ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း၌ အမျိုးသမီးနှင့် ကလေးငယ်များကို AA က နည်းမျိုးစုံ ပစ်မှတ်ထား အသုံးပြုလာ

 331

သုတကျော် (NP News) - နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း လူခန်းလာသော AA က အမျိုးသမီးနှင့် ကလေးငယ်များကို နည်းမျိုးစုံပစ်မှတ်ထား အသုံးပြုလာကြောင်း အဆို ပါ ဖြစ်စဉ်ကိုသိရှိသူ သတင်းရင်းမြစ်များထံ NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ်တွင် တပ်မတော် ၏စခန်းများကို AA က စတင်တိုက်ခိုက်ကာ တစ်ကျော့ပြန် တိုက်ပွဲများပြန် လည်ဖြစ်ပွားပြီးနောက် လက်ရှိတွင် မောင်တောမြို့နယ်၊ တောင်ကုတ်မြို့ နယ် နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့တွင် AA က တိုက်ပွဲများ ဖော်ဆောင်နေသည်။

ပြီးခဲ့သည့်ကာလများက ဖော်ဆောင်ခဲ့သည့်တိုက်ပွဲများအတွင်း AA ဘက်တွင် သေဆုံးသူများပြားခဲ့သည့်အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုရရှိရေးအတွက် ဖော်ဆောင်နေသော အမ်းမြို့နယ်က တိုက်ပွဲများအပါ အဝင် ရခိုင်ပြည် နယ်တွင် ဖော်ဆောင်သော တိုက်ပွဲများအတွင်း သေဆုံးသူ ဆက်လက်များပြားနေခြင်းဖြစ်သည်။ ‘‘အမ်းမှာဆိုရင် ရပ်ကွက်ကြီး (၃)တို့ (၅) တို့က မရှောင်တဲ့သူတွေကို ဆန်လာပေးပါ၊ ဆီလာပေးပါ၊ ပိုက်ဆံလာပေးပါ တောင်းတယ်။ သွားတဲ့ လူတွေကိုလာပေးတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ စသည်ဖြင့် လာပို့တဲ့သူတွေကို ရိက္ခာလည်းယူတယ်။ နောက်ပြီးတော့ လူတွေကိုလည်း ပြန်မလွှတ်တော့ဘဲနဲ့ လက်ပူတိုက်ပြီးတော့ သေနတ်ပစ်တာသင်ပေးတယ်။ ထောက်ပို့ကို သွားတိုက်မယ်ဆိုပါစို့။ အဲဒီလူတွေကိုပါ ခေါ်သွားတယ်။ လူပါနေရမယ်။ သေနတ်သံထွက်နေရမယ်။ ဒါပဲ”ဟု အမ်းတိုက် ပွဲများအကြောင်းသိရှိသော တပ်မတော်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

AA က ထိုသို့အသုံးပြုသည့်အတွက် အမျိုးသမီးအလောင်းများကိုလည်း တပ်မတော်ဘက်ကရရှိခဲ့ပြီး အဆိုပါအမျိုးသမီးများမှာ သေနတ်ပစ်ခြင်းကို လက်ပူတိုက်သင်၍ ရှေ့တန်းကို အတင်းအကျပ် စေလွှတ်ခံရသူ အမျိုးသမီးများဖြစ်ကြောင်း ၎င်းကဆိုသည်။ ရရှိသော အလောင်းများအတွင်း ကိုယ် ဝန်ဆောင် အမျိုးသမီးအလောင်းပင်ပါသည်ဟု ကြားသိရကြောင်း ၎င်းကသိရချက်ကို ကိုးကား၍ ပြန်လည်ပြောကြားသည်။ “ပဋိညာဉ်မှာလည်း ပိုလီယိုတို့ မသန်စွမ်းတို့ ဗိုက်ကြီးသည်တို့ဆိုတာ အသုံးမချ ရဘူးလို့ရှိပြီးသားလေ။ အဲဒါတွေကိုလည်း ဖောက်ဖျက်ပြီး သူတို့လူမျိုးကိုတောင်လုပ်နေတာ။ အဓိ ကတော့ ဂျနီဗာကွန် ဗန်းရှင်းကိုတောင် ဖောက်ဖျက်နေတာ။ ကျွန်တော်တို့စစ်သုံ့ပန်းကိုမိလို့ သတ်တယ်ဆိုတာကထားဦး။ သူ့လူမျိုး အချင်းချင်းကို ဖောက်ဖျက်နေတာ” ဟု ၎င်းကဆိုသည်။

