စစ်ကိုင်း(သို့မဟုတ်)လူရိုးတို့၏ အညာမြေနှင့် KIA ၏ ဗျူဟာမြောက် အမွှေဇာတ်လမ်း

 9268

(NP News) - ဇူလိုင် ၁၈
စာမရေးဖြစ်တာလည်း ကြာပါပြီ။ ယနေ့ ယမ်းခိုးနံ့တသင်းသင်းနဲ့ စစ်ကိုင်းမြေအ ကြောင်း တွေးရင်းစာရေးချင်စိတ်ဖြစ်လာလို့ ချရေးဖြစ်ပါတယ်…. ကျွန်တော် အမှန်အတိုင်းဝန်ခံရရင် ၂ဝ၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်ကြီးရဲ့အစမှာ စစ်ကိုင်းတိုင်းကို ယခုလောက်ထိ ဆိုးဝါးသွားလိမ့်မယ်လို့ ကျွန်တော်လုံးဝတွေးထင်မထားခဲ့ပါဘူး။

အညာဒေသမို့ သွေးပူသွေးဆူလွယ်ပြီး ဒေါသထွက်ရင် ထန်းရည်သောက်ရင်းတောင် ထန်းလက်ပြားနဲ့ ထရိုက်သတ်တတ်ကြတဲ့ အညာသားလူရိုးကြီးတွေနေတဲ့ ဒေသဆိုတာတော့ သိထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ဒုတိယအကြီးဆုံး ဆန်အိုးကြီးဟာ အခုလို ဟက်တက်ကြီး ကျကွဲသွားလိမ့်မယ်အထိတော့ ကျွန်တော်မမျှော်လင့်မိရိုး အမှန်ပါ။

အခုတော့ ဖြစ်ပုံတွေက အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ရင်း နှစ်ဖက်အမှားတွေနဲ့ အကြောင်းတရားတွေက စစ်ကိုင်းမှာပေါင်းဆုံသွားပါပြီ။ ဘေးကနေ လောင်းကျွမ်းမှုကို အားပေးမယ့် ဒြပ်ပစ္စည်းတွေကလည်း ယခုအထိ တပုံတပင် ရှိနေဆဲပါဘဲ။ ၂ဝ၂၁ ခုနှစ်နှစ်ဆန်းမှာတစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေစဉ်အတွင်း ဧပြီလောက်တုန်းက ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ (facebook မှာလည်း သူ့အကောင့်ကို လူသိများ) Senior အစ်ကိုကြီးတစ်ယောက်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ သူပြောတဲ့အချိန်က အဲ့ဒီတုန်းက အ တော်ကို စောပါတယ်။ NUG/PDF တွေရဲ့ လက်နက်ကိုင်လမ်းစဉ်တောင် အတိတလင်း မစသေးဘဲ အစပျိုးဖို့ တာဆူနေတဲ့ အချိန်ပါ။

သူပြောတာက "ညီလေး စစ်ကိုင်းက သူတို့ရဲ့အခြေခံနယ်မြေ ဖြစ်လာလိမ့်မယ်၊ ချင်း တွင်းနဲ့ ဧရာဝတီကြားမြစ်ဝှမ်းကို မင်းသတိထားကြည့်နေ။ အဲဒီဖက်က ဗမာတွေ ရိုးကြတယ်။ ဘာမှ မသိဘူး။ သူတို့ အကြီးအကျယ် သူပုန်ထလိမ့်မယ်တဲ့" ကျွန်တော်အစက အဲဒီအစ်ကိုကြီး ပြောတာကို မယုံခဲ့ပါဘူး။ မယုံကြည်လောက်တဲ့ အကြောင်းရင်းကလည်း ကျွန်တော့်မှာ ယူဆချက် ခိုင်ခိုင်မာမာ ရှိပါတယ်။

ပထမတစ်ချက်က ကျွန်တော်တို့ တွေးလေ့ရှိတဲ့ သမားရိုးကျ တွေးဆချက်မှာ နယ်မြေဒေသတစ်ခု၊ လူမျိုးတစ်ခု သူပုန်အကြီး အကျယ်ထဖို့အတွက် သူပုန်ထမဲ့ ဧရိယာက မိမိတိုင်းပြည်နဲ့ ပလဲနံမသင့်တဲ့၊ မတည့်တဲ့(Non Allied Country) ပြည်ပ ကျောထောက် နောက်ခံ နယ်မြေတစ်ခုခုနဲ့ ဆက်စပ်နေရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ လှေကြီးထိုးရိုးရိုး တွေးဆချက်ပါ။

သမားရိုးကျအရတော့ ကျွန်တော့်ရဲ့ ဒီတွေးဆချက်က မမှားပါဘူး။ စစ်ကိုင်းဒေသက အိန္ဒိယနဲ့ ဆက်စပ်နေတာပါ။ ဒါပေမဲ့ ဒီအချိန်မှာ အိန္ဒိယနဲ့မြန်မာ SAC အစိုးရကြား ဆက်ဆံရေးက ပြေပြစ်တယ်လို့ ပြောလို့ရပါတယ်။ ယခုအချိန်မှာ မြန်မာ့အရေးကို အိန္ဒိယက လက်ရှောင်နေတာဖြစ်လို့ စစ်ကိုင်းဟာ ဒီလောက်ထိ ဖြစ်သွားစရာမရှိဘူးလို့လည်း ကျွန်တော်စစ်ကိုင်းကို အထင်ပေါ့ခဲ့ပါတယ်။ ဒါက ပထမအချက်ပါ။

နောက် ဒုတိယချက်က စပါးစိုက်တဲ့ လယ်သမားကြီးတွေ ထွက်လေ့ရှိတဲ့၊ ရိုးသားကြတဲ့ ရှေးဗမာတို့ရဲ့ ဘူမိနက်သန် စစ်ကိုင်းသားတွေဟာ သူတို့ရဲ့ရှိထားပြီးသား အေးချမ်းတည်ငြိမ်မှုနဲ့ တဒင်္ဂနိုင်ငံရေးတစ်ခုကို ပဲကြီးလှော်နဲ့ အိုးပုတ်လဲသလို အလွယ်တကူ လဲမပစ်နိုင်ဘူးလို့ ကျွန်တော်ယူဆထားလိုက်လို့ပါဘဲ။ ဒါကတော့ စစ်ကိုင်းသား ရှေးမြန်မာကြီးတွေက သက်ဆင်းလာတဲ့ မျိုးဆက်ရဲ့ နိုင်ငံရေးရေချိန်ကို ကျွန်တော်အထင်ကြီးထားမိလိုက်တဲ့ အချက်ပါ။

ကျွန်တော်အတွေး လွတ်ချော်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒါက မြန်မာ့သမိုင်းမှာ စစ်ကိုင်းသားတွေဟာ လူစုပြီး ညီပြီဟေ့ဆိုရင် ကုန်းဘောင် မင်းဆက်(Dynasty)ကိုတောင် စစ်ကိုင်းက ရှေးဗမာတောသားကြီးတွေစုပြီး မန္တလေးတောင်ခြေအထိဆင်းပြီး တည် ထောင်ခဲ့ကြဖူးတယ်ဆိုတဲ့အချက်ပါ။

ရှေးမြန်မာကြီးတွေက ဆင်းသက်လာတဲ့ ဇာတိသွေး၊ ဇာတိမာန်ကို သူတို့ရဲ့ အသွေး အသားမှာ ယနေ့အထိ မြင်ရလေ့ရှိတတ်ပါတယ်။ ယခုတော့ နိုင်ငံရေးအမြင်မတူမှုတွေကြား ဗမာအချင်းချင်း သွေးချောင်းစီးရင်း ခုတော့ စစ်ကိုင်းဟာ ရေတိမ်နစ်ခဲ့ပါပြီ။ စစ်ကိုင်းသားအစစ် ဦးအောင်ဇေယျသာ တမလွန်က ကြားရင် ရင်ကွဲရချည့်လေ။

စကားပြန်ဆက်ရရင် ကျွန်တော် အဲဒီအချိန်တုန်းက ဆွေးနွေးဖက် အစ်ကိုကြီးနဲ့ ဆွေး နွေးစဉ် ကျွန်တော်စဉ်းစားချက်မှာ မတွေးထားမိတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ စစ်ကိုင်းဟာ KIA(ကချင်လွတ်မြောက်ရေးတပ်မတော်) ကြီးစိုးတဲ့ ကချင်ဒေသရဲ့ ဝင်ပေါက်ဆိုတာကိုထည့် မစဉ်းစားမိတာပါဘဲ။

ကျွန်တော့်အပေါ်မှာ ပြောခဲ့ပါတယ်။ နယ်မြေဒေသတစ်ခု(ဝါ)လူမျိုးတစ်ခု သူပုန်ထဖို့ Non-allied Country နိုင်ငံတစ်ခုနဲ့ နယ်မြေဆက်စပ်နေရမယ်ဆိုတဲ့ စဉ်းစားချက်မှာ KIA ကို သာမာန် Insurgent groupတစ်ခုအနေနဲ့သာ ဖော့စဉ်းစားမိတဲ့ အချက်က ကျွန် တော့်ယူဆချက်တွေကို အကြီးအကျယ်မှားယွင်းစေခဲ့ပါတယ်။ တကယ်တော့ KIO/KIA ဟာ မြန်မာ့နိုင်ငံရေးမှာ ဂွင်တွေ့ရင် မဟာဗျူဟာ ဝင်ကစားတတ်တဲ့ ကျားအဆင့် သူပုန်ဖြစ်နေတာ ကြာပါပြီ။

အခုနောက်ပိုင်းမှ အပြန်ပြန်အလှန်လှန် တစိမ့်စိမ့်ပြန်တွေးကြည့်တဲ့အခါ KIA ဟာ စစ်ကိုင်းဒေသတစ်ခုလုံး မီးဟုန်းဟုန်းတောက်ဖို့ စနစ်တကျ လုပ်သွားတယ်ဆိုတာ ပိုမိုပြီး ပေါ်လွင်လာပါတယ်။ ဒါကို ကျွန်တော် အကျိုးအကြောင်းနဲ့ ဆက်ရေးပြ ပါ့မယ်။

KIO/KIA ဟာ အနောက်နဲ့ရော၊ တရုတ်နဲ့ပါ ခွချက်တတ်တဲ့ မဟာဗျူဟာ သဘာဝရှိတယ်ဆိုတာ အရင်က Post တွေမှာ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီ ၂ဝ၂၁ ဖြစ်စဉ်ကြီးမှာ KIA ရဲ့ အကြီးအကျယ် ပါဝင်ပတ်သတ်မှုကြီးကို အထွေအထူးပြစရာမရှိပါဘူး(အားလုံး သိပြီးသားမိုလို့ပါ)။ မိသမျှ လက်နက်၊ မိသမျှ ခဲယမ်း KIA စက်ရုံ ထုတ်တွေချည်း ဖြစ်နေတာ မြင်သာပါတယ်။

