မျိုးသုဉ်းလုနီးပါး ဝေလငါးတွေကိုကယ်တင်ဖို့ သင်္ဘောတွေ အရှိန်လျော့မောင်းနှင်ရမယ်လို့ အမေရိကန်အစိုးရပြော

1291

ရောင်နီ (NP News) - ဇူလိုင် ၃၁
မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ချေရှိတဲ့ ဝေလငါးမျိုးစိတ်တွေကိုကယ်တင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှ သင်္ဘောများအနေနဲ့ မကြာခဏ အရှိန်လျော့မောင်းနှင်ရမယ်လို့ ဖက်ဒရယ်အစိုးရက ပြောကြားခဲ့ပါတယ်။
National Oceanic and Atmospheric Administration (NOAA) ဟာ မြောက်အတ္တလန်တိတ် ဝေလငါးများနဲ့ သင်္ဘောများတိုက်မိခြင်းမှ ကာကွယ်ဖို့ အဆိုပြုထားတဲ့ စည်းမျဉ်းသစ်များမှတစ်ဆင့် ဇူလိုင်လ ၂၉ ရက်၊ သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
အရှိန်နဲ့မောင်းနှင်လာတဲ့ သင်္ဘောရိုက်ခတ်ခြင်းနဲ့ ငါးဖမ်းကိရိယာတွေဟာ ပင်လယ်ရေနေသတ္တဝါ အနည်းဆုံး အကောင်ရေ ၃၄ဝ အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ပြီး ဧရာမသတ္တဝါအကောင်နှုန်းများကို ကျဆင်းစေ လျက် ရှိပါတယ်။
ဝေလငါးများကို ကယ်တင်ဖို့ကြိုးပမ်းမှုမှာ အထူးသဖြင့် အရှေ့ကမ်းရိုးတန်းရှိ ကျောက်ပုစွန် ငါးဖမ်းသမားများ အသုံးပြုတဲ့ ငါးဖမ်းကိရိယာများအပေါ်သာ ကာလကြာရှည် အာရုံစိုက်ခဲ့ပေမယ့် အခုအခါမှာတော့ အဆိုပြုထားတဲ့ သင်္ဘောအမြန်နှုန်းစည်းမျဉ်းများဟာ အစိုးရအနေနဲ့ သင်္ဘောလုပ်ငန်းကို ပိုမိုတာဝန်ယူစေလိုကြောင်း အချက်ပြနေ ပါတယ်။
"သင်္ဘောအမြန်နှုန်းစည်းမျဉ်းကိုပြောင်းလဲခြင်းဟာ လက်ရှိ ဝေလငါးမျိုးစိတ်များ အကောင်ရေကျဆင်းမှုနဲ့ မျိုးစိတ် များ မျိုးသုဉ်းခြင်းမှကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တယ်” လို့ ဖက်ဒရယ် စာရင်းအင်းမှာ ထုတ်ပြန်မယ့် အဆိုပြုထား တဲ့ စည်းမျဉ်းများမှာ ဖော်ပြထားပါတယ်။
အဆိုပါ စည်းမျဉ်းသစ်များမှာ သင်္ဘောသားများ အနေနဲ့ သင်္ဘောမောင်းနှင်မှု အမြန်နှုန်း 10 knots (19 km/h) အထိ အရှိန်လျှော့ မောင်းနှင်ရမှာဖြစ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းမှ ရာသီအလိုက် အနှေးဇုန်များကို တိုးချဲ့မှာဖြစ်ပါတယ်။ သင်္ဘောများအနေနဲ့ အရှိန်လျှော့ရမယ့် ဇုန်များအတွင်း စည်းမျဉ်းများကို လိုက်နာရန် ပိုမိုလိုအပ်မည်။
