အမေရိကန်မှာ ဘားကုဒ်အတုတွေကို အသုံးပြုပြီး စတိုးဆိုင်က ငွေကိုခိုးယူတဲ့ Tiktok influencer တစ်ဦးဖမ်းမိ

 173

ရောင်နီ (NP News) - နိုဝင်ဘာ ၂၇

TikTok မှာ Follower (၃)သိန်းနီးပါးရှိတဲ့ အသက် (၂၂)နှစ်အရွယ် social influencer ကို ဘားကုဒ်အတုတွေသုံးပြီး စတိုးဆိုင်တွေက ငွေကိုခိုးယူနေမှုနဲ့ အမေရိကန်၊ ဖလော်ရီဒါ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သူမဒီလို ခိုးယူတဲ့ အကြောင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်၊ စတိုးဆိုင်ကို ပစ္စည်းလာဝယ်သူ အမျိုးသမီးက ဘားကုဒ်ကို စကင်န်မှားဖတ်မိရာကနေသိရှိရပြီး ရဲကိုတိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ စုစုပေါင်း အိမ်သုံးပစ္စည်းနဲ့ အဝတ်အထည် (၁၆)မျိုး စုစုပေါင်း လက်လီတန်ဖိုး ဒေါ်လာ (၅၀၀.၃၂)ဒေါ်လာခိုးယူခံခဲ့ရပြီး လုံခြုံရေးကင်မရာတွေက တစ်ဆင့် ခိုးယူသူကို အတည်ပြုခဲ့ပါတယ်။ သံသယရှိသူကို အများပြည်သူအကူအညီနဲ့ ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီး Cape Coral ရဲဌာနရဲ့ Facebook နဲ့ Instagram အကောင့်တွေမှာ အဆိုပါ အမျိုးသမီးရဲ့ CCTV ထဲက ပုံကို တင်ခဲ့ပါတယ်။

ဒါကို အမည်မဖော်လိုသူ ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ယောက်က ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ခဲ့ပြီး သံသယရှိသူနဲ့ ဆင်တူတဲ့ influencer တစ်ယောက်ရဲ့ profile ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ Follower (၃)သိန်း နီးပါးရှိတဲ့ Marlena ဆိုတဲ့ သံသယရှိသူ TikTok အကောင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးပြီး ဒေါ်လာ (၇၅၀)အောက်နည်းတဲ့ ခိုးမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ လောလောဆယ်တော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္မွာ ဘားကုဒ္အတုေတြကို အသုံးျပဳၿပီး စတိုးဆိုင္က ေငြကိုခိုးယူတဲ့ Tiktok influencer တစ္ဦးဖမ္းမိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇

TikTok မွာ Follower (၃)သိန္းနီးပါးရွိတဲ့ အသက္ (၂၂)ႏွစ္အ႐ြယ္ social influencer ကို ဘားကုဒ္အတုေတြသုံးၿပီး စတိုးဆိုင္ေတြက ေငြကိုခိုးယူေနမႈနဲ႔ အေမရိကန္၊ ဖေလာ္ရီဒါ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။

သူမဒီလို ခိုးယူတဲ့ အေၾကာင္းကို ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလ ၃၀ ရက္၊ စတိုးဆိုင္ကို ပစၥည္းလာဝယ္သူ အမ်ိဳးသမီးက ဘားကုဒ္ကို စကင္န္မွားဖတ္မိရာကေနသိရွိရၿပီး ရဲကိုတိုင္ခ်က္ဖြင့္ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။ စုစုေပါင္း အိမ္သုံးပစၥည္းနဲ႔ အဝတ္အထည္ (၁၆)မ်ိဳး စုစုေပါင္း လက္လီတန္ဖိုး ေဒၚလာ (၅၀၀.၃၂)ေဒၚလာခိုးယူခံခဲ့ရၿပီး လုံၿခဳံေရးကင္မရာေတြက တစ္ဆင့္ ခိုးယူသူကို အတည္ျပဳခဲ့ပါတယ္။ သံသယရွိသူကို အမ်ားျပည္သူအကူအညီနဲ႔ ေဖာ္ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး Cape Coral ရဲဌာနရဲ႕ Facebook နဲ႔ Instagram အေကာင့္ေတြမွာ အဆိုပါ အမ်ိဳးသမီးရဲ႕ CCTV ထဲက ပုံကို တင္ခဲ့ပါတယ္။

ဒါကို အမည္မေဖာ္လိုသူ ဆိုရွယ္မီဒီယာ အသုံးျပဳသူ တစ္ေယာက္က ရဲတပ္ဖြဲ႕ဆီ ဆက္သြယ္ခဲ့ၿပီး သံသယရွိသူနဲ႔ ဆင္တူတဲ့ influencer တစ္ေယာက္ရဲ႕ profile ကို အသိေပးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၃၀ ရက္မွာ Follower (၃)သိန္း နီးပါးရွိတဲ့ Marlena ဆိုတဲ့ သံသယရွိသူ TikTok အေကာင့္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီေနာက္ ဖမ္းဆီးၿပီး ေဒၚလာ (၇၅၀)ေအာက္နည္းတဲ့ ခိုးမႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.