ဒါ့ကြောင့် မဟာဗျူဟာအရ၊ နိုင်ငံရေး/စစ်ရေးအရ စစ်ကိုင်းဒေသကို မီးရှို့ခြင်းအားဖြင့် KIA အတွက် အကြီးအကျယ် အမြတ်ထွက်စေတဲ့ အချက်တွေကို အချက်ကြီး(၃)ချက်နဲ့ ကျွန်တော်တို့ ဖော်ထုတ်ဆန်းစစ်ရအောင်ပါ။

(၁)။ ။ စစ်ကိုင်းကို စစ်မီးမွှေးပေးခြင်းအားဖြင့် ကချင်ဒေသသို့ ထိုးဖောက်ထားတဲ့ မြန်မာ့တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်း ဒီအချက်က KIA အတွက် အရေးကြီးပါတယ်။ မြန်မာ့တပ်မတော် အင်အားကြီးလာတိုင်း သူ့ကိုထိုး စစ်ကြီးတွေ ထထဆင်နွှဲတတ်တဲ့ အလေ့အထကို သူနှစ်ပေါင်းများစွာ နာလိုခံခက်ဖြစ်နေတာကြာပါပြီ။ ၂ဝ၁၂ ခုနှစ် ကချင်ဒေသတိုက်ပွဲများ နောက်ပိုင်း သူတို့ဌာနချုပ် လိုင်ဇာပတ်လည်နယ်မြေအများအပြား စွန့်လွှတ်ရတာကိုလည်း KIA ဟာ မီးခဲဖင်ခု ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ၂ဝ၂၁ အရေးအခင်းဟာ သူ့အတွက်တော့ မြန်မာ့တပ်မတော်ကို ကလဲ့စားချေဖို့ တကယ့် ဂွင်ကောင်းပါဘဲ။

ကချင်ဒေသကို ပြည်မကနေ အဓိကအဝင်လမ်းက (၃) လမ်းပဲ ရှိပါတယ်။ ဒီလမ်းတွေဟာ တစ်နည်းအားဖြင့် မြန်မာ့တပ်မတော်က KIA ကို ထိုးစစ်ကြီးတွေ ဆင်နွှဲရာမှာအ သုံးပြုတဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းကြီးတွေလည်းဖြစ်ပါတယ်။

အဲဒီလမ်းကြောင်း (၃)ကြောင်းမှာ ကြည်းလမ်း (၂)ကြောင်း၊ ရေလမ်း (၁)ကြောင်း ပါဝင်ပါတယ်။ ကြည်းလမ်း (၁)က မန္တလေး-ရွှေဘို-အင်းတော်-ကချင်လမ်း ဖြစ်ပြီး ကားလမ်းနဲ့ရထားလမ်း ပါဝင်ပါတယ်။

ကြည်းလမ်း(၂)က မန္တလေး-မတ္တရာ-တကောင်း-ငအိုး-ကချင်လမ်း ဖြစ်ပြီး ကားလမ်းသက်သက် ဖြစ်ပါတယ်။ ဒီကြည်းလမ်းကြောင်း (၂)ခုက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်း (၁)ခုနဲ့ အနောက်ဖက်ခြမ်း (၁)ခု မြစ်ကို ခွလျက် ဖြစ်ပါတယ်။ ရေလမ်းကတော့ အားလုံးသိတဲ့အတိုင်း ဧရာဝတီမြစ်ကြောင်းလမ်းပါ။

ကဲ..ဟုတ်ပါပြီ။ ဒါ့ကြောင့် KIA ဟာ ပထမဆုံး သူ့ဆီကို မြန်မာ့တပ်မတော် ချီတက်တဲ့အခါ အဓိက အသုံးပြုမယ့် ကြည်း လမ်း(၂)လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်က မြို့တွေက နိုင်ငံရေး Activist လူငယ်တွေကို ဗမာသူပုန်အဖြစ် အပူတပြင်းမွေးထုတ်ပေးပါတော့တယ်။ (ပြောရရင်တော့ အားနာပါတယ်။ နိုင်ငံရေး activist လူငယ်တွေ ဆိုတာထက် နိုင်ငံရေးအသိ လုံးဝမရှိတဲ့ အသိနုံနဲတဲ့ ဗမာလူငယ်တွေလို့ ပြောလို့ရပါတယ်)။

ဒါ့ကြောင့် ယနေ့ စစ်ကိုင်းသူပုန်အဖွဲ့ပေါင်းများစွာရဲ့ အဖွဲ့နာမည်တွေမှာ ဇာတ်အဖွဲ့နာ မည်တွေလိုမျိုး သိုင်းကားထဲက နာမည်တွေလိုမျိုး အမည်နာမတွေက လေ့လာသူတွေကြား ဟာသသဖွယ် ဖြစ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

စကားပြန်ဆက်ရရင် KIA ဟာ သူတို့ရဲ့ သင်တန်းနည်းပြတွေကို စစ်ကိုင်းတိုင်းအနှံအ ပြား စေလွှတ်ပြီး အညာဗမာလူငယ်တွေကို နေရာအနှံ့မှာဖြစ်သလို အရေးပေါ်လူစုပြီး ရက်တိုစစ်ပညာတွေ လေ့ကျင့်ပေးပါတယ်။ စစ်ကိုင်းတိုင်း အနှံ့အပြား ဆိုတာထက် ဦး စားပေးအဖြစ် မြန်မာ့တပ်မတော်ရဲ့ LOC လမ်းကြောင်းတဝိုက်မြို့တွေရဲ့ Local PDF အဖွဲ့တွေဆိုရင် ပိုမှန်ပါမယ်။ အခြားအဖွဲ့တွေထက် အဲဒီအဖွဲ့တွေအပေါ် KIA ထောက်ပံ့မှုက ပိုအလေးသာပါတယ်။

ဗမာလူငယ်တွေကို KIA အဓိက သင်ပေးလိုက်တာက IED မိုင်း လို့ခေါ်တဲ့ လက်လုပ်မိုင်းပြုလုပ်နည်းနဲ့ အခြေခံ လက်နက်ငယ်ပစ်ခတ်နည်းပါ။ လက်လုပ်မိုင်း(Improvise mine) ပြုလုပ်နည်း သင်ပေးရတဲ့ ရည်ရွယ်ချက်က ကြည်းလမ်းကြောင်းတလျှောက် ဥဒဟိုသွားလာချီတက်နေမဲ့ မြန်မာ့တပ်မတော်ယာဉ်တန်းတွေကို အလွယ်ကူဆုံး၊ အထိရောက်ဆုံး ဒုက္ခပေးမယ့်နည်း ဖြစ်ပါတယ်။

လက်နက်ငယ်ပစ်ခတ်နည်းသင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ KIA စက်ရုံတွေကနေ ဗုံးပေါလအောထုတ်ပေးလိုက်မဲ့ Type 82 ပုံစံ K-12 သေနတ်တွေကို စစ်ကိုင်း အနှံအ ပြားပျံနှံ့သွားစေမယ်။ ၎င်းလက်နက်တွေနဲ့ စစ်ကိုင်းလူငယ်တွေကို သူပုန်တွေဖြစ်စေ။(သူပုန်ထက် သေးရင်လည်း ဒေသခံဓားပြတွေ ဖြစ်စေ) ဖြစ်သွားအောင် ဇာတ်သွင်းလိုက်တဲ့ ဗျူဟာပါဘဲ။ စစ်ပညာအရ ပျောက်ကြားစစ်ကို လေ့ကျင့်ပေးတာဖြစ်ပြီး ကျွန်တော်တို့ စစ်သားအခေါ် ဗန်းစကားနဲ့ပြောရရင် သွေးသန်းကိုက်ဗျူဟာပါဘဲ။ ယားကျိယားကျိနဲ့ အငြိမ်နေလို့ မရအောင် လုပ်ထားတဲ့ ဗျူဟာပါဘဲ။

လက်နက်ငယ်တွေဆိုတာ လူထုကြား ပျံနှံ့ပြီးသွားရင် အလွန်လိုက်သိမ်းရ ခက်ခဲတယ်ဆိုတာ KIA လို ဂျိုးကျတဲ့ အဖွဲ့မျိုးက ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီနည်းနဲ့ မြန်မာ့တပ်မတော်ကို စစ်ကိုင်းမှာ သူပုန်နှိမ်နင်းရင်း အလုပ်များစေပြီး သူ့ဆီလှည့်မလာအောင် အလုပ်ပေးထားတဲ့ သဘောပါဘဲ။

ဒီလိုစစ်ကိုင်းဒေသကို Buffer Zone အဖြစ် ပြောင်းလဲချင်တဲ့ အယူအဆဟာ UWSA “ဝ”တပ်ဖွဲ့ဆီက ကူးယူထားတဲ့အယူအဆလို့လည်း ခန့်မှန်းလို့ရပါတယ်။ UWSA ဟာ သူ့ရဲ့ “ဝ” ဒေသနဲ့ အစိုးရဒေသ(တပ်)ကြားမှာ ကြားခံ SSPP/SSA ဒေသကို အင်အားကောင်းအောင် အကြီးအကျယ် အင်အားဖြည့်တင်းပေတဲ့ ပုံစံမျိုးပါ။ သဘောက မြန်မာ့တပ်မတော်ဟာ UWSA “ဝ” နဲ့ မတိုက်သေးခင် SSA ဒေသကို အရင်ထိန်းချုပ်ရမှာနဲ့တင် အချိန်အတော်ယူရမှာပါ။ Buffer Zone အယူအဆဟာ မြန်မာ့တပ်မတော်ရဲ့စင်ပြိုင်လက်နက်ကိုင်အဖွဲ့တွေကြား အိမ်မက်မက်နေတာကြာပါပြီ။

ဒါမျိုး Buffer Zone အယူအဆကို ရခိုင်လက်နက်ကိုင် AA ကလည်း အတုခိုးလုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ရခိုင်ကို ချီတက်လာမယ့် မြန်မာ့တပ်မတော်ရဲ့ Main LOC မကွေး-အမ်းတောင်ကြားလမ်းကို ဖြတ်တောက်နိုင်ဖို့ အဲဒီလမ်းတဝိုက်က Local PDFs အဖွဲ့တွေကို ULA/AA ကပါ ထောက်ပံ့လေ့ကျင့်ပေးလာတာကို ကြားရပါတယ်။ ရခိုင်ကို ပည်မနဲ့ ဖြတ်တောက်ဖို့ ကြားခံ Buffer ထားတဲ့သဘောပါဘဲ။

ဒါ့ကြောင့် Buffer Zone အယူအဆအရ KIA ဟာ သူ့ဆီကို လာနိုင်တဲ့ လမ်းကြောင်း (၃)ကြောင်း ဖြတ်တောက်နိုင်ဖို့ အဲဒီပတ်လည်က Local PDFs တွေကို အကြီးအကျယ်ထောက်ပံ့ခဲ့တာပါ။

မန္တလေး-ရွှေဘို-အင်းတော်လမ်း(ဧရာဝတီမြစ် အနောက်ဖက်ကမ်းလမ်း)မှာဆိုရင် လမ်းတလျှောက်လုံးက ရွှေဘို၊ ဝက်လက်၊ ရေဦး၊ ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော် PDFs တွေဟာ KIA ဆီက သင်တန်းပို့ချမှု၊ ထောက်ပံ့မှု ရပါတယ်။ လမ်းမပေါ်မကျပေမဲ့လည်း စစ်ကိုင်းအတွင်းကျတဲ့ ဆားလင်းကြီးလို ပင်လည်ဗူးလို့ နေရာတွေက PDFs တွကိုလည်း KIA က ထောက်ပံ့ပါတယ်။

