ဒီနှစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးတိုက်စစ်အတွဲများ အပိုင်း(၁)

 901

ရဲပြည့် (NP News) - ဇူလိုင် ၃ဝ
မင်္ဂလာပါ ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့ဆိုရင် ကစားသမားကောင်းတွေရှိဖို့လို အပ်သလို ကစားသမားတွေရဲ့စည်းလုံးညီညွတ်မှုရှိခြင်းကလည်း ဒီအသင်းကို သာမန်ထက်အဆင့်တစ်ခုက်ုပို့ဆောင်ပေးနေပါတယ်။ ဒါ့ပြင် အသင်းကို ဦးဆောင်မောင်းနှင်ပေးနိုင်မယ့် နည်ပြကောင်းတစ်ဦးလည်း လိုအပ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါသေးပါဘူး။ အသင်းရဲ့တိုက်စစ်မှာ ဂိုးတွေကို အဆက်မပြတ်သွင်းပေးနိုင်မယ့် တိုက် စစ်အတွဲတွေ လိုအပ်လာပါတယ်။ ဒီလိုတိုက်စစ်အတွဲတွေကလည်း ကျွန်တော်တို့တွေ တစ်နှစ်ပြီးတစ်နှစ် ရင်ခုန်စိတ်လှုပ်ရှားမှုတွေပေးစွမ်းနေနိုင်တာပါပဲဖြစ်ပါတယ်။ ဒါပေမယ့် ထင်သလောက်မထိရောက်ခဲ့တဲ့တိုက်စစ်အတွဲတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပြီးဖြစ်သလို အောင်မြင်မှုတွေကို အတူတကွရယူနိုင်ခဲ့တဲ့ တိုက်စစ်အတွဲတွေလည်း များစွာရှိခေဲ့ပါတယ်။ အဲတော့ ကျွန်တော်က ဒီနှစ်မှာ ကမ္ဘာ့အကောင်းဆုံး အ သင်းတွေရဲ့ တိုက်စစ်အတွဲတွေထဲမှာ ဘယ်အသင်းရဲ့ တိုက်စစ်က အကြမ်းဆုံးဖြစ်လာနိုင်မလဲဆိုတဲ့ အကြောင်းကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) ပထမဆုံးတိုက်စစ်အတွဲကတော့ ဟာလန်းကို ဝယ်ယူပြီး ချန်ပီယံလိဂ်ယူမယ်လို့ကြံနေတဲ့ မန်စီးတီးအသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ဟာလန်း၊ဒီဘရိုင်း၊ဖိုးဒန်ဆိုတဲ့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယာလိဂ်ပြည်တွင်းဖလားကို ရယူထားနိုင်ခဲ့ပေမယ့် အခုအချိန်အထိတော့ ဥရောပအောင်မြင်မှုကို ရယူနိုင်ခြင်းမရှိသေးတဲ့ အ ကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။ သူတို့အသင်းဟာ နှစ်တိုင်း ချန်ပီယံခြေစွမ်းကိုပြသနိုင်ခဲ့ပေမယ် ချန်ပီယံလိဂ်ရောက်တိုင်း အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ အသင်းမှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ဒီဘရိုင်း၊ ဖိုဒန်တို့နဲ့ဟာလန်းတို့ကိုသာ ပေါင်းစပ်လိုက်ရင် မန်စီးတီးတို့ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို အရယူသွားနိုင်မလား၊ ဒီတိုက်စစ်အတွဲနဲ့ ဘယ်လောက်အထိ အောင်မြင်မှုတွေရရှိနိုင်မလဲဆိုတာ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ခြေစမ်း ပွဲမှာ ပထမဆုံးသွင်းဂိုးရယူခဲ့တဲ့ ဟာလန်းကတော့ နောက်ထပ်ပွဲစဉ်တွေကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပါပြီလို့ ကြွေးကြော်ထားပါတယ်။ သူနဲ့သန်း(၁ဝဝ)တန် ဂရီးလစ်တို့ကြားက အတွဲညီညီ ကစားမှုတွေကလည်း အခြားအသင်းတွေအတွက် ခေါင်းစားစရာတစ်ခုဖြစ်လာနေပါပြီ။ ဒီတိုက်စစ်အတွဲဘယ်လောက်ခရီးရောက်နိုင်မလဲ စောင့်ကြည့်လိုက်ရအောင်ဗျာ။