ဝေလငါးများဟာ ရာသီအလိုက် အနှေးဇုန်များရဲ့အပြင်ဘက်မှာ ရှိနေကြောင်း သိရှိတဲ့အခါ NOAA အနေနဲ့ မဖြစ်မ နေ မြန်နှုန်းကန့်သတ်ချက်များကို အကောင်အထည်ဖော်ဖို့ မူဘောင်တစ်ခုဖန်တီးမယ် စတဲ့အချက်တွေ ပါဝင်ပါ တယ်။ ကမ္ဘာ့ကုန်သွယ်ရေယာဉ်စုရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကိုကိုယ်စားပြုတဲ့ လန်ဒန်အခြေစိုက် International Chamber of Shipping ဟာ မှန်ကန်တဲ့ ဝေလငါးများကို ပိုမိုကောင်းမွန်စွာကာကွယ်ဖို့အတွက် နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်း၊ အခြားသက်ဆိုင်သူများနဲ့ ပူးပေါင်းဆောင်ရွက်ထားကြောင်း၊ ဝေလငါးဇုန် ဧရိယာမှာ အဖွဲ့ဝင်တွေက အရှိန်ကန့်သတ်ချက်တွေကို လိုက်နာလေ့ရှိတယ်လို့ ကုန်သည်ကြီးများအသင်း နည်းပညာ ဒါရိုက်တာ ခရစ် ဝက်ဒင်တန်က ပြောကြားခဲ့ပါတယ်။
ဝေလငါးများဟာ တစ်ချိန်က အရှေ့ဘက်ကမ်းရိုးတန်းမှာ အများအပြား နေထိုင်ကျတ်စားကြပေမယ့်လည်း ရှေ့မျိုးဆက်များတုန်းက စီးပွားဖြစ် ဝေလငါးဖမ်းခြင်းကြောင့် ၎င်းတို့အကောင်ရေများ သိသိသာသာ ကျဆင်းသွား ခဲ့ပါတယ်။
၎င်းတို့ကို မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအက်ဥပဒေအောက်မှာ ဆယ်စုနှစ်များစွာကြာ အကာအကွယ်ပေးခဲ့ပေမယ့် လည်း အကောင်ရေတိုးလာမှု နှေးကွေးလာခဲ့ပါတယ်။
၁၉၉၉ ခုနှစ် နွေဦးမှ ၂ဝ၁၈ နွေဦးရာသီအတွင်း ဝေလငါး ၅ဝ ကျော် သင်္ဘောများနဲ့ ပွတ်တိုက်မိတာကြောင့် သေဆုံးခဲ့ကြောင်း NOAA မှတ်တမ်းများအရ သိရပါတယ်။ မကြာသေးမီနှစ်များအတွင်း သမုဒ္ဒရာအပူချိန်များ ပူနွေးလာမှုကြောင့်လည်း ဝေလငါးတွေဟာ ကာကွယ်ရေးနေရာများမှ လမ်းလွဲသွားကာ အစာရှာဖို့အတွက် သင်္ဘောလမ်းကြောင်းများအတွင်းသို့ ရောက်လာကြကြောင်း သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ -သိရပါတယ်။
https://www.aljazeera.com/news/2022/7/29/ships-must-slow-down-to-save-endangered-whales-us-govt-says?fbclid=IwAR2v-jsV3i8_Cp4GhpbJqNyBNZHDyqC8MRvcBEZQ1V2go0g-3x_P88yir9o&sf168670071=1

