ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေးတဲ့ မူဝါဒအပြောင်းအလဲကို အမေရိကန်အစိုးရ တရားဝင်အတည်ပြု

 504

Pika (NP News) - နိုဝင်ဘာ ၂၆

အမေရိကန်ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် ယူကရိန်းကိုခွင့်ပြုပေးတဲ့ မူဝါဒအပြောင်းအလဲကို အမေရိကန်အစိုးရက နိုဝင်ဘာလ(၂၅)ရက်မှာ တရားဝင်အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နိုင်ငံတကာအရာရှိအများအပြားဟာ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲအကြောင်းကို ပြောဆိုမှုတွေ လုပ်ဆောင်နေခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ၎င်းရဲ့အစိုးရအဖွဲ့က မူဝါဒအပြောင်းအလဲနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေချိန်မှာပဲ ယူကရိန်းဟာ ATACMS ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံ Bryansk ဒေသကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၈)ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အမျိုး သားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က"ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့အတွက် ATACMS ဒုံး ကျည်တွေကို အသုံးပြုနိုင်ပါတယ်။ ဒီလမ်းညွှန်ချက်တွေကို ကျွန်တော်တို့ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီး အထူးပစ်မှတ်အမျိုးအစားတွေကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် ATACMS ဒုံးကျည်တွေကို ယူကရိန်းကို အသုံးပြုခွင့်ပေးတဲ့ လမ်းကြောင်းတစ်ခုကို ပေးအပ်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေဟာ ရုရှား-ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဆောင်ဘူးလို့ ပြောဆိုနေချိန်အတွင်းမှာပဲ စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတည်းက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ပေးပို့ကူညီခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ယူကရိန်းက တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ အသုံးပြုမှုဟာ ပဋိပက္ခရဲ့အခြေအနေတွေကို ပြောင်းလဲစေပြီး နေတိုးအဖွဲ့ကို တိုက်ရိုက်ပါဝင်ပတ်သက်သူဖြစ်အောင် လုပ်ဆောင်နေတာမျိုးဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့စက်တင်ဘာလမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ နေတိုးအဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေမပါဝင်ဘဲ ATACMS ဒုံးကျည်စနစ်တွေ ဒါမှမဟုတ် ဗြိတိန်ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်စနစ်တွေကို အသုံးပြုနိုင်မှာမဟုတ်ဘူးလို့လည်း ပူတင်က ပြောဆိုခဲ့ပါတယ်။

zawgyi version
႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔ ယူကရိန္းကိုခြင့္ျပဳေပးတဲ့ မူဝါဒအေျပာင္းအလဲကို အေမရိကန္အစိုးရ တရားဝင္အတည္ျပဳ
Pika (NP News) - ႏိုဝင္ဘာ ၂၆

အေမရိကန္ေထာက္ပံ့ေပးထားတဲ့ ATACMS ဒုံးက်ည္ေတြကို အသုံးျပဳၿပီး ႐ုရွားႏိုင္ငံတြင္းကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ ယူကရိန္းကိုခြင့္ျပဳေပးတဲ့ မူဝါဒအေျပာင္းအလဲကို အေမရိကန္အစိုးရက ႏိုဝင္ဘာလ(၂၅)ရက္မွာ တရားဝင္အတည္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႏိုင္ငံတကာအရာရွိအမ်ားအျပားဟာ အေမရိကန္ရဲ႕ မူဝါဒအေျပာင္းအလဲအေၾကာင္းကို ေျပာဆိုမႈေတြ လုပ္ေဆာင္ေနခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ ၎ရဲ႕အစိုးရအဖြဲ႕က မူဝါဒအေျပာင္းအလဲနဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနခ်ိန္မွာပဲ ယူကရိန္းဟာ ATACMS ဒုံးက်ည္ေတြကို အသုံးျပဳၿပီး ႐ုရွားႏိုင္ငံ Bryansk ေဒသကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ(၁၈)ရက္မွာ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္အမ်ိဳး သားလုံၿခဳံေရးေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က"ယူကရိန္းဟာ ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္ဖို႔အတြက္ ATACMS ဒုံး က်ည္ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဒီလမ္းၫႊန္ခ်က္ေတြကို ကြၽန္ေတာ္တို႔ေျပာင္းလဲမႈေတြလုပ္ေဆာင္ခဲ့ၿပီး အထူးပစ္မွတ္အမ်ိဳးအစားေတြကို ပစ္ခတ္တိုက္ခိုက္ဖို႔အတြက္ ATACMS ဒုံးက်ည္ေတြကို ယူကရိန္းကို အသုံးျပဳခြင့္ေပးတဲ့ လမ္းေၾကာင္းတစ္ခုကို ေပးအပ္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

အေမရိကန္နဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြဟာ ႐ုရွား-ယူကရိန္းပဋိပကၡမွာ ပါဝင္ပတ္သက္တာမ်ိဳး မလုပ္ေဆာင္ဘူးလို႔ ေျပာဆိုေနခ်ိန္အတြင္းမွာပဲ စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတည္းက ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြနဲ႔ ေငြေၾကးေတြ ေပးပို႔ကူညီခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ယူကရိန္းက တာေဝးပစ္စစ္လက္နက္ပစၥည္းေတြ အသုံးျပဳမႈဟာ ပဋိပကၡရဲ႕အေျခအေနေတြကို ေျပာင္းလဲေစၿပီး ေနတိုးအဖြဲ႕ကို တိုက္႐ိုက္ပါဝင္ပတ္သက္သူျဖစ္ေအာင္ လုပ္ေဆာင္ေနတာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့စက္တင္ဘာလမွာ သတိေပးေျပာဆိုခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ေနတိုးအဖြဲ႕ရဲ႕ စစ္ဘက္ဆိုင္ရာ အရာရွိေတြမပါဝင္ဘဲ ATACMS ဒုံးက်ည္စနစ္ေတြ ဒါမွမဟုတ္ ၿဗိတိန္ေထာက္ပံ့ေပးထားတဲ့ Storm Shadow ဒုံးက်ည္စနစ္ေတြကို အသုံးျပဳႏိုင္မွာမဟုတ္ဘူးလို႔လည္း ပူတင္က ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.