ထို့ပြင် NP News ၏ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမ်းတိုက်ပွဲအတွင်း AA ဘက်က အမျိုးသမီးများကို အသုံးပြု တိုက်ခိုက်နေကြောင်း အတည်ပြုသည်။ “အမျိုးသမီး တွေကို သူတို့သုံးတယ်။ အလောင်းလည်းရတယ်” ဟု ၎င်းကဆိုသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ပင် စစ်ရေးအတွေ့အကြုံရှိစေရန် AA ဘက်က အသက်မပြည့်သေး သူများကို ခေါ်လာခြင်းမျိုးရှိနေကြောင်းလည်း အထက်ပါစစ်ရေး သတင်းအရင်းမြစ်က အတည်ပြုပြောကြားသည်။ စစ်ပွဲကြောင့် သေဆုံးသွား သည့် အမျိုးသားများနေရာတွင် အစားထိုးရန်အတွက် AA တပ်ဖွဲ့ဝင်တစ်ဦးလျှင် အမျိုးသမီး (၄)ဦးအထိယူရန် စေခိုင်းခြင်းမျိုးလည်းရှိနေသည်သာမက အမျိုးသမီးငယ်များကိုဖမ်းဆီးကာ ၎င်းတို့တပ်ဖွဲ့ဝင်များကို လိင်ဆက်ဆံစေပြီး ကလေးယူစေသော ပုံစံကိုလည်း ပြုလုပ်လာကြောင်းနှင့် ပြန်ပင်မပြောရဲသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အရင်တုန်းကတော့ ဘင်္ဂါလီတွေက မိန်းမအများကြီးယူတယ်။ သားဖောက်နှုန်းမြင့်တာကို ရှုတ်ချပြီးတော့ ပြောခဲ့ဆိုခဲ့ပြီးတော့ အခုသူတို့က ဘင်္ဂါလီတွေလို လိုက်လုပ်တယ်။ ပြီးတော့ လည်လှီး တာတွေလည်းဘင်္ဂါလီနဲ့ တစ်ပုံစံတည်းလိုက်လုပ် တယ်”ဟု ၎င်းကဆိုသည်။ တိုက်ပွဲကာလများအတွင်းလည်း AA တပ် ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးသုံး တိုက်ခိုက်မှုများရှိကြောင်း ၎င်းကဆိုသည်။ ‘‘ဟိုတစ်ခါက ကံ့ကော်တစ်ထောင်တိုက်ပွဲမှာ တုန်းကဆိုရင် ပုဆိုးစလွယ်သိုင်းပြီးတော့ ပေါက် ပေါက်ဆုပ်တွေ ပစ်သလို လက်ပစ်ဗုံးကိုပစ်နေတာ။ လက်ပစ်ဗုံးနဲ့ပြန် ကောက်ထုမှ ဒီကောင်သေသွားတာ။ (ဆေးသုံးပြီး) ဇွန်ဘီကြီးကျနေတာပဲတဲ့” ဟု ၎င်းက ရှင်းပြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့လည်း AA အနေဖြင့် ကပ်နိုင်ခြင်းမရှိသေးဘဲ တပ်မတော်က အင်အားဖြည့် တင်းကာ အပြင်းအထန်ခုခံနေကြောင်း လည်းသိရသည်။ ‘‘အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဟိုတစ်လောက တစ်မိုင် ကုန်းပါသွားတယ်။ ပါတယ်ဆိုပေမယ့်လည်း သူ့ဘက်ကပေးဆပ်မှုများတယ်။ တစ်မိုင်ကုန်းဆိုရင် တိုင်းစစ်ဌာ နချုပ်ကိုစိုးမိုးထားတဲ့ ကုန်းကြီးပဲ။ တစ်မိုင်ကုန်းကြီးရပြီး ဒီကောင်တွေလည်း ကြီးကြီးကျယ်ကျယ် ဘာမှလုပ်လို့မရဘူး။ သို့သော် တစ်မိုင်ကုန်းကနေ တိုင်းရုံးထဲ စနိုက်ပါ ထောက်လို့ရတဲ့ အနေအထားတော့ရှိတယ်။ ခေါင်းမဖော် နိုင်အောင်လုပ်နိုင်တဲ့ အနေအထားမရှိဘူး။ တစ်မိုင်ကုန်းကိုလည်း ကျွန်တော်တို့ဘက်က လေယာဉ်နဲ့ချတော့ နေရင် သေပြီပဲ။ သေချင်တဲ့ကောင် တစ်မိုင်ကုန်း တက်ခဲ့ပေါ့ဗျာ။ ဒါကို တစ်မိုင်ကုန်းပါလို့ သိက္ခာဆယ်ပြောတာ မဟုတ်ဘူး အဖြစ်မှန်ကိုပြောတာ။ ဘာလို့ဆို တစ်ရက်တည်း လေယာဉ်နဲ့ တစ်မိုင် ကုန်းကို အကြိမ်ငါးဆယ်ကြဲတာလေ” ဟု ၎င်းက ဆိုသည်။ အမ်းမြို့နယ် အခြေစိုက် (၃၇၁) တပ်ရင်း ကျသွားပြီဟု ပြင်ပရောက်မီဒီယာများတွင် ရေးသား နေခြင်းမှာလည်း ရာနှုန်းပြည့်မှန်သောသတင်းမဟုတ် ကြောင်း ၎င်းကဆိုသည်။

