မြန်မာလူဦးရေ ၄ဝ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနှုန်းအောက်ရှိနေပြီး မြန်မာ့စီးပွားရေးအလားလာ အားနည်းချက်များရှိနေ

 968

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂
၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၄ဝ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနှုန်းအောက်ရောက်ရှိနေပြီး မြန်မာ့ စီးပွားရေးအလားလာဟာ အားနည်းချက်များနဲ့ ကြီးမားတဲ့အန္တရာယ်များရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်အရ ၂ဝ၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ ၂ဝ၁၉ နှစ်ကထက် ၁၃ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိနေကြောင်း၊ ပြီးခဲ့တဲ့နှစ်က မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ကုန်ဆုံးမယ့် ပြီးဆုံးမယ့် ဘဏ္ဍာနှစ်အတွင်း ၃ ရာခိုင်နှုန်းခန့် တိုးတက်လာဖွယ်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာ့စီးပွားရေးတိုးတက်ရေးအတွက် အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပြီး ယူကရိန်း စစ်ပွဲသက်ရောက်မှု၊ ပြည်တွင်းပဋိပက္ခမြင့်တက်လာမှု၊ လျှပ်စစ်ဓါတ်အားလိုအပ်ချက်၊ ဘဏ္ဍာရေးနှင့် ပို့ဆောင်ရေးအခက်အခဲ အတားအဆီးတွေက မြန်မာနိုင်ငံရဲ့ စားသုံးကုန်များစျေးနှုန်းမြင့်တက်လာစေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ပေါ်လစီအသစ်များ ထုတ်ပြန်ခြင်းကလည်း စီးပွားရေးလုပ်ငန်းရှင်များကြား မရေရာမှုများဖြစ်လာစေခဲ့တယ်လို့ ကမ္ဘာ့ဘဏ် က ဆိုပါတယ်။

"မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုများ ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ နိုင်ငံတွေထဲ ပါဝင်ခဲ့တယ်။ ဒီနှစ်မှာ စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ အခြားနိုင်ငံနဲ့နှိုင်းယှဉ်ရင် နောက်ကျ ကျန်နေသေးတယ်လို့ ခန့်မှန်းမိတယ်။ ပြည်တွင်းပဋိပက္ခများမြင့်တက်နေချိန်မှာ ဆင်းရဲမှုနှုန်း တိုးလာမှု၊ အစား အစာမလုံလောက်မှုနဲ့ အိမ်ထောင်စုများရဲ့ဝင်ငွေကျဆင်းမှုများနဲ့အတူ မြန်မာပြည်သူတွေရဲ့ခံနိုင်ရည်ကို စမ်းသပ်မှု တွေ ဆက်လက်ရှိလာနိုင်တယ်" လို့ ကမ္ဘာ့ဘဏ် ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် ဖြစ်သူ မာရီယမ် ရှာမန်က လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ကင်အက်ဝက်ဒ်က "စီးပွားရေးကျဆင်းမှုများရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၂ လအတွင်း မြန်မာာနိုင်ငံရဲ့ကဏ္ဍအချို့မှာ စီးပွားရေးလုပ်ဆောင်တာမျိုးတွေ ရှိနေခဲ့ပါတယ်။ မြန်မာ့ စီးပွားရေးလုပ်ငန်းရဲ့ လိုက်လျောညီထွေကိုပြသခဲ့တာလည်းဖြစ်တယ်။ ပဋိပက္ခဖြစ်ပွားမှု သယ်ယူပို့ဆောင်ရေး အတားအဆီးများ၊ ကုန်စျေးနှုန်းမြင့်တက်ခြင်းတွေက စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်ဖို့ ကျဆင်းစေခဲ့တယ်။ အိမ်ထောင်စုတွေရဲ့ဝင်ငွေနည်းပါးပြီး ကုန်စျေးနှုန်းကြီးနေခြင်းက မြန်မာ့စီးပွားရေးနဲ့လုပ်ငန်းများအတွက် စိန်ခေါ်မှု များဖြစ်နေတယ်" လို့ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းကလည်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအားလုံးကို အတားအဆီးများ ဖြစ်လာစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

