မူဆယ်မြို့ရှိ ကားဝပ်ရှော့ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ ကားသုံးစီးထက်မနည်း မီးလောင်ပျက်စီး
850
NP News - ဇူလိုင် ၂၄
ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ကားဝပ်ရှော့ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ ကားသုံးစီထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိသည်။
မူဆယ်မြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကိုအားတီကားဝပ်ရှော့ရုံတွင် ယနေ့ (ဇူလိုင်လ ၂၄ ရက်) နံနက် ၂ နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီး လောင်မီးမှုဖြစ်စဉ်အနီးနေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
“မီးအားက ကြီးတယ်။ နံနက် ၄ နာရီလောက်မှာ မီးငြိမ်းသွားတယ်။ ကားသုံးစီးလည်း မီးထဲပါသွားတယ်။ တခြားကားပစ္စည်းတွေလည်း မီးလောင်သွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
၎င်းမီးလောင်မှုကို မီးသတ်ကားများလာရောက်ငြှိမ်းသတ်ခဲ့သကဲ့သို့ ရပ်ကွက်အတွင်းနေထိုင်သူများကလည်း လာရောက်ငြိမ်း သတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
zawgyi version
NP News - ဇူလိုင် ၂၄