ကွဲပြားသောဗိသုကာပညာနှင့် နော်ဒစ်အစားအစာတို့ကြောင့် နာမည်ကျော်ကြားတဲ့ ဖင်လန်မြို့တော် ဟယ်လ်စင်ကီအကြောင်း
151
Pika (NP News) - နိုဝင်ဘာ ၁၅
ဖင်လန်နိုင်ငံ၏ မြို့တော်ဖြစ်သော ဟယ်လ်စင်ကီမြို့သည် နိုင်ငံတွင်းတွင် လူဦးရေ အများဆုံး မြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ပင်လယ် မျက်နှာစာရှုခင်း၊ ကွဲပြားသောဗိသုကာပညာ၊ ကမ္ဘာကျော် ဒီဇိုင်းနှင့် နော်ဒစ် အစားအစာတို့ကြောင့် နာမည်ကျော်ကြားသည်။ ဟယ်လ်စင်ကီမြို့သည် ဖင်လန် ပင်လယ်ကွေ့ ၏ ကမ်းစပ်တွင်တည်ရှိပြီး ဖင်လန် နိုင်ငံတောင်ပိုင်း Uusimaa ဒေသ၏ တည်ရှိရာနေ ရာလည်းဖြစ် သည်။ ဟယ်လ်စင်ကီမြို့တွင် လူဦးရေ (၆၈၂၀ဝဝ) ခန့်နေထိုင်ပြီး ဟယ်လ်စင်ကီဒေသ တွင် လူဦးရေ (၁ ဒသမ ၂၆) သန်းနေထိုင်ကြကာ မြို့ပြဧရိယာတွင် လူဦးရေ(၁ ဒသမ ၆) သန်းနေ ထိုင်ကြကြောင်း လည်းသိရသည်။ ဖင်လန်တွင် လူဦး ရေအများဆုံးမြို့ပြဧရိယာဖြစ်သော ဟယ်လ်စင်ကီ မြို့ပြဧရိယာ သည် နိုင်ငံရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့်သုတေသနတို့အတွက် နိုင်ငံတွင်း တွင် အရေးပါ ဆုံး အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ ဟယ်လ်စင်ကီမြို့သည် အက်စတိုနီးယားနိုင်ငံ တာလင်း မြို့၏မြောက်ဘက်(၈၀)ကီလို မီတာ၊ လတ်ဗီးယားနိုင်ငံ ရီဂါမြို့၏မြောက်ဘက် (၃၆၀)ကီလိုမီတာ၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၏ အရှေ့ဘက်(၄၀ဝ)ကီလိုမီတာနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၏ အနောက်ဘက် (၃၀ဝ)ကီလိုမီတာအကွာတွင် တည်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် ဟယ်လ်စင်ကီ မြို့ သည် အဆိုပါမြို့လေး မြို့နှင့် ထင်ရှားသောသမိုင်းဝင် ဆက်သွယ်မှုများရှိသည့်မြို့တစ်မြို့လည်းဖြစ် သည်။ Espoo၊ Vantaa၊ Kauniainen မြို့၊ Sipoo မြူနီစီပယ်အပါအဝင် ခရီးသွားလာရေးမြို့များဖြင့် ဝန်းရံထားသော ဟယ်လ်စင်ကီမြို့ကို မြို့ပြ ဧရိယာအဖြစ် ဖွဲ့စည်းထားသည်။ အဆိုပါဧရိယာကို ဖင်လန် နိုင်ငံ၏တစ်ခုတည်းသော မြို့ပြဧရိယာအဖြစ်သတ်မှတ်ထားပြီးလူဦးရေ(၁)သန်းကျော်နေထိုင်သော ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့ပြဧရိယာလည်း ဖြစ်သည်။ ထို့ပြင်ဟယ်လ်စင်ကီမြို့ပြဧရိယာသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထဲ တွင်မြောက်ဘက် အကျဆုံးမြို့ပြဧရိယာလည်းဖြစ်ကာ ဟယ်လ်စင် ကီမြို့သည်တော့ဟုမ်းနှင့် အော်စလိုမြို့တို့ပြီးလျှင် နော်ဒစ် နိုင်ငံများထဲတွင် တတိယ မြောက်အကြီးဆုံး မြူနီစီပယ်လည်းဖြစ်သည်။
