ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဓာတ်ပေါင်းဖိုတည်ဆောက်မှုကြောင့် ဓာတ်ရောင်ခြည်စောင့်ကြည့်တိုင်းတာရေးစခန်း မြန်မာဘက်က ပြင်ဆင်နေရ

 339

စော (NP News) - နိုဝင်ဘာ ၂၇

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဓာတ်ပေါင်းဖို တည်ဆောက်နေ၍ ဓာတ်ရောင်ခြည်စောင့်ကြည့် တိုင်းတာရေး စခန်းကို အကောင်အထည်ဖော်ရန် မြန်မာဘက်က ပြင်ဆင်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။

အဆိုပါ စီမံကိန်းကို အမျိုးသားအဆင့် ဓာတ်ရောင်ခြည် မတော်တဆထိခိုက်မှုအန္တရာယ်မှ ကင်းဝေးစေရေး အတွက်ဆောင်ရွက်နေခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (Inter- national Atomic Energy Agency) ၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကိုယ့်နိုင်ငံမှာ ဗုံးလည်းမရှိဘူး။ ဓာတ်ပေါင်းဖို လည်းမရှိဘူး။ ဒါပေမဲ့ သူများနိုင်ငံရှိတယ်ဆို လုပ် ကိုလုပ် ရတော့မှာ။ သူများနိုင်ငံက ခြိမ်းခြောက်လာမှာ ဆိုတော့ လုပ်ကိုလုပ်ရမှာ။ အရင်တုန်းက ဘယ်လို လုပ်ရှိမှာတုံး။ ငါတို့က‌ တော့ နောက်ပိုင်းလုပ်မယ်။ ငါတို့နဲ့ တစ်ပြေးညီတခြားအာဆီယံနိုင်ငံတွေကလည်း ဆောင်ရွက်နေတယ်။ ငါတို့နဲ့တူတူပဲ ပရော ဂျက်ဆိုက်ကယ်တူတူပဲ သွားနေကြတာ။ ငါတို့က အာဆီယံ Level နဲ့လုပ်မှာ။ ဟိုအင်အားကြီးနိုင်ငံတွေက ရှိတာ‌ ပေါ့။ သူ့နိုင်ငံမှာကိုက ဓာတ်ပေါင်းဖို တွေရော ၊ ဗုံးတွေရော ပိုင်ဆိုင်တဲ့နိုင်ငံတွေကတော့ ရှိတာပေါ့။ တို့နိုင်ငံကတော့ မရှိဘူးပေါ့။ တို့နိုင်ငံကတော့ မရှိသေးဘူးဆိုတာ တို့နိုင်ငံကလည်းအခုမှ ဘင်္ဂလားဒေ့ရှ်တို့ဘာတို့က အခုမှဆောက် တာလေ။ ဓာတ်ပေါင်းဖိုက လည်တောင်မလည်ရသေးဘူး။ ဆောက်တုန်းရှိသေးတာလေ။ သူတို့မလည်ရသေးခင် ငါတို့က ထောင်ထားလိုက်တယ်ဆိုရင် ပြီးပြီလေ။ သူတို့ ဓာတ်ပေါင်းဖိုစလည်တယ်ဆိုရင် သူတို့ပြဿ နာတစ်ခုခုဖြစ် တယ်ဆိုရင် ငါတို့သိရမယ်လေ။ ငါတို့ ကလက်ဦးမှု ယူထားပြီးသားကွာ။ နို့မဆို ကြို လုပ်စရာမလိုဘူးလေ။ ဘင်္ဂလားဒေ့ရှ်မှာလည်း မရှိဘူးလေ။ ထိုင်းမှာလည်း ဓာတ်ပေါင်းဖိုမရှိသေးဘူးလေ။ လာအိုမှာလည်း မရှိသေးဘူး။ ငါတို့နဲ့ ကပ်လျက်မှာ သိပ်မရှိကြသေးဘူးကွာ။ ဘင်္ဂလားဒေ့ရှ်ကတော့ တို့နဲ့ သိပ်မဝေးဘူး။ ကီလိုမီတာရာဂဏန်းပဲ ဝေးတာ။ သူတို့ဆောက်နေတဲ့နေရာနဲ့ တို့နိုင်ငံနဲ့ နယ်နိမိတ်နဲ့က ကီလိုမီတာ ရာဂဏန်းပဲဝေးတာ။ ရာဂဏန်းပဲဝေးတော့ လူကြီးတွေက လုပ်မှဖြစ်မယ်ဆိုပြီးတော့ အဲဒီရည် ရွယ်ချက်လည်းပါတာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိတွင် Team ဖွဲ့စည်းခြင်း၊ Emergency Preparedness and Response Plan များကို ချမှတ်ခြင်း၊ ပြည်သူ လူထုသိရှိရန်အတွက် Awareness ပေးခြင်း၊ National Level Organziton ဖြစ်သော ရဲ၊ မီးသတ်၊သတင်းနှင့် ပြန် ကြားရေးစသည့် အဖွဲ့အစည်းများ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။ ‘‘ပစ္စည်းက ဝယ်ယူ‌ရေးလုပ်နေတာ။ UN ရဲ့ အစီအစဉ်နဲ့ ဝယ်တာဖြစ်တဲ့အတွက် တစ်ခါတစ် လေလောက်ဆိုရင် တစ်နှစ် လောက်ကြာတာပေါ့။ နောက်နှစ်ဒီလိုအချိန်လောက်ဆိုရင် ငါတို့လည်း Completely Step ပဲ။ စောင့်ကြည့်တိုင်းတာရေး အခြေအနေလည်း တည်ထောင်ပြီးပြီ ဒေတာတွေ လည်း အကုန်လုံး နောက်နှစ်လောက်ဆိုအကုန်ပြီး လောက်ပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းအတွက် Project သက်တမ်းလေးနှစ်တွင် နှစ်နှစ်ကျန်နေသေးပြီး ဆုံးဖြတ်ချက်အထောက်အကူ ပြုဆော့ဖ်ဝဲလ်(Decision Support System)ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်လည်း အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် အတွက် နစကအစိုးရက ပြင်ဆင်နေလျက်ရှိပြီး ယင်းကဲ့သို့ တည်ဆောက်ရန်အတွက် နစကအစိုးရနှင့် ရုရှားနိုင်ငံတို့ အကြား နာလည်မှုစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဓာတ္ေပါင္းဖိုတည္ေဆာက္မႈေၾကာင့္ ဓာတ္ေရာင္ ျခည္ ေစာင့္ၾကည့္တိုင္းတာေရးစခန္း ျမန္မာဘက္က ျပင္ဆင္ေနရ
ေစာ (NP News) - ႏိုဝင္ဘာ ၂၇

အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ ဓာတ္ေပါင္းဖို တည္ေဆာက္ေန၍ ဓာတ္ေရာင္ျခည္ေစာင့္ၾကည့္ တိုင္းတာေရး စခန္းကို အေကာင္အထည္ေဖာ္ရန္ ျမန္မာဘက္က ျပင္ဆင္ေနေၾကာင္း သိပၸံႏွင့္နည္းပညာ ဝန္ႀကီးဌာန၊ အဏုျမဴစြမ္းအင္ဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ စီမံကိန္းကို အမ်ိဳးသားအဆင့္ ဓာတ္ေရာင္ျခည္ မေတာ္တဆထိခိုက္မႈအႏၲရာယ္မွ ကင္းေဝးေစေရး အတြက္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာအဏုျမဴစြမ္းအင္ေအဂ်င္စီ (Inter- national Atomic Energy Agency) ၏ အကူအညီျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

‘‘ကိုယ့္ႏိုင္ငံမွာ ဗုံးလည္းမရွိဘူး။ ဓာတ္ေပါင္းဖို လည္းမရွိဘူး။ ဒါေပမဲ့ သူမ်ားႏိုင္ငံရွိတယ္ဆို လုပ္ ကိုလုပ္ ရေတာ့မွာ။ သူမ်ားႏိုင္ငံက ၿခိမ္းေျခာက္လာမွာ ဆိုေတာ့ လုပ္ကိုလုပ္ရမွာ။ အရင္တုန္းက ဘယ္လို လုပ္ရွိမွာတုံး။ ငါတို႔က‌ ေတာ့ ေနာက္ပိုင္းလုပ္မယ္။ ငါတို႔နဲ႔ တစ္ေျပးညီတျခားအာဆီယံႏိုင္ငံေတြကလည္း ေဆာင္႐ြက္ေနတယ္။ ငါတို႔နဲ႔တူတူပဲ ပေရာ ဂ်က္ဆိုက္ကယ္တူတူပဲ သြားေနၾကတာ။ ငါတို႔က အာဆီယံ Level နဲ႔လုပ္မွာ။ ဟိုအင္အားႀကီးႏိုင္ငံေတြက ရွိတာ‌ ေပါ့။ သူ႔ႏိုင္ငံမွာကိုက ဓာတ္ေပါင္းဖို ေတြေရာ ၊ ဗုံးေတြေရာ ပိုင္ဆိုင္တဲ့ႏိုင္ငံေတြကေတာ့ ရွိတာေပါ့။ တို႔ႏိုင္ငံကေတာ့ မရွိဘူးေပါ့။ တို႔ႏိုင္ငံကေတာ့ မရွိေသးဘူးဆိုတာ တို႔ႏိုင္ငံကလည္းအခုမွ ဘဂၤလားေဒ့ရွ္တို႔ဘာတို႔က အခုမွေဆာက္ တာေလ။ ဓာတ္ေပါင္းဖိုက လည္ေတာင္မလည္ရေသးဘူး။ ေဆာက္တုန္းရွိေသးတာေလ။ သူတို႔မလည္ရေသးခင္ ငါတို႔က ေထာင္ထားလိုက္တယ္ဆိုရင္ ၿပီးၿပီေလ။ သူတို႔ ဓာတ္ေပါင္းဖိုစလည္တယ္ဆိုရင္ သူတို႔ျပႆ နာတစ္ခုခုျဖစ္ တယ္ဆိုရင္ ငါတို႔သိရမယ္ေလ။ ငါတို႔ ကလက္ဦးမႈ ယူထားၿပီးသားကြာ။ ႏို႔မဆို