“(၃၇၁)ရဲ့ တချို့နေရာတွေ ပါသွားတာပါ။ ပါသွားတဲ့အထဲမှာ ဗဟိုကင်းပါတယ်။ အဲဒီမှာ ရန်သူ လည်းရှိသလို မိမိလည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။ အမ်းသို့ ထပ်မံစစ်ကူပေးမည့် ကားများမှာလည်း အမ်းသို့ရောက် လုနီးပါးဖြစ် နေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ လက်ရှိ တောင်ကုတ်မြို့ကို AA က ထိန်းချုပ်နိုင်သည့် အနေအထား ဖြစ်နေသော်လည်း တပ်မတော်၏တပ်ရင်း၊ တပ်ဖွဲ့ဝင်များက ဆက်လက်ခုခံတိုက်ခိုက်နေပြီး တပ်မတော်တပ်ရင်းများ လည်း စုစုစည်းစည်းရှိနေကြောင်း သိရသည်။ မောင်တောမြို့ရှိ နခခ(၅) ကိုလည်း ရန်သူကမ ကပ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။ “နခခ(၅)ကတော့ သေချာတာကတော့ ကြိုက်သလောက် ကပ်လာခဲ့။ ကပ်လာတဲ့ကောင် မှန်သမျှက တော့ သေမှာပဲ။ ကပ်တော့ကပ်လာတယ်။ တိုးလာတဲ့ ကောင်ကတော့သေမှာပဲ” ဟု ၎င်းက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြသည်။

zawgyi version
ရခိုင္ျပည္နယ္ တိုက္ပြဲမ်ားအတြင္း၌ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ားကို AA က နည္းမ်ိဳးစုံ ပစ္မွတ္ထား အသုံးျပဳလာ
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၆

ရခိုင္ျပည္နယ္တိုက္ပြဲမ်ားအတြင္း လူခန္းလာေသာ AA က အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ားကို နည္းမ်ိဳးစုံပစ္မွတ္ထား အသုံးျပဳလာေၾကာင္း အဆို ပါ ျဖစ္စဥ္ကိုသိရွိသူ သတင္းရင္းျမစ္မ်ားထံ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလအတြင္းက ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ ၏စခန္းမ်ားကို AA က စတင္တိုက္ခိုက္ကာ တစ္ေက်ာ့ျပန္ တိုက္ပြဲမ်ားျပန္ လည္ျဖစ္ပြားၿပီးေနာက္ လက္ရွိတြင္ ေမာင္ေတာၿမိဳ႕နယ္၊ ေတာင္ကုတ္ၿမိဳ႕ နယ္ ႏွင့္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕နယ္တို႔တြင္ AA က တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနသည္။