ဟယ်လ်စင်ကီ၏ မြို့ပြဧရိယာသည် စတော့ဟုမ်းနှင့်ကိုပင်ဟေဂင်မြို့တို့ပြီးလျှင် နော်ဒစ် နိုင်ငံများထဲတွင် တတိယမြောက် အကြီးဆုံးမြို့ပြ ဧရိယာလည်းဖြစ်ကာ ဟယ်လ်စင်ကီ လေဆိပ်သည် ဥရောပ၊ မြောက်အမေရိကနှင့် အာရှ တို့ရှိ နေရာ အများအပြားသို့ မကြာခဏပျံသန်းမှုဖြင့် ဝန်ဆောင် မှုပေးလျက်ရှိသည်။ ဟယ်လ်စင်ကီ မြို့သည် ၎င်း၏တရားဝင်ဘာသာစကားများအဖြစ် Finnish ၊ Swedish တို့နှင့်အတူ ဘာသာစကား နှစ်မျိုး ရှိသော မြူနီစီပယ်တစ်ခုလည်းဖြစ်သည်။ မြို့၏ လူဦးရေတွင် ဖင်လန်ဘာသာစကားပြောသူ (၇၅)ရာခိုင်နှုန်း၊ ဆွီဒင်ဘာသာစကားသုံးသူ(၅)ရာခိုင်နှုန်းနှင့် အခြား ဘာသာစကားများအသုံးပြုသူ (၂၀)ရာခိုင်နှုန်းရှိ ကြောင်းလည်းသိရသည်။ ထို့ပြင် ဟယ်လ်စင်ကီ မြို့ သည် (၁၉၅၂)ခုနှစ်နွေရာသီ အိုလံပစ်ပြိုင်ပွဲ၊ (၁၉၇၅)ခုနှစ်တွင်ပထမဆုံး CSCE/OSCE ထိပ်သီး အစည်းအဝေး၊ (၁၉၈၃)ခုနှစ်တွင် ပထမဆုံးကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံပြိုင် ပွဲ၊ (၂၀ဝ၇)ခုနှစ်တွင် (၅၂) ကြိမ်မြောက် Eurovision သီချင်းပြိုင်ပွဲတို့ကို လက်ခံကျင်းပခဲ့ပြီး (၂၀၁၂)ခုနှစ် ကမ္ဘာ့ဒီဇိုင်း မြို့တော် ဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဟယ်လ်စင်ကီမြို့သည် ကမ္ဘာပေါ်တွင် မြို့ပြ နေထိုင်မှု အမြင့်ဆုံး စံနှုန်း များရှိသည့် မြို့များထဲမှတစ်မြို့လည်းဖြစ်သည်။ (၂၀၁၁)ခုနှစ်တွင် ဗြိတိသျှ မဂ္ဂဇင်း Monocle က ၎င်း၏ နေထိုင်ရန် သင့်တော်သောမြို့များ အညွှန်းကိန်းတွင် ဟယ်လ်စင်ကီမြို့ကို ကမ္ဘာပေါ်တွင် နေထိုင်ရန် အသင့်တော်ဆုံးမြို့တစ် မြို့အဖြစ် အဆင်သတ်မှတ်ခဲ့သည်။ Economist Intelligence Unit၏ (၂၀၁၆) ခုနှစ် နေထိုင်ရန် အသင့်တော်ဆုံး စစ်တမ်းတွင် ဟယ်လ်စင်ကီ မြို့သည် မြို့ပေါင်း(၁၄၀)အနက် အဆင့် (၉) နေရာတွင် ရပ်တည်ခဲ့သည်။ (၂၀၂၁)ခုနှစ် ဇူလိုင်လတွင် အမေရိကန်မဂ္ဂဇင်းဌာနက ဟယ်လ်စင်ကီ မြို့ကို ကမ္ဘာ့ အကြီးကျယ်ဆုံးနေရာများထဲမှတစ်ခု၊ အနာဂတ်တွင် ယဉ်ကျေးမှုထွန်းကားနေမည့် အသိုက် တစ်ခုအဖြစ် ကြီးထွားလာနိုင်သည့်မြို့နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာရှေ့ဆောင်အဖြစ် လူသိများ သော မြို့တစ်မြို့ အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ Boston Consulting Group နှင့် BCG Henderson Institute တို့က (၂၀၂၁)ခုနှစ်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ Cities of Choice စစ်တမ်းတွင် ဟယ်လ်စင်ကီမြို့သည် ကမ္ဘာပေါ်တွင် နေထိုင်ရန် အ ကောင်းဆုံး တတိယမြောက်မြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် ဟယ်လ်စင်ကီမြို့သည် ဖင်လန်နိုင်ငံ၏ အရေးအကြီးဆုံး ခရီးသွားမြို့များထဲမှတစ်မြို့လည်းဖြစ်ပြီး ပင်လယ်ခရီးသွားများပြားမှုနှင့်အတူ ဟယ်လ်စင်ကီမြို့သည် အဓိကဆိပ်ကမ်းမြို့အဖြစ် သတ်မှတ်ခံရပြီး (၂၀၁၇)ခုနှစ်တွင် ကမ္ဘာ့အလုပ် အများဆုံး ခရီးသွားဆိပ်ကမ်းအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။ ဟယ်လ်စင်ကီမြို့ကို ဆွီဒင်ဘုရင် Gustav I က (၁၅၅၀) ပြည့်နှစ် ဇွန်လ(၁၂)ရက်တွင် Helsingfors ဟုခေါ်သောကုန်သွယ်ရေးမြို့အဖြစ် စတင်တည်ထောင်ခဲ့သည်။ Vantaa မြစ်ဝတွင်ရှိ သော မြို့သစ်တွင် လူများလာစေရန်အတွက် ဘုရင် Gustav I သည် Porvoo၊ Raseborg၊ Rauma နှင့် Ulvila မြို့တို့ရှိ လူလတ်တန်းစားများကို အဆိုပါ မြို့သို့ပြောင်းရွှေ့နေထိုင်ရန် အမိန့်ပေးခဲ့ကြောင်း လည်းသိရသည်။
