တိုက်ပွဲဝင် စစ်ယူနီဖောင်းဝတ်ကာ စတိုင်အပြည့်ဖြင့် Video မိန့်ခွန်းပြောသော ကျော်သက်လင်းကို NUG ထောက်ခံသူများအကြားမှာပင် ဝေဖန်နေ

 1423

သုတကျော် (NP News) - နိုဝင်ဘာ ၂၇

တိုက်ပွဲဝင် စစ်ယူနီဖောင်းဝတ်ကာ စတိုင်အပြည့်ဖြင့် Video မိန့်ခွန်းပြောသော ပြည်ပြေး ကျော်သက်လင်းကို NUG ထောက်ခံသူများအကြားမှာပင် မြေပြင်က PDF များကို အားမနာဟုဆိုကာ ဝေဖန်မှုများ ရှိနေကြောင်း NP News က မြင်တွေ့ရသော အချက်အလက်များ နှင့် မေးမြန်းထားချက်များအရ သိရသည်။

ကျော်သက်လင်းသည် မူလက PDF တပ်ဖွဲ့ဝင်တစ်ဦးဟု ပြည်ပရောက် မီဒီယာများတွင် ဖော်ပြခဲ့ဖူးသော်လည်း ယခုအခါ ထောက်ပို့ လုပ်နေသူတစ်ဦး ဟု ယူဆရကာ အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိရန်အတွက် လျှောက်ထားခဲ့ဖူးသော်လည်း ပယ်ချခံရသူဖြစ်ကြောင်း စုံစမ်းမေးမြန်းထားသော အချက် အလက်များ အရ သိရသည်။ ရန်ကုန်တိုင်း PDF သင်တန်းဆင်း အခမ်း အနားတစ်ခုတွင် ကျော်သက်လင်းက အမှတ်တရ အမှာစကားပြောကြားသည့် Vidoe ကို ယင်း PDF အဖွဲ့ က ထုတ်ပြန်ရာတွင် အထက်ပါ အတိုင်း စစ်ဝတ်စစ်စားများ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

စစ်ဝတ်စစ်စားသာမက Video အတွင်းတွင်လည်း ကျော်သက်လင်းက စစ်ရေး အကြီးအကဲတစ်ဦးသဖွယ် ပြောကြားခဲ့သည့်အပေါ်တွင်လည်း လူငယ် PDF အဖွဲ့ဝင်များအကြား ခံပြင်းခဲ့ကြခြင်း ဖြစ်သည်။ “အဓိကတော့ ဒီလို ဝတ်တာမှာ ပိုပြီးအမြင်စောင်းစေတာပေါ့။ ဘာလို့လည်းဆိုတော့ သူက ထောက်ပို့လိုလို ဖြစ်နေတာလေ။ ဒါကျတော့မြေပြင် က လူတွေကို စော်ကားသလို ဖြစ်တာပေါ့။ ရှေ့တန်းလည်း မထွက်ဖူးဘဲ ခပ်တည်တည်နဲ့ အခုလို လုပ်တာကျတော့ ဝေဖန်ခံရတာ။ မိန့်ခွန်းပြောတာကလည်း တ ကယ့်ကိုအရာရှိကြီး စတိုင်လေ။ ပြောရမယ်ဆို ကျွန်တော်တောင် ဒီဗွီဒီယို ကြည့်ပြီး ဘာလဲဟဆိုပြီး ဖြစ်သွားတာ။ အမျိုးမျိုး လှောင်ကြတာပေါ့လေ။ ဗျူဟာမှူးကြီးတို့၊ ဆယ်လီတပ်မှူးကြီးတို့ အမျိုးမျိုးပဲ”ဟု ထိုင်းနိုင်ငံရောက် အမည်မဖော်လိုသော မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

ထို့ပြင် လက်တွေ့မြေပြင်တိုက်ပွဲတွင် ရောက်နေသူများမှာ ကျော်သက်လင်း ကဲ့သို့ ယူနီဖောင်းအပြည့်အစုံပင် မဝတ်နိုင်ကြကြောင်း ၎င်းက ဆိုသည်။ “မြေပြင်မှာက သူ့လိုမင်းသားပုံ ဘယ်သူက ဝတ်နိုင်မှာလဲ။ ဒါကို တော် တော်လေး ပြောနေကြတာ။ ရယ်စရာ အဖြစ်ကော ခံပြင်းစရာ အဖြစ်ကောပေါ့။ သူက ယူနီဖောင်းတွေ ဝတ်ပြီးတော့ သင်တန်းဆင်းတွေကို မိန့်ခွန်း ပြောတယ် ဆိုတည်းကိုက ဘယ်သူက ခံချင်မှာလဲ”ဟု ၎င်းက ဆက်လက် ပြောသည်။

zawgyi version
တိုက္ပြဲဝင္ စစ္ယူနီေဖာင္းဝတ္ကာ စတိုင္အျပည့္ျဖင့္ Video မိန႔္ခြန္းေျပာေသာ ေက်ာ္သက္လင္းကို NUG ေထာက္ခံသူမ်ားအၾကားမွာပင္ ေဝဖန္ေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၇

