ဂျပန်နိုင်ငံမှာ ဆာကူရာဂျီမာမီးတောင် ပေါက်ကွဲမှုဖြစ်ပွား

 1300

ရောင်နီ (NP News) - ဇူလိုင် ၂၆
ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းမှာ ဆာကူရာဂျီမာမီးတောင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး မှုတ်ထုတ်လိုက်တဲ့ မီးတောင်ပြာများကြောင့် အနက်ရောင်မီးခိုးငွေ့များ လေထဲသို့ လွင့်ထွက်နေကာ နီးစပ်ရာမှာရှိတဲ့နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

အနီးအနားရှိမြို့တွေမှာ ထိခိုက်ပျက်စီးမှု (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ ချက်ချင်းမရရှိသေးပေမယ့် ည်း ဇူလိုင်လ ၂၄ ရက်၊ တနင်္ဂနွေနေ့ ညနေက ဒေသခံများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းဖို့ အကြံပြုထားပါတယ်။

ကာဂိုရှီမား မြို့အနီးရှိ ကျူးရှူးတောင်ဘက်စွန်းမှာတည်ရှိတဲ့ ဆာကူရာဂျီမားမီးတောင်ဟာ ဇူလိုင်လ ၂၄ ရက်၊ တနင်္ဂနွေနေ့ ည ၈ နာရီ ၅ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားပါတယ်။

ဂျပန်နိုင်ငံရှိ NHK အများသူငှာ ရုပ်မြင်သံကြားမှာပြသတဲ့ ဗီဒီယိုဖိုင်များအရ မီးတောင်ဝအနီး လိမ္မော်ရောင် မီးတောက်များလင်းလက်နေတာကိုမြင်တွေ့ရပြီး မီးတောင်ပေါက်ကွဲမှုသတိပေးချက်အဆင့်ကို ၅ အထိ တိုးမြှင့် ထားကာ အချို့နေရာများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းဖို့ အကြံပြုထားကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ ပါတယ်။

မြို့နှစ်မြို့မှ နေထိုင်သူ ၁၂ဝ ခန့်ကို ၎င်းတို့နေအိမ်များမှ ထွက်ခွာဖို့အကြံပြုထားပြီး မီးတောင်ထိပ်ဝမှ ၃ ကီလိုမီတာ (၁ ဒသမ ၉ မိုင်) အကွာရှိ ဧရိယာများမှာ မီးတောင်ကျောက်လွှာများ ကျဆင်းခြင်းနဲ့ ချော်ရည်များ၊ ပြာများနဲ့ ဓာတ်ငွေ့များ ၂ ကီလိုမီတာ (၁ ဒသမ ၂ မိုင်) အတွင်း စီးဆင်းလာနိုင်ကြောင်း အေဂျင်စီက သတိပေးထားပါတယ်။

ဒေသအာဏာပိုင်များက နောက်ဆုံးရသတင်းများကို အထူးဂရုပြုကြဖို့ အဆိုပါဒေသရှိ ဒေသခံများကို တိုက်တွန်း ထားပါတယ်။ အဆိုပါနေရာဟာ မီးတောင်ပေါက်ကွဲမှုအတွက် ကောင်းစွာပြင်ဆင်ထားပေမယ်လည်း သတိပေး ချက်အဆင့်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ရတဲ့အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မီးတောင်လှုပ်ရှားမှုအလိုက် အန္တရာယ်ဇုန်ပြောင်းလဲနိုင်တယ်လို့ မီးတောင်ပညာရှင်ရော်ဘက် ဂျော့အန်ဒရူးက ဆိုပါတယ်။

ဆာကူရာဂျီးမား မီးတောင်ဟာ ဂျပန်နိုင်ငံရဲ့အတတ်ကြွဆုံး မီးတောင်များထဲမှတစ်ခုဖြစ်ပြီး အဆင့်အမျိုးမျိုးနဲ့ ပေါက်ကွဲလေ့ရှိကာ ၂ဝ၁၉ ခုနှစ်က ၎င်းရဲ့ ၅ ဒသမ ၅ ကီလိုမီတာ (၃ ဒသမ ၄ မိုင်) အမြင့်သို့ မီးတောင်ပြာများ ထုတ်လွှတ်ခဲ့ဖူးပါတယ်။

https://www.aljazeera.com/news/2022/7/24/sakurajima-volcano-erupts-kyushu-south-japan-evacuations?sf168371563=1

Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ ဆာကူရာဂ်ီမာမီးေတာင္ ေပါက္ကြဲမႈျဖစ္ပြား
ေရာင္နီ (NP News) - ဇူလိုင္ ၂၆
ဂ်ပန္ႏိုင္ငံေတာင္ပိုင္း က်ဴရႉးကြၽန္းမွာ ဆာကူရာဂ်ီမာမီးေတာင္တစ္ခု ေပါက္ကြဲမႈျဖစ္ပြားၿပီး မႈတ္ထုတ္လိုက္တဲ့ မီးေတာင္ျပာမ်ားေၾကာင့္ အနက္ေရာင္မီးခိုးေငြ႕မ်ား ေလထဲသို႔ လြင့္ထြက္ေနကာ နီးစပ္ရာမွာရွိတဲ့ေနထိုင္သူေတြကို ေ႐ႊ႕ေျပာင္းဖို႔ အႀကံျပဳထားတယ္လို႔ သိရပါတယ္။