သို့သော်လည်း ပင်လယ်အော်၏ တိမ်မြုပ်မှုကြောင့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် မဖြစ်နိုင်သဖြင့် ဘုရင် Gustav I က အခြေချ နေထိုင်သူများကို အဆိုပါနေရာမှပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ ကြောင်းလည်းသိရ သည်။ ထို့နောက် (၁၆၄၀) ပြည့်နှစ်တွင် မူလအခြေချနေထိုင်သူများ၏သားမြေးတချို့သည် ယနေ့ခေတ် တွင် ဆီးနိတ်ရင်ပြင်နှင့် ဟယ်လ် စင်ကီဘုရားရှိခိုးကျောင်း တည်ရှိရာ Kruununhakac ရိုင်ဖြစ်သည့် Vironniemi ကျွန်းဆွယ်သို့ မြို့လယ်ကို ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။ (၁၇)ရာစု ဒုတိယ နှစ်ဝက် တွင် ဟယ်လ်စင်ကီမြို့သည် မီးလောင်ကျွမ်းမှုဒဏ်ကိုခံခဲ့ရပြီး (၁၈)ရာစုအစောပိုင်းတွင် နေထိုင်သူ လူဦးရေမှာ (၁၇၀ဝ)အောက်သို့ ကျဆင်းသွားခဲ့ကြောင်းသိရသည်။ ဟယ်လ်စင်ကီ မြို့သည် Nyland နှင့် Tavastehus ကောင်တီတို့၏ အုပ်ချုပ်ရေးမှူးများအတွက် အဓိကအားဖြင့် သေးငယ်သော အုပ်ချုပ်ရေး မြို့ငယ်အဖြစ် အချိန် အတော် ကြာ အောင်ရှိနေခဲ့သော်လည်း မြို့၏ရှေ့တွင် ခိုင်မာသော ရေတပ် ကာကွယ်ရေးကို တည်ဆောက်ရန် အစီအစဉ်များချမှတ်ခဲ့ပြီးနောက် ၎င်း၏အရေးပါမှုမှာ (၁၈)ရာစုတွင် စတင်ကြီးထွားလာခဲ့ကြောင်း သိရ သည်။ သို့သော်လည်း ဟယ်လ်စင်ကီမြို့သည် ဆင်းရဲမွဲတေမှု၊ စစ်ပွဲနှင့် ရောဂါများ ကျရောက်နေသော မြို့ငယ်လေးတစ်မြို့ဖြစ်နေသဖြင့် အဆိုပါ အစီအစဉ်များထဲမှ အနည်းငယ်သာ အကောင်အထည်ပေါ် ခဲ့ကြောင်းသိရသည်။ ထို့ပြင် (၁၇၁၀)ခုနှစ် ပလိပ် ရောဂါမြို့သည် ဟယ်လ်စင်ကီမြို့၏ လူဦးရေအများ စုကို သေဆုံးစေခဲ့ကြောင်းလည်းသိရသည်။ Great Northern စစ်ပွဲအတွင်း (၁၇၁၃) ခုနှစ် မေလတွင် ရုရှားတို့က ဟယ်လ်စင်ကီမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆုတ်ခွာသွားသောဆွီဒင်အစိုးရသည်မြို့၏ အစိတ်အပိုင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်းသိရသည်။အဆိုပါဖြစ်ရပ်များဖြစ်ပွားခဲ့သော်လည်း (၁၉)ရာစုအစောပိုင်းတွင် ဟယ်လ်စင်ကီမြို့၏လူဦးရေသည်(၃၀ဝဝ)အထိ တိုးလာခဲ့သည်။(၁၈)ရာစုတွင် Sveaborg ရေတပ်ခံတပ်ကို ဆောက် လုပ်ခြင်းသည် ဟယ်လ်စင်ကီမြို့၏အဆင့်အတန်းကို တိုးလာစေခဲ့ ကြောင်းလည်းသိရသည်။ သို့သော်လည်း ဖင်လန်စစ်ပွဲတွင် ရုရှားက ဆွီဒင်ကိုအနိုင်ယူပြီး (၁၈၀၉)ခုနှစ် တွင် ဖင်လန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Grand Duchy အဖြစ် ပေါင်းစည်းခဲ့သည့်တိုင်အောင် ဟယ်လ် စင်ကီမြို့သည် ကြီးမားသော