အဲဒီလို ထောက်ပံ့တဲ့အကြောင်းအရာက အချို့နေရာတွေက KIA အတွက် သယံဇာတအကျိုးအမြတ်တွေ ရှိလာနိုင်တဲ့ ဒသတွေဖြစ်လို့ပါဘဲ (ဒါကို အချက်တစ်ချက်အနေနဲ့ သီးခြားရေးပါမယ်)။

နောက် မန္တလေး-မတ္တရာ-စဉ်ကူး-တကောင်း-ထီးချိုင့်-ရွှေကူလမ်း (ဧရာဝတီမြစ် အရှေ့ဖက်ကမ်းလမ်း)မှာဆိုရင်လည်း မတ္တရာ PDF၊ စဉ့်ကူး PDF၊ ထီးချိုင့် PDF၊ ရွှေကူ PDF တွေဟာ KIA ရဲ့ထောက်ပံ့မှုပိုရပါတယ်။ ဒီလမ်းတွေကပဲ ဖြစ်စဉ် အစပိုင်းတွေမှာ KIA သေနတ်တွေ ဥဒဟိုစီးဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

နောက် ရေလမ်းခရီးမှာဆိုရင်လည်း မြန်မာ့တပ်မတော်ဟာ ရေလမ်းကိုလည်း LOC အဖြစ် အသုံးပြုတတ်ကြောင်း KIA ကသဘောပေါက်ပါတယ်။

ဒါ့ကြောင့် ဧရာဝတီနဲ့ချစ်တွင်းမြစ်ဆုံရာ မြစ်ဆုံဒေသ(မြစ်ခြေ၊ ပခုက္ကူ၊ ရေစကြို၊ မြောင်) ဂွဆုံက ဗမာလူငယ်တွေကို Local PDF တွေအဖြစ် KIA က လာရောက်လေ့ကျင့်ပေးခဲ့ပါတယ်။

မြန်မာ့တပ်မတော်(ရေ) Navy Ships တွေကို မြင်းခြံ အနောက်ကမ်း ဆီမီးခုံဆိပ်ကမ်းကနေစလို့ ဟိုး KIA ရှိရာ ဗန်းဗော်အထိ ရေလမ်းတလျှောက်လုံး ပစ်ခတ်နှောင့်ယှက်နိုင်အောင်လုပ်တဲ့ KIA ဗျူဟာပါဘဲ။ သူတို့နဲ့ မတိုက်ရသေးခင် ဗမာသူပုန်ကို ကြားခံပေး လိုက်တဲ့ သဘောပါဘဲ။

ကဲ ကောင်းပါပြီ။ မြန်မာ့တပ်မတော်ရဲ့ LOC လမ်းကြောင်း (၃)ခုကို ဖြတ်တောက်ဖို့ စစ်ကိုင်းဒေသကို ဓားစာခံ အသုံးချခဲ့ တယ်ဆိုတဲ့ အကြောင်းကို ကျနော် အကျယ်တဝင့်ရေးပြီးပါပြီ။ KIA အတွက် အမြတ်ထွက်တဲ့ နောက်တစ်ချက်ကို ဆက်ရေးပါမယ်။

(၂)အချက် ဗမာလူမျိုးစစ်စစ်တို့ရဲ့ ဘူမိနက်သန် စစ်ကိုင်းဒေသ ဗမာလူထုနဲ့ မြန်မာ့တပ်မတော်ကို အကြီးအကျယ် သွေး ကွဲစေသည့် ဗျူဟာသုံးခဲ့ခြင်း ဒီအချက်က ရေးရတာ နည်းနည်းတော့ တာဝန်ကြီးပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေလိုတဲ့ သဘောနဲ့ ရေးတာ (လုံးဝ) မဟုတ်ဘဲ Logic ရှုဒေါင့်က သုံးသပ်ပြီး ရေးတာသာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ဟာ ပြည်ထောင်စုတပ်မတော်အဖြစ် ရပ်တည်ပြီး အခြားတိုင်းရင်း သားလူမျိုးတွေပါ တာဝန်ထမ်းဆောင်နေသည်ဆိုသော်ငြား အများစုကတော့ ဗမာလူမျိုးတို့ကသာ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာများပါတယ်။ အခြားတိုင်းရင်းသား လူမျိုးတွေလည်း တာဝန်ထမ်းဆောင်ကြပေမယ့် ရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။ ဒါ့ကြောင့် EAOs အဖွဲ့အတော်များများက မြန်မာ့တပ်မတော်ကို "ဗမာစစ်တပ်"လို့သာ ရှုမြင်ကြပါတယ်။ သူတို့ interview တွေကို လေ့လာရင်လည်း သိသာမြင်သာပါတယ်။

ဒါ့ကြောင့် ဗမာအများစု တာဝန်ထမ်းဆောင်တဲ့ မြန်မာ့တပ်မတော်နဲ့ ဗမာလူမျိုးစစ်စစ်တွေကြားသွေးကွဲစေပြီး ဗမာဒေသတွေမှာပဲ အချင်းချင်းပြန်တိုက်ခိုင်းလို့ရတဲ့ အခွင့် အရေးဟာ KIA အတွက်တော့ သမိုင်းမှာ တစ်ခါမှမရခဲ့ဖူးတဲ့ တကယ့်မဟာအခွင့်အရေးကြီးပါဘဲ။

ဒီအတွက် ၂ဝ၂၁ ဖြစ်စဉ်ကြီးကို KIA က ဗမာလူထုနဲ့ ဗမာလူမျိုးစုတပ်မတော် သွေးကွဲရေးကို ကောင်းကောင်း အသုံးချခဲ့တာပါ။

KIA အတွက် အခြေအနေဖန်တီးနိုင်ခွင့်က ၁၉၈၈ နဲ့ ၂ဝ၂၁ ခုနှစ် အခြေအနေတောင် မတူတော့ပါဘူး။ ၁၉၈၈ ခုနှစ် မှာလည်း ပါဂျောင်ကို ဗမာလူငယ်အများအပြား ပြေးကြပြီး သူပုန်လုပ်ကြတယ်ဆိုပေမဲ့ ABSDF ဟာ မြန်မာ့တပ်မတော်ကို အံတုဖက်ပြိုင်နိုင်တဲ့ လောက်လောက်လားလား သူပုန်အထိ ဖြစ်မလာခဲ့ပါဘူး။ ဒါ့ပြင် ၁၉၈၈ ခုနှစ် KIA ဟာ မောင်းပြန် ရိုင်ဖယ်ကိုတောင်သူတို့အတွက် လောက်ငှရုံသာ ကိုင်နိုင်တဲ့ အခြေအနေပါ။ ကိုယ်ပိုင် မထုတ်လုပ်နိုင်သေးပါဘူး။

ခု ၂ဝ၂၁ ခုနှစ် ကျတော့ မတူတော့ပါဘူး။ KIA ဟာ ဗမာလူငယ်တအုပ်တမကြီးကို လိုင်ဇာအထိ တကူးတက သင်တန်း ခေါ်ပေး၊ သူပုန်လုပ်ခိုင်းတာမျိုး မလုပ်တော့ဘဲ သူ့ဒေသမှာပဲသူနေပြီး Type 81 မောင်းပြန်ရိုင်ဖယ် အလက်ရာနဲ့ချီ ပို့ပေး လိုက်တာက သူ့အတွက် ပိုအလုပ်ဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်မှာကျတော့ KIA ဟာ မောင်းပြန်သေနတ်ကိုလည်း ဗုံးပေါလအော ထုတ်နိုင်တဲ့ အခြေအနေရှိနေပြီလေ။

အဲဒီတော့ စစ်ကိုင်း ဗမာလူငယ်ထုဟာ သူပုန်အသစ်ကျပ်ချွတ်ကလေးတွေ အဖြစ်ပြောင်းလဲသွားပြီး စစ်ကိုင်းဒေသဟာ ယမ်းခိုးအကြီးအကျယ်ဝေပါတော့တယ်။ သူ လေ့ကျင့်ပေးလိုက်တဲ့ ဗမာလူငယ်ထုကပဲ ဗမာလူများစုပါဝင်တဲ့ အစိုးရ တပ်မတော်ကို အကြီးအကျယ် ပြန်ချနေကြတာဟာ လူမျိုးစွဲအတွေးကြီးတဲ့ KIA အတွက်တော့ တကယ့်ကို မဟာအောင်ပွဲပါဘဲ။

စစ်ကိုင်းဒေသတစ်ခုလုံးအတွက်တော့ နစ်နာဆုံးရှုံးမှုက အရမ်းကြီးမားပါတယ်။ စစ်ကိုင်းဟာ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ စုတ်ပြတ်သွားခဲ့ပြီး ဒါကို ပြည်တွင်း/ပြည်ပ ဘေးတီးသူအချို့က Democracy အရေးလက်နက်ကိုင်တိုက်ပွဲဝင်သူ စစ်ကိုင်းသူရဲကောင်းတွေအဖြစ် မြှောက်ပေးကြပါတယ်။

ရိုးသားသူ စစ်ကိုင်းသား ဗမာစစ်စစ်လူငယ်ထုကလည်း ဒါကို ကျေနပ်သာယာကြပါတယ်။ သူတို့ မသိလိုက်တာတွေက အများကြီးရယ်ပါ။ KIA ကတော့ နောက်ကွယ်ကနေ ပြုံးပြုံးကြီး ကြည့်နေပါတယ်။

ဒီအချက်ကို မြန်မာ့တပ်မတော်ဟာလည်း အတော်လေးကို အချိန်ယူကုစားရမယ်ထင်ပါတယ်။ တကယ့် Master Strategy ချမှတ်ပြီး တပ်နဲ့ပြည်သူကြား ရင်ကြားစေ့အမြင် ပြန်လည်ကုစားရေးစီမံချက်ကို နည်းလမ်းပေါင်းစုံ ချမှတ်လုပ် ဆောင်မှ ရမယ်ထင်ပါတယ်။ အချိန်လည်း ကြာနိုင်ပါတယ်။