ႀကိဳ လုပ္စရာမလိုဘူးေလ။ ဘဂၤလားေဒ့ရွ္မွာလည္း မရွိဘူးေလ။ ထိုင္းမွာလည္း ဓာတ္ေပါင္းဖိုမရွိေသးဘူးေလ။ လာအိုမွာလည္း မရွိေသးဘူး။ ငါတို႔နဲ႔ ကပ္လ်က္မွာ သိပ္မရွိၾကေသးဘူးကြာ။ ဘဂၤလားေဒ့ရွ္ကေတာ့ တို႔နဲ႔ သိပ္မေဝးဘူး။ ကီလိုမီတာရာဂဏန္းပဲ ေဝးတာ။ သူတို႔ေဆာက္ေနတဲ့ေနရာနဲ႔ တို႔ႏိုင္ငံနဲ႔ နယ္နိမိတ္နဲ႔က ကီလိုမီတာ ရာဂဏန္းပဲေဝးတာ။ ရာဂဏန္းပဲေဝးေတာ့ လူႀကီးေတြက လုပ္မွျဖစ္မယ္ဆိုၿပီးေတာ့ အဲဒီရည္ ႐ြယ္ခ်က္လည္းပါတာေပါ့”ဟု ၎ကေျပာသည္။

လက္ရွိတြင္ Team ဖြဲ႕စည္းျခင္း၊ Emergency Preparedness and Response Plan မ်ားကို ခ်မွတ္ျခင္း၊ ျပည္သူ လူထုသိရွိရန္အတြက္ Awareness ေပးျခင္း၊ National Level Organziton ျဖစ္ေသာ ရဲ၊ မီးသတ္၊သတင္းႏွင့္ ျပန္ ၾကားေရးစသည့္ အဖြဲ႕အစည္းမ်ား ၎တို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ‘‘ပစၥည္းက ဝယ္ယူ‌ေရးလုပ္ေနတာ။ UN ရဲ႕ အစီအစဥ္နဲ႔ ဝယ္တာျဖစ္တဲ့အတြက္ တစ္ခါတစ္ ေလေလာက္ဆိုရင္ တစ္ႏွစ္ ေလာက္ၾကာတာေပါ့။ ေနာက္ႏွစ္ဒီလိုအခ်ိန္ေလာက္ဆိုရင္ ငါတို႔လည္း Completely Step ပဲ။ ေစာင့္ၾကည့္တိုင္းတာေရး အေျခအေနလည္း တည္ေထာင္ၿပီးၿပီ ေဒတာေတြ လည္း အကုန္လုံး ေနာက္ႏွစ္ေလာက္ဆိုအကုန္ၿပီး ေလာက္ၿပီ”ဟု ၎က ေျပာသည္။

အဆိုပါစီမံကိန္းအတြက္ Project သက္တမ္းေလးႏွစ္တြင္ ႏွစ္ႏွစ္က်န္ေနေသးၿပီး ဆုံးျဖတ္ခ်က္အေထာက္အကူ ျပဳေဆာ့ဖ္ဝဲလ္(Decision Support System)ကို ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံတြင္လည္း အေသးစားန်ဴကလီးယား ဓာတ္အားေပးစက္႐ုံကို တည္ေဆာက္ရန္ အတြက္ နစကအစိုးရက ျပင္ဆင္ေနလ်က္ရွိၿပီး ယင္းကဲ့သို႔ တည္ေဆာက္ရန္အတြက္ နစကအစိုးရႏွင့္ ႐ုရွားႏိုင္ငံတို႔ အၾကား နာလည္မႈစာခြၽန္လႊာအခ်ိဳ႕ကို လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.