မြို့တစ်မြို့အဖြစ် စတင်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ (၁၉၁၀)ပြည့်နှစ်များ တွင် ဟယ်လ်စင်ကီမြို့၏လူဦးရေသည် လူပေါင်း(၁)သိန်းကျော်ရှိနေပြီဖြစ်ပြီး (၂၀)ရာစု၏ ပထမနှစ်ဝက် တွင် ဖင်လန်သမိုင်း၏ ဆူပူမှုများရှိနေသော်လည်း ဟယ်လ်စင်ကီမှာ တဖြည်းဖြည်း ဆက်လက်ကြီးထွား လာခဲ့သည်။ ဖင်လန် သမိုင်း၏ဆူပူမှုများတွင် ဖင်လန်ပြည်တွင်းစစ်နှင့် ဆောင်းရာသီစစ်ပွဲတို့ပါဝင်ပြီး နှစ်ခုစလုံး၏ အမှတ်အသားများမှာ ဟယ်လ်စင်ကီမြို့တွင် ကျန်ရှိနေခဲ့ကြောင်းလည်းသိရသည်။ (၂၀) ရာစု အစောပိုင်းတွင် ဟယ်လ်စင်ကီမြို့မှာ ဆွီဒင်နှင့်ဖင်လန်ဘာသာစကား အသုံးပြုသူအရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် တူညီကြပြီး အလုပ်သမားအများစုမှာ ဖင်လန် ဘာသာစကားကို အသုံးပြုခဲ့ကြသည်။
ဒေသခံ ဟယ်လ်စင်ကီဗန်းစကားသည် ဖင်လန်-ဆွီဒင် ဘာသာစကားအဖြစ် (၁၈၉၀) ပြည့်နှစ် များတွင် ဖင်လန်ကလေးငယ်များနှင့်လူငယ်များကြားမှာ စတင် ပေါ်ပေါက်လာခဲ့ကြောင်းလည်း သိရ သည်။ (၁၉၇၀)ပြည့်များတွင် ဖင်လန်နိုင်ငံ၏ လျင်မြန်သော မြို့ပြ အသွင်ဆောင်မှုများနှင့်အတူ ကျန် ဥရောပနှင့် နှိုင်းယှဉ်ပါက ဟယ်လ်စင်ကီမြို့တော်ဧရိယာ၏ လူဦးရေသည် သုံးဆတိုးလာကာ ဟယ်လ် စင်ကီ မြေအောက်မီးရထားစနစ်ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဟယ်လ်စင်ကီမြို့ပြဧရိယာသည် ဖင်လန်နိုင်ငံဂျီဒီပီ၏ သုံးပုံပုံ တစ်ပုံနီးပါးကို ထုတ်လုပ်ပေးပြီး တစ်ဦးချင်းဂျီဒီပီသည် တစ်နိုင်ငံလုံး ပျမ်းမျှအတိုင်းအတာထက် (၁ ဒသမ ၃)ဆရှိ ကြောင်းသိရသည်။ ဟယ်လ်စင်ကီမြို့သည် ဝန်ဆောင်မှုနှင့်ဆက်နွှယ်သော IT နှင့်အများ ပြည်သူကဏ္ဍများတွင် အကျိုး အမြတ် ပိုရကြောင်းလည်းသိရသည်။ အကြီးစားစက်မှုလုပ်ငန်းများ ပြောင်းရွှေ့လာမှုနှင့်အတူ ကုမ္ပဏီ အများအပြားသည်လည်း လူအများအပြားကို အလုပ်ခန့်ထားကြကြောင်းသိရသည်။ ဟယ်လ်စင်ကီ မြို့ ပြဧရိယာ၏ တစ်ဦးချင်းစုစုပေါင်းတန်ဖိုး ပေါင်းထည့်မှုသည် စ တော့ ဟုမ်းနှင့်ပဲရစ်တို့နှင့်ညီမျှသော ဥရောပ မြို့ပြဧရိယာ(၂၇)ခု၏ (၂၀ဝ)ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။ ဟယ်လ်စင်ကီမြို့ပြ ဧရိယာ ၏ တစ်ဦးချင်းစုစုပေါင်းတန်ဖိုး ပေါင်းထည့်မှု၏ နှစ်စဉ် တိုးတက်မှုနှုန်းမှာ (၄)ရာခိုင်နှုန်းဖြစ်ကြောင်း လည်း သိရသည်။ ဖင်လန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ(၁၀ဝ)ခုတွင် (၈၃)ခု၏ ရုံးချုပ်များသည် ဟယ်လ် စင်ကီမြို့ ပြဧရိယာတွင် တည်ရှိကြပြီး လစာအများဆုံးဖင် လန်အမှုဆောင်များ(၂၀ဝ)ဦး၏ သုံးပုံ ပုံ နှစ်ပုံသည် မြို့ပြဧရိယာတွင်နေထိုင်ကြကာ (၄၂)ရာခိုင်နှုန်းမှာ ဟယ်လ်စင်ကီမြို့တွင် နေထိုင်ကြ ကြောင်း သိရသည်။ ထို့ပြင် ထိပ်တန်းဝင်ငွေရှိသူ(၅၀)ဦး၏ ပျမ်းမျှဝင်ငွေသည် ယူရို( ၁ ဒသမ ၆၅)သန်း ဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