နောက်ထပ် KIA အမြတ်ထွက်တဲ့ တတိယအချက်ကို ကျနော် ဆက်ရေးပါမယ်။
(၃)အချက် KIA အတွက် လှုပ်ရှားနယ်မြေ(ဝါ)ထိန်းချုပ်နယ်မြေများ ပိုမိုလာနိုင်ခြင်း၊ ဒီထက်မက ထပ်တိုး သုံးသပ်ရလျှင် စီးပွားရေးအရ ဗျူဟာမြောက် ထိန်းချုပ်နယ်မြေများ တိုးလာနိုင်ခြင်းဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ငွေကြေးနဲ့ရပ်တည်ရတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုးမျိုးသော လက်နက် ကိုင်တွေထဲကမှ KIA ဟာ စီးပွားရေးအရ တောင့်တင်းတဲ့ အဖွဲ့မျိုးထဲမှာ ပါဝင်ပါတယ်။
ဘာလို့လဲဆိုတော့ KIA လှုပ်ရှားဒေသတွေထဲမှာ သယံဇာတထွက်တဲ့ ဒေသအများအ ပြား ပါဝင်နေပါတယ်။ ကျောက်စိမ်း၊ ရွှ၊ ပယင်း၊ သတ္တု၊ သစ် တရားမဝင်လမ်းကြောင်းတွေနဲ့ KIA ဟာ ကြီးပွားချမ်းသာပါတယ်။ ဒါ့ပြင် ကချင်ပြည်နယ်တွင်း ကချင်၊ ရှမ်းနီဒေသခံလူထုဆီကရတဲ့ ဆက်ကြေးကလည်း တစ်နှစ်တစ်နှစ် တနင့်တပိုး ရပါတယ်။
ဒါ့ကြောင့် ဒီ ၂ဝ၂၁ အရေးအခင်းကြီး နောက်ပိုင်းမှာ KIA တပ်ဖွဲ့အချို့ဟာ စစ်ကိုင်းတိုင်း ဒေသတွေထဲအထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လှုပ်ရှားလာတာ ရှိပါတယ်။ KIA ဟာ သူ့အတွက် မကျန်ရင် ယင်တောင်မရိုက်ဘူး ဆိုသလိုပဲ KIA မှာ အကြောင်းရှိတယ်လို့ ယုံကြည်ရပါတယ်။ သူ ဝင်ရောက်လှုပ်ရှားတဲ့ စစ်ကိုင်းဒေသတွေဟာ သယံဇာတထွက်ရှိတဲ့ နေ ရာတွေ ဖြစ်ပါတယ်။ ပင်လည်ဗူးဒေသ၊ ကောလင်းဒေသ၊ ချင်းတွင်းအထက်ပိုင်း၊ မူးမြစ်အထက်ပိုင်းဒေသတွေမှာ KIA တပ်တွေ ဝင်ရောက်လာလို့ မြန်မာ့တပ်မ တော်နဲ့ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းက အချို့ ခိုးတူးရွှေမှော်တေ၊ တပိုင်တနိုင်ရေနံတွင်းတွေ၊ သစ်ခိုး ထုတ်ရာနေရာတွေ ဒါတွေဟာ အမျိုးမျိုးသော ဝင်ငွေလမ်းကြောင်းတွေနဲ့ စီးဆင်းနေပြီး (အကယ်ရွေ့သာ) KIA ဟာ ထိန်းချုပ်နယ်မြေတိုးလာခဲ့ရင် Local PDF အကူအညီနဲ့ သူရဲ့ ဝင်ငွေလည်း တိုးပွားလာစရာလည်း ရှိပါတယ်။ Local PDF ဆိုတာလည်း သူဩဇာခံမို့ စစ်ကိုင်းဒေသမှာ စီးပွားရေးအရ ဗျူဟာမြောက်အကျိုးအမြတ်တွေ KIA အတွက် မက် လောက်စရာ ရှိနေပါတယ်။

နောက်တစ်ချက်ကတော့ များများစားစား ကြိုမခန့်မှန်းချင်လို့ အချက်(၁)ချက်အနေနဲ့ ခေါင်းစဉ်ဖော် မရေးတော့ဘဲ သာမန် ခန့်မှန်းချက်အနေနဲ့သာရေးပါမယ်။ KIA ဟာ တရုတ်နဲ့ US ကြားမှာ ဗျူဟာ ခွချက်တတ်ကြောင်း ကျနော် Post တွေ ရေးခဲ့ ဖူးပါတယ်။ ဒါ့အပြင် KIA ဌာနချုပ် လိုင်ဇာဟာ မြန်မာ့တပ်မတော် သိမ်းပိုက်ထားတဲ့ တောင်ကုန်းတွေ ပတ်လည်ရဲ့ အာက်က ဒယ်အိုးချိုင့်လေးမို့ လိုင်ဇာဟာ အချိန်မရွေး အန္တရာယ်ရှိကြောင်း KIA လည်း ကောင်းကောင်း သဘော ပေါက်ပါတယ်။

ဒါ့ကြောင့် တစ်နေ့ တရုတ်နဲ့ သူတို့ အဆင်မပြေခဲ့ရင်၊ မြန်မာ့တပ်မတော်ကလည်း သူတို့ ဌာနချုပ်လိုင်ဇာကို ခြိမ်း ခြောက်လာခဲ့ရင် ဌာနချုပ်သစ်တစ်ခုကို ပြောင်းကို ပြောင်းရမယ်လို့ တွေးဆချက်ရှိပုံရပါတယ်။ သူတို့ စဉ်းစားတဲ့ ၎င်းဌာန ချုပ်သစ်ဟာ ကချင်ပြည် နယ်ရဲ့ အခြားနေရာသစ်တစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း နေရာတစ်ခု လည်း ဖြစ်ချင်ဖြစ်မယ်(တစ်ခုခုတော့ ဖြစ်နိုင်ပါတယ်)။ အဲဒီတစ်ခါ ထိုဌာနချုပ်သစ်ကို ရံဖို့ Buffer Areas အဖြစ် စစ်ကိုင်း ကို ရွေးချယ်ပြီး စစ်ကိုင်းဒေသကို စနစ်တကျ စစ်မီးတောက်စေခဲ့သလားလို့ တွေးစရာပါဘဲ(ဒါကတော့ ခန့်မှန်း ချက်သက်သက်ပါ၊ မှားကောင်းလည်း မှားနိုင်ပါတယ်)။

မည်သို့ပင်ဆိုစေ ၂ဝ၂၁ အရေးအခင်းဟာ KIA အတွက် အကျိုးအမြတ်ထွက်တဲ့ Master Profit ပွဲကြီးပါဘဲ။ သေချာတာ တော့ ဒီပွဲမှာ KIA ဝင်ပါခဲ့တာ NUG/PDF အတွက်လည်း မဟုတ်ဘူး၊ ဒီမိုကရေစီရေးအတွက်လည်း မဟုတ်ဘူး၊ သူ့အတွက်သူ ဆိုတာတော့ လေ့ လာသူတွေသာ သိနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။

KIA အကျိုးအမြတ်ထုတ်သမျှ နင့်နေအောင် ခံစားရတဲ့ ၅ ဒသမ ၃ သန်းသော စစ်ကိုင်း တိုင်းသူ၊ တိုင်းသားများ အမြန်ဆုံး ငြိမ်းအေးချမ်းသာပြီး ဘေးဘယာ ဝေးကွာ ကြပါစေ။

(မှတ်ချက် - စစ်ကိုင်းတိုင်းရဲ့ ပထဝီတည်နေရာတွေကို အကြမ်းဖျင်းနားလည်မှ ဖတ်ရတာ အဆင်ပြေပါမယ်၊ စစ်ကိုင်း တိုင်းမြေပုံနဲ့တွဲကြည့်ပါ)

ဆောင်းပါးရှင် လင်းထင်မောင်မောင်၏ ရေးသားချက်ကို NP News က ခွင့်ပြုချက်ယူ၍ ထပ်ဆင့်ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။

zawgyi version
စစ္ကိုင္း(သို႔မဟုတ္)လူ႐ိုးတို႔၏ အညာေျမႏွင့္ KIA ၏ ဗ်ဴဟာေျမာက္ အေမႊဇာတ္လမ္း
(NP News) - ဇူလိုင္ ၁၈

စာမေရးျဖစ္တာလည္း ၾကာပါၿပီ။ ယေန႔ ယမ္းခိုးနံ႔တသင္းသင္းနဲ႔ စစ္ကိုင္းေျမအ ေၾကာင္း ေတြးရင္းစာေရးခ်င္စိတ္ျဖစ္လာလို႔ ခ်ေရးျဖစ္ပါတယ္…. ကြၽန္ေတာ္ အမွန္အတိုင္းဝန္ခံရရင္ ၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ႀကီးရဲ႕အစမွာ စစ္ကိုင္းတိုင္းကို ယခုေလာက္ထိ ဆိုးဝါးသြားလိမ့္မယ္လို႔ ကြၽန္ေတာ္လုံးဝေတြးထင္မထားခဲ့ပါဘူး။

အညာေဒသမို႔ ေသြးပူေသြးဆူလြယ္ၿပီး ေဒါသထြက္ရင္ ထန္းရည္ေသာက္ရင္းေတာင္ ထန္းလက္ျပားနဲ႔ ထ႐ိုက္သတ္တတ္ၾကတဲ့ အညာသားလူ႐ိုးႀကီးေတြေနတဲ့ ေဒသဆိုတာေတာ့ သိထားပါတယ္။ ဒါေပမဲ့ ျမန္မာျပည္ရဲ႕ဒုတိယအႀကီးဆုံး ဆန္အိုးႀကီးဟာ အခုလို ဟက္တက္ႀကီး က်ကြဲသြားလိမ့္မယ္အထိေတာ့ ကြၽန္ေတာ္မေမွ်ာ္လင့္မိ႐ိုး အမွန္ပါ။

အခုေတာ့ ျဖစ္ပုံေတြက အပ်က္အပ်က္နဲ႔ႏွာေခါင္းေသြးထြက္ရင္း ႏွစ္ဖက္အမွားေတြနဲ႔ အေၾကာင္းတရားေတြက စစ္ကိုင္းမွာေပါင္းဆုံသြားပါၿပီ။ ေဘးကေန ေလာင္းကြၽမ္းမႈကို အားေပးမယ့္ ျဒပ္ပစၥည္းေတြကလည္း ယခုအထိ တပုံတပင္ ရွိေနဆဲပါဘဲ။ ၂ဝ၂၁ ခုႏွစ္ႏွစ္ဆန္းမွာတစ္ႏိုင္ငံလုံး ဆႏၵျပပြဲေတြ အရွိန္ျမင့္ေနစဥ္အတြင္း ဧၿပီေလာက္တုန္းက ကြၽန္ေတာ္နဲ႔ အရမ္းရင္းႏွီးတဲ့ (facebook မွာလည္း သူ႔အေကာင့္ကို လူသိမ်ား) Senior အစ္ကိုႀကီးတစ္ေယာက္နဲ႔ ေဆြးေႏြးခဲ့ဖူးပါတယ္။ သူေျပာတဲ့အခ်ိန္က အဲ့ဒီတုန္းက အ ေတာ္ကို ေစာပါတယ္။ NUG/PDF ေတြရဲ႕ လက္နက္ကိုင္လမ္းစဥ္ေတာင္ အတိတလင္း မစေသးဘဲ အစပ်ိဳးဖို႔ တာဆူေနတဲ့ အခ်ိန္ပါ။

သူေျပာတာက "ညီေလး စစ္ကိုင္းက သူတို႔ရဲ႕အေျခခံနယ္ေျမ ျဖစ္လာလိမ့္မယ္၊ ခ်င္း တြင္းနဲ႔ ဧရာဝတီၾကားျမစ္ဝွမ္းကို မင္းသတိထားၾကည့္ေန။ အဲဒီဖက္က ဗမာေတြ ႐ိုးၾကတယ္။ ဘာမွ မသိဘူး။ သူတို႔ အႀကီးအက်ယ္ သူပုန္ထလိမ့္မယ္တဲ့" ကြၽန္ေတာ္အစက အဲဒီအစ္ကိုႀကီး ေျပာတာကို မယုံခဲ့ပါဘူး။ မယုံၾကည္ေလာက္တဲ့ အေၾကာင္းရင္းကလည္း ကြၽန္ေတာ့္မွာ ယူဆခ်က္ ခိုင္ခိုင္မာမာ ရွိပါတယ္။

