မွတ်စလင်အဖွဲ့က ကမ်မလာဟားရစ်ကို ထောက်ခံမှု ရုပ်သိမ်း
1937
Alynn (NP News) - ဩဂုတ် ၂၇
ချီကာဂိုမြို့တွင်ကျင်းပသည့် ကွန်ဗင်းရှင်းတွင် ပါလက်စတိုင်းထောက်ခံသည့် ဟောပြောသူ များကို ဒီမိုကရက်များက နေရာမပေးခဲ့သောကြောင့် Muslim Women for Harris အဖွဲ့က အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ် အပေါ်ထောက်ခံမှုကို ရုပ်သိမ်းလိုက်သည်။ ပါလက်စတိုင်း လိုလားသော တက်ကြွလှုပ်ရှားသူများနှင့် မဟာမိတ်အဖွဲ့များက အစ္စရေးကို စစ်ရေးအကူအညီများ ဖြတ်တောက်ရန် နှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ပိုမိုအားကောင်းလာစေရန် ဟားရစ်ကို တောင်းဆိုထားသည်။ ကြာသ ပတေးနေ့တွင် ပြီးဆုံးမည့် ဒီမိုကရက်တစ် အမျိုးသား ညီလာခံ (DNC) တွင် ၎င်းတို့၏ ရပ်တည် ချက်ကို အသံလွှင့်ရန် စီစဉ်ခဲ့သည်။
ကြာသပတေးနေ့ အစောပိုင်းတွင် Uncommitted National Movement ခေါင်းဆောင်တစ်ဦး ဖြစ်သည့် Abbas Alawieh က ဒီမို ကရက်များသည် ပါလက်စတိုင်း အမေရိကန်များကို DNC တွင် စကား ပြောဆိုခွင့် မပြုခဲ့ကြောင်း ဖော်ပြခဲ့ သည်။ “ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ဒီပါတီဟာ လူတွေရဲ့အသံ ကို တိတ်ဆိတ်အောင်မလုပ်သင့်ဘူး လို့ ကျွန်တော်တို့ထင်ပါတယ်” ဟု X တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။
Washington Post သတင်းစာ၏ အဆိုအရ ပါလက်စတိုင်းလိုလားသော မိန့်ခွန်းသည် စည်းဝေး ပွဲတွင် စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်လာနိုင်သည်ဟု ဒီမိုကရက်တစ်ခေါင်းဆောင်များက စိုးရိမ်နေ ကြခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့ ငြင်းဆိုမှုအတွက် တိကျသော အကြောင်းပြချက် မပေးခဲ့ဟု Post က ဆိုသည်။
ကြာသပတေးနေ့ညက ဟားရစ်၏ DNC မိန့်ခွန်းတွင် ဟားမတ်စ်ကဖမ်းဆီးထားသော ကျန်ရှိ သည့် အစ္စရေးဓားစာခံများကို လွှတ်ပေးရန်နှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် အိမ်ဖြူတော်က အချိန်ပြည့်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက “ အစ္စရေးတွင် ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ထပ်မံအ တည်ပြုခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့် လက ရွေးကောက်ပွဲမှ နုတ်ထွက်ပြီးနောက် ဟားရစ် သည် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲတွင် ရီပတ် ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