ကြဲျပားေသာဗိသုကာပညာႏွင့္ ေနာ္ဒစ္အစားအစာတို႔ေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့ ဖင္လန္ၿမိဳ႕ေတာ္ ဟယ္လ္စင္ကီအေၾကာင္း
Pika (NP News) - ႏိုဝင္ဘာ ၁၅
ဖင္လန္ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ဟယ္လ္စင္ကီၿမိဳ႕သည္ ႏိုင္ငံတြင္းတြင္ လူဦးေရ အမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၎၏ပင္လယ္ မ်က္ႏွာစာရႈခင္း၊ ကြဲျပားေသာဗိသုကာပညာ၊ ကမာၻေက်ာ္ ဒီဇိုင္းႏွင့္ ေနာ္ဒစ္ အစားအစာတို႔ေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ဟယ္လ္စင္ကီၿမိဳ႕သည္ ဖင္လန္ ပင္လယ္ေကြ႕ ၏ ကမ္းစပ္တြင္တည္ရွိၿပီး ဖင္လန္ ႏိုင္ငံေတာင္ပိုင္း Uusimaa ေဒသ၏ တည္ရွိရာေန ရာလည္းျဖစ္ သည္။ ဟယ္လ္စင္ကီၿမိဳ႕တြင္ လူဦးေရ (၆၈၂၀ဝဝ) ခန႔္ေနထိုင္ၿပီး ဟယ္လ္စင္ကီေဒသ တြင္ လူဦးေရ (၁ ဒသမ ၂၆) သန္းေနထိုင္ၾကကာ ၿမိဳ႕ျပဧရိယာတြင္ လူဦးေရ(၁ ဒသမ ၆) သန္းေန ထိုင္ၾကေၾကာင္း လည္းသိရသည္။ ဖင္လန္တြင္ လူဦး ေရအမ်ားဆုံးၿမိဳ႕ျပဧရိယာျဖစ္ေသာ ဟယ္လ္စင္ကီ ၿမိဳ႕ျပဧရိယာ သည္ ႏိုင္ငံေရး၊ ပညာေရး၊ ဘ႑ာေရး၊ ယဥ္ေက်းမႈႏွင့္သုေတသနတို႔အတြက္ ႏိုင္ငံတြင္း တြင္ အေရးပါ ဆုံး အခ်က္အခ်ာ ေနရာတစ္ခုလည္း ျဖစ္သည္။ ဟယ္လ္စင္ကီၿမိဳ႕သည္ အက္စတိုနီးယားႏိုင္ငံ တာလင္း ၿမိဳ႕၏ေျမာက္ဘက္(၈၀)ကီလို မီတာ၊ လတ္ဗီးယားႏိုင္ငံ ရီဂါၿမိဳ႕၏ေျမာက္ဘက္ (၃၆၀)ကီလိုမီတာ၊ ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕၏ အေရွ႕ဘက္(၄၀ဝ)ကီလိုမီတာႏွင့္ ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕၏ အေနာက္ဘက္ (၃၀ဝ)ကီလိုမီတာအကြာတြင္ တည္ရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဟယ္လ္စင္ကီ ၿမိဳ႕ သည္ အဆိုပါၿမိဳ႕ေလး ၿမိဳ႕ႏွင့္ ထင္ရွားေသာသမိုင္းဝင္ ဆက္သြယ္မႈမ်ားရွိသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ သည္။ Espoo၊ Vantaa၊ Kauniainen ၿမိဳ႕၊ Sipoo ျမဴနီစီပယ္အပါအဝင္ ခရီးသြားလာေရးၿမိဳ႕မ်ားျဖင့္ ဝန္းရံထားေသာ ဟယ္လ္စင္ကီၿမိဳ႕ကို ၿမိဳ႕ျပ ဧရိယာအျဖစ္ ဖြဲ႕စည္းထားသည္။ အဆိုပါဧရိယာကို ဖင္လန္ ႏိုင္ငံ၏တစ္ခုတည္းေသာ ၿမိဳ႕ျပဧရိယာအျဖစ္သတ္မွတ္ထားၿပီးလူဦးေရ(၁)သန္းေက်ာ္ေနထိုင္ေသာ ကမာၻ႔ေျမာက္ဘက္အက်ဆုံးၿမိဳ႕ျပဧရိယာလည္း ျဖစ္သည္။ ထို႔ျပင္ဟယ္လ္စင္ကီၿမိဳ႕ျပဧရိယာသည္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားထဲ တြင္ေျမာက္ဘက္ အက်ဆုံးၿမိဳ႕ျပဧရိယာလည္းျဖစ္ကာ ဟယ္လ္စင္ ကီၿမိဳ႕သည္ေတာ့ဟုမ္းႏွင့္ ေအာ္စလိုၿမိဳ႕တို႔ၿပီးလွ်င္ ေနာ္ဒစ္ ႏိုင္ငံမ်ားထဲတြင္ တတိယ ေျမာက္အႀကီးဆုံး ျမဴနီစီပယ္လည္းျဖစ္သည္။