ပထမတစ္ခ်က္က ကြၽန္ေတာ္တို႔ ေတြးေလ့ရွိတဲ့ သမား႐ိုးက် ေတြးဆခ်က္မွာ နယ္ေျမေဒသတစ္ခု၊ လူမ်ိဳးတစ္ခု သူပုန္အႀကီး အက်ယ္ထဖို႔အတြက္ သူပုန္ထမဲ့ ဧရိယာက မိမိတိုင္းျပည္နဲ႔ ပလဲနံမသင့္တဲ့၊ မတည့္တဲ့(Non Allied Country) ျပည္ပ ေက်ာေထာက္ ေနာက္ခံ နယ္ေျမတစ္ခုခုနဲ႔ ဆက္စပ္ေနရမယ္ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕ ေလွႀကီးထိုး႐ိုး႐ိုး ေတြးဆခ်က္ပါ။

သမား႐ိုးက်အရေတာ့ ကြၽန္ေတာ့္ရဲ႕ ဒီေတြးဆခ်က္က မမွားပါဘူး။ စစ္ကိုင္းေဒသက အိႏၵိယနဲ႔ ဆက္စပ္ေနတာပါ။ ဒါေပမဲ့ ဒီအခ်ိန္မွာ အိႏၵိယနဲ႔ျမန္မာ SAC အစိုးရၾကား ဆက္ဆံေရးက ေျပျပစ္တယ္လို႔ ေျပာလို႔ရပါတယ္။ ယခုအခ်ိန္မွာ ျမန္မာ့အေရးကို အိႏၵိယက လက္ေရွာင္ေနတာျဖစ္လို႔ စစ္ကိုင္းဟာ ဒီေလာက္ထိ ျဖစ္သြားစရာမရွိဘူးလို႔လည္း ကြၽန္ေတာ္စစ္ကိုင္းကို အထင္ေပါ့ခဲ့ပါတယ္။ ဒါက ပထမအခ်က္ပါ။

ေနာက္ ဒုတိယခ်က္က စပါးစိုက္တဲ့ လယ္သမားႀကီးေတြ ထြက္ေလ့ရွိတဲ့၊ ႐ိုးသားၾကတဲ့ ေရွးဗမာတို႔ရဲ႕ ဘူမိနက္သန္ စစ္ကိုင္းသားေတြဟာ သူတို႔ရဲ႕ရွိထားၿပီးသား ေအးခ်မ္းတည္ၿငိမ္မႈနဲ႔ တဒဂၤႏိုင္ငံေရးတစ္ခုကို ပဲႀကီးေလွာ္နဲ႔ အိုးပုတ္လဲသလို အလြယ္တကူ လဲမပစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ယူဆထားလိုက္လို႔ပါဘဲ။ ဒါကေတာ့ စစ္ကိုင္းသား ေရွးျမန္မာႀကီးေတြက သက္ဆင္းလာတဲ့ မ်ိဳးဆက္ရဲ႕ ႏိုင္ငံေရးေရခ်ိန္ကို ကြၽန္ေတာ္အထင္ႀကီးထားမိလိုက္တဲ့ အခ်က္ပါ။

ကြၽန္ေတာ္အေတြး လြတ္ေခ်ာ္ခဲ့တာေတြလည္း ရွိပါတယ္။ အဲဒါက ျမန္မာ့သမိုင္းမွာ စစ္ကိုင္းသားေတြဟာ လူစုၿပီး ညီၿပီေဟ့ဆိုရင္ ကုန္းေဘာင္ မင္းဆက္(Dynasty)ကိုေတာင္ စစ္ကိုင္းက ေရွးဗမာေတာသားႀကီးေတြစုၿပီး မႏၲေလးေတာင္ေျခအထိဆင္းၿပီး တည္ ေထာင္ခဲ့ၾကဖူးတယ္ဆိုတဲ့အခ်က္ပါ။

ေရွးျမန္မာႀကီးေတြက ဆင္းသက္လာတဲ့ ဇာတိေသြး၊ ဇာတိမာန္ကို သူတို႔ရဲ႕ အေသြး အသားမွာ ယေန႔အထိ ျမင္ရေလ့ရွိတတ္ပါတယ္။ ယခုေတာ့ ႏိုင္ငံေရးအျမင္မတူမႈေတြၾကား ဗမာအခ်င္းခ်င္း ေသြးေခ်ာင္းစီးရင္း ခုေတာ့ စစ္ကိုင္းဟာ ေရတိမ္နစ္ခဲ့ပါၿပီ။ စစ္ကိုင္းသားအစစ္ ဦးေအာင္ေဇယ်သာ တမလြန္က ၾကားရင္ ရင္ကြဲရခ်ည့္ေလ။

စကားျပန္ဆက္ရရင္ ကြၽန္ေတာ္ အဲဒီအခ်ိန္တုန္းက ေဆြးေႏြးဖက္ အစ္ကိုႀကီးနဲ႔ ေဆြး ေႏြးစဥ္ ကြၽန္ေတာ္စဥ္းစားခ်က္မွာ မေတြးထားမိတဲ့ အခ်က္တစ္ခ်က္လည္း ရွိပါေသးတယ္။ အဲဒါကေတာ့ စစ္ကိုင္းဟာ KIA(ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္) ႀကီးစိုးတဲ့ ကခ်င္ေဒသရဲ႕ ဝင္ေပါက္ဆိုတာကိုထည့္ မစဥ္းစားမိတာပါဘဲ။

ကြၽန္ေတာ့္အေပၚမွာ ေျပာခဲ့ပါတယ္။ နယ္ေျမေဒသတစ္ခု(ဝါ)လူမ်ိဳးတစ္ခု သူပုန္ထဖို႔ Non-allied Country ႏိုင္ငံတစ္ခုနဲ႔ နယ္ေျမဆက္စပ္ေနရမယ္ဆိုတဲ့ စဥ္းစားခ်က္မွာ KIA ကို သာမာန္ Insurgent groupတစ္ခုအေနနဲ႔သာ ေဖာ့စဥ္းစားမိတဲ့ အခ်က္က ကြၽန္ ေတာ့္ယူဆခ်က္ေတြကို အႀကီးအက်ယ္မွားယြင္းေစခဲ့ပါတယ္။ တကယ္ေတာ့ KIO/KIA ဟာ ျမန္မာ့ႏိုင္ငံေရးမွာ ဂြင္ေတြ႕ရင္ မဟာဗ်ဴဟာ ဝင္ကစားတတ္တဲ့ က်ားအဆင့္ သူပုန္ျဖစ္ေနတာ ၾကာပါၿပီ။

အခုေနာက္ပိုင္းမွ အျပန္ျပန္အလွန္လွန္ တစိမ့္စိမ့္ျပန္ေတြးၾကည့္တဲ့အခါ KIA ဟာ စစ္ကိုင္းေဒသတစ္ခုလုံး မီးဟုန္းဟုန္းေတာက္ဖို႔ စနစ္တက် လုပ္သြားတယ္ဆိုတာ ပိုမိုၿပီး ေပၚလြင္လာပါတယ္။ ဒါကို ကြၽန္ေတာ္ အက်ိဳးအေၾကာင္းနဲ႔ ဆက္ေရးျပ ပါ့မယ္။

KIO/KIA ဟာ အေနာက္နဲ႔ေရာ၊ တ႐ုတ္နဲ႔ပါ ခြခ်က္တတ္တဲ့ မဟာဗ်ဴဟာ သဘာဝရွိတယ္ဆိုတာ အရင္က Post ေတြမွာ ကြၽန္ေတာ္ေရးခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ဒီ ၂ဝ၂၁ ျဖစ္စဥ္ႀကီးမွာ KIA ရဲ႕ အႀကီးအက်ယ္ ပါဝင္ပတ္သတ္မႈႀကီးကို အေထြအထူးျပစရာမရွိပါဘူး(အားလုံး သိၿပီးသားမိုလို႔ပါ)။ မိသမွ် လက္နက္၊ မိသမွ် ခဲယမ္း KIA စက္႐ုံ ထုတ္ေတြခ်ည္း ျဖစ္ေနတာ ျမင္သာပါတယ္။

ဒါ့ေၾကာင့္ မဟာဗ်ဴဟာအရ၊ ႏိုင္ငံေရး/စစ္ေရးအရ စစ္ကိုင္းေဒသကို မီးရႈိ႕ျခင္းအားျဖင့္ KIA အတြက္ အႀကီးအက်ယ္ အျမတ္ထြက္ေစတဲ့ အခ်က္ေတြကို အခ်က္ႀကီး(၃)ခ်က္နဲ႔ ကြၽန္ေတာ္တို႔ ေဖာ္ထုတ္ဆန္းစစ္ရေအာင္ပါ။

(၁)။ ။ စစ္ကိုင္းကို စစ္မီးေမႊးေပးျခင္းအားျဖင့္ ကခ်င္ေဒသသို႔ ထိုးေဖာက္ထားတဲ့ ျမန္မာ့တပ္မေတာ္ရဲ႕ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ႏိုင္ျခင္း ဒီအခ်က္က KIA အတြက္ အေရးႀကီးပါတယ္။ ျမန္မာ့တပ္မေတာ္ အင္အားႀကီးလာတိုင္း သူ႔ကိုထိုး စစ္ႀကီးေတြ ထထဆင္ႏႊဲတတ္တဲ့ အေလ့အထကို သူႏွစ္ေပါင္းမ်ားစြာ နာလိုခံခက္ျဖစ္ေနတာၾကာပါၿပီ။ ၂ဝ၁၂ ခုႏွစ္ ကခ်င္ေဒသတိုက္ပြဲမ်ား ေနာက္ပိုင္း သူတို႔ဌာနခ်ဳပ္ လိုင္ဇာပတ္လည္နယ္ေျမအမ်ားအျပား စြန႔္လႊတ္ရတာကိုလည္း KIA ဟာ မီးခဲဖင္ခု ျဖစ္ေနခဲ့ပါတယ္။ ဒါ့ေၾကာင့္ ၂ဝ၂၁ အေရးအခင္းဟာ သူ႔အတြက္ေတာ့ ျမန္မာ့တပ္မေတာ္ကို ကလဲ့စားေခ်ဖို႔ တကယ့္ ဂြင္ေကာင္းပါဘဲ။

ကခ်င္ေဒသကို ျပည္မကေန အဓိကအဝင္လမ္းက (၃) လမ္းပဲ ရွိပါတယ္။ ဒီလမ္းေတြဟာ တစ္နည္းအားျဖင့္ ျမန္မာ့တပ္မေတာ္က KIA ကို ထိုးစစ္ႀကီးေတြ ဆင္ႏႊဲရာမွာအ သုံးျပဳတဲ့ အဓိက ဆက္သြယ္ေရးလမ္းေၾကာင္းႀကီးေတြလည္းျဖစ္ပါတယ္။

