အလှအပအတွက် လေဆာကုသမှုခံယူခဲ့တဲ့ တရုတ်အမျိုးသမီးတစ်ဦး သေဆုံး
215
ရောင်နီ (NP News) - နိုဝင်ဘာ ၂၇
တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးက မွေးရာပါအမဲစက်တွေကို ဖယ်ရှားဖို့အတွက် လေဆာကုသမှုတွေ ဆက်တိုက်ခံယူပြီးနောက် (၁၀) ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အလှပြင်ခွဲစိတ်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သိသိသာသာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။
မျိုးရိုးအမည် လျို့လို့သိရတဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးဟာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ တန်ကျင်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမခန္ဓာကိုယ်ပေါ်က မွေးရာပါ neurofibromatosis၊ cafeaulait လို့ခေါ်တဲ့ အစက်အပြောက်တွေကို ဖယ်ရှားဖို့ ယွမ် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄,၀၀၀) ကျော် အကုန်အကျခံပြီး Tianjin's Jinmen Dermatology Hospital မှာ လေဆာကုသမှု ကိုးကြိမ်ခံယူခဲ့ပါတယ်။ ဒါပေမဲ့ လျို့ဟာ ပထမ ကုသပြီးနောက် ရောဂါလက္ခဏာပိုဆိုးလာခဲ့ပြီး ထုံဆေး မညီညာခြင်းကြောင့် ပြင်းထန်နာကျင်မှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၁ ရက်က သူမရဲ့ (၁၀)ကြိမ်မြောက်ခွဲစိတ်မှုအတွင်းမှာတော့ လျို့ဟာ ထုံဆေးခရင်မ်ကို လိမ်းပြီးနောက် မူးဝေတဲ့ လက္ခဏာကို စတင်ခံစားခဲ့ရပြီး ဆရာဝန်တွေက ခရင်မ်ကို အမြန်ဖယ်ရှားခဲ့ပေမယ့် သူမဟာ မသက်သာခဲ့ပါဘူး။ အဲဒီနောက် လျို့ဟာ အရေးပေါ်ဆေးရုံကိုရောက်ပြီး (၁၀)ရက်ကြာ ကုသမှုခံယူပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဆရာဝန်တွေကတော့ ဦးနှောက်အတွင်း အာရုံကြော ဖိအားလွန်ကဲမှုကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ ယူဆထားပါတယ်။ တရုတ်နိုင်ငံမှာ ပေါ့ဆမှုကြောင့် လူနာကို သေဆုံးစေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ ထောင်ဒဏ် (၃) နှစ်နဲ့ ငွေဒဏ်ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
zawgyi version
အလွအပအတြက္ ေလဆာကုသမႈခံယူခဲ့တဲ့ တ႐ုတ္အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇
တ႐ုတ္ႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးက ေမြးရာပါအမဲစက္ေတြကို ဖယ္ရွားဖို႔အတြက္ ေလဆာကုသမႈေတြ ဆက္တိုက္ခံယူၿပီးေနာက္ (၁၀) ရက္အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အလွျပင္ခြဲစိတ္မႈဆိုင္ရာ ေဘးကင္းလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး သိသိသာသာ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာေစခဲ့ပါတယ္။
မ်ိဳး႐ိုးအမည္ လ်ိဳ႕လို႔သိရတဲ့ အသက္(၂၇)ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း၊ တန္က်င္ၿမိဳ႕မွာ ေနထိုင္သူျဖစ္ပါတယ္။ သူမခႏၶာကိုယ္ေပၚက ေမြးရာပါ neurofibromatosis၊ cafeaulait လို႔ေခၚတဲ့ အစက္အေျပာက္ေတြကို ဖယ္ရွားဖို႔ ယြမ္ ၁၀၀,၀၀၀ (အေမရိကန္ေဒၚလာ ၁၄,၀၀၀) ေက်ာ္ အကုန္အက်ခံၿပီး Tianjin's Jinmen Dermatology Hospital မွာ ေလဆာကုသမႈ ကိုးႀကိမ္ခံယူခဲ့ပါတယ္။ ဒါေပမဲ့ လ်ိဳ႕ဟာ ပထမ ကုသၿပီးေနာက္ ေရာဂါလကၡဏာပိုဆိုးလာခဲ့ၿပီး ထုံေဆး မညီညာျခင္းေၾကာင့္ ျပင္းထန္နာက်င္မႈကို ခံစားခဲ့ရတယ္လို႔ သိရပါတယ္။
ေအာက္တိုဘာလ ၂၁ ရက္က သူမရဲ႕ (၁၀)ႀကိမ္ေျမာက္ခြဲစိတ္မႈအတြင္းမွာေတာ့ လ်ိဳ႕ဟာ ထုံေဆးခရင္မ္ကို လိမ္းၿပီးေနာက္ မူးေဝတဲ့ လကၡဏာကို စတင္ခံစားခဲ့ရၿပီး ဆရာဝန္ေတြက ခရင္မ္ကို အျမန္ဖယ္ရွားခဲ့ေပမယ့္ သူမဟာ မသက္သာခဲ့ပါဘူး။ အဲဒီေနာက္ လ်ိဳ႕ဟာ အေရးေပၚေဆး႐ုံကိုေရာက္ၿပီး (၁၀)ရက္ၾကာ ကုသမႈခံယူၿပီးတဲ့ေနာက္ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ဆရာဝန္ေတြကေတာ့ ဦးေႏွာက္အတြင္း အာ႐ုံေၾကာ ဖိအားလြန္ကဲမႈေၾကာင့္ ေသဆုံးရျခင္းျဖစ္တယ္လို႔ ယူဆထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေပါ့ဆမႈေၾကာင့္ လူနာကို ေသဆုံးေစတဲ့ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ေတြဟာ ေထာင္ဒဏ္ (၃) ႏွစ္နဲ႔ ေငြဒဏ္ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။