တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ ကပ္ပတိန်၏အိတ်ဆောင်နာရီကို အမေရိကန်ဒေါ်လာ (၂)သန်းနီးပါးဖြင့် ရောင်းချ
160
Pika (NP News) - နိုဝင်ဘာ ၂၇
တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်ခဲ့သော အသက်ရှင်ကျန် ရစ်သူ (၇၀ဝ) ဦးကို ကယ်ဆယ်ခဲ့သည့်သင်္ဘောကပ္ပတိန်ကို ပေးခဲ့သော အိတ် ကပ်ဆောင် ရွှေနာရီကို လေလံပွဲတစ်ခုတွင် အမေရိကန်ဒေါ်လာ(၂) သန်းနီးပါးဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချနိုင်မှုနှင့်အတူ ယင်းအိတ်ကပ်ဆောင်ရွှေနာရီသည် တိုက်တန်းနစ်သင်္ဘော အပျက် အစီးနှင့်သက်ဆိုင်သော အမှတ်တရပစ္စည်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ တိုက်တန်း နစ်သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသူများကို ကယ်ဆယ်ရန်အတွက် ၎င်း၏သင်္ဘောကို လမ်းကြောင်းခဲ့သည့်ကပ္ပတိန် အာသာရော့စ်ရွန်ကို အ သက်ရှင်ကျန်ရစ်သူများထဲမှ အမျိုးသမီး (၃) ဦးက (၁၈)ကာရက်Tiffany & Co နာရီကို ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နာရီကို အမေရိ ကန်နိုင်ငံမှ ပုဂ္ဂလိကစုဆောင်းသူတစ်ဦးကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၉) သန်းကျော်ဖြင့် ရောင်းချခဲ့ ခြင်းဖြစ်ပြီး တိုက်တန်းနစ်နှင့်သက်ဆိုင်သည့် အမှတ်တရပစ္စည်းရောင်းချမှုတွင် ပေးချေမှုအများဆုံးဖြစ်ကြောင်း လေလံတင်ရောင်းချခဲ့သည့် Aldridge and Son ကုမ္ပဏီက ပြောကြားခဲ့သည်။
လေလံတင်ရောင်းချသူ အန်ဒရူးအယ်လ်ဒရစ်ချ်က "ယောကျာ်း၊ မိန်းမနဲ့ကလေးတွေတိုင်းမှာ ပြောစရာပုံပြင်တွေရှိကြပါတယ်။ ပြီးတော့ အဲဒီပုံပြင်တွေ ကို ရာစုနှစ်တစ်ခုကျော်အကြာမှာ အမှတ်တရအဖြစ် ပြန်ပြောကြပါတယ်"ဟု ပြောဆိုခဲ့သည်။ အာသာရော့စ်ရွန်သည် တိုက်တန်းနစ်နစ်မြုပ်ခဲ့သည့်ညတွင်လုပ်ခဲ့သော ၎င်း၏လုပ်ရပ်အတွက် သူရဲကောင်းတစ် ဦးအဖြစ် ချီးကျူးခံခဲ့ရပြီး ၎င်း၏အဖွဲ့သားများမှာ ၎င်းတို့၏ရဲစွမ်းသတ္တိရှိမှုအတွက် အသိအမှတ်ပြုခံခဲ့ရ ကြောင်း သိရသည်။ တိုက်တန်းနစ်သင်္ဘောသည် (၁၉၁၂)ခုနှစ် ဧပြီလ(၁၅)ရက် အစောပိုင်းတွင် ရေခဲကျောက်ဆောင်တစ်ခုနှင့် တိုက်မိခဲ့ပြီးနောက် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