ၿပီးခဲ့သည့္ကာလမ်ားက ေဖာ္ေဆာင္ခဲ့သည့္တိုက္ပြဲမ်ားအတြင္း AA ဘက္တြင္ ေသဆုံးသူမ်ားျပားခဲ့သည့္အျပင္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုရရွိေရးအတြက္ ေဖာ္ေဆာင္ေနေသာ အမ္းၿမိဳ႕နယ္က တိုက္ပြဲမ်ားအပါ အဝင္ ရခိုင္ျပည္ နယ္တြင္ ေဖာ္ေဆာင္ေသာ တိုက္ပြဲမ်ားအတြင္း ေသဆုံးသူ ဆက္လက္မ်ားျပားေနျခင္းျဖစ္သည္။ ‘‘အမ္းမွာဆိုရင္ ရပ္ကြက္ႀကီး (၃)တို႔ (၅) တို႔က မေရွာင္တဲ့သူေတြကို ဆန္လာေပးပါ၊ ဆီလာေပးပါ၊ ပိုက္ဆံလာေပးပါ ေတာင္းတယ္။ သြားတဲ့ လူေတြကိုလာေပးတဲ့ အမ်ိဳးသမီးေတြ၊ ကေလးေတြ စသည္ျဖင့္ လာပို႔တဲ့သူေတြကို ရိကၡာလည္းယူတယ္။ ေနာက္ၿပီးေတာ့ လူေတြကိုလည္း ျပန္မလႊတ္ေတာ့ဘဲနဲ႔ လက္ပူတိုက္ၿပီးေတာ့ ေသနတ္ပစ္တာသင္ေပးတယ္။ ေထာက္ပို႔ကို သြားတိုက္မယ္ဆိုပါစို႔။ အဲဒီလူေတြကိုပါ ေခၚသြားတယ္။ လူပါေနရမယ္။ ေသနတ္သံထြက္ေနရမယ္။ ဒါပဲ”ဟု အမ္းတိုက္ ပြဲမ်ားအေၾကာင္းသိရွိေသာ တပ္မေတာ္ႏွင့္ နီးစပ္သူ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။

AA က ထိုသို႔အသုံးျပဳသည့္အတြက္ အမ်ိဳးသမီးအေလာင္းမ်ားကိုလည္း တပ္မေတာ္ဘက္ကရရွိခဲ့ၿပီး အဆိုပါအမ်ိဳးသမီးမ်ားမွာ ေသနတ္ပစ္ျခင္းကို လက္ပူတိုက္သင္၍ ေရွ႕တန္းကို အတင္းအက်ပ္ ေစလႊတ္ခံရသူ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း ၎ကဆိုသည္။ ရရွိေသာ အေလာင္းမ်ားအတြင္း ကိုယ္ ဝန္ေဆာင္ အမ်ိဳးသမီးအေလာင္းပင္ပါသည္ဟု ၾကားသိရေၾကာင္း ၎ကသိရခ်က္ကို ကိုးကား၍ ျပန္လည္ေျပာၾကားသည္။ “ပဋိညာဥ္မွာလည္း ပိုလီယိုတို႔ မသန္စြမ္းတို႔ ဗိုက္ႀကီးသည္တို႔ဆိုတာ အသုံးမခ် ရဘူးလို႔ရွိၿပီးသားေလ။ အဲဒါေတြကိုလည္း ေဖာက္ဖ်က္ၿပီး သူတို႔လူမ်ိဳးကိုေတာင္လုပ္ေနတာ။ အဓိ ကေတာ့ ဂ်နီဗာကြန္ ဗန္းရွင္းကိုေတာင္ ေဖာက္ဖ်က္ေနတာ။ ကြၽန္ေတာ္တို႔စစ္သုံ႔ပန္းကိုမိလို႔ သတ္တယ္ဆိုတာကထားဦး။ သူ႔လူမ်ိဳး အခ်င္းခ်င္းကို ေဖာက္ဖ်က္ေနတာ” ဟု ၎ကဆိုသည္။

