လာမယ့်လတွေအတွင်း ရုရှားနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ယူကရိန်းတွန်းအားပေးခံရနိုင်ဖွယ်ရှိနေ
173
Pika (NP News) - နိုဝင်ဘာ ၂၇
လာမယ့်လတွေအတွင်း ယူကရိန်းဟာ ရုရှားနဲ့စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ တွန်းအားပေးခံရနိုင်ဖွယ်ရှိနေပြီး နောက်ဆုံးမှာ ၎င်းရဲ့ကိုယ်ပိုင်အဖြစ်ယူဆထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ရနိုင်ဖွယ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး Washington Post ကရေးသားဖော်ပြခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလမှာ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က သမ္မတအဖြစ် စတင်တာဝန်ယူတော့ဖြစ်သလို ရုရှားတပ်ဖွဲ့တွေက ကာ့စ်ဒေသတွင်းရှိ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နေနိုင်မှုနဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေဟာ စစ်မြေပြင်မှာကြီးမားတဲ့ဆုံးရှုံးမှုတွေကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ စစ်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်(၃)နှစ်နီးပါးအတွင်း အဆိုးရွားဆုံး အခြေအနေ၊ အနေအထားမှာ ရှိနေတယ်လို့လည်း Washington Post ကဖော်ပြခဲ့ပါတယ်။ လာမယ့်လအနည်းငယ်အတွင်း ယူကရိန်းဟာ ရုရှားနဲ့စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့နဲ့ ၎င်းရဲ့နယ်မြေတွေကိုစွန့်လွှတ်ဖို့ တွန်းအားပေးခံရနိုင်တယ်လို့ အမေရိကန်အရာရှိအများအပြားက ယုံကြည်နေကြတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ ၎င်းရဲ့နယ်မြေတွေကို စွန့်လွှတ်ဖို့လိုအပ်တယ်ဆိုတဲ့ အတွေးအမြင်တွေဟာ ၎င်းရဲ့ဥရောပကျောထောက်နောက်ခံပြုနိုင်ငံတွေဆီမှာ ပျံ့နှံ့နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားနဲ့ယူကရိန်းကြား ပဋိပက္ခဟာ ပိုမိုအရှိန်မြင့်လာခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းက အနောက်အုပ်စုထုတ် ဒုံးကျည်စနစ်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်အတွင်းကို ပစ်ခတ်တိုက်ခိုက်မှုနဲ့အတူ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယူကရိန်းရဲ့ လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ ၎င်းရဲ့အသံထက်မြန်တဲ့ပဲ့ထိန်းဒုံးကျည်အသစ်နဲ့ ယူကရိန်းကိုပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
လာမယ့္လေတြအတြင္း ႐ုရွားနဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ယူကရိန္းတြန္းအားေပးခံရႏိုင္ဖြယ္ရွိေန
Pika (NP News) - ႏိုဝင္ဘာ ၂၇
လာမယ့္လေတြအတြင္း ယူကရိန္းဟာ ႐ုရွားနဲ႔ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ဖို႔ တြန္းအားေပးခံရႏိုင္ဖြယ္ရွိေနၿပီး ေနာက္ဆုံးမွာ ၎ရဲ႕ကိုယ္ပိုင္အျဖစ္ယူဆထားတဲ့ နယ္ေျမေတြကို စြန႔္လႊတ္ရႏိုင္ဖြယ္ရွိေနတယ္လို႔ အမည္မေဖာ္လိုတဲ့သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Washington Post ကေရးသားေဖာ္ျပခဲ့ပါတယ္။
လာမယ့္ဇန္နဝါရီလမွာ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က သမၼတအျဖစ္ စတင္တာဝန္ယူေတာ့ျဖစ္သလို ႐ုရွားတပ္ဖြဲ႕ေတြက ကာ့စ္ေဒသတြင္းရွိ နယ္ေျမေတြကို ျပန္လည္သိမ္းပိုက္ေနႏိုင္မႈနဲ႔အတူ ယူကရိန္းတပ္ဖြဲ႕ေတြဟာ စစ္ေျမျပင္မွာႀကီးမားတဲ့ဆုံးရႈံးမႈေတြကို ႀကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ စစ္ပြဲျဖစ္ပြားခဲ့တဲ့ အခ်ိန္(၃)ႏွစ္နီးပါးအတြင္း အဆိုး႐ြားဆုံး အေျခအေန၊ အေနအထားမွာ ရွိေနတယ္လို႔လည္း Washington Post ကေဖာ္ျပခဲ့ပါတယ္။ လာမယ့္လအနည္းငယ္အတြင္း ယူကရိန္းဟာ ႐ုရွားနဲ႔ေစ့စပ္ညႇိႏႈိင္းမႈေတြလုပ္ေဆာင္ဖို႔နဲ႔ ၎ရဲ႕နယ္ေျမေတြကိုစြန႔္လႊတ္ဖို႔ တြန္းအားေပးခံရႏိုင္တယ္လို႔ အေမရိကန္အရာရွိအမ်ားအျပားက ယုံၾကည္ေနၾကတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ ၎ရဲ႕နယ္ေျမေတြကို စြန႔္လႊတ္ဖို႔လိုအပ္တယ္ဆိုတဲ့ အေတြးအျမင္ေတြဟာ ၎ရဲ႕ဥေရာပေက်ာေထာက္ေနာက္ခံျပဳႏိုင္ငံေတြဆီမွာ ပ်ံ႕ႏွံ႔ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႐ုရွားနဲ႔ယူကရိန္းၾကား ပဋိပကၡဟာ ပိုမိုအရွိန္ျမင့္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းက အေနာက္အုပ္စုထုတ္ ဒုံးက်ည္စနစ္ေတြကို အသုံးျပဳၿပီး ႐ုရွားပိုင္နက္အတြင္းကို ပစ္ခတ္တိုက္ခိုက္မႈနဲ႔အတူ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။ ယူကရိန္းရဲ႕ လုပ္ရပ္ကို တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားဟာ ၎ရဲ႕အသံထက္ျမန္တဲ့ပဲ့ထိန္းဒုံးက်ည္အသစ္နဲ႔ ယူကရိန္းကိုပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။