တရုတ်က အရှေ့တောင်အာရှဒေသငြိမ်းချမ်းရေးကို နှောင့်ယှက်နေတယ်လို့ ဖိလစ်ပိုင်စစ်ဘက် ဝေဖန်

 705

Pika (NP News) - သြဂုတ် ၂၇

အရှေ့တောင်အာရှဒေသမှာ ငြိမ်းချမ်းရေးကို အကြီးမားဆုံးနှောင့်ယှက်နေတဲ့နိုင်ငံက တရုတ်နိုင်ငံဖြစ်တယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဂီလ်ဘာတိုတီယိုဒိုရိုက ဩဂုတ်လ(၂၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဂီလ်ဘာတိုတီယိုဒိုရိုက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂီလ်ဘာတိုတီယိုဒိုရိုဟာ အမေရိကန်အင်ဒို-ပစိဖိတ်ဌာနချုပ်ရဲ့ညီလာခံမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

ဂီလ်ဘာတိုတီယိုဒိုရိုက “အာဆီယံဒေသမှာ နိုင်ငံတကာငြိမ်းချမ်းရေးကို အကြီးမားဆုံး နှောင့်ယှက်နေတဲ့နိုင်ငံက တရုတ်နိုင်ငံပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၎င်းတို့ပိုင်ဆိုင်တယ်လို့ပြောဆိုထားတဲ့ ရေလမ်းကြောင်းတွေကို ကင်းလှည့်ဖို့အတွက် သင်္ဘောတွေကိုဖြန့်ကျက်ချထားပြီး ကျွန်းတုတွေကိုလည်း တည်ဆောက်နေတာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တရားမဝင်လုပ်ရပ်တွေ လုပ်ဆောင်နေတာကို ရပ်တန့်စေဖို့အတွက် တရုတ်နိုင်ငံကို ဖိအားပေးဖို့ အခြားနိုင်ငံ တွေကို ဂီလ်ဘာတိုတီယိုဒိုရိုကတိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက “တရုတ်ကို ဆန့်ကျင်တဲ့ စုပေါင်း တောင်းဆိုချက်တစ်ခုကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ အားကောင်းတဲ့ရန်သူကို ရင်ဆိုင်နေရ တာပါ” လို့ ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် Spratly ကျွန်းစု Sabina Shoal ကျွန်းအနီးရေပြင်ကို ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနှစ်စီးကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်ဘက်က ပြောကြားပြီးတဲ့နောက်မှာ ဂီလ်ဘာတိုတီယိုဒိုရိုရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
တ႐ုတ္က အေရွ႕ေတာင္အာရွေဒသၿငိမ္းခ်မ္းေရးကို ေႏွာင့္ယွက္ေနတယ္လို႔ ဖိလစ္ပိုင္စစ္ဘက္ ေဝဖန္
Pika (NP News) - ၾသဂုတ္ ၂၇

အေရွ႕ေတာင္အာရွေဒသမွာ ၿငိမ္းခ်မ္းေရးကို အႀကီးမားဆုံးေႏွာင့္ယွက္ေနတဲ့ႏိုင္ငံက တ႐ုတ္ႏိုင္ငံျဖစ္တယ္လို႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဂီလ္ဘာတိုတီယိုဒို႐ိုက ဩဂုတ္လ(၂၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရပိုင္နက္အျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ဂီလ္ဘာတိုတီယိုဒို႐ိုက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂီလ္ဘာတိုတီယိုဒို႐ိုဟာ အေမရိကန္အင္ဒို-ပစိဖိတ္ဌာနခ်ဳပ္ရဲ႕ညီလာခံမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

ဂီလ္ဘာတိုတီယိုဒို႐ိုက “အာဆီယံေဒသမွာ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးကို အႀကီးမားဆုံး ေႏွာင့္ယွက္ေနတဲ့ႏိုင္ငံက တ႐ုတ္ႏိုင္ငံပဲျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ၎တို႔ပိုင္ဆိုင္တယ္လို႔ေျပာဆိုထားတဲ့ ေရလမ္းေၾကာင္းေတြကို ကင္းလွည့္ဖို႔အတြက္ သေဘၤာေတြကိုျဖန႔္က်က္ခ်ထားၿပီး ကြၽန္းတုေတြကိုလည္း တည္ေဆာက္ေနတာ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တရားမဝင္လုပ္ရပ္ေတြ လုပ္ေဆာင္ေနတာကို ရပ္တန႔္ေစဖို႔အတြက္ တ႐ုတ္ႏိုင္ငံကို ဖိအားေပးဖို႔ အျခားႏိုင္ငံ ေတြကို ဂီလ္ဘာတိုတီယိုဒို႐ိုကတိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က “တ႐ုတ္ကို ဆန႔္က်င္တဲ့ စုေပါင္း ေတာင္းဆိုခ်က္တစ္ခုကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အားေကာင္းတဲ့ရန္သူကို ရင္ဆိုင္ေနရ တာပါ” လို႔ ေျပာခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ Spratly ကြၽန္းစု Sabina Shoal ကြၽန္းအနီးေရျပင္ကို ဝင္ေရာက္လာတဲ့ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာႏွစ္စီးကို အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ တ႐ုတ္ဘက္က ေျပာၾကားၿပီးတဲ့ေနာက္မွာ ဂီလ္ဘာတိုတီယိုဒို႐ိုရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.