အဲဒီလမ္းေၾကာင္း (၃)ေၾကာင္းမွာ ၾကည္းလမ္း (၂)ေၾကာင္း၊ ေရလမ္း (၁)ေၾကာင္း ပါဝင္ပါတယ္။ ၾကည္းလမ္း (၁)က မႏၲေလး-ေ႐ႊဘို-အင္းေတာ္-ကခ်င္လမ္း ျဖစ္ၿပီး ကားလမ္းနဲ႔ရထားလမ္း ပါဝင္ပါတယ္။

ၾကည္းလမ္း(၂)က မႏၲေလး-မတၱရာ-တေကာင္း-ငအိုး-ကခ်င္လမ္း ျဖစ္ၿပီး ကားလမ္းသက္သက္ ျဖစ္ပါတယ္။ ဒီၾကည္းလမ္းေၾကာင္း (၂)ခုက ဧရာဝတီျမစ္ရဲ႕ အေရွ႕ဘက္ျခမ္း (၁)ခုနဲ႔ အေနာက္ဖက္ျခမ္း (၁)ခု ျမစ္ကို ခြလ်က္ ျဖစ္ပါတယ္။ ေရလမ္းကေတာ့ အားလုံးသိတဲ့အတိုင္း ဧရာဝတီျမစ္ေၾကာင္းလမ္းပါ။

ကဲ..ဟုတ္ပါၿပီ။ ဒါ့ေၾကာင့္ KIA ဟာ ပထမဆုံး သူ႔ဆီကို ျမန္မာ့တပ္မေတာ္ ခ်ီတက္တဲ့အခါ အဓိက အသုံးျပဳမယ့္ ၾကည္း လမ္း(၂)လမ္းရဲ႕ ေဘးတစ္ဖက္တစ္ခ်က္က ၿမိဳ႕ေတြက ႏိုင္ငံေရး Activist လူငယ္ေတြကို ဗမာသူပုန္အျဖစ္ အပူတျပင္းေမြးထုတ္ေပးပါေတာ့တယ္။ (ေျပာရရင္ေတာ့ အားနာပါတယ္။ ႏိုင္ငံေရး activist လူငယ္ေတြ ဆိုတာထက္ ႏိုင္ငံေရးအသိ လုံးဝမရွိတဲ့ အသိႏုံနဲတဲ့ ဗမာလူငယ္ေတြလို႔ ေျပာလို႔ရပါတယ္)။

ဒါ့ေၾကာင့္ ယေန႔ စစ္ကိုင္းသူပုန္အဖြဲ႕ေပါင္းမ်ားစြာရဲ႕ အဖြဲ႕နာမည္ေတြမွာ ဇာတ္အဖြဲ႕နာ မည္ေတြလိုမ်ိဳး သိုင္းကားထဲက နာမည္ေတြလိုမ်ိဳး အမည္နာမေတြက ေလ့လာသူေတြၾကား ဟာသသဖြယ္ ျဖစ္ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

စကားျပန္ဆက္ရရင္ KIA ဟာ သူတို႔ရဲ႕ သင္တန္းနည္းျပေတြကို စစ္ကိုင္းတိုင္းအႏွံအ ျပား ေစလႊတ္ၿပီး အညာဗမာလူငယ္ေတြကို ေနရာအႏွံ႔မွာျဖစ္သလို အေရးေပၚလူစုၿပီး ရက္တိုစစ္ပညာေတြ ေလ့က်င့္ေပးပါတယ္။ စစ္ကိုင္းတိုင္း အႏွံ႔အျပား ဆိုတာထက္ ဦး စားေပးအျဖစ္ ျမန္မာ့တပ္မေတာ္ရဲ႕ LOC လမ္းေၾကာင္းတဝိုက္ၿမိဳ႕ေတြရဲ႕ Local PDF အဖြဲ႕ေတြဆိုရင္ ပိုမွန္ပါမယ္။ အျခားအဖြဲ႕ေတြထက္ အဲဒီအဖြဲ႕ေတြအေပၚ KIA ေထာက္ပံ့မႈက ပိုအေလးသာပါတယ္။

ဗမာလူငယ္ေတြကို KIA အဓိက သင္ေပးလိုက္တာက IED မိုင္း လို႔ေခၚတဲ့ လက္လုပ္မိုင္းျပဳလုပ္နည္းနဲ႔ အေျခခံ လက္နက္ငယ္ပစ္ခတ္နည္းပါ။ လက္လုပ္မိုင္း(Improvise mine) ျပဳလုပ္နည္း သင္ေပးရတဲ့ ရည္႐ြယ္ခ်က္က ၾကည္းလမ္းေၾကာင္းတေလွ်ာက္ ဥဒဟိုသြားလာခ်ီတက္ေနမဲ့ ျမန္မာ့တပ္မေတာ္ယာဥ္တန္းေတြကို အလြယ္ကူဆုံး၊ အထိေရာက္ဆုံး ဒုကၡေပးမယ့္နည္း ျဖစ္ပါတယ္။

လက္နက္ငယ္ပစ္ခတ္နည္းသင္ေပးရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ KIA စက္႐ုံေတြကေန ဗုံးေပါလေအာထုတ္ေပးလိုက္မဲ့ Type 82 ပုံစံ K-12 ေသနတ္ေတြကို စစ္ကိုင္း အႏွံအ ျပားပ်ံႏွံ႔သြားေစမယ္။ ၎လက္နက္ေတြနဲ႔ စစ္ကိုင္းလူငယ္ေတြကို သူပုန္ေတြျဖစ္ေစ။(သူပုန္ထက္ ေသးရင္လည္း ေဒသခံဓားျပေတြ ျဖစ္ေစ) ျဖစ္သြားေအာင္ ဇာတ္သြင္းလိုက္တဲ့ ဗ်ဴဟာပါဘဲ။ စစ္ပညာအရ ေပ်ာက္ၾကားစစ္ကို ေလ့က်င့္ေပးတာျဖစ္ၿပီး ကြၽန္ေတာ္တို႔ စစ္သားအေခၚ ဗန္းစကားနဲ႔ေျပာရရင္ ေသြးသန္းကိုက္ဗ်ဴဟာပါဘဲ။ ယားက်ိယားက်ိနဲ႔ အၿငိမ္ေနလို႔ မရေအာင္ လုပ္ထားတဲ့ ဗ်ဴဟာပါဘဲ။

လက္နက္ငယ္ေတြဆိုတာ လူထုၾကား ပ်ံႏွံ႔ၿပီးသြားရင္ အလြန္လိုက္သိမ္းရ ခက္ခဲတယ္ဆိုတာ KIA လို ဂ်ိဳးက်တဲ့ အဖြဲ႕မ်ိဳးက ေကာင္းေကာင္း သေဘာေပါက္ပါတယ္။ ဒီနည္းနဲ႔ ျမန္မာ့တပ္မေတာ္ကို စစ္ကိုင္းမွာ သူပုန္ႏွိမ္နင္းရင္း အလုပ္မ်ားေစၿပီး သူ႔ဆီလွည့္မလာေအာင္ အလုပ္ေပးထားတဲ့ သေဘာပါဘဲ။

ဒီလိုစစ္ကိုင္းေဒသကို Buffer Zone အျဖစ္ ေျပာင္းလဲခ်င္တဲ့ အယူအဆဟာ UWSA “ဝ”တပ္ဖြဲ႕ဆီက ကူးယူထားတဲ့အယူအဆလို႔လည္း ခန႔္မွန္းလို႔ရပါတယ္။ UWSA ဟာ သူ႔ရဲ႕ “ဝ” ေဒသနဲ႔ အစိုးရေဒသ(တပ္)ၾကားမွာ ၾကားခံ SSPP/SSA ေဒသကို အင္အားေကာင္းေအာင္ အႀကီးအက်ယ္ အင္အားျဖည့္တင္းေပတဲ့ ပုံစံမ်ိဳးပါ။ သေဘာက ျမန္မာ့တပ္မေတာ္ဟာ UWSA “ဝ” နဲ႔ မတိုက္ေသးခင္ SSA ေဒသကို အရင္ထိန္းခ်ဳပ္ရမွာနဲ႔တင္ အခ်ိန္အေတာ္ယူရမွာပါ။ Buffer Zone အယူအဆဟာ ျမန္မာ့တပ္မေတာ္ရဲ႕စင္ၿပိဳင္လက္နက္ကိုင္အဖြဲ႕ေတြၾကား အိမ္မက္မက္ေနတာၾကာပါၿပီ။

ဒါမ်ိဳး Buffer Zone အယူအဆကို ရခိုင္လက္နက္ကိုင္ AA ကလည္း အတုခိုးလုပ္ေဆာင္လာတာကို ေတြ႕ရပါတယ္။ ရခိုင္ကို ခ်ီတက္လာမယ့္ ျမန္မာ့တပ္မေတာ္ရဲ႕ Main LOC မေကြး-အမ္းေတာင္ၾကားလမ္းကို ျဖတ္ေတာက္ႏိုင္ဖို႔ အဲဒီလမ္းတဝိုက္က Local PDFs အဖြဲ႕ေတြကို ULA/AA ကပါ ေထာက္ပံ့ေလ့က်င့္ေပးလာတာကို ၾကားရပါတယ္။ ရခိုင္ကို ပည္မနဲ႔ ျဖတ္ေတာက္ဖို႔ ၾကားခံ Buffer ထားတဲ့သေဘာပါဘဲ။

ဒါ့ေၾကာင့္ Buffer Zone အယူအဆအရ KIA ဟာ သူ႔ဆီကို လာႏိုင္တဲ့ လမ္းေၾကာင္း (၃)ေၾကာင္း ျဖတ္ေတာက္ႏိုင္ဖို႔ အဲဒီပတ္လည္က Local PDFs ေတြကို အႀကီးအက်ယ္ေထာက္ပံ့ခဲ့တာပါ။

မႏၲေလး-ေ႐ႊဘို-အင္းေတာ္လမ္း(ဧရာဝတီျမစ္ အေနာက္ဖက္ကမ္းလမ္း)မွာဆိုရင္ လမ္းတေလွ်ာက္လုံးက ေ႐ႊဘို၊ ဝက္လက္၊ ေရဦး၊ ေကာလင္း၊ ဝန္းသို၊ ကသာ၊ အင္းေတာ္ PDFs ေတြဟာ KIA ဆီက သင္တန္းပို႔ခ်မႈ၊ ေထာက္ပံ့မႈ ရပါတယ္။ လမ္းမေပၚမက်ေပမဲ့လည္း စစ္ကိုင္းအတြင္းက်တဲ့ ဆားလင္းႀကီးလို ပင္လည္ဗူးလို႔ ေနရာေတြက PDFs တြကိုလည္း KIA က ေထာက္ပံ့ပါတယ္။

အဲဒီလို ေထာက္ပံ့တဲ့အေၾကာင္းအရာက အခ်ိဳ႕ေနရာေတြက KIA အတြက္ သယံဇာတအက်ိဳးအျမတ္ေတြ ရွိလာႏိုင္တဲ့ ဒသေတြျဖစ္လို႔ပါဘဲ (ဒါကို အခ်က္တစ္ခ်က္အေနနဲ႔ သီးျခားေရးပါမယ္)။

