ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး အစိုးရသစ်တစ်ရပ်အမြန်ဆုံး ပြန်လည်ဖွဲ့စည်းရန် ထိုင်းအတိုက်ခံပါတီ တောင်းဆို

287

ဂျန်ဇက် (NP News) - ဇွန် ၂၁
ထိုင်းအတိုက်ခံပါတီတစ်ခုဖြစ်သော ပြည်သူပါတီခေါင်းဆောင်က ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး အစိုးရသစ် တစ်ရပ်အမြန်ဆုံး ပြန်လည်ဖွဲ့စည်းရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ ပြည်သူပါတီခေါင်းဆောင် နာတာပေါင် သည် ဇွန်လ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဆောင်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝါထရာကို နိုင်ငံရေးအရတာဝန်ယူခြင်းတာဝန်ခံခြင်းရှိရန်၊ လွှတ်တော်ကို ဖျက်သိမ်းရန်နှင့် အာဏာကို ပြည်သူထံ ပြန်လည်ပေးရန် တောင်းဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် နှင့် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌဖြစ်သူ ဟွန်ဆန်တို့ နယ်စပ်ဒေသအငြင်းပွားမှုများကို ဆွေးနွေးသည့် ဖုန်းအသံဖိုင်တစ်ခု လူသိရှင်ကြား အပြင်သို့ပေါက်ကြားလာခဲ့ပြီးနောက် ထိုင်းပြည်သူများကြား စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသံဖိုင်ပေါက်ကြားလာခဲ့ပြီးနောက် ထိုင်းအာဏာရ ညွှန်ပေါင်းပါတီတွင်ပါဝင်နေသည့် Bhumjaithai Party’ က အစိုးရအဖွဲ့အတွင်း ပူးပေါင်းပါဝင်ခြင်းမှပြန်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ပြည်သူပါတီခေါင်းဆောင် နာတာပေါင်က ''ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတဲ့ ပေတုံတန်ရှင်နာဝါထရာအပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ကျဆင်းသွားခဲ့တယ်။ ပေတုံတန်ရှင်နာဝါထရာ ဦးဆောင်တဲ့ ညွှန်ပေါင်းအစိုးရအဖွဲ့ဟာ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး ပေးထားတဲ့ကတိတွေကို လုပ်ဆောင်နိုင်စွမ်းမရှိဘူး၊ပြုပြင်ပြောင်းလဲခြင်းတွေလည်းမလုပ်ဆောင်နိုင်ဘူး။ ဒါကြောင့် ပေတုံတန်ရှင်နာဝါထရာဟာ ရာထူးကနုတ်ထွက်ဖို့ ၊ လွှတ်တော်ကိုဖျက်သိမ်းဖို့တောင်းဆိုလိုတယ်'' ဟု ပြောသည်။
ထိုင်းနိုင်ငံနှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပွားနေသည့်အခက်အခဲများကို ဖြေရှင်းခြင်းရာတွင် ထိုင်းစစ်တပ်က အာဏာသိမ်းခြင်း၊ ဝန်ကြီးချုပ် အပြောင်းအလဲလုပ်ဆောင်ခြင်းများနှင့်လည်း အလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြည်သူပါတီခေါင်းဆောင် နာတာပေါင်က ပြောသည်။

Zawgyi Version:
ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး အစိုးရသစ္တစ္ရပ္အျမန္ဆုံး ျပန္လည္ဖြဲ႕စည္းရန္ ထိုင္းအတိုက္ခံပါတီ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
ထိုင္းအတိုက္ခံပါတီတစ္ခုျဖစ္ေသာ ျပည္သူပါတီေခါင္းေဆာင္က ထိုင္းလႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး အစိုးရသစ္ တစ္ရပ္အျမန္ဆုံး ျပန္လည္ဖြဲ႕စည္းရန္ တိုက္တြန္းေတာင္းဆိုလိုက္သည္။ ျပည္သူပါတီေခါင္းေဆာင္ နာတာေပါင္ သည္ ဇြန္လ ၁၉ ရက္တြင္ သတင္းစာရွင္းလင္းပြဲတစ္ခုလုပ္ေဆာင္ခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ေပတုံတန္ရွင္နာဝါထရာကို ႏိုင္ငံေရးအရတာဝန္ယူျခင္းတာဝန္ခံျခင္းရွိရန္၊ လႊတ္ေတာ္ကို ဖ်က္သိမ္းရန္ႏွင့္ အာဏာကို ျပည္သူထံ ျပန္လည္ေပးရန္ ေတာင္းဆိုခဲ့သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ ႏွင့္ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠဌျဖစ္သူ ဟြန္ဆန္တို႔ နယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ေဆြးေႏြးသည့္ ဖုန္းအသံဖိုင္တစ္ခု လူသိရွင္ၾကား အျပင္သို႔ေပါက္ၾကားလာခဲ့ၿပီးေနာက္ ထိုင္းျပည္သူမ်ားၾကား စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအသံဖိုင္ေပါက္ၾကားလာခဲ့ၿပီးေနာက္ ထိုင္းအာဏာရ ၫႊန္ေပါင္းပါတီတြင္ပါဝင္ေနသည့္ Bhumjaithai Party’ က အစိုးရအဖြဲ႕အတြင္း ပူးေပါင္းပါဝင္ျခင္းမွျပန္႐ုတ္သိမ္းခဲ့ေၾကာင္း သိရသည္။ ျပည္သူပါတီေခါင္းေဆာင္ နာတာေပါင္က ''ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနတဲ့ ေပတုံတန္ရွင္နာဝါထရာအေပၚ ျပည္သူေတြရဲ႕ယုံၾကည္မႈ က်ဆင္းသြားခဲ့တယ္။ ေပတုံတန္ရွင္နာဝါထရာ ဦးေဆာင္တဲ့ ၫႊန္ေပါင္းအစိုးရအဖြဲ႕ဟာ ထိုင္းႏိုင္ငံနဲ႔ပတ္သက္ၿပီး ေပးထားတဲ့ကတိေတြကို လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူး၊ျပဳျပင္ေျပာင္းလဲျခင္းေတြလည္းမလုပ္ေဆာင္ႏိုင္ဘူး။ ဒါေၾကာင့္ ေပတုံတန္ရွင္နာဝါထရာဟာ ရာထူးကႏုတ္ထြက္ဖို႔ ၊ လႊတ္ေတာ္ကိုဖ်က္သိမ္းဖို႔ေတာင္းဆိုလိုတယ္'' ဟု ေျပာသည္။
ထိုင္းႏိုင္ငံႏွင့္ပတ္သက္ၿပီး လက္ရွိျဖစ္ပြားေနသည့္အခက္အခဲမ်ားကို ေျဖရွင္းျခင္းရာတြင္ ထိုင္းစစ္တပ္က အာဏာသိမ္းျခင္း၊ ဝန္ႀကီးခ်ဳပ္ အေျပာင္းအလဲလုပ္ေဆာင္ျခင္းမ်ားႏွင့္လည္း အလုပ္ျဖစ္မည္မဟုတ္ေၾကာင္း ျပည္သူပါတီေခါင္းေဆာင္ နာတာေပါင္က ေျပာသည္။