(၂) နောက်ထပ်တိုက်စစ်အတွဲကတော့ လီဗာပူးအသင်းရဲ့ အပြောင်းအလဲတွေကြားက ထွက်ပေါ်လာတဲ့ ဆာလက်၊ နူးနက်၊ ဒီယက်စ်ဆိုတဲ့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီတိုက်စစ်ကို မြင်ယောင်ကြည့်လိုက်တာနဲ့တင် တော်တော်ကြောက်စရာကောင်းနေပြီဆိုတာ သိသာနေပါတယ်။ ဆာလက်က ပရီးမီးယားလိဂ်မှာ ပုံမှန် ဂိုး(၂ဝ)ကျော်သွင်းပေးနေတဲ့ကစားသမားတစ်ယောက်၊ လူးဝှစ်ဒီယက်စ်ရဲ့အတိုးအလှုပ်တွေကိုလည်း မနှစ်ကရာသီမှာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီးပါတယ်။ တစ်ဖက်မှာလည်း ခြေစမ်း ပွဲက ဝေဖန်သံတွေကို တစ်ပွဲတည်း(၄)ဂိုးသွင်းပြီးချေပလိုက်တဲ့ နူနက်စ်ရဲ့ တိုက်စစ်က စားပုံနဲ့ဆိုရင် ပြိုင်ဘက်အသင်းတွေအတွက်ကတော့ အိမ်မက်ဆိုးပါပဲ။ ဒါကတော့တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်တွေပေါ့။ ဒါပေမယ့် ဒီနှစ်ကတော့ ပထမဆုံး တွဲဖက်မယ့်တိုက်စစ်အတွဲဖြစ်တာကြောင့် ထင်ထားသလိုဖြစ်လာနိုင်ပါ့မလားဆိုတာကတော့ ကျွန်တော်တို့လာမယ့်ရာသီမှာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ မာနေးကို လက်လွှတ်လိုက်ရတဲ့ လီဗာပူးအသင်းအတွက် ဒီတိုက်စစ်နဲ့အတူ ကစားသမားအားလုံးရဲ့စုဖွဲ့မှုကို ဆက်လက်စောင့်ကြည့်လိုက်ရဖို့ရှိနေသလို မနှစ်ကလို ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာရှိနေနိုင်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ။

(၃) နောက်ထပ်ကတော့ ဘွန်းဒက်လီဂါဘုရင်ကြီးဖြစ်တဲ့ ဘိုင်ယန်းမြူးနစ်အသင်းရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ မာနေး၊ ဆာနေးနဲ့ မူးလာတို့ရဲ့တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီအတွဲအဖက်ကလည်း ဒီနှစ်မှမြင်တွေ့ရတဲ့ အတွဲအဖက်ဖြစ်တယ်။ ဆာနေးနဲ့မူးလာကတော့ အရင်တည်း ကစားနေကြတာဆိုတော့ ကိစ္စမရှိပေမယ့် လီဝန်ဒေါစကီးကို လက်လွှတ်ပြီး မာနေးပါဝင်လာတဲ့ သူတို့ရဲ့တိုက်စစ်က ဘယ်လောက်အထိ စွမ်း ဆောင်နိုင်မလဲ။ မာနေးကတော့ အသားကျပါ့မလားဆိုတဲ့မေးခွန်ပေါင်းများစွာကတော့ ရှိနေပေမယ့် သူတို့ရဲ့ခြေစမ်းပွဲရလဒ်တွေအရကတော့ အရမ်းဆိုးရွာတဲ့အနေအထားတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အဲဒီတော့ ဂျာမန်မြေကို ထပ်ကြီးစိုးနိုင်ဦးမလား။ မနှစ်က ဥရောပခြေစွမ်းတွေ မှေးမိန်ခဲ့မှုအပေါ်ဒီနှစ်မှာ အကောင်းဆုံးတုံ့ပြန်ပြန်သွားနိုင်မလားဆိုတာ ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်အတွဲလည်း ဖြစ်ပါတယ်။