တိုက္ပြဲဝင္ စစ္ယူနီေဖာင္းဝတ္ကာ စတိုင္အျပည့္ျဖင့္ Video မိန႔္ခြန္းေျပာေသာ ျပည္ေျပး ေက်ာ္သက္လင္းကို NUG ေထာက္ခံသူမ်ားအၾကားမွာပင္ ေျမျပင္က PDF မ်ားကို အားမနာဟုဆိုကာ ေဝဖန္မႈမ်ား ရွိေနေၾကာင္း NP News က ျမင္ေတြ႕ရေသာ အခ်က္အလက္မ်ား ႏွင့္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ေက်ာ္သက္လင္းသည္ မူလက PDF တပ္ဖြဲ႕ဝင္တစ္ဦးဟု ျပည္ပေရာက္ မီဒီယာမ်ားတြင္ ေဖာ္ျပခဲ့ဖူးေသာ္လည္း ယခုအခါ ေထာက္ပို႔ လုပ္ေနသူတစ္ဦး ဟု ယူဆရကာ အေမရိကန္ႏိုင္ငံတြင္ ခိုလႈံခြင့္ရရွိရန္အတြက္ ေလွ်ာက္ထားခဲ့ဖူးေသာ္လည္း ပယ္ခ်ခံရသူျဖစ္ေၾကာင္း စုံစမ္းေမးျမန္းထားေသာ အခ်က္ အလက္မ်ား အရ သိရသည္။ ရန္ကုန္တိုင္း PDF သင္တန္းဆင္း အခမ္း အနားတစ္ခုတြင္ ေက်ာ္သက္လင္းက အမွတ္တရ အမွာစကားေျပာၾကားသည့္ Vidoe ကို ယင္း PDF အဖြဲ႕ က ထုတ္ျပန္ရာတြင္ အထက္ပါ အတိုင္း စစ္ဝတ္စစ္စားမ်ား ဝတ္ဆင္ထားျခင္း ျဖစ္သည္။

စစ္ဝတ္စစ္စားသာမက Video အတြင္းတြင္လည္း ေက်ာ္သက္လင္းက စစ္ေရး အႀကီးအကဲတစ္ဦးသဖြယ္ ေျပာၾကားခဲ့သည့္အေပၚတြင္လည္း လူငယ္ PDF အဖြဲ႕ဝင္မ်ားအၾကား ခံျပင္းခဲ့ၾကျခင္း ျဖစ္သည္။ “အဓိကေတာ့ ဒီလို ဝတ္တာမွာ ပိုၿပီးအျမင္ေစာင္းေစတာေပါ့။ ဘာလို႔လည္းဆိုေတာ့ သူက ေထာက္ပို႔လိုလို ျဖစ္ေနတာေလ။ ဒါက်ေတာ့ေျမျပင္ က လူေတြကို ေစာ္ကားသလို ျဖစ္တာေပါ့။ ေရွ႕တန္းလည္း မထြက္ဖူးဘဲ ခပ္တည္တည္နဲ႔ အခုလို လုပ္တာက်ေတာ့ ေဝဖန္ခံရတာ။ မိန႔္ခြန္းေျပာတာကလည္း တ ကယ့္ကိုအရာရွိႀကီး စတိုင္ေလ။ ေျပာရမယ္ဆို ကြၽန္ေတာ္ေတာင္ ဒီဗြီဒီယို ၾကည့္ၿပီး ဘာလဲဟဆိုၿပီး ျဖစ္သြားတာ။ အမ်ိဳးမ်ိဳး ေလွာင္ၾကတာေပါ့ေလ။ ဗ်ဴဟာမႉးႀကီးတို႔၊ ဆယ္လီတပ္မႉးႀကီးတို႔ အမ်ိဳးမ်ိဳးပဲ”ဟု ထိုင္းႏိုင္ငံေရာက္ အမည္မေဖာ္လိုေသာ ျမန္မာႏိုင္ငံသားတစ္ဦးက ဆိုသည္။

ထို႔ျပင္ လက္ေတြ႕ေျမျပင္တိုက္ပြဲတြင္ ေရာက္ေနသူမ်ားမွာ ေက်ာ္သက္လင္း ကဲ့သို႔ ယူနီေဖာင္းအျပည့္အစုံပင္ မဝတ္ႏိုင္ၾကေၾကာင္း ၎က ဆိုသည္။ “ေျမျပင္မွာက သူ႔လိုမင္းသားပုံ ဘယ္သူက ဝတ္ႏိုင္မွာလဲ။ ဒါကို ေတာ္ ေတာ္ေလး ေျပာေနၾကတာ။ ရယ္စရာ အျဖစ္ေကာ ခံျပင္းစရာ အျဖစ္ေကာေပါ့။ သူက ယူနီေဖာင္းေတြ ဝတ္ၿပီးေတာ့ သင္တန္းဆင္းေတြကို မိန႔္ခြန္း ေျပာတယ္ ဆိုတည္းကိုက ဘယ္သူက ခံခ်င္မွာလဲ”ဟု ၎က ဆက္လက္ ေျပာသည္။

Related news

© 2021. All rights reserved.