ေနာက္ မႏၲေလး-မတၱရာ-စဥ္ကူး-တေကာင္း-ထီးခ်ိဳင့္-ေ႐ႊကူလမ္း (ဧရာဝတီျမစ္ အေရွ႕ဖက္ကမ္းလမ္း)မွာဆိုရင္လည္း မတၱရာ PDF၊ စဥ့္ကူး PDF၊ ထီးခ်ိဳင့္ PDF၊ ေ႐ႊကူ PDF ေတြဟာ KIA ရဲ႕ေထာက္ပံ့မႈပိုရပါတယ္။ ဒီလမ္းေတြကပဲ ျဖစ္စဥ္ အစပိုင္းေတြမွာ KIA ေသနတ္ေတြ ဥဒဟိုစီးဝင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ေနာက္ ေရလမ္းခရီးမွာဆိုရင္လည္း ျမန္မာ့တပ္မေတာ္ဟာ ေရလမ္းကိုလည္း LOC အျဖစ္ အသုံးျပဳတတ္ေၾကာင္း KIA ကသေဘာေပါက္ပါတယ္။

ဒါ့ေၾကာင့္ ဧရာဝတီနဲ႔ခ်စ္တြင္းျမစ္ဆုံရာ ျမစ္ဆုံေဒသ(ျမစ္ေျခ၊ ပခုကၠဴ၊ ေရစႀကိဳ၊ ေျမာင္) ဂြဆုံက ဗမာလူငယ္ေတြကို Local PDF ေတြအျဖစ္ KIA က လာေရာက္ေလ့က်င့္ေပးခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္(ေရ) Navy Ships ေတြကို ျမင္းၿခံ အေနာက္ကမ္း ဆီမီးခုံဆိပ္ကမ္းကေနစလို႔ ဟိုး KIA ရွိရာ ဗန္းေဗာ္အထိ ေရလမ္းတေလွ်ာက္လုံး ပစ္ခတ္ေႏွာင့္ယွက္ႏိုင္ေအာင္လုပ္တဲ့ KIA ဗ်ဴဟာပါဘဲ။ သူတို႔နဲ႔ မတိုက္ရေသးခင္ ဗမာသူပုန္ကို ၾကားခံေပး လိုက္တဲ့ သေဘာပါဘဲ။

ကဲ ေကာင္းပါၿပီ။ ျမန္မာ့တပ္မေတာ္ရဲ႕ LOC လမ္းေၾကာင္း (၃)ခုကို ျဖတ္ေတာက္ဖို႔ စစ္ကိုင္းေဒသကို ဓားစာခံ အသုံးခ်ခဲ့ တယ္ဆိုတဲ့ အေၾကာင္းကို က်ေနာ္ အက်ယ္တဝင့္ေရးၿပီးပါၿပီ။ KIA အတြက္ အျမတ္ထြက္တဲ့ ေနာက္တစ္ခ်က္ကို ဆက္ေရးပါမယ္။

(၂)အခ်က္ ဗမာလူမ်ိဳးစစ္စစ္တို႔ရဲ႕ ဘူမိနက္သန္ စစ္ကိုင္းေဒသ ဗမာလူထုနဲ႔ ျမန္မာ့တပ္မေတာ္ကို အႀကီးအက်ယ္ ေသြး ကြဲေစသည့္ ဗ်ဴဟာသုံးခဲ့ျခင္း ဒီအခ်က္က ေရးရတာ နည္းနည္းေတာ့ တာဝန္ႀကီးပါတယ္။ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးကို ထိခိုက္ေစလိုတဲ့ သေဘာနဲ႔ ေရးတာ (လုံးဝ) မဟုတ္ဘဲ Logic ရႈေဒါင့္က သုံးသပ္ၿပီး ေရးတာသာျဖစ္ပါတယ္။

ျမန္မာ့တပ္မေတာ္ဟာ ျပည္ေထာင္စုတပ္မေတာ္အျဖစ္ ရပ္တည္ၿပီး အျခားတိုင္းရင္း သားလူမ်ိဳးေတြပါ တာဝန္ထမ္းေဆာင္ေနသည္ဆိုေသာ္ျငား အမ်ားစုကေတာ့ ဗမာလူမ်ိဳးတို႔ကသာ စစ္မႈထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတာမ်ားပါတယ္။ အျခားတိုင္းရင္းသား လူမ်ိဳးေတြလည္း တာဝန္ထမ္းေဆာင္ၾကေပမယ့္ ရာခိုင္ႏႈန္းအားျဖင့္ နည္းပါတယ္။ ဒါ့ေၾကာင့္ EAOs အဖြဲ႕အေတာ္မ်ားမ်ားက ျမန္မာ့တပ္မေတာ္ကို "ဗမာစစ္တပ္"လို႔သာ ရႈျမင္ၾကပါတယ္။ သူတို႔ interview ေတြကို ေလ့လာရင္လည္း သိသာျမင္သာပါတယ္။

ဒါ့ေၾကာင့္ ဗမာအမ်ားစု တာဝန္ထမ္းေဆာင္တဲ့ ျမန္မာ့တပ္မေတာ္နဲ႔ ဗမာလူမ်ိဳးစစ္စစ္ေတြၾကားေသြးကြဲေစၿပီး ဗမာေဒသေတြမွာပဲ အခ်င္းခ်င္းျပန္တိုက္ခိုင္းလို႔ရတဲ့ အခြင့္ အေရးဟာ KIA အတြက္ေတာ့ သမိုင္းမွာ တစ္ခါမွမရခဲ့ဖူးတဲ့ တကယ့္မဟာအခြင့္အေရးႀကီးပါဘဲ။

ဒီအတြက္ ၂ဝ၂၁ ျဖစ္စဥ္ႀကီးကို KIA က ဗမာလူထုနဲ႔ ဗမာလူမ်ိဳးစုတပ္မေတာ္ ေသြးကြဲေရးကို ေကာင္းေကာင္း အသုံးခ်ခဲ့တာပါ။

KIA အတြက္ အေျခအေနဖန္တီးႏိုင္ခြင့္က ၁၉၈၈ နဲ႔ ၂ဝ၂၁ ခုႏွစ္ အေျခအေနေတာင္ မတူေတာ့ပါဘူး။ ၁၉၈၈ ခုႏွစ္ မွာလည္း ပါေဂ်ာင္ကို ဗမာလူငယ္အမ်ားအျပား ေျပးၾကၿပီး သူပုန္လုပ္ၾကတယ္ဆိုေပမဲ့ ABSDF ဟာ ျမန္မာ့တပ္မေတာ္ကို အံတုဖက္ၿပိဳင္ႏိုင္တဲ့ ေလာက္ေလာက္လားလား သူပုန္အထိ ျဖစ္မလာခဲ့ပါဘူး။ ဒါ့ျပင္ ၁၉၈၈ ခုႏွစ္ KIA ဟာ ေမာင္းျပန္ ႐ိုင္ဖယ္ကိုေတာင္သူတို႔အတြက္ ေလာက္ငွ႐ုံသာ ကိုင္ႏိုင္တဲ့ အေျခအေနပါ။ ကိုယ္ပိုင္ မထုတ္လုပ္ႏိုင္ေသးပါဘူး။

ခု ၂ဝ၂၁ ခုႏွစ္ က်ေတာ့ မတူေတာ့ပါဘူး။ KIA ဟာ ဗမာလူငယ္တအုပ္တမႀကီးကို လိုင္ဇာအထိ တကူးတက သင္တန္း ေခၚေပး၊ သူပုန္လုပ္ခိုင္းတာမ်ိဳး မလုပ္ေတာ့ဘဲ သူ႔ေဒသမွာပဲသူေနၿပီး Type 81 ေမာင္းျပန္႐ိုင္ဖယ္ အလက္ရာနဲ႔ခ်ီ ပို႔ေပး လိုက္တာက သူ႔အတြက္ ပိုအလုပ္ျဖစ္ပါတယ္။ ၂ဝ၂၁ ခုႏွစ္မွာက်ေတာ့ KIA ဟာ ေမာင္းျပန္ေသနတ္ကိုလည္း ဗုံးေပါလေအာ ထုတ္ႏိုင္တဲ့ အေျခအေနရွိေနၿပီေလ။

အဲဒီေတာ့ စစ္ကိုင္း ဗမာလူငယ္ထုဟာ သူပုန္အသစ္က်ပ္ခြၽတ္ကေလးေတြ အျဖစ္ေျပာင္းလဲသြားၿပီး စစ္ကိုင္းေဒသဟာ ယမ္းခိုးအႀကီးအက်ယ္ေဝပါေတာ့တယ္။ သူ ေလ့က်င့္ေပးလိုက္တဲ့ ဗမာလူငယ္ထုကပဲ ဗမာလူမ်ားစုပါဝင္တဲ့ အစိုးရ တပ္မေတာ္ကို အႀကီးအက်ယ္ ျပန္ခ်ေနၾကတာဟာ လူမ်ိဳးစြဲအေတြးႀကီးတဲ့ KIA အတြက္ေတာ့ တကယ့္ကို မဟာေအာင္ပြဲပါဘဲ။

စစ္ကိုင္းေဒသတစ္ခုလုံးအတြက္ေတာ့ နစ္နာဆုံးရႈံးမႈက အရမ္းႀကီးမားပါတယ္။ စစ္ကိုင္းဟာ အသက္ေပါင္းမ်ားစြာ၊ အိုးအိမ္ေပါင္းမ်ားစြာ၊ ဘဝေပါင္းမ်ားစြာ စုတ္ျပတ္သြားခဲ့ၿပီး ဒါကို ျပည္တြင္း/ျပည္ပ ေဘးတီးသူအခ်ိဳ႕က Democracy အေရးလက္နက္ကိုင္တိုက္ပြဲဝင္သူ စစ္ကိုင္းသူရဲေကာင္းေတြအျဖစ္ ေျမႇာက္ေပးၾကပါတယ္။

႐ိုးသားသူ စစ္ကိုင္းသား ဗမာစစ္စစ္လူငယ္ထုကလည္း ဒါကို ေက်နပ္သာယာၾကပါတယ္။ သူတို႔ မသိလိုက္တာေတြက အမ်ားႀကီးရယ္ပါ။ KIA ကေတာ့ ေနာက္ကြယ္ကေန ၿပဳံးၿပဳံးႀကီး ၾကည့္ေနပါတယ္။

ဒီအခ်က္ကို ျမန္မာ့တပ္မေတာ္ဟာလည္း အေတာ္ေလးကို အခ်ိန္ယူကုစားရမယ္ထင္ပါတယ္။ တကယ့္ Master Strategy ခ်မွတ္ၿပီး တပ္နဲ႔ျပည္သူၾကား ရင္ၾကားေစ့အျမင္ ျပန္လည္ကုစားေရးစီမံခ်က္ကို နည္းလမ္းေပါင္းစုံ ခ်မွတ္လုပ္ ေဆာင္မွ ရမယ္ထင္ပါတယ္။ အခ်ိန္လည္း ၾကာႏိုင္ပါတယ္။