(၄) နောက်ထပ်တိုက်စစ်အတွဲကတော့ အကောင်းဆုံးတွေပဲ စုဖွဲ့ထားပြီး ပန်းနဲ့ပေါက်နေသလိုကစားနေတဲ့ နာမည်ကြီးတဲ့ မက်ဆီ၊ နေမာ၊ ဘတ်ပီဆိုတဲ့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီ(၃)ယောက်ကို ပိုင်ဆိုင်ရဖို့ဆိုတာကတော့ နည်းပြတိုင်းရဲ့အိမ်မက်ဖြစ်လိမ့်မယ်လို့တော့ထင်ပါတယ်ဗျ။ စဉ်စားကြည့်လိုက်ပါ။ မက်ဆီဆိုတာ ရွှေဘောလုံးဆု (၇)ကြိမ်ရထားတဲ့ ကစားသမား ၊ နေမာဆိုတာ ဘရားဇီးလ်ဘောလုံးလောကမှာ နောက်ထပ်ထွက်ပေါ်လာတဲ့ ရွှေရောင်မျိုးဆက်၊ ဘတ်ပီဆိုတာကတော့ဗျာ ပြောမနေပါနဲ့တော့ အဲနှစ်ယောက်ပေါင်းရင်တော့ သူ့ကိုမမှီတော့လောက်အောင်ကောင်းတာ။ ဒါကြောင့်လည်း အသင်းက ရှေ့မရောက်ဘဲ ကစားသမားတွေရှေ့ရောက်နေတာပေါ့ဗျာ။ အဓိကပြောချင်တာကတော့ အသင်းကသာလျှင် နံပါတ်(၁)ဖြစ်သင့်ပါတယ်။ အသင်းအောင်မြင်ဖို့သာ အဓိကဖြစ်ရမယ့်အရာပါ။ အဲတော့ ဒီ(၃)ယောက်ကို ပိုင်ဆိုင်ခဲ့တဲ့ PSG အသင်းဒီနှစ်မှာရော ဘာထပ်လုပ်ပြနိုင်မလဲ။ ချန်ပီယံလိဂ်ယူဖို့ ထပ်ကြုံးဝါလိုက်ရန်ရှာလိုက် လုပ်နေဦးမှာလားဆိုတာကတော့ ကျွန်တော်တို့အတွက် နောက်ထပ်စောင့်ကြည့်ရမယ့် နှစ်တစ်နှစ်လည်းဖြစ်နေပါတယ်။

(၅) နောက်ထပ်ကတော့ ညီမလေးတို့ရဲ့ အပြာရောင်ကောင်းကင်ကြီးက ချဲလ်စီးအသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ဟာဗက်၊ မောင့်စ်၊ စတာလင်တို့ရဲ့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီအတွဲကတော့ တကယ့်လက်တွေ့မှာ ထင်သလောက်အသုံးဝင်ရဲ့လားဆိုတာကတော့ ခြေစွမ်းပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပါပြီ။ အာဆင်နယ်ကို (၄)ဂိုးပြတ် ရှုံးနိမ့်ခဲ့အပြီးမှာတော့ ဒီတိုက်စစ်အတွက်အဖြေမှာ တစ်ခုခုလိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့်စတာလင်ရောက်ရှိလာမှု ဟာဗက်နဲ့မောင့်တို့ရဲ့အ ကောင်းဆုံးအချိန်တွေက ဒီနှစ်မှာ လူပြောများနေမမယ့် အကြောင်းအရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အရေးကြီးတဲ့ပွဲစဉ်တိုင်း ဂိုးသွင်းပေးနေတဲ့ ဟာဗက်ကတော့ ချန်ပီယံလိဂ်ယူပေးတဲ့ဂိုးနဲ့ ပရိသတ်တွေရဲအချစ်တွေဆက်လက်ရယူထားနိုင်သလို မေဆန်မောင့်ရဲ့ ကစားသမားဘဝအကောင်းဆုံးခြေစွမ်းတွေ၊စတာလင်ရဲ့ အတိုးအလှုပ်တွေနဲ့သာပေါင်းစပ်လိုက်ရင် လာမယ့် ရာသီမှာ စောင့်ကြည့်ရမယ့် တိုက် စစ်အတွဲလည်းဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ ဒါကတော့ မကြာခင်ရောက်လာတော့မယ့် ဥရောပထိပ်သီးလိဂ်တွေရဲ့ ဘော လုံးပွဲစဉ်တွေ ပြန်မစခင်မှာ ကမ္ဘာကျော်အသင်းကြီးတွေရဲ့ တိုက်စစ်အတွဲတွေကို ရွေး ချယ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

