အစ္စရေးနဲ့ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်
157
Pika (NP News) - နိုဝင်ဘာ ၂၇
အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးထားတဲ့ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးဟာ နိုဝင်ဘာလ(၂၇)ရက် နံနက်(၄)နာရီအချိန်မှာ စတင်အသက်ဝင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသဘောတူညီချက်ကို အစ္စရေး ဒါမှမဟုတ် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့က ချိုးဖောက်တယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ယခုအချိန်အထိ ထွက်ပေါ်လာတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဗွီချေအေဒရီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသတွေကနေ ထွက် ပြေးလာတဲ့ အစ္စရေးနိုင်ငံသားတွေအနေနဲ့ လက်ရှိအချိန်မှာ ၎င်းတို့ရဲ့နေ ထိုင်ရာနေရာတွေကို ပြန်သွားဖို့ မသင့်တော်သေးဘူးလို့ အဗွီချေအေဒရီက သတိပေး ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စရေးနဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြားတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဆင်နွှဲနေတဲ့စစ်ပွဲကို မရပ်တန့်မချင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်သွားမှာမဟုတ်ဘူးလို့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့အောက်တို ဘာလ အစောပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ဘနွန်နိုင်ငံကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေစတင်ပြီး ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့က ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား(၆၀)ကျော်သေဆုံးခဲ့ပြီး အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ဆောင်မှုကြောင့် လက်ဘနွန်နိုင်ငံတွင်းမှာ လူပေါင်း(၃၅၀၀)ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်ကြားပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားမှုနဲ့အတူ အစ္စရေးနိုင်ငံသား (၇)သောင်းကျော်နဲ့ လက်ဘနွန်နိုင်ငံတွင်းက လူပေါင်း(၁ ဒသမ ၂)သန်းကျော်တို့ဟာ နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလ(၂၆)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး လာမယ့်ရက်ပေါင်း(၆၀)အတွင်း အစ္စရေးဟာ လက်ဘနွန်နိုင်ငံတွင်းမှာရှိနေတဲ့ ၎င်းရဲ့ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က"လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေကိုတော့ ပြန်လည်တည်ဆောက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ ထာဝရဖြစ်ဖို့ ရည်မှန်းထားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
အစၥေရးနဲ႔ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး စတင္အသက္ဝင္
Pika (NP News) - ႏိုဝင္ဘာ ၂၇
အေမရိကန္နဲ႔ ျပင္သစ္တို႔ ၾကားဝင္ေစ့စပ္ေပးထားတဲ့ အစၥေရးနဲ႔ လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးဟာ ႏိုဝင္ဘာလ(၂၇)ရက္ နံနက္(၄)နာရီအခ်ိန္မွာ စတင္အသက္ဝင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
အဲဒီသေဘာတူညီခ်က္ကို အစၥေရး ဒါမွမဟုတ္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕က ခ်ိဳးေဖာက္တယ္ဆိုတဲ့ အစီရင္ခံစာေတြလည္း ယခုအခ်ိန္အထိ ထြက္ေပၚလာတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ ဆက္လက္ရွိေနဦးမွာျဖစ္တယ္လို႔ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ အဗြီေခ်ေအဒရီက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ နယ္စပ္ေဒသေတြကေန ထြက္ ေျပးလာတဲ့ အစၥေရးႏိုင္ငံသားေတြအေနနဲ႔ လက္ရွိအခ်ိန္မွာ ၎တို႔ရဲ႕ေန ထိုင္ရာေနရာေတြကို ျပန္သြားဖို႔ မသင့္ေတာ္ေသးဘူးလို႔ အဗြီေခ်ေအဒရီက သတိေပး ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ အစၥေရးနဲ႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကားတိုက္ပြဲေတြ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။
အစၥေရးဟာ ဂါဇာကမ္းေျမာင္ေဒသမွာ ဆင္ႏႊဲေနတဲ့စစ္ပြဲကို မရပ္တန႔္မခ်င္း ပစ္ခတ္တိုက္ခိုက္မႈေတြကို အဆုံးသတ္သြားမွာမဟုတ္ဘူးလို႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ေအာက္တို ဘာလ အေစာပိုင္းမွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး လက္ဘႏြန္ႏိုင္ငံကို ေလေၾကာင္းကေနပစ္ခတ္တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကေနစတင္ၿပီး ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕က ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အစၥေရးႏိုင္ငံသား(၆၀)ေက်ာ္ေသဆုံးခဲ့ၿပီး အစၥေရးက လက္တုံ႔ျပန္တိုက္ခိုက္မႈေတြလုပ္ေဆာင္မႈေၾကာင့္ လက္ဘႏြန္ႏိုင္ငံတြင္းမွာ လူေပါင္း(၃၅၀၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။
ႏွစ္ဖက္ၾကားပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ပြားမႈနဲ႔အတူ အစၥေရးႏိုင္ငံသား (၇)ေသာင္းေက်ာ္နဲ႔ လက္ဘႏြန္ႏိုင္ငံတြင္းက လူေပါင္း(၁ ဒသမ ၂)သန္းေက်ာ္တို႔ဟာ ေနရပ္စြန႔္ခြါထြက္ေျပးခဲ့ရတယ္လို႔လည္း သိရပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ အစၥေရးနဲ႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးကို ႏိုဝင္ဘာလ(၂၆)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီး လာမယ့္ရက္ေပါင္း(၆၀)အတြင္း အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံတြင္းမွာရွိေနတဲ့ ၎ရဲ႕က်န္ရွိေနတဲ့ တပ္ဖြဲ႕ေတြကို ျပန္လည္႐ုတ္သိမ္းသြားလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္က"လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံအေဆာက္အအုံေတြကိုေတာ့ ျပန္လည္တည္ေဆာက္ခြင့္ေပးမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ဒီအပစ္အခတ္ရပ္စဲေရးဟာ ထာဝရျဖစ္ဖို႔ ရည္မွန္းထားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။