ပါကစ္စတန်က SCO အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ခေါ်

 494

ALynn (NP News) - ဩဂုတ် ၂၇

ပါကစ္စတန်သည် အောက်တိုဘာလတွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးသို့ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာမိုဒီအား ဖိတ်ကြားခဲ့သည်။ လက်ရှိတွင် ပါကစ္စတန်သည် အဖွဲ့အစည်း၏ ဒုတိယအရေးကြီးဆုံး ဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သော အစိုးရအကြီး အကဲများကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

မိုဒီသည် အဆိုပါပွဲကို တက်ရောက်မှာမဟုတ်သော်လည်း ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း အိန္ဒိယကို ကိုယ်စားပြုမည့် ဝန်ကြီးတစ်ဦးကို တာဝန်ယူတက်ရောက်ခိုင်းခဲ့ကြောင်း Times of India က တနင်္ဂနွေနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် ဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်သည် ဇူလိုင်လက ကာဇက်စတန်တွင် နောက်ဆုံးကျင်းပခဲ့သည့် SCO ထိပ်သီးအစည်းအဝေးကိုလည်း ပါလီမန် အစည်းအဝေးနှင့် တိုက်ဆိုင်နေသည့်အပြင် မော်စကိုခရီးစဉ်နှင့် နီးကပ်နေသောကြောင့် မတက်ရောက်နိုင်ခဲ့ပေ။ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး Subrahmanyam Jaishankar က ၎င်းထိပ်သီးအစည်းအဝေးတွင် နိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးသည် 2017 ခုနှစ် ဇွန်လကတည်းက ပေကျင်းအခြေစိုက် SCO ၏အဖွဲ့ဝင်များဖြစ်ခဲ့သည်။ သို့သော် အိန္ဒိယသည် SCO တွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို သတိထားစောင့်ကြည့်လျက်ရှိပြီး ပေကျင်း၏ Belt and Road Initiative ကို ပူးတွဲထုတ်ပြန် ချက်တွင် ထောက်ခံရန် ငြင်းဆိုထားသည်။ အိန္ဒိယသည် “SCO အား အနောက်တိုင်း ဆန့်ကျင်ရေး အဖွဲ့တစ်ခုအဖြစ် အသုံးချရန် ကြိုးပမ်းအားထုတ်မှုများ” အတွက်လည်း စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့၏ ဆက်ဆံရေးသည် သမိုင်းကြောင်းအရ တင်းမာခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းအငြင်းပွားမှုသည် မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားကို နှစ်နိုင်ငံစလုံးမှ တောင်းဆိုရာမှ အခြေခံလာခဲ့သည်။ အိမ်နီးချင်းနှစ်နိုင်ငံသည် ဒေသတွင်းတွင် စစ်ပွဲများစွာ ဆင်နွှဲခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်နေဆဲဖြစ်သည်။

အိန္ဒိယက ပါကစ္စတန်ကို “နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒ” ကို ထောက်ခံသည်ဟု အကြိမ်ကြိမ်စွပ်စွဲခဲ့သည်။ ပြီးခဲ့သောလတွင် အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ပါကစ္စတန်အား အကြမ်းဖက်သမားများကို ကျောထောက် နောက်ခံပေးနေကြောင်း စွပ်စွဲခဲ့သည်။ တစ်ဖန် ပါကစ္စတန်က အိန္ဒိယသည် “နိုင်ငံရပ်ခြားနယ်မြေများတွင် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ၊ အဖျက်အမှောင့်နှင့် အကြမ်းဖက်ဝါဒကို ကြိုးကိုင်ခြင်းများကို ဆောင်ရွက် နေကြောင်း” စွပ်စွဲခဲ့သည်။ ယခုနှစ်အစောပိုင်းက အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်နေသည် ဟူသော စွပ်စွဲချက်ဖြင့် ပါကစ္စတန်နိုင်ငံသားနှစ်ဦးကို အိန္ဒိယအေးဂျင့်များက သတ်ဖြတ်ခဲ့သည်ဟု အစ္စလာမာဘတ်က အခိုင်အမာဆိုသည်။ နယူးဒေလီက ယင်းမှာ “မှားယွင်းပြီး အခြေအမြစ် မရှိသော” ဝါဒဖြန့်မှုအဖြစ် ပယ်ချခဲ့သည်။

zawgyi version
ပါကစၥတန္က SCO အစည္းအေဝးသို႔ တက္ေရာက္ရန္ အိႏၵိယဝန္ႀကီးခ်ဳပ္ကို ဖိတ္ေခၚ
ALynn (NP News) - ဩဂုတ္ ၂၇

ပါကစၥတန္သည္ ေအာက္တိုဘာလတြင္ က်င္းပမည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) အစည္းအေဝးသို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီအား ဖိတ္ၾကားခဲ့သည္။ လက္ရွိတြင္ ပါကစၥတန္သည္ အဖြဲ႕အစည္း၏ ဒုတိယအေရးႀကီးဆုံး ဆုံးျဖတ္ခ်က္ခ်သည့္အဖြဲ႕ျဖစ္ေသာ အစိုးရအႀကီး အကဲမ်ားေကာင္စီ၏ အလွည့္က်ဥကၠ႒တာဝန္ကို ထမ္းေဆာင္လ်က္ရွိသည္။

