Bill & Melinda Gates Foundation ကို အမေရိကန်သူဋ္ဌေးကြီးဘီလ်ဂိတ် အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံကူညီလှူဒါန်း

1015

ဂျန်ဇက် (NP News) - ဇူလိုင် ၁၄
ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီးဘီလ်ဂိတ်ဟာ အကူအညီလိုအပ်သူများကို ကူညီထောက်ပံ့ပေးဖို့ တည်ထောင်ထား တဲ့ ၄င်းရဲ့ Bill & Melinda Gates Foundation ကို အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံ ကူညီလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖောင်ဒေးရှင်းကို ဘီလ်ဂိတ် နဲ့ ၄င်းရဲ့ဇနီးဟောင်းဖြစ်သူ မီလင်ဒါ ဖရမ့်ဂိတ်တို့က ဦးဆောင်တာဝန်ယူနေ တယ်လို့ သိရပါတယ်။ ဘီလ်ဂိတ်ဦးဆာင်နေတဲ့ အဆိုပါဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်ရှိ ပုဂ္ဂလိဂ အလှူဖောင် ဒေးရှင်တွေထဲမှာ ကြီးမားတဲ့ဖောင်ဒေးရှင်းအဖြစ် ပါဝင်နေကြောင်း သတင်းတွေကဖော်ပြပါတယ်။
ဘီလ်ဂိတ်က "ကျွန်တော်တို့အားလုံးဟာ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီလှူဒါန်းမှု ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်။ ကမ္ဘာတဝန်းရှိ အကူအညီလိုနေသူများကိုလည်း ကူညီပေးမှုတိုးချဲ့လုပ်ကိုင်သွားမှာပါ" လို့ပြောပါ တယ်။
ဘီလ်ဂိတ်ဖောင်ဒေးရှင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သက်ရောက်မှုရင်ဆိုင်နေရသူများ၊ ယူကရိန်း စစ်ပွဲကြောင့် အခက်အခဲများရင်ဆိုင်နေရသူများ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဒုက္ခရင်ဆိုင်နေရသူများနဲ့ အခြားအကူအညီလိုအပ်နေသူများကို ပိုမိုကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘီလ်ဂိတ်က ၄င်းရဲ့ဖောင်ဒေးရှင်းကို ဆင်းရဲမှုလျော့ချရေး၊ ကျား-မ ခွဲခြားမှုတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းများမှာ ကူညီပံ့ပိုးမှုပိုမိုလုပ်ဆောင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တဆိုပါတယ်။ ဘီလ်ဂိတ်ရဲ့ ဖောင်ဒေးရှင်းဟာ သက်တမ်း ၂၂ နှစ်ကျော်ကြာမြင့်နေပြီး ပြီးခဲ့တဲ့လက Warren Buffett ရဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ လှူဒါန်းမှုအပါအဝင် လှူဒါန်းငွေပေါင်း အမေရိကန်ဒေါ်လာ ၇ဝ ဘီလျံရရှိခဲ့တယ်လို့ သိရပါတယ်။
http://en.freshnewsasia.com/index.php/en/30687-2022-07-14-01-43-55.html

Zawgyi Version;
Bill & Melinda Gates Foundation ကို အေမရိကန္သူေ႒းႀကီးဘီလ္ဂိတ္ အေမရိကန္ေဒၚလာ ၂ဝ ဘီလ်ံကူညီ လႉဒါန္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၄
ကမာၻေက်ာ္ဘီလ်ံနာသူေ႒းႀကီးဘီလ္ဂိတ္ဟာ အကူအညီလိုအပ္သူမ်ားကို ကူညီေထာက္ပံ့ေပးဖို႔ တည္ေထာင္ထား တဲ့ ၄င္းရဲ႕ Bill & Melinda Gates Foundation ကို အေမရိကန္ေဒၚလာ ၂ဝ ဘီလ်ံ ကူညီလႉဒါန္းေပးခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါေဖာင္ေဒးရွင္းကို ဘီလ္ဂိတ္ နဲ႔ ၄င္းရဲ႕ဇနီးေဟာင္းျဖစ္သူ မီလင္ဒါ ဖရမ့္ဂိတ္တို႔က ဦးေဆာင္တာဝန္ယူေန တယ္လို႔ သိရပါတယ္။ ဘီလ္ဂိတ္ဦးဆာင္ေနတဲ့ အဆိုပါေဖာင္ေဒးရွင္းဟာ ကမာၻေပၚရွိ ပုဂၢလိဂ အလႉေဖာင္ ေဒးရွင္ေတြထဲမွာ ႀကီးမားတဲ့ေဖာင္ေဒးရွင္းအျဖစ္ ပါဝင္ေနေၾကာင္း သတင္းေတြကေဖာ္ျပပါတယ္။
ဘီလ္ဂိတ္က "ကြၽန္ေတာ္တို႔အားလုံးဟာ အခက္အခဲျဖစ္ေနတဲ့သူေတြကို ကူညီလႉဒါန္းမႈ ပိုမိုလုပ္ေဆာင္ဖို႔ လိုအပ္တယ္။ ကမာၻတဝန္းရွိ အကူအညီလိုေနသူမ်ားကိုလည္း ကူညီေပးမႈတိုးခ်ဲ႕လုပ္ကိုင္သြားမွာပါ" လို႔ေျပာပါ တယ္။
ဘီလ္ဂိတ္ေဖာင္ေဒးရွင္းအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ သက္ေရာက္မႈရင္ဆိုင္ေနရသူမ်ား၊ ယူကရိန္း စစ္ပြဲေၾကာင့္ အခက္အခဲမ်ားရင္ဆိုင္ေနရသူမ်ား၊ ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ ဒုကၡရင္ဆိုင္ေနရသူမ်ားနဲ႔ အျခားအကူအညီလိုအပ္ေနသူမ်ားကို ပိုမိုကူညီေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ဘီလ္ဂိတ္က ၄င္းရဲ႕ေဖာင္ေဒးရွင္းကို ဆင္းရဲမႈေလ်ာ့ခ်ေရး၊ က်ား-မ ခြဲျခားမႈတိုက္ဖ်က္ေရး၊ ပညာေရး၊ က်န္းမာေရး စတဲ့ လုပ္ငန္းမ်ားမွာ ကူညီပံ့ပိုးမႈပိုမိုလုပ္ေဆာင္ႏိုင္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံသြားမွာျဖစ္တဆိုပါတယ္။ ဘီလ္ဂိတ္ရဲ႕ ေဖာင္ေဒးရွင္းဟာ သက္တမ္း ၂၂ ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီး ၿပီးခဲ့တဲ့လက Warren Buffett ရဲ႕ အေမရိကန္ေဒၚလာ ၃ ဒသမ ၁ ဘီလ်ံ လႉဒါန္းမႈအပါအဝင္ လႉဒါန္းေငြေပါင္း အေမရိကန္ေဒၚလာ ၇ဝ ဘီလ်ံရရွိခဲ့တယ္လို႔ သိရပါတယ္။
http://en.freshnewsasia.com/index.php/en/30687-2022-07-14-01-43-55.html