zawgyi version
ဒီႏွစ္အတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာ အေကာင္းဆုံးတိုက္စစ္အတြဲမ်ား အပိုင္း(၁)
ရဲျပည့္ (NP News) - ဇူလိုင္ ၃ဝ

မဂၤလာပါ ေဘာလုံးအသင္းတစ္သင္းေအာင္ျမင္ဖို႔ဆိုရင္ ကစားသမားေကာင္းေတြရွိဖို႔လို အပ္သလို ကစားသမားေတြရဲ႕စည္းလုံးညီၫြတ္မႈရွိျခင္းကလည္း ဒီအသင္းကို သာမန္ထက္အဆင့္တစ္ခုက္ုပို႔ေဆာင္ေပးေနပါတယ္။ ဒါ့ျပင္ အသင္းကို ဦးေဆာင္ေမာင္းႏွင္ေပးႏိုင္မယ့္ နည္ျပေကာင္းတစ္ဦးလည္း လိုအပ္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ပါေသးပါဘူး။ အသင္းရဲ႕တိုက္စစ္မွာ ဂိုးေတြကို အဆက္မျပတ္သြင္းေပးႏိုင္မယ့္ တိုက္ စစ္အတြဲေတြ လိုအပ္လာပါတယ္။ ဒီလိုတိုက္စစ္အတြဲေတြကလည္း ကြၽန္ေတာ္တို႔ေတြ တစ္ႏွစ္ၿပီးတစ္ႏွစ္ ရင္ခုန္စိတ္လႈပ္ရွားမႈေတြေပးစြမ္းေနႏိုင္တာပါပဲျဖစ္ပါတယ္။ ဒါေပမယ့္ ထင္သေလာက္မထိေရာက္ခဲ့တဲ့တိုက္စစ္အတြဲေတြကိုလည္း ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ၾကရၿပီးျဖစ္သလို ေအာင္ျမင္မႈေတြကို အတူတကြရယူႏိုင္ခဲ့တဲ့ တိုက္စစ္အတြဲေတြလည္း မ်ားစြာရွိေခဲ့ပါတယ္။ အဲေတာ့ ကြၽန္ေတာ္က ဒီႏွစ္မွာ ကမာၻ႔အေကာင္းဆုံး အ သင္းေတြရဲ႕ တိုက္စစ္အတြဲေတြထဲမွာ ဘယ္အသင္းရဲ႕ တိုက္စစ္က အၾကမ္းဆုံးျဖစ္လာႏိုင္မလဲဆိုတဲ့ အေၾကာင္းကို ေ႐ြးခ်ယ္တင္ဆက္ေပးခ်င္ပါတယ္။