မိုဒီသည္ အဆိုပါပြဲကို တက္ေရာက္မွာမဟုတ္ေသာ္လည္း ယခင္က လုပ္ေဆာင္ခဲ့သည့္အတိုင္း အိႏၵိယကို ကိုယ္စားျပဳမည့္ ဝန္ႀကီးတစ္ဦးကို တာဝန္ယူတက္ေရာက္ခိုင္းခဲ့ေၾကာင္း Times of India က တနဂၤေႏြေန႔ (ဩဂုတ္လ ၂၅ ရက္) တြင္ ေဖာ္ျပခဲ့သည္။ ဝန္ႀကီးခ်ဳပ္သည္ ဇူလိုင္လက ကာဇက္စတန္တြင္ ေနာက္ဆုံးက်င္းပခဲ့သည့္ SCO ထိပ္သီးအစည္းအေဝးကိုလည္း ပါလီမန္ အစည္းအေဝးႏွင့္ တိုက္ဆိုင္ေနသည့္အျပင္ ေမာ္စကိုခရီးစဥ္ႏွင့္ နီးကပ္ေနေသာေၾကာင့္ မတက္ေရာက္ႏိုင္ခဲ့ေပ။ အိႏၵိယႏိုင္ငံျခား ေရးဝန္ႀကီး Subrahmanyam Jaishankar က ၎ထိပ္သီးအစည္းအေဝးတြင္ ႏိုင္ငံကိုယ္စားျပဳ တက္ေရာက္ခဲ့သည္။

အိႏၵိယႏွင့္ ပါကစၥတန္ႏွစ္ႏိုင္ငံစလုံးသည္ 2017 ခုႏွစ္ ဇြန္လကတည္းက ေပက်င္းအေျခစိုက္ SCO ၏အဖြဲ႕ဝင္မ်ားျဖစ္ခဲ့သည္။ သို႔ေသာ္ အိႏၵိယသည္ SCO တြင္ တ႐ုတ္ႏိုင္ငံ၏ ၾသဇာလႊမ္းမိုးမႈကို သတိထားေစာင့္ၾကည့္လ်က္ရွိၿပီး ေပက်င္း၏ Belt and Road Initiative ကို ပူးတြဲထုတ္ျပန္ ခ်က္တြင္ ေထာက္ခံရန္ ျငင္းဆိုထားသည္။ အိႏၵိယသည္ “SCO အား အေနာက္တိုင္း ဆန႔္က်င္ေရး အဖြဲ႕တစ္ခုအျဖစ္ အသုံးခ်ရန္ ႀကိဳးပမ္းအားထုတ္မႈမ်ား” အတြက္လည္း စိုးရိမ္မိေၾကာင္း ေဖာ္ျပခဲ့သည္။

အိႏၵိယႏွင့္ ပါကစၥတန္တို႔၏ ဆက္ဆံေရးသည္ သမိုင္းေၾကာင္းအရ တင္းမာခဲ့ၿပီး မၾကာေသးမီ ႏွစ္မ်ားအတြင္း ပိုမိုဆိုး႐ြားလာခဲ့သည္။ ယင္းအျငင္းပြားမႈသည္ မြတ္ဆလင္အမ်ားစုေနထိုင္ရာ ကက္ရွ္မီးယားကို ႏွစ္ႏိုင္ငံစလုံးမွ ေတာင္းဆိုရာမွ အေျခခံလာခဲ့သည္။ အိမ္နီးခ်င္းႏွစ္ႏိုင္ငံသည္ ေဒသတြင္းတြင္ စစ္ပြဲမ်ားစြာ ဆင္ႏႊဲခဲ့ဖူးသည္။ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခဲ့ေသာ္လည္း တိုက္ပြဲမ်ား ႀကိဳၾကားႀကိဳၾကားျဖစ္ေနဆဲျဖစ္သည္။

အိႏၵိယက ပါကစၥတန္ကို “နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္ဝါဒ” ကို ေထာက္ခံသည္ဟု အႀကိမ္ႀကိမ္စြပ္စြဲခဲ့သည္။ ၿပီးခဲ့ေသာလတြင္ အိႏၵိယ၀န္ႀကီးခ်ဳပ္မိုဒီက ပါကစၥတန္အား အၾကမ္းဖက္သမားမ်ားကို ေက်ာေထာက္ ေနာက္ခံေပးေနေၾကာင္း စြပ္စြဲခဲ့သည္။ တစ္ဖန္ ပါကစၥတန္က အိႏၵိယသည္ “ႏိုင္ငံရပ္ျခားနယ္ေျမမ်ားတြင္ ပစ္မွတ္ထား လုပ္ႀကံသတ္ျဖတ္မႈမ်ား၊ အဖ်က္အေမွာင့္ႏွင့္ အၾကမ္းဖက္ဝါဒကို ႀကိဳးကိုင္ျခင္းမ်ားကို ေဆာင္႐ြက္ ေနေၾကာင္း” စြပ္စြဲခဲ့သည္။ ယခုႏွစ္အေစာပိုင္းက အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ဆက္ႏႊယ္ေနသည္ ဟူေသာ စြပ္စြဲခ်က္ျဖင့္ ပါကစၥတန္ႏိုင္ငံသားႏွစ္ဦးကို အိႏၵိယေအးဂ်င့္မ်ားက သတ္ျဖတ္ခဲ့သည္ဟု အစၥလာမာဘတ္က အခိုင္အမာဆိုသည္။ နယူးေဒလီက ယင္းမွာ “မွားယြင္းၿပီး အေျခအျမစ္ မရွိေသာ” ဝါဒျဖန႔္မႈအျဖစ္ ပယ္ခ်ခဲ့သည္။

Related news

© 2021. All rights reserved.