ဟယ္လ္စင္ကီ၏ ၿမိဳ႕ျပဧရိယာသည္ စေတာ့ဟုမ္းႏွင့္ကိုပင္ေဟဂင္ၿမိဳ႕တို႔ၿပီးလွ်င္ ေနာ္ဒစ္ ႏိုင္ငံမ်ားထဲတြင္ တတိယေျမာက္ အႀကီးဆုံးၿမိဳ႕ျပ ဧရိယာလည္းျဖစ္ကာ ဟယ္လ္စင္ကီ ေလဆိပ္သည္ ဥေရာပ၊ ေျမာက္အေမရိကႏွင့္ အာရွ တို႔ရွိ ေနရာ အမ်ားအျပားသို႔ မၾကာခဏပ်ံသန္းမႈျဖင့္ ဝန္ေဆာင္ မႈေပးလ်က္ရွိသည္။ ဟယ္လ္စင္ကီ ၿမိဳ႕သည္ ၎၏တရားဝင္ဘာသာစကားမ်ားအျဖစ္ Finnish ၊ Swedish တို႔ႏွင့္အတူ ဘာသာစကား ႏွစ္မ်ိဳး ရွိေသာ ျမဴနီစီပယ္တစ္ခုလည္းျဖစ္သည္။ ၿမိဳ႕၏ လူဦးေရတြင္ ဖင္လန္ဘာသာစကားေျပာသူ (၇၅)ရာခိုင္ႏႈန္း၊ ဆြီဒင္ဘာသာစကားသုံးသူ(၅)ရာခိုင္ႏႈန္းႏွင့္ အျခား ဘာသာစကားမ်ားအသုံးျပဳသူ (၂၀)ရာခိုင္ႏႈန္းရွိ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဟယ္လ္စင္ကီ ၿမိဳ႕ သည္ (၁၉၅၂)ခုႏွစ္ေႏြရာသီ အိုလံပစ္ၿပိဳင္ပြဲ၊ (၁၉၇၅)ခုႏွစ္တြင္ပထမဆုံး CSCE/OSCE ထိပ္သီး အစည္းအေဝး၊ (၁၉၈၃)ခုႏွစ္တြင္ ပထမဆုံးကမာၻ႔ေျပးခုန္ပစ္ခ်န္ပီယံၿပိဳင္ ပြဲ၊ (၂၀ဝ၇)ခုႏွစ္တြင္ (၅၂) ႀကိမ္ေျမာက္ Eurovision သီခ်င္းၿပိဳင္ပြဲတို႔ကို လက္ခံက်င္းပခဲ့ၿပီး (၂၀၁၂)ခုႏွစ္ ကမာၻ႔ဒီဇိုင္း ၿမိဳ႕ေတာ္ ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ ဟယ္လ္စင္ကီၿမိဳ႕သည္ ကမာၻေပၚတြင္ ၿမိဳ႕ျပ ေနထိုင္မႈ အျမင့္ဆုံး စံႏႈန္း မ်ားရွိသည့္ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕လည္းျဖစ္သည္။ (၂၀၁၁)ခုႏွစ္တြင္ ၿဗိတိသွ် မဂၢဇင္း Monocle က ၎၏ ေနထိုင္ရန္ သင့္ေတာ္ေသာၿမိဳ႕မ်ား အၫႊန္းကိန္းတြင္ ဟယ္လ္စင္ကီၿမိဳ႕ကို ကမာၻေပၚတြင္ ေနထိုင္ရန္ အသင့္ေတာ္ဆုံးၿမိဳ႕တစ္ ၿမိဳ႕အျဖစ္ အဆင္သတ္မွတ္ခဲ့သည္။ Economist Intelligence Unit၏ (၂၀၁၆) ခုႏွစ္ ေနထိုင္ရန္ အသင့္ေတာ္ဆုံး စစ္တမ္းတြင္ ဟယ္လ္စင္ကီ ၿမိဳ႕သည္ ၿမိဳ႕ေပါင္း(၁၄၀)အနက္ အဆင့္ (၉) ေနရာတြင္ ရပ္တည္ခဲ့သည္။ (၂၀၂၁)ခုႏွစ္ ဇူလိုင္လတြင္ အေမရိကန္မဂၢဇင္းဌာနက ဟယ္လ္စင္ကီ ၿမိဳ႕ကို ကမာၻ႔ အႀကီးက်ယ္ဆုံးေနရာမ်ားထဲမွတစ္ခု၊ အနာဂတ္တြင္ ယဥ္ေက်းမႈထြန္းကားေနမည့္ အသိုက္ တစ္ခုအျဖစ္ ႀကီးထြားလာႏိုင္သည့္ၿမိဳ႕ႏွင့္ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာေရွ႕ေဆာင္အျဖစ္ လူသိမ်ား ေသာ ၿမိဳ႕တစ္ၿမိဳ႕ အျဖစ္ သတ္မွတ္ေဖာ္ျပခဲ့သည္။ Boston Consulting Group ႏွင့္ BCG Henderson Institute တို႔က (၂၀၂၁)ခုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ ႏိုင္ငံတကာ Cities of Choice စစ္တမ္းတြင္ ဟယ္လ္စင္ကီၿမိဳ႕သည္ ကမာၻေပၚတြင္ ေနထိုင္ရန္ အ ေကာင္းဆုံး တတိယေျမာက္ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဟယ္လ္စင္ကီၿမိဳ႕သည္ ဖင္လန္ႏိုင္ငံ၏ အေရးအႀကီးဆုံး ခရီးသြားၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕လည္းျဖစ္ၿပီး ပင္လယ္ခရီးသြားမ်ားျပားမႈႏွင့္အတူ ဟယ္လ္စင္ကီၿမိဳ႕သည္ အဓိကဆိပ္ကမ္းၿမိဳ႕အျဖစ္ သတ္မွတ္ခံရၿပီး (၂၀၁၇)ခုႏွစ္တြင္ ကမာၻ႔အလုပ္ အမ်ားဆုံး ခရီးသြားဆိပ္ကမ္းအျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရသည္။ ဟယ္လ္စင္ကီၿမိဳ႕ကို