မြန်မာအိမ်နီးချင်းနိုင်ငံတွေအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခိုင်မာပြတ်သားတဲ့ သတင်းစကားပြောဆိုဖို့ အမေရိကန်ထိပ်တန်းလွှတ်တော်အမတ် တောင်းဆို

1083

ဂျန်ဇက် (NP News) - သြဂုတ် ၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ အာဆီယံဒေသကိုသွားရောက်ချိန်မှာ မြန်မာနိုင်ငံရေး ပြဿနာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်းများကို ခိုင်မာပြတ်သားတဲ့သတင်းစကားများပြောကြားစေလို ကြောင်း အမေရိကန်အောက်လွှတ်တော်ရဲ့ရီပတ်ဘလီကန် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Mitch McConnell (R-KY) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Mitch McConnell (R-KY) ဟာ မြန်မာနိုင်ငံကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် လာရောက်မှုကိုလည်း ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။
Mitch McConnell (R-KY) "နစကဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်ကို ကြိုဆိုလက်ခံခဲ့တယ်။ အကြမ်းဖက်မှုတွေ အတူတကွလုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းခဲ့တဲ့နစကကို ပြုပြင်ပြောင်းလဲ တာမျိုးမလုပ်နိုင်ဘူးဆိုရင် လွှတ်လပ်တဲ့ကမ္ဘာကြီးဟာ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မံတွေ့မြင်ရဖို့ရှိတယ်။ အာဆီယံနဲ့ မြန်မာအိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာပြည်သူတွေကိုအကူအညီပေးဖို့ ဆန္ဒမရှိဘူးဆိုရင် အမေရိကန် အစိုးရဟာ နစက နဲ့ ၄င်းရဲ့ဘဏ္ဍရေးအရင်းမြစ်တွေကိုတွေကို ပြတ်တောက်နိုင်ဖို့ ကွန်ဂရက်လွှတ်တော်ရဲ့အခွင့် အာဏာ အပ်နှင်းထားမှုတွေကိုအသုံးပြုရမယ်။ မြန်မာရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ထဲ ထည့်သွင်းသင့်တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အစိုးရရဲ့ခွင့်ပြုနဲ့လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ လုပ်ဆောင်သင့်ပြီး လက်ရှိအချိန်ဟာ ဆွေးနွေးမှုတွေ၊ လျော့ရမှာ မဟုတ်၊ ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်" လို့ပြောပါတယ်။
လက်ရှိအချိန်ဟာ နစကအတွက် အကျိုးဆက်များ ရင်ဆိုင်ရတော့မယ့် အချိန်ဖြစ်တယ်လို့လည်း Mitch McConnell (R-KY)က ပြောပါတယ်။
https://www.republicanleader.senate.gov/newsroom/press-releases/mcconnell-statement-on-burma-and-secretary-blinkens-asia-trip

Zawgyi Version;
ျမန္မာအိမ္နီးခ်င္းႏိုင္ငံေတြအေပၚ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ခိုင္မာျပတ္သားတဲ့ သတင္းစကားေျပာဆိုဖို႔ အေမရိကန္ထိပ္တန္းလႊတ္ေတာ္အမတ္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၅
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ဟာ အာဆီယံေဒသကိုသြားေရာက္ခ်ိန္မွာ ျမန္မာႏိုင္ငံေရး ျပႆနာနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းမ်ားကို ခိုင္မာျပတ္သားတဲ့သတင္းစကားမ်ားေျပာၾကားေစလို ေၾကာင္း အေမရိကန္ေအာက္လႊတ္ေတာ္ရဲ႕ရီပတ္ဘလီကန္ ပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ Mitch McConnell (R-KY) က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
Mitch McConnell (R-KY) ဟာ ျမန္မာႏိုင္ငံကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္ လာေရာက္မႈကိုလည္း ေဝဖန္ျပစ္တင္ခဲ့တယ္လို႔ သိရပါတယ္။
Mitch McConnell (R-KY) "နစကဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္ကို ႀကိဳဆိုလက္ခံခဲ့တယ္။ အၾကမ္းဖက္မႈေတြ အတူတကြလုပ္ေဆာင္ေနတယ္။ ၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းခဲ့တဲ့နစကကို ျပဳျပင္ေျပာင္းလဲ တာမ်ိဳးမလုပ္ႏိုင္ဘူးဆိုရင္ လႊတ္လပ္တဲ့ကမာၻႀကီးဟာ ေနာက္ထပ္အၾကမ္းဖက္မႈေတြ ထပ္မံေတြ႕ျမင္ရဖို႔ရွိတယ္။ အာဆီယံနဲ႔ ျမန္မာအိမ္နီးခ်င္းႏိုင္ငံေတြဟာ ျမန္မာျပည္သူေတြကိုအကူအညီေပးဖို႔ ဆႏၵမရွိဘူးဆိုရင္ အေမရိကန္ အစိုးရဟာ နစက နဲ႔ ၄င္းရဲ႕ဘ႑ေရးအရင္းျမစ္ေတြကိုေတြကို ျပတ္ေတာက္ႏိုင္ဖို႔ ကြန္ဂရက္လႊတ္ေတာ္ရဲ႕အခြင့္ အာဏာ အပ္ႏွင္းထားမႈေတြကိုအသုံးျပဳရမယ္။ ျမန္မာေရနံ နဲ႔ ဓါတ္ေငြ႕လုပ္ငန္းေတြကို ပစ္မွတ္ထား ပိတ္ဆို႔မႈေတြ ထဲ ထည့္သြင္းသင့္တယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အစိုးရရဲ႕ခြင့္ျပဳနဲ႔လုပ္ပိုင္ခြင့္ေတြကို အျပည့္အဝ လုပ္ေဆာင္သင့္ၿပီး လက္ရွိအခ်ိန္ဟာ ေဆြးေႏြးမႈေတြ၊ ေလ်ာ့ရမွာ မဟုတ္၊ ေဆာင္႐ြက္မႈေတြ ပိုမိုလုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္တယ္" လို႔ေျပာပါတယ္။
လက္ရွိအခ်ိန္ဟာ နစကအတြက္ အက်ိဳးဆက္မ်ား ရင္ဆိုင္ရေတာ့မယ့္ အခ်ိန္ျဖစ္တယ္လို႔လည္း Mitch McConnell (R-KY)က ေျပာပါတယ္။
https://www.republicanleader.senate.gov/newsroom/press-releases/mcconnell-statement-on-burma-and-secretary-blinkens-asia-trip