မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလသတိပေး

 680

ယွန်း (NP News) - သြဂုတ် ၉
မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေး ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယမန်နေ့( သြဂုတ်လ ၈ရက်) ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညနေတွင် မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့ရှိ လွယ်တော်ခမ်းရပ်ကွက်တွင် ၎င်းမြို့၏ စိုးရိမ်ရေအမှတ်အောက် တစ်ပေခန့်၌ရောက်ရှိခဲ့ကြောင်း မိုးဇလမှဆိုသည်။

မယ်ဆိုင်မြစ်ရေသည် နောက်တစ်ရက်အတွင်း အဆိုပါမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ၎င်းမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ယမန်နေ့ (သြဂုတ်လ ၈ရက်) နေ့လယ် ၁နာရီအချိန်ခန့်တွင် တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်များရှိ ကားလမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ထို့အတူ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နှင့် ရပ်စောက်မြို့တို့တွင်လည်း ယမန်နေ့(သြဂုတ် လ ၈ရက်)က မိုးရွာသွန်းမှုကြောင့် ချောင်းရေလျှံမှုများဖြစ်ပွားခဲ့ရာ အဆိုပါမြို့များရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
မယ္ဆိုင္ျမစ္ေရသည္ တာခ်ီလိတ္ၿမိဳ႕တြင္ စိုးရိမ္ေရအမွတ္သို႔ ေရာက္ရွိလာႏိုင္ေၾကာင္း မိုးဇလသတိေပး
ယြန္း (NP News) - ၾသဂုတ္ ၉

မယ္ဆိုင္ျမစ္ေရသည္ တာခ်ီလိတ္ၿမိဳ႕တြင္ စိုးရိမ္ေရအမွတ္သို႔ ေရာက္ရွိလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွသတိေပး ထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ ယမန္ေန႔( ၾသဂုတ္လ ၈ရက္) ညေန ၅ နာရီအခ်ိန္ ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ သတိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယမန္ေန႔ညေနတြင္ မယ္ဆိုင္ျမစ္ေရသည္ တာခ်ီလိတ္ၿမိဳ႕ရွိ လြယ္ေတာ္ခမ္းရပ္ကြက္တြင္ ၎ၿမိဳ႕၏ စိုးရိမ္ေရအမွတ္ေအာက္ တစ္ေပခန႔္၌ေရာက္ရွိခဲ့ေၾကာင္း မိုးဇလမွဆိုသည္။

မယ္ဆိုင္ျမစ္ေရသည္ ေနာက္တစ္ရက္အတြင္း အဆိုပါၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ၿပီး ၎ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ရန္ မိုးဇလမွ သတိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ ယမန္ေန႔ (ၾသဂုတ္လ ၈ရက္) ေန႔လယ္ ၁နာရီအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၌ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေရစီးဆင္းမႈေၾကာင့္ ဆန္ဆိုင္းရပ္ကြက္ႏွင့္ မယ္ေခါင္ရပ္ကြက္မ်ားရွိ ကားလမ္းမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ထို႔အတူ ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕ႏွင့္ ရပ္ေစာက္ၿမိဳ႕တို႔တြင္လည္း ယမန္ေန႔(ၾသဂုတ္ လ ၈ရက္)က မိုး႐ြာသြန္းမႈေၾကာင့္ ေခ်ာင္းေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ရာ အဆိုပါၿမိဳ႕မ်ားရွိ ရပ္ကြက္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.