(၁) ပထမဆုံးတိုက္စစ္အတြဲကေတာ့ ဟာလန္းကို ဝယ္ယူၿပီး ခ်န္ပီယံလိဂ္ယူမယ္လို႔ႀကံေနတဲ့ မန္စီးတီးအသင္းရဲ႕တိုက္စစ္အတြဲျဖစ္တဲ့ ဟာလန္း၊ဒီဘ႐ိုင္း၊ဖိုးဒန္ဆိုတဲ့ တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယာလိဂ္ျပည္တြင္းဖလားကို ရယူထားႏိုင္ခဲ့ေပမယ့္ အခုအခ်ိန္အထိေတာ့ ဥေရာပေအာင္ျမင္မႈကို ရယူႏိုင္ျခင္းမရွိေသးတဲ့ အ ေကာင္းဆုံးအသင္းအျဖစ္ရပ္တည္ေနပါတယ္။ သူတို႔အသင္းဟာ ႏွစ္တိုင္း ခ်န္ပီယံေျခစြမ္းကိုျပသႏိုင္ခဲ့ေပမယ္ ခ်န္ပီယံလိဂ္ေရာက္တိုင္း အရႈံးနဲ႔သာ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာေတာ့ အသင္းမွာ ပုံမွန္ေျခစြမ္းျပေနတဲ့ ဒီဘ႐ိုင္း၊ ဖိုဒန္တို႔နဲ႔ဟာလန္းတို႔ကိုသာ ေပါင္းစပ္လိုက္ရင္ မန္စီးတီးတို႔ မရဖူးေသးတဲ့ ခ်န္ပီယံလိဂ္ဖလားႀကီးကို အရယူသြားႏိုင္မလား၊ ဒီတိုက္စစ္အတြဲနဲ႔ ဘယ္ေလာက္အထိ ေအာင္ျမင္မႈေတြရရွိႏိုင္မလဲဆိုတာ ကြၽန္ေတာ္တို႔ဆက္လက္ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ေျခစမ္း ပြဲမွာ ပထမဆုံးသြင္းဂိုးရယူခဲ့တဲ့ ဟာလန္းကေတာ့ ေနာက္ထပ္ပြဲစဥ္ေတြကို မေစာင့္ႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္ေနပါၿပီလို႔ ေႂကြးေၾကာ္ထားပါတယ္။ သူနဲ႔သန္း(၁ဝဝ)တန္ ဂရီးလစ္တို႔ၾကားက အတြဲညီညီ ကစားမႈေတြကလည္း အျခားအသင္းေတြအတြက္ ေခါင္းစားစရာတစ္ခုျဖစ္လာေနပါၿပီ။ ဒီတိုက္စစ္အတြဲဘယ္ေလာက္ခရီးေရာက္ႏိုင္မလဲ ေစာင့္ၾကည့္လိုက္ရေအာင္ဗ်ာ။

(၂) ေနာက္ထပ္တိုက္စစ္အတြဲကေတာ့ လီဗာပူးအသင္းရဲ႕ အေျပာင္းအလဲေတြၾကားက ထြက္ေပၚလာတဲ့ ဆာလက္၊ ႏူးနက္၊ ဒီယက္စ္ဆိုတဲ့ တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီတိုက္စစ္ကို ျမင္ေယာင္ၾကည့္လိုက္တာနဲ႔တင္ ေတာ္ေတာ္ေၾကာက္စရာေကာင္းေနၿပီဆိုတာ သိသာေနပါတယ္။ ဆာလက္က ပရီးမီးယားလိဂ္မွာ ပုံမွန္ ဂိုး(၂ဝ)ေက်ာ္သြင္းေပးေနတဲ့ကစားသမားတစ္ေယာက္၊ လူးဝွစ္ဒီယက္စ္ရဲ႕အတိုးအလႈပ္ေတြကိုလည္း မႏွစ္ကရာသီမွာ ကြၽန္ေတာ္တို႔မ်က္ျမင္ကိုယ္ေတြ႕ႀကဳံခဲ့ၿပီးပါတယ္။ တစ္ဖက္မွာလည္း ေျခစမ္း ပြဲက ေဝဖန္သံေတြကို တစ္ပြဲတည္း(၄)ဂိုးသြင္းၿပီးေခ်ပလိုက္တဲ့ ႏူနက္စ္ရဲ႕ တိုက္စစ္က စားပုံနဲ႔ဆိုရင္ ၿပိဳင္ဘက္အသင္းေတြအတြက္ကေတာ့ အိမ္မက္ဆိုးပါပဲ။ ဒါကေတာ့တစ္ေယာက္ခ်င္းစီရဲ႕ စြမ္းေဆာင္ရည္ေတြေပါ့။ ဒါေပမယ့္ ဒီႏွစ္ကေတာ့ ပထမဆုံး တြဲဖက္မယ့္တိုက္စစ္အတြဲျဖစ္တာေၾကာင့္ ထင္ထားသလိုျဖစ္လာႏိုင္ပါ့မလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔လာမယ့္ရာသီမွာ ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ မာေနးကို လက္လႊတ္လိုက္ရတဲ့ လီဗာပူးအသင္းအတြက္ ဒီတိုက္စစ္နဲ႔အတူ ကစားသမားအားလုံးရဲ႕စုဖြဲ႕မႈကို ဆက္လက္ေစာင့္ၾကည့္လိုက္ရဖို႔ရွိေနသလို မႏွစ္ကလို ဖလား(၄)လုံးလမ္းေၾကာင္းေပၚမွာရွိေနႏိုင္မလားဆိုတာ ေစာင့္ၾကည့္လိုက္ရေအာင္ဗ်ာ။