CPI ရဲ့နောက်ဆုံးထုတ်ပြန်တဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်း ဟာ မတ်လအတွင်း ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိနေခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့စွမ်းအင် စျေးနှုန်းမြင့်တက်လာတာ ကြောင့် ပြည်တွင်းမှာလည်း စွမ်းအင်စျေးနှုန်းမြင့်တက်ခြင်းနဲ့အတူ သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခဲ့ သလို မီးမကြာခဏပျက်ခြင်းကြောင့် ဒီဇယ်သုံးဂျင်နရေတာများ သုံးစွဲမှုကုန်ကျစရိတ်များလည်း မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာလူဦးေရ ၄ဝ ရာခိုင္ႏႈန္းက ဆင္းရဲမြဲေတမႈႏႈန္းေအာက္ရွိေနၿပီး ျမန္မာ့စီးပြားေရးအလားလာ အားနည္းခ်က္မ်ားရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂
၂ဝ၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံရွိ လူဦးေရ ၄ဝ ရာခိုင္ႏႈန္းဟာ ဆင္းရဲမြဲေတမႈႏႈန္းေအာက္ေရာက္ရွိေနၿပီး ျမန္မာ့ စီးပြားေရးအလားလာဟာ အားနည္းခ်က္မ်ားနဲ႔ ႀကီးမားတဲ့အႏၲရာယ္မ်ားရွိေနဆဲျဖစ္တယ္လို႔ ကမာၻ႔ဘဏ္က ဆိုပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ထုတ္ျပန္ခ်က္အရ ၂ဝ၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံရဲ႕ဂ်ီဒီပီဟာ ၂ဝ၁၉ ႏွစ္ကထက္ ၁၃ ရာခိုင္ႏႈန္း က်ဆင္းဖြယ္ရွိေနေၾကာင္း၊ ၿပီးခဲ့တဲ့ႏွစ္က ျမန္မာ့စီးပြားေရးဟာ ၁၈ ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ၿပီးေနာက္ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလမွာ ကုန္ဆုံးမယ့္ ၿပီးဆုံးမယ့္ ဘ႑ာႏွစ္အတြင္း ၃ ရာခိုင္ႏႈန္းခန႔္ တိုးတက္လာဖြယ္ရွိေန ေၾကာင္း ကမာၻ႔ဘဏ္က ခန႔္မွန္းေဖာ္ျပထားပါတယ္။

ဒါေပမယ့္ ျမန္မာ့စီးပြားေရးတိုးတက္ေရးအတြက္ အကန႔္အသတ္ေတြ ရွိေနဆဲျဖစ္ၿပီး ယူကရိန္း စစ္ပြဲသက္ေရာက္မႈ၊ ျပည္တြင္းပဋိပကၡျမင့္တက္လာမႈ၊ လွ်ပ္စစ္ဓါတ္အားလိုအပ္ခ်က္၊ ဘ႑ာေရးႏွင့္ ပို႔ေဆာင္ေရးအခက္အခဲ အတားအဆီးေတြက ျမန္မာႏိုင္ငံရဲ႕ စားသုံးကုန္မ်ားေစ်းႏႈန္းျမင့္တက္လာေစခဲ့တယ္လို႔ ကမာၻ႔ဘဏ္က ဆိုပါတယ္။

ေပၚလစီအသစ္မ်ား ထုတ္ျပန္ျခင္းကလည္း စီးပြားေရးလုပ္ငန္းရွင္မ်ားၾကား မေရရာမႈမ်ားျဖစ္လာေစခဲ့တယ္လို႔ ကမာၻ႔ဘဏ္ က ဆိုပါတယ္။

"ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ကမာၻေပၚမွာ အဆိုး႐ြားဆုံး စီးပြားေရးက်ဆင္းမႈမ်ား ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရတဲ့ ႏိုင္ငံေတြထဲ ပါဝင္ခဲ့တယ္။ ဒီႏွစ္မွာ စီးပြားေရးျပန္လည္ေကာင္းမြန္လာေစဖို႔ အျခားႏိုင္ငံနဲ႔ႏႈိင္းယွဥ္ရင္ ေနာက္က် က်န္ေနေသးတယ္လို႔ ခန႔္မွန္းမိတယ္။ ျပည္တြင္းပဋိပကၡမ်ားျမင့္တက္ေနခ်ိန္မွာ ဆင္းရဲမႈႏႈန္း တိုးလာမႈ၊ အစား အစာမလုံေလာက္မႈနဲ႔ အိမ္ေထာင္စုမ်ားရဲ႕ဝင္ေငြက်ဆင္းမႈမ်ားနဲ႔အတူ ျမန္မာျပည္သူေတြရဲ႕ခံႏိုင္ရည္ကို စမ္းသပ္မႈ ေတြ ဆက္လက္ရွိလာႏိုင္တယ္" လို႔ ကမာၻ႔ဘဏ္ ကေမာၻဒီးယား၊ လာအိုနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာဌာေန ကိုယ္စားလွယ္ ျဖစ္သူ မာရီယမ္ ရွာမန္က လို႔ ေျပာပါတယ္။

ဒါ့အျပင္ ကမာၻ႔ဘဏ္ရဲ႕အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ကင္အက္ဝက္ဒ္က "စီးပြားေရးက်ဆင္းမႈမ်ားရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ျမန္မာာႏိုင္ငံရဲ႕က႑အခ်ိဳ႕မွာ စီးပြားေရးလုပ္ေဆာင္တာမ်ိဳးေတြ ရွိေနခဲ့ပါတယ္။ ျမန္မာ့ စီးပြားေရးလုပ္ငန္းရဲ႕ လိုက္ေလ်ာညီေထြကိုျပသခဲ့တာလည္းျဖစ္တယ္။ ပဋိပကၡျဖစ္ပြားမႈ သယ္ယူပို႔ေဆာင္ေရး အတားအဆီးမ်ား၊ ကုန္ေစ်းႏႈန္းျမင့္တက္ျခင္းေတြက စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားထုတ္လုပ္ဖို႔ က်ဆင္းေစခဲ့တယ္။ အိမ္ေထာင္စုေတြရဲ႕ဝင္ေငြနည္းပါးၿပီး ကုန္ေစ်းႏႈန္းႀကီးေနျခင္းက ျမန္မာ့စီးပြားေရးနဲ႔လုပ္ငန္းမ်ားအတြက္ စိန္ေခၚမႈ မ်ားျဖစ္ေနတယ္" လို႔ေျပာပါတယ္။

ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေနျခင္းကလည္း ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းအားလုံးကို အတားအဆီးမ်ား ျဖစ္လာေစခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ဆိုပါတယ္။

CPI ရဲ႕ေနာက္ဆုံးထုတ္ျပန္တဲ့ ေငြေၾကးေဖာင္းပြမႈဆိုင္ရာ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံရဲ႕ေငြေၾကးေဖာင္းပြမႈႏႈန္း ဟာ မတ္လအတြင္း ၁၇ ဒသမ ၃ ရာခိုင္ႏႈန္းရွိေနခဲ့တယ္လို႔ သိရပါတယ္။ ကမာၻ႔စြမ္းအင္ ေစ်းႏႈန္းျမင့္တက္လာတာ ေၾကာင့္ ျပည္တြင္းမွာလည္း စြမ္းအင္ေစ်းႏႈန္းျမင့္တက္ျခင္းနဲ႔အတူ သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ား ႀကီးျမင့္လာခဲ့ သလို မီးမၾကာခဏပ်က္ျခင္းေၾကာင့္ ဒီဇယ္သုံးဂ်င္နေရတာမ်ား သုံးစြဲမႈကုန္က်စရိတ္မ်ားလည္း ျမင့္တက္လာခဲ့ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.