ချမ်းအေးသာစံမြို့နယ်တွင် တိုက်ပြိုကျမှုကြောင့် အမျိုးသား (၂)ဦးသေဆုံးမှုဖြစ်ပွား

1217

ရဲပြည့် (NP News) - ဇူလိုင် ၂၄
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် အနောက်ရပ်ကွက်၊ ၂၉ လမ်းကြားတွင် တိုက်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသား (၂)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နံနက် ၃ နာရီ ၄၃ မိနှစ်အချိန်တွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာသို့ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပြိုကျမှုကြောင့် သေဆုံးသွားခဲ့သူနှစ်ဦးအား ဈေးချိုအရန်မီးသတ်စခန်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုက်ပြိုကျမှုကြောင့် သေဆုံးသွားခဲ့သည့် အမျိုး သား(၂)ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးကိုပါ ဆေးကုသမှုများဆောင်ရွက်ပေးနေပြီး တိုက်အောက်တွင် ပိနေသည့် အမျိုးသားတစ်ဦးကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း လူမှုကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ မာလာဝင်း တောင်ရိုးတန်းလမ်းရှိ အထက(၅)ကျောင်း၏ အုတ်တံတိုင်းပြိုကျမှုကြောင့် လူ(၅) ဦးသေဆုံးသွားခဲ့ဖြစ်စဉ်တစ်ခုရှိခဲ့သည်။

zawgyi version
ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ တိုက္ၿပိဳက်မႈေၾကာင့္ အမ်ိဳးသား (၂)ဦးေသဆုံးမႈျဖစ္ပြား
ရဲျပည့္ (NP News) - ဇူလိုင္ ၂၄
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ အေနာက္ရပ္ကြက္၊ ၂၉ လမ္းၾကားတြင္ တိုက္ၿပိဳက်မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ အမ်ိဳးသား (၂)ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ကနဦးထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္သည္ ယေန႔(ဇူလိုင္လ ၂၄ ရက္)၊ နံနက္ ၃ နာရီ ၄၃ မိႏွစ္အခ်ိန္တြင္ျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အခင္းျဖစ္ပြားရာေနရာသို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီး၊ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ပရဟိတအသင္းဝင္မ်ား၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တိုက္ၿပိဳက်မႈေၾကာင့္ ေသဆုံးသြားခဲ့သူႏွစ္ဦးအား ေဈးခ်ိဳအရန္မီးသတ္စခန္းမွ ယာဥ္ျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
တိုက္ၿပိဳက်မႈေၾကာင့္ ေသဆုံးသြားခဲ့သည့္ အမ်ိဳး သား(၂)ဦးအျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၃)ဦးကိုပါ ေဆးကုသမႈမ်ားေဆာင္႐ြက္ေပးေနၿပီး တိုက္ေအာက္တြင္ ပိေနသည့္ အမ်ိဳးသားတစ္ဦးကို ကူညီကယ္ဆယ္ႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း လူမႈကယ္ဆယ္ေရးႏွင့္ မီးသတ္တပ္ဖြဲမ်ား၏ ေျပာျပခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၂ ရက္တြင္လည္း မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေ႐ႊေတာင္ရပ္ ကြက္၊ မာလာဝင္း ေတာင္႐ိုးတန္းလမ္းရွိ အထက(၅)ေက်ာင္း၏ အုတ္တံတိုင္းၿပိဳက်မႈေၾကာင့္ လူ(၅) ဦးေသဆုံးသြားခဲ့ျဖစ္စဥ္တစ္ခုရွိခဲ့သည္။