ထို႔ျပင္ NP News ၏ အျခားသတင္းရင္းျမစ္တစ္ဦးကလည္း အမ္းတိုက္ပြဲအတြင္း AA ဘက္က အမ်ိဳးသမီးမ်ားကို အသုံးျပဳ တိုက္ခိုက္ေနေၾကာင္း အတည္ျပဳသည္။ “အမ်ိဳးသမီး ေတြကို သူတို႔သုံးတယ္။ အေလာင္းလည္းရတယ္” ဟု ၎ကဆိုသည္။ တိုက္ပြဲျဖစ္ပြားသည့္ေနရာသို႔ပင္ စစ္ေရးအေတြ႕အႀကဳံရွိေစရန္ AA ဘက္က အသက္မျပည့္ေသး သူမ်ားကို ေခၚလာျခင္းမ်ိဳးရွိေနေၾကာင္းလည္း အထက္ပါစစ္ေရး သတင္းအရင္းျမစ္က အတည္ျပဳေျပာၾကားသည္။ စစ္ပြဲေၾကာင့္ ေသဆုံးသြား သည့္ အမ်ိဳးသားမ်ားေနရာတြင္ အစားထိုးရန္အတြက္ AA တပ္ဖြဲ႕ဝင္တစ္ဦးလွ်င္ အမ်ိဳးသမီး (၄)ဦးအထိယူရန္ ေစခိုင္းျခင္းမ်ိဳးလည္းရွိေနသည္သာမက အမ်ိဳးသမီးငယ္မ်ားကိုဖမ္းဆီးကာ ၎တို႔တပ္ဖြဲ႕ဝင္မ်ားကို လိင္ဆက္ဆံေစၿပီး ကေလးယူေစေသာ ပုံစံကိုလည္း ျပဳလုပ္လာေၾကာင္းႏွင့္ ျပန္ပင္မေျပာရဲသည့္ အေျခအေနျဖစ္ေၾကာင္း ၎ကဆိုသည္။