အနီးအနားရွိၿမိဳ႕ေတြမွာ ထိခိုက္ပ်က္စီးမႈ (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိမႈသတင္းမ်ား ခ်က္ခ်င္းမရရွိေသးေပမယ့္ ည္း ဇူလိုင္လ ၂၄ ရက္၊ တနဂၤေႏြေန႔ ညေနက ေဒသခံမ်ားကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းဖို႔ အႀကံျပဳထားပါတယ္။

ကာဂိုရွီမား ၿမိဳ႕အနီးရွိ က်ဴးရႉးေတာင္ဘက္စြန္းမွာတည္ရွိတဲ့ ဆာကူရာဂ်ီမားမီးေတာင္ဟာ ဇူလိုင္လ ၂၄ ရက္၊ တနဂၤေႏြေန႔ ည ၈ နာရီ ၅ မိနစ္ခန႔္မွာ ေပါက္ကြဲခဲ့ေၾကာင္း ဂ်ပန္မိုးေလဝသေအဂ်င္စီ (JMA) က ေျပာၾကားပါတယ္။

ဂ်ပန္ႏိုင္ငံရွိ NHK အမ်ားသူငွာ ႐ုပ္ျမင္သံၾကားမွာျပသတဲ့ ဗီဒီယိုဖိုင္မ်ားအရ မီးေတာင္ဝအနီး လိေမၼာ္ေရာင္ မီးေတာက္မ်ားလင္းလက္ေနတာကိုျမင္ေတြ႕ရၿပီး မီးေတာင္ေပါက္ကြဲမႈသတိေပးခ်က္အဆင့္ကို ၅ အထိ တိုးျမႇင့္ ထားကာ အခ်ိဳ႕ေနရာမ်ားကိုေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းဖို႔ အႀကံျပဳထားေၾကာင္း ၎က ထပ္ေလာင္းေျပာၾကား ခဲ့ ပါတယ္။

ၿမိဳ႕ႏွစ္ၿမိဳ႕မွ ေနထိုင္သူ ၁၂ဝ ခန႔္ကို ၎တို႔ေနအိမ္မ်ားမွ ထြက္ခြာဖို႔အႀကံျပဳထားၿပီး မီးေတာင္ထိပ္ဝမွ ၃ ကီလိုမီတာ (၁ ဒသမ ၉ မိုင္) အကြာရွိ ဧရိယာမ်ားမွာ မီးေတာင္ေက်ာက္လႊာမ်ား က်ဆင္းျခင္းနဲ႔ ေခ်ာ္ရည္မ်ား၊ ျပာမ်ားနဲ႔ ဓာတ္ေငြ႕မ်ား ၂ ကီလိုမီတာ (၁ ဒသမ ၂ မိုင္) အတြင္း စီးဆင္းလာႏိုင္ေၾကာင္း ေအဂ်င္စီက သတိေပးထားပါတယ္။

ေဒသအာဏာပိုင္မ်ားက ေနာက္ဆုံးရသတင္းမ်ားကို အထူးဂ႐ုျပဳၾကဖို႔ အဆိုပါေဒသရွိ ေဒသခံမ်ားကို တိုက္တြန္း ထားပါတယ္။ အဆိုပါေနရာဟာ မီးေတာင္ေပါက္ကြဲမႈအတြက္ ေကာင္းစြာျပင္ဆင္ထားေပမယ္လည္း သတိေပး ခ်က္အဆင့္ကို အျမင့္ဆုံးအဆင့္သို႔ ျမႇင့္တင္လိုက္ရတဲ့အတြက္ အနည္းငယ္စိတ္မေကာင္းျဖစ္မိေၾကာင္းနဲ႔ မီးေတာင္လႈပ္ရွားမႈအလိုက္ အႏၲရာယ္ဇုန္ေျပာင္းလဲႏိုင္တယ္လို႔ မီးေတာင္ပညာရွင္ေရာ္ဘက္ ေဂ်ာ့အန္ဒ႐ူးက ဆိုပါတယ္။

ဆာကူရာဂ်ီးမား မီးေတာင္ဟာ ဂ်ပန္ႏိုင္ငံရဲ႕အတတ္ႂကြဆုံး မီးေတာင္မ်ားထဲမွတစ္ခုျဖစ္ၿပီး အဆင့္အမ်ိဳးမ်ိဳးနဲ႔ ေပါက္ကြဲေလ့ရွိကာ ၂ဝ၁၉ ခုႏွစ္က ၎ရဲ႕ ၅ ဒသမ ၅ ကီလိုမီတာ (၃ ဒသမ ၄ မိုင္) အျမင့္သို႔ မီးေတာင္ျပာမ်ား ထုတ္လႊတ္ခဲ့ဖူးပါတယ္။

https://www.aljazeera.com/news/2022/7/24/sakurajima-volcano-erupts-kyushu-south-japan-evacuations?sf168371563=1

Related news

© 2021. All rights reserved.