(၃) ေနာက္ထပ္ကေတာ့ ဘြန္းဒက္လီဂါဘုရင္ႀကီးျဖစ္တဲ့ ဘိုင္ယန္းျမဴးနစ္အသင္းရဲ႕ တိုက္စစ္အတြဲျဖစ္တဲ့ မာေနး၊ ဆာေနးနဲ႔ မူးလာတို႔ရဲ႕တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီအတြဲအဖက္ကလည္း ဒီႏွစ္မွျမင္ေတြ႕ရတဲ့ အတြဲအဖက္ျဖစ္တယ္။ ဆာေနးနဲ႔မူးလာကေတာ့ အရင္တည္း ကစားေနၾကတာဆိုေတာ့ ကိစၥမရွိေပမယ့္ လီဝန္ေဒါစကီးကို လက္လႊတ္ၿပီး မာေနးပါဝင္လာတဲ့ သူတို႔ရဲ႕တိုက္စစ္က ဘယ္ေလာက္အထိ စြမ္း ေဆာင္ႏိုင္မလဲ။ မာေနးကေတာ့ အသားက်ပါ့မလားဆိုတဲ့ေမးခြန္ေပါင္းမ်ားစြာကေတာ့ ရွိေနေပမယ့္ သူတို႔ရဲ႕ေျခစမ္းပြဲရလဒ္ေတြအရကေတာ့ အရမ္းဆိုး႐ြာတဲ့အေနအထားတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲဒီေတာ့ ဂ်ာမန္ေျမကို ထပ္ႀကီးစိုးႏိုင္ဦးမလား။ မႏွစ္က ဥေရာပေျခစြမ္းေတြ ေမွးမိန္ခဲ့မႈအေပၚဒီႏွစ္မွာ အေကာင္းဆုံးတုံ႔ျပန္ျပန္သြားႏိုင္မလားဆိုတာ ကြၽန္ေတာ္တို႔ဆက္လက္ေစာင့္ၾကည့္ရမယ့္အတြဲလည္း ျဖစ္ပါတယ္။

