေတပ်များကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် ဂျပန်ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်တဝိုက်တွင် တရုတ်၏ အားကောင်းလာသော လှုပ်ရှားမှုများကို ဂျပန်ကာကွယ်ရေး တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိနေသည်။ နှစ်နိုင်ငံကြားတွင် Diaoyu ကျွန်းများဟု လူသိများသော Senkaku ကျွန်းများနှင့်ပတ်သက်၍ ကာလရှည်ကြာ အငြင်းပွားနေကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများတွင်လည်း ပါဝင်ပတ်သက်နေပြီး ၎င်းက ကျယ်ပြောလှသော ပိုင်နက် တောင်းဆိုမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။

zawgyi version
ဂ်ပန္ေလပိုင္နက္ထဲသို႔ တ႐ုတ္ေလယာဥ္ က်ဴးေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ဂ်ပန္ေဖာ္ျပ
ALynn (NP News) - ဩဂုတ္ ၂၇

ဂ်ပန္ႏိုင္ငံေလပိုင္နက္ထဲကို တ႐ုတ္စပိုင္ေလယာဥ္ ထိုးေဖာက္ဝင္ေရာက္ လာၿပီး တစ္ရက္အၾကာတြင္ တိုက်ိဳရွိ တ႐ုတ္သံ႐ုံးမွ အရာရွိတစ္ဦးကို ဆင့္ေခၚၿပီး ၎၏ေလပိုင္နက္ကို ခ်ိဳးေဖာက္ျခင္းမွာ လုံးဝလက္မခံႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

အဂၤါေန႔က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဝန္ႀကီးအဖြဲ႕အတြင္းဝန္ခ်ဳပ္ ယိုရွီမာဆာဟာယာရွီက “စစ္ေလယာဥ္ေတြရဲ႕ ပထမဆုံး ေလပိုင္နက္ခ်ိဳးေဖာက္မႈဟာ ဂ်ပန္ရဲ႕ အခ်ဳပ္အျခာအာဏာကို ဆိုး႐ြားစြာ ခ်ိဳးေဖာက္႐ုံသာမကဘဲ ကြၽႏ္ုပ္တို႔ လုံၿခဳံေရးကိုလည္း ၿခိမ္းေျခာက္ေနပါတယ္”ဟု ေျပာၾကားခဲ့သည္။

ဂ်ပန္၏ေတာင္ပိုင္း က်ဴရႉးကြၽန္း ကမ္း႐ိုးတန္းမွ Danjo ကြၽန္းမ်ားေပၚတြင္ ႏွစ္မိနစ္ၾကာ လွည့္ပတ္ေနသည့္ တ႐ုတ္ Y-9 ကင္းေထာက္ေလယာဥ္တစ္စင္းကို နံနက္ ၁၁ နာရီ ၂၉ မိနစ္တြင္ ေတြ႕ရွိခဲ့ေၾကာင္း ဂ်ပန္စစ္တပ္က တနလၤာေန႔ (ဩဂုတ္လ ၂၆ ရက္) တြင္ ေျပာၾကားခဲ့သည္။ ေဝဟင္ပိုင္နက္မွ ထြက္ခြာရန္ တ႐ုတ္ေလယာဥ္အား တိုက္ေလယာဥ္မ်ား အသုံးျပဳ ၿခိမ္း ေျခာက္ခဲ့ရေၾကာင္း ေဖာ္ျပခဲ့သည္။

ေလပိုင္နက္ခ်ိဳးေဖာက္မႈႏွင့္ပတ္သက္၍ ျပင္းျပင္းထန္ထန္ကန႔္ကြက္ရန္ ယာယီတ႐ုတ္ သံအမတ္ႀကီး ရွီေယာင္ကို ဆင့္ေခၚခဲ့ေၾကာင္း ေနာက္ပိုင္းတြင္ ယင္းကဲ့သို႔ျဖစ္ရပ္မ်ိဳးမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္မႈမ်ားျပဳလုပ္ရန္ တ႐ုတ္ႏိုင္ငံကို ေတာင္းဆိုခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေဖာ္ျပခဲ့သည္။ ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ တ႐ုတ္သံ႐ုံးမွ မွတ္ခ်က္တစ္စုံတစ္ရာ မေပးခဲ့ပါ။ ဂ်ပန္စစ္တပ္၏ အဆိုအရ ၎သည္ ၂၀၂၃ ခုႏွစ္ ဧၿပီလမွ ၂၀၂၄ ခုႏွစ္ မတ္လအတြင္း ဂ်က္တိုက္ေလယာဥ္ပ်ံသန္းမႈ ၆၆၉ ႀကိမ္နီးပါးျပဳလုပ္ခဲ့ရၿပီး ယင္းတို႔အနက္ ၇၀ ရာခိုင္ႏႈန္းခန႔္မွာ တ႐ုတ္စစ္ေလယာဥ္မ်ားကို ေျခာက္လွန႔္ဖို႔ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

တ႐ုတ္ႏွင့္ ႐ုရွားေလတပ္မ်ားၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈအျပင္ ဂ်ပန္ေရပိုင္နက္ႏွင့္ ေဝဟင္ပိုင္နက္တဝိုက္တြင္ တ႐ုတ္၏ အားေကာင္းလာေသာ လႈပ္ရွားမႈမ်ားကို ဂ်ပန္ကာကြယ္ေရး တာဝန္ရွိသူမ်ားက စိုးရိမ္ပူပန္လ်က္ရွိေနသည္။ ႏွစ္ႏိုင္ငံၾကားတြင္ Diaoyu ကြၽန္းမ်ားဟု လူသိမ်ားေသာ Senkaku ကြၽန္းမ်ားႏွင့္ပတ္သက္၍ ကာလရွည္ၾကာ အျငင္းပြားေနၾကသည္။ တ႐ုတ္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္ရွိ ေရပိုင္နက္ အျငင္းပြားမႈမ်ားတြင္လည္း ပါဝင္ပတ္သက္ေနၿပီး ၎က က်ယ္ေျပာလွေသာ ပိုင္နက္ ေတာင္းဆိုမႈမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေနသည္။

Related news

© 2021. All rights reserved.