‘‘အရင္တုန္းကေတာ့ ဘဂၤါလီေတြက မိန္းမအမ်ားႀကီးယူတယ္။ သားေဖာက္ႏႈန္းျမင့္တာကို ရႈတ္ခ်ၿပီးေတာ့ ေျပာခဲ့ဆိုခဲ့ၿပီးေတာ့ အခုသူတို႔က ဘဂၤါလီေတြလို လိုက္လုပ္တယ္။ ၿပီးေတာ့ လည္လွီး တာေတြလည္းဘဂၤါလီနဲ႔ တစ္ပုံစံတည္းလိုက္လုပ္ တယ္”ဟု ၎ကဆိုသည္။ တိုက္ပြဲကာလမ်ားအတြင္းလည္း AA တပ္ ဖြဲ႕ဝင္မ်ားအေနျဖင့္ မူးယစ္ေဆးသုံး တိုက္ခိုက္မႈမ်ားရွိေၾကာင္း ၎ကဆိုသည္။ ‘‘ဟိုတစ္ခါက ကံ့ေကာ္တစ္ေထာင္တိုက္ပြဲမွာ တုန္းကဆိုရင္ ပုဆိုးစလြယ္သိုင္းၿပီးေတာ့ ေပါက္ ေပါက္ဆုပ္ေတြ ပစ္သလို လက္ပစ္ဗုံးကိုပစ္ေနတာ။ လက္ပစ္ဗုံးနဲ႔ျပန္ ေကာက္ထုမွ ဒီေကာင္ေသသြားတာ။ (ေဆးသုံးၿပီး) ဇြန္ဘီႀကီးက်ေနတာပဲတဲ့” ဟု ၎က ရွင္းျပသည္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္သို႔လည္း AA အေနျဖင့္ ကပ္ႏိုင္ျခင္းမရွိေသးဘဲ တပ္မေတာ္က အင္အားျဖည့္ တင္းကာ အျပင္းအထန္ခုခံေနေၾကာင္း လည္းသိရသည္။ ‘‘အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဟိုတစ္ေလာက တစ္မိုင္ ကုန္းပါသြားတယ္။ ပါတယ္ဆိုေပမယ့္လည္း သူ႔ဘက္ကေပးဆပ္မႈမ်ားတယ္။ တစ္မိုင္ကုန္းဆိုရင္ တိုင္းစစ္ဌာ နခ်ဳပ္ကိုစိုးမိုးထားတဲ့ ကုန္းႀကီးပဲ။ တစ္မိုင္ကုန္းႀကီးရၿပီး ဒီေကာင္ေတြလည္း ႀကီးႀကီးက်ယ္က်ယ္ ဘာမွလုပ္လို႔မရဘူး။ သို႔ေသာ္ တစ္မိုင္ကုန္းကေန တိုင္း႐ုံးထဲ စႏိုက္ပါ ေထာက္လို႔ရတဲ့ အေနအထားေတာ့ရွိတယ္။ ေခါင္းမေဖာ္ ႏိုင္ေအာင္လုပ္ႏိုင္တဲ့ အေနအထားမရွိဘူး။ တစ္မိုင္ကုန္းကိုလည္း ကြၽန္ေတာ္တို႔ဘက္က ေလယာဥ္နဲ႔ခ်ေတာ့ ေနရင္ ေသၿပီပဲ။ ေသခ်င္တဲ့ေကာင္ တစ္မိုင္ကုန္း တက္ခဲ့ေပါ့ဗ်ာ။ ဒါကို တစ္မိုင္ကုန္းပါလို႔ သိကၡာဆယ္ေျပာတာ မဟုတ္ဘူး အျဖစ္မွန္ကိုေျပာတာ။ ဘာလို႔ဆို တစ္ရက္တည္း ေလယာဥ္နဲ႔ တစ္မိုင္ ကုန္းကို အႀကိမ္ငါးဆယ္ႀကဲတာေလ” ဟု ၎က ဆိုသည္။ အမ္းၿမိဳ႕နယ္ အေျခစိုက္ (၃၇၁) တပ္ရင္း က်သြားၿပီဟု ျပင္ပေရာက္မီဒီယာမ်ားတြင္ ေရးသား ေနျခင္းမွာလည္း ရာႏႈန္းျပည့္မွန္ေသာသတင္းမဟုတ္ ေၾကာင္း ၎ကဆိုသည္။

“(၃၇၁)ရဲ႕ တခ်ိဳ႕ေနရာေတြ ပါသြားတာပါ။ ပါသြားတဲ့အထဲမွာ ဗဟိုကင္းပါတယ္။ အဲဒီမွာ ရန္သူ လည္းရွိသလို မိမိလည္းရွိပါတယ္”ဟု ၎ကဆိုသည္။ အမ္းသို႔ ထပ္မံစစ္ကူေပးမည့္ ကားမ်ားမွာလည္း အမ္းသို႔ေရာက္ လုနီးပါးျဖစ္ ေနၿပီျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ လက္ရွိ ေတာင္ကုတ္ၿမိဳ႕ကို AA က ထိန္းခ်ဳပ္ႏိုင္သည့္ အေနအထား ျဖစ္ေနေသာ္လည္း တပ္မေတာ္၏တပ္ရင္း၊ တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ခုခံတိုက္ခိုက္ေနၿပီး တပ္မေတာ္တပ္ရင္းမ်ား လည္း စုစုစည္းစည္းရွိေနေၾကာင္း သိရသည္။ ေမာင္ေတာၿမိဳ႕ရွိ နခခ(၅) ကိုလည္း ရန္သူကမ ကပ္ႏိုင္ေသးေၾကာင္း ၎က ဆိုသည္။ “နခခ(၅)ကေတာ့ ေသခ်ာတာကေတာ့ ႀကိဳက္သေလာက္ ကပ္လာခဲ့။ ကပ္လာတဲ့ေကာင္ မွန္သမွ်က ေတာ့ ေသမွာပဲ။ ကပ္ေတာ့ကပ္လာတယ္။ တိုးလာတဲ့ ေကာင္ကေတာ့ေသမွာပဲ” ဟု ၎က လက္ရွိစစ္ေရး အေျခအေနကို ရွင္းျပသည္။

Related news

© 2021. All rights reserved.