ဆြီဒင္ဘုရင္ Gustav I က (၁၅၅၀) ျပည့္ႏွစ္ ဇြန္လ(၁၂)ရက္တြင္ Helsingfors ဟုေခၚေသာကုန္သြယ္ေရးၿမိဳ႕အျဖစ္ စတင္တည္ေထာင္ခဲ့သည္။ Vantaa ျမစ္ဝတြင္ရွိ ေသာ ၿမိဳ႕သစ္တြင္ လူမ်ားလာေစရန္အတြက္ ဘုရင္ Gustav I သည္ Porvoo၊ Raseborg၊ Rauma ႏွင့္ Ulvila ၿမိဳ႕တို႔ရွိ လူလတ္တန္းစားမ်ားကို အဆိုပါ ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕ေနထိုင္ရန္ အမိန႔္ေပးခဲ့ေၾကာင္း လည္းသိရသည္။
သို႔ေသာ္လည္း ပင္လယ္ေအာ္၏ တိမ္ျမဳပ္မႈေၾကာင့္ ဆိပ္ကမ္းတစ္ခုတည္ေဆာက္ရန္ မျဖစ္ႏိုင္သျဖင့္ ဘုရင္ Gustav I က အေျခခ် ေနထိုင္သူမ်ားကို အဆိုပါေနရာမွေျပာင္းေ႐ႊ႕ရန္ ခြင့္ျပဳခဲ့ ေၾကာင္းလည္းသိရ သည္။ ထို႔ေနာက္ (၁၆၄၀) ျပည့္ႏွစ္တြင္ မူလအေျခခ်ေနထိုင္သူမ်ား၏သားေျမးတခ်ိဳ႕သည္ ယေန႔ေခတ္ တြင္ ဆီးနိတ္ရင္ျပင္ႏွင့္ ဟယ္လ္ စင္ကီဘုရားရွိခိုးေက်ာင္း တည္ရွိရာ Kruununhakac ႐ိုင္ျဖစ္သည့္ Vironniemi ကြၽန္းဆြယ္သို႔ ၿမိဳ႕လယ္ကို ေျပာင္းေ႐ႊ႕ခဲ့ၾကေၾကာင္းသိရသည္။ (၁၇)ရာစု ဒုတိယ ႏွစ္ဝက္ တြင္ ဟယ္လ္စင္ကီၿမိဳ႕သည္ မီးေလာင္ကြၽမ္းမႈဒဏ္ကိုခံခဲ့ရၿပီး (၁၈)ရာစုအေစာပိုင္းတြင္ ေနထိုင္သူ လူဦးေရမွာ (၁၇၀ဝ)ေအာက္သို႔ က်ဆင္းသြားခဲ့ေၾကာင္းသိရသည္။ ဟယ္လ္စင္ကီ ၿမိဳ႕သည္ Nyland ႏွင့္ Tavastehus ေကာင္တီတို႔၏ အုပ္ခ်ဳပ္ေရးမႉးမ်ားအတြက္ အဓိကအားျဖင့္ ေသးငယ္ေသာ အုပ္ခ်ဳပ္ေရး ၿမိဳ႕ငယ္အျဖစ္ အခ်ိန္ အေတာ္ ၾကာ ေအာင္ရွိေနခဲ့ေသာ္လည္း ၿမိဳ႕၏ေရွ႕တြင္ ခိုင္မာေသာ ေရတပ္ ကာကြယ္ေရးကို တည္ေဆာက္ရန္ အစီအစဥ္မ်ားခ်မွတ္ခဲ့ၿပီးေနာက္ ၎၏အေရးပါမႈမွာ (၁၈)ရာစုတြင္ စတင္ႀကီးထြားလာခဲ့ေၾကာင္း သိရ သည္။ သို႔ေသာ္လည္း ဟယ္လ္စင္ကီၿမိဳ႕သည္ ဆင္းရဲမြဲေတမႈ၊ စစ္ပြဲႏွင့္ ေရာဂါမ်ား က်ေရာက္ေနေသာ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ျဖစ္ေနသျဖင့္ အဆိုပါ အစီအစဥ္မ်ားထဲမွ အနည္းငယ္သာ အေကာင္အထည္ေပၚ ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ (၁၇၁၀)ခုႏွစ္ ပလိပ္ ေရာဂါၿမိဳ႕သည္ ဟယ္လ္စင္ကီၿမိဳ႕၏ လူဦးေရအမ်ား စုကို ေသဆုံးေစခဲ့ေၾကာင္းလည္းသိရသည္။ Great Northern စစ္ပြဲအတြင္း (၁၇၁၃) ခုႏွစ္ ေမလတြင္ ႐ုရွားတို႔က ဟယ္လ္စင္ကီၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီးေနာက္ ဆုတ္ခြာသြားေသာဆြီဒင္အစိုးရသည္ၿမိဳ႕၏ အစိတ္အပိုင္းမ်ားစြာကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္းလည္းသိရသည္။အဆိုပါျဖစ္ရပ္မ်ားျဖစ္ပြားခဲ့ေသာ္လည္း (၁၉)ရာစုအေစာပိုင္းတြင္ ဟယ္လ္စင္ကီၿမိဳ႕၏လူဦးေရသည္(၃၀ဝဝ)အထိ တိုးလာခဲ့သည္။(၁၈)ရာစုတြင္ Sveaborg ေရတပ္ခံတပ္ကို ေဆာက္ လုပ္ျခင္းသည္ ဟယ္လ္စင္ကီၿမိဳ႕၏အဆင့္အတန္းကို တိုးလာေစခဲ့ ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ဖင္လန္စစ္ပြဲတြင္ ႐ုရွားက ဆြီဒင္ကိုအႏိုင္ယူၿပီး (၁၈၀၉)ခုႏွစ္ တြင္ ဖင္လန္၏ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ Grand Duchy အျဖစ္ ေပါင္းစည္းခဲ့သည့္တိုင္ေအာင္ ဟယ္လ္ စင္ကီၿမိဳ႕သည္ ႀကီးမားေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ စတင္ဖြံ႕ၿဖိဳးတိုးတက္လာခဲ့သည္။ (၁၉၁၀)ျပည့္ႏွစ္မ်ား တြင္ ဟယ္လ္စင္ကီၿမိဳ႕၏လူဦးေရသည္ လူေပါင္း(၁)သိန္းေက်ာ္ရွိေနၿပီျဖစ္ၿပီး (၂၀)ရာစု၏ ပထမႏွစ္ဝက္ တြင္ ဖင္လန္သမိုင္း၏ ဆူပူမႈမ်ားရွိေနေသာ္လည္း ဟယ္လ္စင္ကီမွာ တျဖည္းျဖည္း ဆက္လက္ႀကီးထြား လာခဲ့သည္။ ဖင္လန္ သမိုင္း၏ဆူပူမႈမ်ားတြင္ ဖင္လန္ျပည္တြင္းစစ္ႏွင့္ ေဆာင္းရာသီစစ္ပြဲတို႔ပါဝင္ၿပီး ႏွစ္ခုစလုံး၏ အမွတ္အသားမ်ားမွာ ဟယ္လ္စင္ကီၿမိဳ႕တြင္ က်န္ရွိေနခဲ့ေၾကာင္းလည္းသိရသည္။ (၂၀) ရာစု အေစာပိုင္းတြင္ ဟယ္လ္စင္ကီၿမိဳ႕မွာ ဆြီဒင္ႏွင့္ဖင္လန္ဘာသာစကား အသုံးျပဳသူအေရအတြက္မွာ အၾကမ္းဖ်င္းအားျဖင့္ တူညီၾကၿပီး အလုပ္သမားအမ်ားစုမွာ ဖင္လန္ ဘာသာစကားကို အသုံးျပဳခဲ့ၾကသည္။
ေဒသခံ ဟယ္လ္စင္ကီဗန္းစကားသည္ ဖင္လန္-ဆြီဒင္ ဘာသာစကားအျဖစ္ (၁၈၉၀) ျပည့္ႏွစ္ မ်ားတြင္ ဖင္လန္ကေလးငယ္မ်ားႏွင့္လူငယ္မ်ားၾကားမွာ စတင္ ေပၚေပါက္လာခဲ့ေၾကာင္းလည္း သိရ သည္။ (၁၉၇၀)ျပည့္မ်ားတြင္ ဖင္လန္ႏိုင္ငံ၏ လ်င္ျမန္ေသာ ၿမိဳ႕ျပ အသြင္ေဆာင္မႈမ်ားႏွင့္အတူ က်န္ ဥေရာပႏွင့္ ႏႈိင္းယွဥ္ပါက ဟယ္လ္စင္ကီၿမိဳ႕ေတာ္ဧရိယာ၏ လူဦးေရသည္ သုံးဆတိုးလာကာ ဟယ္လ္ စင္ကီ ေျမေအာက္မီးရထားစနစ္ကို တည္ေဆာက္ခဲ့ေၾကာင္း သိရသည္။
ဟယ္လ္စင္ကီၿမိဳ႕ျပဧရိယာသည္ ဖင္လန္ႏိုင္ငံဂ်ီဒီပီ၏ သုံးပုံပုံ တစ္ပုံနီးပါးကို ထုတ္လုပ္ေပးၿပီး တစ္ဦးခ်င္းဂ်ီဒီပီသည္ တစ္ႏိုင္ငံလုံး ပ်မ္းမွ်အတိုင္းအတာထက္ (၁ ဒသမ ၃)ဆရွိ ေၾကာင္းသိရသည္။ ဟယ္လ္စင္ကီၿမိဳ႕သည္ ဝန္ေဆာင္မႈႏွင့္ဆက္ႏႊယ္ေသာ IT ႏွင့္အမ်ား ျပည္သူက႑မ်ားတြင္ အက်ိဳး အျမတ္ ပိုရေၾကာင္းလည္းသိရသည္။ အႀကီးစားစက္မႈလုပ္ငန္းမ်ား ေျပာင္းေ႐ႊ႕လာမႈႏွင့္အတူ ကုမၸဏီ အမ်ားအျပားသည္လည္း လူအမ်ားအျပားကို အလုပ္ခန႔္ထားၾကေၾကာင္းသိရသည္။ ဟယ္လ္စင္ကီ ၿမိဳ႕ ျပဧရိယာ၏ တစ္ဦးခ်င္းစုစုေပါင္းတန္ဖိုး ေပါင္းထည့္မႈသည္ စ ေတာ့ ဟုမ္းႏွင့္ပဲရစ္တို႔ႏွင့္ညီမွ်ေသာ ဥေရာပ ၿမိဳ႕ျပဧရိယာ(၂၇)ခု၏ (၂၀ဝ)ရာခိုင္ႏႈန္းရွိေၾကာင္းလည္း သိရသည္။ ဟယ္လ္စင္ကီၿမိဳ႕ျပ ဧရိယာ ၏ တစ္ဦးခ်င္းစုစုေပါင္းတန္ဖိုး ေပါင္းထည့္မႈ၏ ႏွစ္စဥ္ တိုးတက္မႈႏႈန္းမွာ (၄)ရာခိုင္ႏႈန္းျဖစ္ေၾကာင္း လည္း သိရသည္။ ဖင္လန္ႏိုင္ငံ၏ အႀကီးဆုံးကုမၸဏီ(၁၀ဝ)ခုတြင္ (၈၃)ခု၏ ႐ုံးခ်ဳပ္မ်ားသည္ ဟယ္လ္ စင္ကီၿမိဳ႕ ျပဧရိယာတြင္ တည္ရွိၾကၿပီး လစာအမ်ားဆုံးဖင္ လန္အမႈေဆာင္မ်ား(၂၀ဝ)ဦး၏ သုံးပုံ ပုံ ႏွစ္ပုံသည္ ၿမိဳ႕ျပဧရိယာတြင္ေနထိုင္ၾကကာ (၄၂)ရာခိုင္ႏႈန္းမွာ ဟယ္လ္စင္ကီၿမိဳ႕တြင္ ေနထိုင္ၾက ေၾကာင္း သိရသည္။ ထို႔ျပင္ ထိပ္တန္းဝင္ေငြရွိသူ(၅၀)ဦး၏ ပ်မ္းမွ်ဝင္ေငြသည္ ယူ႐ို( ၁ ဒသမ ၆၅)သန္း ျဖစ္ေၾကာင္းလည္း သိရသည္။