လူဦးရေ ၁၃ဝဝ ကျော်အထိ အလုပ်အကိုင် အခွင့်အလမ်းရရှိမည့် အထည်ချုပ်စက်ရုံ ပုသိမ်စက်မှုမြို့တော်အတွင်း စတင်လည်ပတ်

972

ဟိန်း (NP News) - ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုမြို့တော်ဝန်းအတွင်း လူဦးရေ ၁၃ဝဝ ကျော်အထိ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည့် အထည်ချုပ်စက်ရုံ စတင်လည်ပတ်နေပြီဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ-၂၅(ဃ)အရ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့် အမှတ် ဧရာ-ဝ၆၆/၂ဝ၂၁ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အဆိုပါ အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။
အဆိုပါအထည်ချုပ်လုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဝန်းအ တွင်း Shuang Xi (Pathein) Garment Co.,Ltd မှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၇ဝ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် CMP အထည်ချုပ်လုပ် ငန်း စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းအထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းများကို ပြည်ပမှမှာယူတင်သွင်း၍ ကုန် ချောအဖြစ် JAKO၊ UHL Sport အမှတ်တံဆိပ် အဝတ်အထည်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိစက်ရုံတွင် ပြည်ပနိုင်ငံသား (၃)ဦး၊ လုပ်သားဦးရေ (၄၆၈)ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး နောက်ပိုင်းတွင် လုပ်သားအသစ်များ ထပ်မံခန့်ထားသွားမည်ဖြစ်ကာ စုစုပေါင်း လုပ်သားဦးရေ (၁၃ဝဝ) ကျော်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် ဒေသ ခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသကဲ့သို့ ပြည်ပဝင်ငွေများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်စက်မှုမြို့တော်စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ငပုတောကားလမ်းဘေးရှိ မြေဧက ၆၇ဝဝ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါ ပုသိမ်စက်မှုဇုန်ဧရိယာအတွင်း အထည် ချုပ်လုပ်ငန်း စက်ရုံများအပြင် ပေါင်းဆန်စက်ရုံ၊ ရေထွက်ပစ္စည်းအအေးခန်းစက်ရုံ၊ မှန်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ပရိဘောဂစက်ရုံစသော စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

zawgyi version
လူဦးေရ ၁၃ဝဝ ေက်ာ္အထိ အလုပ္အကိုင္ အခြင့္အလမ္းရရွိမည့္ အထည္ခ်ဳပ္စက္႐ုံ ပုသိမ္စက္မႈၿမိဳ႕ေတာ္အတြင္း စတင္လည္ပတ္
ဟိန္း (NP News) - ဇူလိုင္ ၂၈
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္စက္မႈၿမိဳ႕ေတာ္ဝန္းအတြင္း လူဦးေရ ၁၃ဝဝ ေက်ာ္အထိ အလုပ္အကိုင္အခြင့္အလမ္း ရရွိမည့္ အထည္ခ်ဳပ္စက္႐ုံ စတင္လည္ပတ္ေနၿပီျဖစ္ ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွသိရသည္။
ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒ ပုဒ္မ-၂၅(ဃ)အရ ဧရာဝတီတိုင္းေဒသႀကီး ရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီမွ အတည္ျပဳမိန႔္ အမွတ္ ဧရာ-ဝ၆၆/၂ဝ၂၁ ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ အဆိုပါ အထည္ခ်ဳပ္လုပ္ငန္းကို လုပ္ကိုင္ရန္ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ သည္။
အဆိုပါအထည္ခ်ဳပ္လုပ္ငန္းကို ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္စက္မႈၿမိဳ႕ေတာ္ဝန္းအ တြင္း Shuang Xi (Pathein) Garment Co.,Ltd မွ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုး အေမရိကန္ေဒၚလာ ၂.၇၇ဝ သန္းျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး လက္ရွိတြင္ CMP အထည္ခ်ဳပ္လုပ္ ငန္း စတင္စမ္းသပ္လည္ပတ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ယင္းအထည္ခ်ဳပ္လုပ္ငန္းအတြက္ ကုန္ၾကမ္းမ်ားကို ျပည္ပမွမွာယူတင္သြင္း၍ ကုန္ ေခ်ာအျဖစ္ JAKO၊ UHL Sport အမွတ္တံဆိပ္ အဝတ္အထည္မ်ား ထုတ္လုပ္ၿပီး ျပည္ပသို႔ တင္ပို႔ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိစက္႐ုံတြင္ ျပည္ပႏိုင္ငံသား (၃)ဦး၊ လုပ္သားဦးေရ (၄၆၈)ဦးျဖင့္ လုပ္ကိုင္လ်က္ရွိၿပီး ေနာက္ပိုင္းတြင္ လုပ္သားအသစ္မ်ား ထပ္မံခန႔္ထားသြားမည္ျဖစ္ကာ စုစုေပါင္း လုပ္သားဦးေရ (၁၃ဝဝ) ေက်ာ္ျဖင့္ လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ျပည္ပႏိုင္ငံမ်ားမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္လာသည့္အတြက္ ေဒသ ခံမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိသကဲ့သို႔ ျပည္ပဝင္ေငြမ်ားလည္း ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
ပုသိမ္စက္မႈၿမိဳ႕ေတာ္စီမံကိန္းကို ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္၊ ငပုေတာကားလမ္းေဘးရွိ ေျမဧက ၆၇ဝဝ ေပၚတြင္ အေကာင္အထည္ေဖာ္ တည္ေဆာက္ေနျခင္းျဖစ္သည္။ အဆိုပါ ပုသိမ္စက္မႈဇုန္ဧရိယာအတြင္း အထည္ ခ်ဳပ္လုပ္ငန္း စက္႐ုံမ်ားအျပင္ ေပါင္းဆန္စက္႐ုံ၊ ေရထြက္ပစၥည္းအေအးခန္းစက္႐ုံ၊ မွန္စက္႐ုံ၊ ပလတ္စတစ္စက္႐ုံ၊ ဓာတ္ေျမဩဇာစက္႐ုံ၊ ပရိေဘာဂစက္႐ုံစေသာ စက္႐ုံမ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။