Zawgyi Version;
မ်ိဳးသုဥ္းလုနီးပါး ေဝလငါးေတြကိုကယ္တင္ဖို႔ သေဘၤာေတြ အရွိန္ေလ်ာ့ေမာင္းႏွင္ရမယ္လို႔ အေမရိကန္အစိုးရေျပာ
ေရာင္နီ (NP News) - ဇူလိုင္ ၃၁
မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားႏိုင္ေခ်ရွိတဲ့ ေဝလငါးမ်ိဳးစိတ္ေတြကိုကယ္တင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စု အေရွ႕ဘက္ကမ္း႐ိုးတန္းမွ သေဘၤာမ်ားအေနနဲ႔ မၾကာခဏ အရွိန္ေလ်ာ့ေမာင္းႏွင္ရမယ္လို႔ ဖက္ဒရယ္အစိုးရက ေျပာၾကားခဲ့ပါတယ္။
National Oceanic and Atmospheric Administration (NOAA) ဟာ ေျမာက္အတၱလန္တိတ္ ေဝလငါးမ်ားနဲ႔ သေဘၤာမ်ားတိုက္မိျခင္းမွ ကာကြယ္ဖို႔ အဆိုျပဳထားတဲ့ စည္းမ်ဥ္းသစ္မ်ားမွတစ္ဆင့္ ဇူလိုင္လ ၂၉ ရက္၊ ေသာၾကာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။
အရွိန္နဲ႔ေမာင္းႏွင္လာတဲ့ သေဘၤာ႐ိုက္ခတ္ျခင္းနဲ႔ ငါးဖမ္းကိရိယာေတြဟာ ပင္လယ္ေရေနသတၱဝါ အနည္းဆုံး အေကာင္ေရ ၃၄ဝ အတြက္ အႀကီးမားဆုံးၿခိမ္းေျခာက္မႈျဖစ္ၿပီး ဧရာမသတၱဝါအေကာင္ႏႈန္းမ်ားကို က်ဆင္းေစ လ်က္ ရွိပါတယ္။
ေဝလငါးမ်ားကို ကယ္တင္ဖို႔ႀကိဳးပမ္းမႈမွာ အထူးသျဖင့္ အေရွ႕ကမ္း႐ိုးတန္းရွိ ေက်ာက္ပုစြန္ ငါးဖမ္းသမားမ်ား အသုံးျပဳတဲ့ ငါးဖမ္းကိရိယာမ်ားအေပၚသာ ကာလၾကာရွည္ အာ႐ုံစိုက္ခဲ့ေပမယ့္ အခုအခါမွာေတာ့ အဆိုျပဳထားတဲ့ သေဘၤာအျမန္ႏႈန္းစည္းမ်ဥ္းမ်ားဟာ အစိုးရအေနနဲ႔ သေဘၤာလုပ္ငန္းကို ပိုမိုတာဝန္ယူေစလိုေၾကာင္း အခ်က္ျပေန ပါတယ္။
"သေဘၤာအျမန္ႏႈန္းစည္းမ်ဥ္းကိုေျပာင္းလဲျခင္းဟာ လက္ရွိ ေဝလငါးမ်ိဳးစိတ္မ်ား အေကာင္ေရက်ဆင္းမႈနဲ႔ မ်ိဳးစိတ္ မ်ား မ်ိဳးသုဥ္းျခင္းမွကာကြယ္ဖို႔ မရွိမျဖစ္ လိုအပ္တယ္” လို႔ ဖက္ဒရယ္ စာရင္းအင္းမွာ ထုတ္ျပန္မယ့္ အဆိုျပဳထား တဲ့ စည္းမ်ဥ္းမ်ားမွာ ေဖာ္ျပထားပါတယ္။
အဆိုပါ စည္းမ်ဥ္းသစ္မ်ားမွာ သေဘၤာသားမ်ား အေနနဲ႔ သေဘၤာေမာင္းႏွင္မႈ အျမန္ႏႈန္း 10 knots (19 km/h) အထိ အရွိန္ေလွ်ာ့ ေမာင္းႏွင္ရမွာျဖစ္ၿပီး အေရွ႕ဘက္ကမ္း႐ိုးတန္းမွ ရာသီအလိုက္ အေႏွးဇုန္မ်ားကို တိုးခ်ဲ႕မွာျဖစ္ပါတယ္။ သေဘၤာမ်ားအေနနဲ႔ အရွိန္ေလွ်ာ့ရမယ့္ ဇုန္မ်ားအတြင္း စည္းမ်ဥ္းမ်ားကို လိုက္နာရန္ ပိုမိုလိုအပ္မည္။