zawgyi version
တိုက္တန္းနစ္ျဖစ္ရပ္ဆိုးမွ ကပၸတိန္၏အိတ္ေဆာင္နာရီကို အေမရိကန္ေဒၚလာ (၂)သန္းနီးပါးျဖင့္ ေရာင္းခ်
Pika (NP News) - ႏိုဝင္ဘာ ၂၇
တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္မႈမွ လြတ္ေျမာက္ခဲ့ေသာ အသက္ရွင္က်န္ ရစ္သူ (၇၀ဝ) ဦးကို ကယ္ဆယ္ခဲ့သည့္သေဘၤာကပၸတိန္ကို ေပးခဲ့ေသာ အိတ္ ကပ္ေဆာင္ ေ႐ႊနာရီကို ေလလံပြဲတစ္ခုတြင္ အေမရိကန္ေဒၚလာ(၂) သန္းနီးပါးျဖင့္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေရာင္းခ်ႏိုင္မႈႏွင့္အတူ ယင္းအိတ္ကပ္ေဆာင္ေ႐ႊနာရီသည္ တိုက္တန္းနစ္သေဘၤာ အပ်က္ အစီးႏွင့္သက္ဆိုင္ေသာ အမွတ္တရပစၥည္းတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။ တိုက္တန္း နစ္သေဘၤာနစ္ျမဳပ္မႈမွ လြတ္ေျမာက္လာသူမ်ားကို ကယ္ဆယ္ရန္အတြက္ ၎၏သေဘၤာကို လမ္းေၾကာင္းခဲ့သည့္ကပၸတိန္ အာသာေရာ့စ္႐ြန္ကို အ သက္ရွင္က်န္ရစ္သူမ်ားထဲမွ အမ်ိဳးသမီး (၃) ဦးက (၁၈)ကာရက္Tiffany & Co နာရီကို ေပးအပ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ နာရီကို အေမရိ ကန္ႏိုင္ငံမွ ပုဂၢလိကစုေဆာင္းသူတစ္ဦးကို အေမရိကန္ေဒၚလာ (၁ ဒသမ ၉) သန္းေက်ာ္ျဖင့္ ေရာင္းခ်ခဲ့ ျခင္းျဖစ္ၿပီး တိုက္တန္းနစ္ႏွင့္သက္ဆိုင္သည့္ အမွတ္တရပစၥည္းေရာင္းခ်မႈတြင္ ေပးေခ်မႈအမ်ားဆုံးျဖစ္ေၾကာင္း ေလလံတင္ေရာင္းခ်ခဲ့သည့္ Aldridge and Son ကုမၸဏီက ေျပာၾကားခဲ့သည္။
ေလလံတင္ေရာင္းခ်သူ အန္ဒ႐ူးအယ္လ္ဒရစ္ခ်္က "ေယာက်ာ္း၊ မိန္းမနဲ႔ကေလးေတြတိုင္းမွာ ေျပာစရာပုံျပင္ေတြရွိၾကပါတယ္။ ၿပီးေတာ့ အဲဒီပုံျပင္ေတြ ကို ရာစုႏွစ္တစ္ခုေက်ာ္အၾကာမွာ အမွတ္တရအျဖစ္ ျပန္ေျပာၾကပါတယ္"ဟု ေျပာဆိုခဲ့သည္။ အာသာေရာ့စ္႐ြန္သည္ တိုက္တန္းနစ္နစ္ျမဳပ္ခဲ့သည့္ညတြင္လုပ္ခဲ့ေသာ ၎၏လုပ္ရပ္အတြက္ သူရဲေကာင္းတစ္ ဦးအျဖစ္ ခ်ီးက်ဴးခံခဲ့ရၿပီး ၎၏အဖြဲ႕သားမ်ားမွာ ၎တို႔၏ရဲစြမ္းသတၱိရွိမႈအတြက္ အသိအမွတ္ျပဳခံခဲ့ရ ေၾကာင္း သိရသည္။ တိုက္တန္းနစ္သေဘၤာသည္ (၁၉၁၂)ခုႏွစ္ ဧၿပီလ(၁၅)ရက္ အေစာပိုင္းတြင္ ေရခဲေက်ာက္ေဆာင္တစ္ခုႏွင့္ တိုက္မိခဲ့ၿပီးေနာက္ တျဖည္းျဖည္း နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္သည္။