(၄) ေနာက္ထပ္တိုက္စစ္အတြဲကေတာ့ အေကာင္းဆုံးေတြပဲ စုဖြဲ႕ထားၿပီး ပန္းနဲ႔ေပါက္ေနသလိုကစားေနတဲ့ နာမည္ႀကီးတဲ့ မက္ဆီ၊ ေနမာ၊ ဘတ္ပီဆိုတဲ့ တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီ(၃)ေယာက္ကို ပိုင္ဆိုင္ရဖို႔ဆိုတာကေတာ့ နည္းျပတိုင္းရဲ႕အိမ္မက္ျဖစ္လိမ့္မယ္လို႔ေတာ့ထင္ပါတယ္ဗ်။ စဥ္စားၾကည့္လိုက္ပါ။ မက္ဆီဆိုတာ ေ႐ႊေဘာလုံးဆု (၇)ႀကိမ္ရထားတဲ့ ကစားသမား ၊ ေနမာဆိုတာ ဘရားဇီးလ္ေဘာလုံးေလာကမွာ ေနာက္ထပ္ထြက္ေပၚလာတဲ့ ေ႐ႊေရာင္မ်ိဳးဆက္၊ ဘတ္ပီဆိုတာကေတာ့ဗ်ာ ေျပာမေနပါနဲ႔ေတာ့ အဲႏွစ္ေယာက္ေပါင္းရင္ေတာ့ သူ႔ကိုမမွီေတာ့ေလာက္ေအာင္ေကာင္းတာ။ ဒါေၾကာင့္လည္း အသင္းက ေရွ႕မေရာက္ဘဲ ကစားသမားေတြေရွ႕ေရာက္ေနတာေပါ့ဗ်ာ။ အဓိကေျပာခ်င္တာကေတာ့ အသင္းကသာလွ်င္ နံပါတ္(၁)ျဖစ္သင့္ပါတယ္။ အသင္းေအာင္ျမင္ဖို႔သာ အဓိကျဖစ္ရမယ့္အရာပါ။ အဲေတာ့ ဒီ(၃)ေယာက္ကို ပိုင္ဆိုင္ခဲ့တဲ့ PSG အသင္းဒီႏွစ္မွာေရာ ဘာထပ္လုပ္ျပႏိုင္မလဲ။ ခ်န္ပီယံလိဂ္ယူဖို႔ ထပ္ႀကဳံးဝါလိုက္ရန္ရွာလိုက္ လုပ္ေနဦးမွာလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔အတြက္ ေနာက္ထပ္ေစာင့္ၾကည့္ရမယ့္ ႏွစ္တစ္ႏွစ္လည္းျဖစ္ေနပါတယ္။

(၅) ေနာက္ထပ္ကေတာ့ ညီမေလးတို႔ရဲ႕ အျပာေရာင္ေကာင္းကင္ႀကီးက ခ်ဲလ္စီးအသင္းရဲ႕တိုက္စစ္အတြဲျဖစ္တဲ့ ဟာဗက္၊ ေမာင့္စ္၊ စတာလင္တို႔ရဲ႕ တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီအတြဲကေတာ့ တကယ့္လက္ေတြ႕မွာ ထင္သေလာက္အသုံးဝင္ရဲ႕လားဆိုတာကေတာ့ ေျခစြမ္းပြဲေတြမွာ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ ျမင္ေတြ႕ခဲ့ၿပီးပါၿပီ။ အာဆင္နယ္ကို (၄)ဂိုးျပတ္ ရႈံးနိမ့္ခဲ့အၿပီးမွာေတာ့ ဒီတိုက္စစ္အတြက္အေျဖမွာ တစ္ခုခုလိုအပ္ေနတာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဒါေပမယ့္စတာလင္ေရာက္ရွိလာမႈ ဟာဗက္နဲ႔ေမာင့္တို႔ရဲ႕အ ေကာင္းဆုံးအခ်ိန္ေတြက ဒီႏွစ္မွာ လူေျပာမ်ားေနမမယ့္ အေၾကာင္းအရာေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ အေရးႀကီးတဲ့ပြဲစဥ္တိုင္း ဂိုးသြင္းေပးေနတဲ့ ဟာဗက္ကေတာ့ ခ်န္ပီယံလိဂ္ယူေပးတဲ့ဂိုးနဲ႔ ပရိသတ္ေတြရဲအခ်စ္ေတြဆက္လက္ရယူထားႏိုင္သလို ေမဆန္ေမာင့္ရဲ႕ ကစားသမားဘဝအေကာင္းဆုံးေျခစြမ္းေတြ၊စတာလင္ရဲ႕ အတိုးအလႈပ္ေတြနဲ႔သာေပါင္းစပ္လိုက္ရင္ လာမယ့္ ရာသီမွာ ေစာင့္ၾကည့္ရမယ့္ တိုက္ စစ္အတြဲလည္းျဖစ္ပါတယ္။

ဟုတ္ကဲ့ပါ ဒါကေတာ့ မၾကာခင္ေရာက္လာေတာ့မယ့္ ဥေရာပထိပ္သီးလိဂ္ေတြရဲ႕ ေဘာ လုံးပြဲစဥ္ေတြ ျပန္မစခင္မွာ ကမာၻေက်ာ္အသင္းႀကီးေတြရဲ႕ တိုက္စစ္အတြဲေတြကို ေ႐ြး ခ်ယ္တင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.