ပခုက္ကူမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား(၁)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရ

 1261

NP News - ဇူလိုင် ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာနှင့်ရပ်ကွက်များတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသား(၁)ဦးသေ ဆုံး၍ တစ်ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက် ညနေ ၆နာရီခွဲတွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောသည်။

အမှတ်(၃)ရပ်ကွက်၊ ကမ္မ-မြစ်ခြေသွား ကားလမ်းပေါ်ရှိ အမေ့အိမ်လက်ဖက်ရည်ဆိုင်အတွင်း ဦးစံငြိမ်း(၅၇)နှစ်သည် တစ်ဦးတည်းထိုင်နေစဉ် MASK တပ်ထားသည့် အမျိုးသား (၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးစံငြိမ်းတွင် သေနတ်ထိမှန်ဒဏ် ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အလားတူ ည ၇နာရီခွဲအချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာအနီးတွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသတင်းရရှိသည်။

မြောက်လူးကန်ကျေးရွာနေ ဦးသန်းဇော်ဦးသည် ရေစကြိုမြို့ဘက်မှ ၎င်း၏နေအိမ်သို့ပြန်လာစဉ် အဆိုပါကျေးရွာ၏ မြောက်ဘက် ယာခင်းအနီးအရောက်တွင် အကြမ်းဖက်အ ဖွဲ့အင်အား ၄ဦးခန့်က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးသန်းဇော်ဦးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

၎င်းပစ်ခတ်မှုများနှင့် ပတ်သတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေး ယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

https://npnewsmm.com/news/62d13c55cde5a015692030e3

zawgyi version
ပခုကၠဴၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦးေသဆုံးၿပီး (၁)ဦး ဒဏ္ရာရ
NP News - ဇူလိုင္ ၁၅

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္ရွိ ေက်း႐ြာႏွင့္ရပ္ကြက္မ်ားတြင္ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသား(၁)ဦးေသ ဆုံး၍ တစ္ဦးဒဏ္ရာရခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၃ ရက္ ညေန ၆နာရီခြဲတြင္ ပခုကၠဴၿမိဳ႕နယ္၊ ကမၼၿမိဳ႕၊ အမွတ္ (၃)ရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။

အမွတ္(၃)ရပ္ကြက္၊ ကမၼ-ျမစ္ေျခသြား ကားလမ္းေပၚရွိ အေမ့အိမ္လက္ဖက္ရည္ဆိုင္အတြင္း ဦးစံၿငိမ္း(၅၇)ႏွစ္သည္ တစ္ဦးတည္းထိုင္ေနစဥ္ MASK တပ္ထားသည့္ အမ်ိဳးသား (၃)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးစံၿငိမ္းတြင္ ေသနတ္ထိမွန္ဒဏ္ ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္ ပခုကၠဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အလားတူ ည ၇နာရီခြဲအခ်ိန္ခန႔္တြင္ ပခုကၠဴၿမိဳ႕နယ္၊ ေျမာက္လူးကန္ေက်း႐ြာအနီးတြင္ ပစ္ခတ္မႈမ်ား ထပ္မံျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသတင္းရရွိသည္။

ေျမာက္လူးကန္ေက်း႐ြာေန ဦးသန္းေဇာ္ဦးသည္ ေရစႀကိဳၿမိဳ႕ဘက္မွ ၎၏ေနအိမ္သို႔ျပန္လာစဥ္ အဆိုပါေက်း႐ြာ၏ ေျမာက္ဘက္ ယာခင္းအနီးအေရာက္တြင္ အၾကမ္းဖက္အ ဖြဲ႕အင္အား ၄ဦးခန႔္က ဆိုင္ကယ္ ႏွစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္၍ ဆိုင္ကယ္ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးသန္းေဇာ္ဦးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ရာေနရာတြင္ ေသဆုံးသြား ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

၎ပစ္ခတ္မႈမ်ားႏွင့္ ပတ္သတ္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရး ယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

https://npnewsmm.com/news/62d13c55cde5a015692030e3

Related news

© 2021. All rights reserved.