zawgyi version
မြတ္စလင္အဖြဲ႕က ကမ္မလာဟားရစ္ကို ေထာက္ခံမႈ ႐ုပ္သိမ္း
Alynn (NP News) - ဩဂုတ္ ၂၇
ခ်ီကာဂိုၿမိဳ႕တြင္က်င္းပသည့္ ကြန္ဗင္းရွင္းတြင္ ပါလက္စတိုင္းေထာက္ခံသည့္ ေဟာေျပာသူ မ်ားကို ဒီမိုကရက္မ်ားက ေနရာမေပးခဲ့ေသာေၾကာင့္ Muslim Women for Harris အဖြဲ႕က အေမရိကန္ ဒုသမၼတ ကမ္မလာဟားရစ္ အေပၚေထာက္ခံမႈကို ႐ုပ္သိမ္းလိုက္သည္။ ပါလက္စတိုင္း လိုလားေသာ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ မဟာမိတ္အဖြဲ႕မ်ားက အစၥေရးကို စစ္ေရးအကူအညီမ်ား ျဖတ္ေတာက္ရန္ ႏွင့္ ဂါဇာတြင္ အပစ္အခတ္ရပ္စဲေရး ပိုမိုအားေကာင္းလာေစရန္ ဟားရစ္ကို ေတာင္းဆိုထားသည္။ ၾကာသ ပေတးေန႔တြင္ ၿပီးဆုံးမည့္ ဒီမိုကရက္တစ္ အမ်ိဳးသား ညီလာခံ (DNC) တြင္ ၎တို႔၏ ရပ္တည္ ခ်က္ကို အသံလႊင့္ရန္ စီစဥ္ခဲ့သည္။
ၾကာသပေတးေန႔ အေစာပိုင္းတြင္ Uncommitted National Movement ေခါင္းေဆာင္တစ္ဦး ျဖစ္သည့္ Abbas Alawieh က ဒီမို ကရက္မ်ားသည္ ပါလက္စတိုင္း အေမရိကန္မ်ားကို DNC တြင္ စကား ေျပာဆိုခြင့္ မျပဳခဲ့ေၾကာင္း ေဖာ္ျပခဲ့ သည္။ “ ဒါက လက္ခံႏိုင္စရာ မရွိပါဘူး။ ဒီပါတီဟာ လူေတြရဲ႕အသံ ကို တိတ္ဆိတ္ေအာင္မလုပ္သင့္ဘူး လို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္” ဟု X တြင္ တင္ထားေသာ ဗီဒီယိုတစ္ခုတြင္ ၎က ေျပာၾကားခဲ့သည္။
Washington Post သတင္းစာ၏ အဆိုအရ ပါလက္စတိုင္းလိုလားေသာ မိန႔္ခြန္းသည္ စည္းေဝး ပြဲတြင္ စည္းလုံးညီၫြတ္မႈကို ၿခိမ္းေျခာက္လာႏိုင္သည္ဟု ဒီမိုကရက္တစ္ေခါင္းေဆာင္မ်ားက စိုးရိမ္ေန ၾကျခင္းျဖစ္သည္။ သို႔ေသာ္ ထိုကဲ့သို႔ ျငင္းဆိုမႈအတြက္ တိက်ေသာ အေၾကာင္းျပခ်က္ မေပးခဲ့ဟု Post က ဆိုသည္။
ၾကာသပေတးေန႔ညက ဟားရစ္၏ DNC မိန႔္ခြန္းတြင္ ဟားမတ္စ္ကဖမ္းဆီးထားေသာ က်န္ရွိ သည့္ အစၥေရးဓားစာခံမ်ားကို လႊတ္ေပးရန္ႏွင့္ အပစ္ အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိရန္ အိမ္ျဖဴေတာ္က အခ်ိန္ျပည့္လုပ္ေဆာင္ေနသည္ဟု ေျပာၾကားခဲ့သည္။
တစ္ခ်ိန္တည္းမွာပင္ သူက “ အစၥေရးတြင္ ကိုယ္ပိုင္ခုခံကာကြယ္ပိုင္ခြင့္ရွိေၾကာင္း ထပ္မံအ တည္ျပဳခဲ့သည္။ သမၼတ ဂ်ိဳးဘိုင္ဒန္သည္ ၿပီးခဲ့သည့္ လက ေ႐ြးေကာက္ပြဲမွ ႏုတ္ထြက္ၿပီးေနာက္ ဟားရစ္ သည္ ဒီမိုကရက္တစ္ ကိုယ္စားလွယ္ေလာင္း ျဖစ္လာခဲ့သည္။ ႏိုဝင္ဘာလေ႐ြးေကာက္ပြဲတြင္ ရီပတ္ ဘလစ္ကန္ သမၼတေလာင္း ေဒၚနယ္ထရမ့္ႏွင့္ ရင္ဆိုင္ရမည္ျဖစ္သည္။