အသက်(၁၁၂)နှစ်အရွယ်ရှိ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ကွယ်လွန်
149
Pika (NP News) - နိုဝင်ဘာ ၂၇
ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ဂျွန်တင်းနစ်ဝုဒ်သည် အသက်(၁၁၂)နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။
ဂျွန်တင်းနစ်ဝုဒ်သည် နိုဝင်ဘာလ(၂၅)ရက်တွင် အင်္ဂလန်နိုင်ငံ Southport မြို့ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျွန်တင်းနစ်ဝုဒ်၏မိသားစုက"သူရဲ့နောက်ဆုံးနေ့ကို တေးဂီတတွေ၊ အချစ်တွေနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ သူက အမြဲတမ်းကျေးဇူး တင်စကားပြောရတာကို ကြိုက်ပါတယ်။ သူ့ကို နှစ်ပေါင်းများစွာစောင့် ရှောက်ပေးခဲ့တဲ့ သူနာပြုတွေနဲ့ဆရာဝန်တွေအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ဂျွန်တင်းနစ်ဝုဒ်သည် (၁၉၁၂)ခုနှစ် ဩဂုတ်လ(၂၆)ရက်တွင် လီဗာပူးလ်မြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့တွင်ပင် ၎င်း၏ဇနီးဖြစ်သူ ဘလော့ဒ်ဝမ်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျွန်တင်းနစ်ဝုဒ်နှင့် ဘလော့ဒ်ဝမ်တို့သည် ကပွဲတစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် (၁၉၄၂)ခုနှစ်တွင် လက်ထပ်ခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် ဆူဆန်ဆိုသည့်သမီးလေးကို ရရှိခဲ့ကြသည်။အဆိုပါအချိန်တွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေဆဲဖြစ်ပြီး ဂျွန်တင်းနစ်ဝုဒ်သည် Royal Army Pay Corps တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်းသိရသည်။ ဂျွန်တင်းနစ်ဝုဒ်နှင့်ဘလော့ဒ်ဝမ်တို့သည် (၄၄)နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး (၁၉၈၆)ခုနှစ်တွင် ဘလော့ဒ်ဝမ်ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ဂျွန်တင်းနစ်ဝုဒ်သည် အသက်(၁၀၀)နှစ်မှ (၁၁၀)နှစ်အတွင်း ဗြိတိန်ဘုရင်မကြီးဟောင်း အဲလိဇဘက် II ထံမှ မွေးနေ့ကဒ်များကို နှစ်စဉ်လက်ခံရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် ဗင်နီဇွဲလားနိုင်ငံမှ အသက်(၁၁၄)နှစ်အရွယ် ဂျူအန်ဗီဆန်တီပီယက်ဇ် သေဆုံးခဲ့ပြီးနောက် (၂၀၂၄)ခုနှစ် ဧပြီလတွင် ဂျွန်တင်းနစ်ဝုဒ်သည် အသက်(၁၁၁)နှစ်အရွယ်ဖြင့် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
zawgyi version
အသက္(၁၁၂)ႏွစ္အ႐ြယ္ရွိ ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသား ကြယ္လြန္
Pika (NP News) - ႏိုဝင္ဘာ ၂၇
ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသား ဂြၽန္တင္းနစ္ဝုဒ္သည္ အသက္(၁၁၂)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဂြၽန္တင္းနစ္ဝုဒ္သည္ ႏိုဝင္ဘာလ(၂၅)ရက္တြင္ အဂၤလန္ႏိုင္ငံ Southport ၿမိဳ႕ရွိ ၎၏ေနအိမ္တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂြၽန္တင္းနစ္ဝုဒ္၏မိသားစုက"သူရဲ႕ေနာက္ဆုံးေန႔ကို ေတးဂီတေတြ၊ အခ်စ္ေတြနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးေပးခဲ့ပါတယ္။ သူက အၿမဲတမ္းေက်းဇူး တင္စကားေျပာရတာကို ႀကိဳက္ပါတယ္။ သူ႔ကို ႏွစ္ေပါင္းမ်ားစြာေစာင့္ ေရွာက္ေပးခဲ့တဲ့ သူနာျပဳေတြနဲ႔ဆရာဝန္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။
ဂြၽန္တင္းနစ္ဝုဒ္သည္ (၁၉၁၂)ခုႏွစ္ ဩဂုတ္လ(၂၆)ရက္တြင္ လီဗာပူးလ္ၿမိဳ႕မွာ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး အဆိုပါၿမိဳ႕တြင္ပင္ ၎၏ဇနီးျဖစ္သူ ဘေလာ့ဒ္ဝမ္ႏွင့္ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂြၽန္တင္းနစ္ဝုဒ္ႏွင့္ ဘေလာ့ဒ္ဝမ္တို႔သည္ ကပြဲတစ္ခုတြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္ (၁၉၄၂)ခုႏွစ္တြင္ လက္ထပ္ခဲ့ၿပီး ႏွစ္အနည္းငယ္အၾကာတြင္ ဆူဆန္ဆိုသည့္သမီးေလးကို ရရွိခဲ့ၾကသည္။အဆိုပါအခ်ိန္တြင္ ဒုတိယကမာၻစစ္ျဖစ္ပြားေနဆဲျဖစ္ၿပီး ဂြၽန္တင္းနစ္ဝုဒ္သည္ Royal Army Pay Corps တြင္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ ဂြၽန္တင္းနစ္ဝုဒ္ႏွင့္ဘေလာ့ဒ္ဝမ္တို႔သည္ (၄၄)ႏွစ္ၾကာ ေပါင္းသင္းခဲ့ၾကၿပီး (၁၉၈၆)ခုႏွစ္တြင္ ဘေလာ့ဒ္ဝမ္ကြယ္လြန္သြားခဲ့ေၾကာင္းသိရသည္။
ဂြၽန္တင္းနစ္ဝုဒ္သည္ အသက္(၁၀၀)ႏွစ္မွ (၁၁၀)ႏွစ္အတြင္း ၿဗိတိန္ဘုရင္မႀကီးေဟာင္း အဲလိဇဘက္ II ထံမွ ေမြးေန႔ကဒ္မ်ားကို ႏွစ္စဥ္လက္ခံရရွိခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္ ဗင္နီဇြဲလားႏိုင္ငံမွ အသက္(၁၁၄)ႏွစ္အ႐ြယ္ ဂ်ဴအန္ဗီဆန္တီပီယက္ဇ္ ေသဆုံးခဲ့ၿပီးေနာက္ (၂၀၂၄)ခုႏွစ္ ဧၿပီလတြင္ ဂြၽန္တင္းနစ္ဝုဒ္သည္ အသက္(၁၁၁)ႏွစ္အ႐ြယ္ျဖင့္ ကမာၻ႔အသက္အႀကီးဆုံးအမ်ိဳးသားအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။