ေနာက္ထပ္ KIA အျမတ္ထြက္တဲ့ တတိယအခ်က္ကို က်ေနာ္ ဆက္ေရးပါမယ္။
(၃)အခ်က္ KIA အတြက္ လႈပ္ရွားနယ္ေျမ(ဝါ)ထိန္းခ်ဳပ္နယ္ေျမမ်ား ပိုမိုလာႏိုင္ျခင္း၊ ဒီထက္မက ထပ္တိုး သုံးသပ္ရလွ်င္ စီးပြားေရးအရ ဗ်ဴဟာေျမာက္ ထိန္းခ်ဳပ္နယ္ေျမမ်ား တိုးလာႏိုင္ျခင္းဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းမဆို ေငြေၾကးနဲ႔ရပ္တည္ရတာ ျဖစ္ပါတယ္။ ျမန္မာျပည္ရဲ႕ အမ်ိဳးမ်ိဳးေသာ လက္နက္ ကိုင္ေတြထဲကမွ KIA ဟာ စီးပြားေရးအရ ေတာင့္တင္းတဲ့ အဖြဲ႕မ်ိဳးထဲမွာ ပါဝင္ပါတယ္။
ဘာလို႔လဲဆိုေတာ့ KIA လႈပ္ရွားေဒသေတြထဲမွာ သယံဇာတထြက္တဲ့ ေဒသအမ်ားအ ျပား ပါဝင္ေနပါတယ္။ ေက်ာက္စိမ္း၊ ႐ႊ၊ ပယင္း၊ သတၱဳ၊ သစ္ တရားမဝင္လမ္းေၾကာင္းေတြနဲ႔ KIA ဟာ ႀကီးပြားခ်မ္းသာပါတယ္။ ဒါ့ျပင္ ကခ်င္ျပည္နယ္တြင္း ကခ်င္၊ ရွမ္းနီေဒသခံလူထုဆီကရတဲ့ ဆက္ေၾကးကလည္း တစ္ႏွစ္တစ္ႏွစ္ တနင့္တပိုး ရပါတယ္။
ဒါ့ေၾကာင့္ ဒီ ၂ဝ၂၁ အေရးအခင္းႀကီး ေနာက္ပိုင္းမွာ KIA တပ္ဖြဲ႕အခ်ိဳ႕ဟာ စစ္ကိုင္းတိုင္း ေဒသေတြထဲအထိ ေပၚေပၚထင္ထင္ ဝင္ေရာက္လႈပ္ရွားလာတာ ရွိပါတယ္။ KIA ဟာ သူ႔အတြက္ မက်န္ရင္ ယင္ေတာင္မ႐ိုက္ဘူး ဆိုသလိုပဲ KIA မွာ အေၾကာင္းရွိတယ္လို႔ ယုံၾကည္ရပါတယ္။ သူ ဝင္ေရာက္လႈပ္ရွားတဲ့ စစ္ကိုင္းေဒသေတြဟာ သယံဇာတထြက္ရွိတဲ့ ေန ရာေတြ ျဖစ္ပါတယ္။ ပင္လည္ဗူးေဒသ၊ ေကာလင္းေဒသ၊ ခ်င္းတြင္းအထက္ပိုင္း၊ မူးျမစ္အထက္ပိုင္းေဒသေတြမွာ KIA တပ္ေတြ ဝင္ေရာက္လာလို႔ ျမန္မာ့တပ္မ ေတာ္နဲ႔ တိုက္ပြဲမ်ား အႀကီးအက်ယ္ ျဖစ္ပြားခဲ့ပါတယ္။

စစ္ကိုင္းတိုင္းေျမာက္ပိုင္း၊ ခ်င္းတြင္းျမစ္အထက္ပိုင္းက အခ်ိဳ႕ ခိုးတူးေ႐ႊေမွာ္ေတ၊ တပိုင္တႏိုင္ေရနံတြင္းေတြ၊ သစ္ခိုး ထုတ္ရာေနရာေတြ ဒါေတြဟာ အမ်ိဳးမ်ိဳးေသာ ဝင္ေငြလမ္းေၾကာင္းေတြနဲ႔ စီးဆင္းေနၿပီး (အကယ္ေ႐ြ႕သာ) KIA ဟာ ထိန္းခ်ဳပ္နယ္ေျမတိုးလာခဲ့ရင္ Local PDF အကူအညီနဲ႔ သူရဲ႕ ဝင္ေငြလည္း တိုးပြားလာစရာလည္း ရွိပါတယ္။ Local PDF ဆိုတာလည္း သူဩဇာခံမို႔ စစ္ကိုင္းေဒသမွာ စီးပြားေရးအရ ဗ်ဴဟာေျမာက္အက်ိဳးအျမတ္ေတြ KIA အတြက္ မက္ ေလာက္စရာ ရွိေနပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ မ်ားမ်ားစားစား ႀကိဳမခန႔္မွန္းခ်င္လို႔ အခ်က္(၁)ခ်က္အေနနဲ႔ ေခါင္းစဥ္ေဖာ္ မေရးေတာ့ဘဲ သာမန္ ခန႔္မွန္းခ်က္အေနနဲ႔သာေရးပါမယ္။ KIA ဟာ တ႐ုတ္နဲ႔ US ၾကားမွာ ဗ်ဴဟာ ခြခ်က္တတ္ေၾကာင္း က်ေနာ္ Post ေတြ ေရးခဲ့ ဖူးပါတယ္။ ဒါ့အျပင္ KIA ဌာနခ်ဳပ္ လိုင္ဇာဟာ ျမန္မာ့တပ္မေတာ္ သိမ္းပိုက္ထားတဲ့ ေတာင္ကုန္းေတြ ပတ္လည္ရဲ႕ အာက္က ဒယ္အိုးခ်ိဳင့္ေလးမို႔ လိုင္ဇာဟာ အခ်ိန္မေ႐ြး အႏၲရာယ္ရွိေၾကာင္း KIA လည္း ေကာင္းေကာင္း သေဘာ ေပါက္ပါတယ္။

ဒါ့ေၾကာင့္ တစ္ေန႔ တ႐ုတ္နဲ႔ သူတို႔ အဆင္မေျပခဲ့ရင္၊ ျမန္မာ့တပ္မေတာ္ကလည္း သူတို႔ ဌာနခ်ဳပ္လိုင္ဇာကို ၿခိမ္း ေျခာက္လာခဲ့ရင္ ဌာနခ်ဳပ္သစ္တစ္ခုကို ေျပာင္းကို ေျပာင္းရမယ္လို႔ ေတြးဆခ်က္ရွိပုံရပါတယ္။ သူတို႔ စဥ္းစားတဲ့ ၎ဌာန ခ်ဳပ္သစ္ဟာ ကခ်င္ျပည္ နယ္ရဲ႕ အျခားေနရာသစ္တစ္ခုလည္း ျဖစ္ခ်င္ျဖစ္မယ္၊ စစ္ကိုင္းတိုင္းေျမာက္ပိုင္း ေနရာတစ္ခု လည္း ျဖစ္ခ်င္ျဖစ္မယ္(တစ္ခုခုေတာ့ ျဖစ္ႏိုင္ပါတယ္)။ အဲဒီတစ္ခါ ထိုဌာနခ်ဳပ္သစ္ကို ရံဖို႔ Buffer Areas အျဖစ္ စစ္ကိုင္း ကို ေ႐ြးခ်ယ္ၿပီး စစ္ကိုင္းေဒသကို စနစ္တက် စစ္မီးေတာက္ေစခဲ့သလားလို႔ ေတြးစရာပါဘဲ(ဒါကေတာ့ ခန႔္မွန္း ခ်က္သက္သက္ပါ၊ မွားေကာင္းလည္း မွားႏိုင္ပါတယ္)။

မည္သို႔ပင္ဆိုေစ ၂ဝ၂၁ အေရးအခင္းဟာ KIA အတြက္ အက်ိဳးအျမတ္ထြက္တဲ့ Master Profit ပြဲႀကီးပါဘဲ။ ေသခ်ာတာ ေတာ့ ဒီပြဲမွာ KIA ဝင္ပါခဲ့တာ NUG/PDF အတြက္လည္း မဟုတ္ဘူး၊ ဒီမိုကေရစီေရးအတြက္လည္း မဟုတ္ဘူး၊ သူ႔အတြက္သူ ဆိုတာေတာ့ ေလ့ လာသူေတြသာ သိႏိုင္တဲ့အခ်က္ပဲ ျဖစ္ပါတယ္။

KIA အက်ိဳးအျမတ္ထုတ္သမွ် နင့္ေနေအာင္ ခံစားရတဲ့ ၅ ဒသမ ၃ သန္းေသာ စစ္ကိုင္း တိုင္းသူ၊ တိုင္းသားမ်ား အျမန္ဆုံး ၿငိမ္းေအးခ်မ္းသာၿပီး ေဘးဘယာ ေဝးကြာ ၾကပါေစ။

(မွတ္ခ်က္ - စစ္ကိုင္းတိုင္းရဲ႕ ပထဝီတည္ေနရာေတြကို အၾကမ္းဖ်င္းနားလည္မွ ဖတ္ရတာ အဆင္ေျပပါမယ္၊ စစ္ကိုင္း တိုင္းေျမပုံနဲ႔တြဲၾကည့္ပါ)

ေဆာင္းပါးရွင္ လင္းထင္ေမာင္ေမာင္၏ ေရးသားခ်က္ကုိ NP News က ခြင့္ျပဳခ်က္ယူ၍ ထပ္ဆင့္ျပန္လည္ေဖာ္ျပေပးျခင္း ျဖစ္ပါသည္။

Picture

Ko Moe

18/07/2022 17:45

စဖြစ်လောက်ကတည်းက သူများတွေ ပြောနေကြတာပါ။အရည်အချင်းမရှိ ဂွန်လောက်ပဲ ဖန်တတ်တဲ့ ဝန်ထမ်းအစုပ်အပဲ့ တွေကြောင့် တိုင်းပြည်အထိနာနေကြရတာပါ။ပြည်သူကို အင်တာနက်နဲ့ မစည်းလုံးနဲ့ မင်းတို့ ဘယ်တော့မှ လွယ်လွယ် မရဘူး။ပြည်သူကို အိမ်အရောက် ရွာ အရောက် မြို့အရောက် ဝေဟင်ကနေ သတင်းအတိအကျ အာမခံတဲ့ စာရွက်စာတန်း တွေ သုံးကြရမှာပဲ ဖြစ်ပါတယ်။ ဆီ အကုန်ခံပါ လို့ တော့ ပြောချင်ပါတယ်။တိုးတက်အောင်တော့ မလုပ်ပေးပဲ လအ ဖြစ်အောင်ထား ခဲ့တာကိုး။စစ်ကိုင်းသားတွေကို ရန်တိုက်ခဲ့တာ ကျေးနီတောင် အဓိကပါပဲ။ဦးပိုင်ကို မုန်းနေတာဟာ ဒီပွဲမှာ အတိအကျ သုံးသွားတာပါပဲ။နောက် ကျောက်သွားတူးနေတာက လည်း တစ်မျိူး စစ်ကိုင်းသားတွေ ကချင်မှာပဲ နေကြမွေးကြတာများပါတယ်

Related news

© 2021. All rights reserved.