ေဝလငါးမ်ားဟာ ရာသီအလိုက္ အေႏွးဇုန္မ်ားရဲ႕အျပင္ဘက္မွာ ရွိေနေၾကာင္း သိရွိတဲ့အခါ NOAA အေနနဲ႔ မျဖစ္မ ေန ျမန္ႏႈန္းကန႔္သတ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ဖို႔ မူေဘာင္တစ္ခုဖန္တီးမယ္ စတဲ့အခ်က္ေတြ ပါဝင္ပါ တယ္။ ကမာၻ႔ကုန္သြယ္ေရယာဥ္စုရဲ႕ ၈ဝ ရာခိုင္ႏႈန္းေက်ာ္ကိုကိုယ္စားျပဳတဲ့ လန္ဒန္အေျခစိုက္ International Chamber of Shipping ဟာ မွန္ကန္တဲ့ ေဝလငါးမ်ားကို ပိုမိုေကာင္းမြန္စြာကာကြယ္ဖို႔အတြက္ ႏိုင္ငံတကာ ေရေၾကာင္းအဖြဲ႕အစည္း၊ အျခားသက္ဆိုင္သူမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ထားေၾကာင္း၊ ေဝလငါးဇုန္ ဧရိယာမွာ အဖြဲ႕ဝင္ေတြက အရွိန္ကန႔္သတ္ခ်က္ေတြကို လိုက္နာေလ့ရွိတယ္လို႔ ကုန္သည္ႀကီးမ်ားအသင္း နည္းပညာ ဒါ႐ိုက္တာ ခရစ္ ဝက္ဒင္တန္က ေျပာၾကားခဲ့ပါတယ္။
ေဝလငါးမ်ားဟာ တစ္ခ်ိန္က အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ အမ်ားအျပား ေနထိုင္က်တ္စားၾကေပမယ့္လည္း ေရွ႕မ်ိဳးဆက္မ်ားတုန္းက စီးပြားျဖစ္ ေဝလငါးဖမ္းျခင္းေၾကာင့္ ၎တို႔အေကာင္ေရမ်ား သိသိသာသာ က်ဆင္းသြား ခဲ့ပါတယ္။
၎တို႔ကို မ်ိဳးသုဥ္းလုနီးပါးမ်ိဳးစိတ္မ်ားအက္ဥပေဒေအာက္မွာ ဆယ္စုႏွစ္မ်ားစြာၾကာ အကာအကြယ္ေပးခဲ့ေပမယ့္ လည္း အေကာင္ေရတိုးလာမႈ ေႏွးေကြးလာခဲ့ပါတယ္။
၁၉၉၉ ခုႏွစ္ ေႏြဦးမွ ၂ဝ၁၈ ေႏြဦးရာသီအတြင္း ေဝလငါး ၅ဝ ေက်ာ္ သေဘၤာမ်ားနဲ႔ ပြတ္တိုက္မိတာေၾကာင့္ ေသဆုံးခဲ့ေၾကာင္း NOAA မွတ္တမ္းမ်ားအရ သိရပါတယ္။ မၾကာေသးမီႏွစ္မ်ားအတြင္း သမုဒၵရာအပူခ်ိန္မ်ား ပူေႏြးလာမႈေၾကာင့္လည္း ေဝလငါးေတြဟာ ကာကြယ္ေရးေနရာမ်ားမွ လမ္းလြဲသြားကာ အစာရွာဖို႔အတြက္ သေဘၤာလမ္းေၾကာင္းမ်ားအတြင္းသို႔ ေရာက္လာၾကေၾကာင္း သိပၸံပညာရွင္မ်ားရဲ႕ေျပာၾကားခ်က္အရ -သိရပါတယ္။
https://www.aljazeera.com/news/2022/7/29/ships-must-slow-down-to-save-endangered-whales-us-govt-says?fbclid=IwAR2v-jsV3i8_Cp4GhpbJqNyBNZHDyqC8MRvcBEZQ1V2go0g-3x_P88yir9o&sf168670071=1