ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အမေရိကန် စိတ်မဝင်စားဟု ရုရှားအစိုးရဝေဖန်ပြစ်တင်

514

ဂျန်ဇက် (NP News) - ဩဂုတ် ၁ဝ
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနောဗ့်က အမေရိကန်ဟာ ယူကရိန်းစစ်ပွဲမီး ပိုမိုတောက်လောင်အောင် လောင်စာဆီတွေ ထပ်ထည့်နေသလို ငြိမ်းချမ်းစွာဖြေရှင်းဖို့ စိတ်ဝင်စားမှုမရှိကြောင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၁) ဘီလျံထပ်မံပေးဖို့ ခွင့်ပြုပေးခဲ့ပြီးနောက် ရုရှားသံအမတ်ကြီးက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၁)ဘီလျံထပ် မံကူညီပေးဖို့ အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းစွာဖြေရှင်းဖို့စိတ်မဝင်စားကြောင့် ပြသလိုက်တာဖြစ်သလို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တောင်းဆိုသံ တွေကို နားမထောင်ခြင်းဖြစ်တယ်လို့ ရုရှားသံအမတ်ကြီးက ဝေဖန်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းရဲ့အခြေအနေတွေကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး စစ်လက်နက်ပစ္စည်းများ သင်္ဘောနဲ့ထပ်မံတင်ပို့နိုင်ဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းဆိုပါတယ်။
ဒါပေမယ့် ရုရှားသံအမတ်ကြီးကတော့ အမေရိကန်အစိုးရရဲ့လုပ်ရပ်က စစ်ပွဲကို ပိုမိုရှည် ကြာလာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။ ရုရှားသံ အမတ်ကြီးက ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေကို ပင်ပန်းနွမ်းလျအောင်လုပ် ဆောင်ပြီး စစ်ပွဲတွေမှာ အနောက်အုပ်စုက ပံ့ပိုးထားတဲ့ ခေတ်မီလက်နက်များအကူအ ညီနဲ့ ရုရှားတပ်ဖွဲ့တွေကို အနိုင်ရဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေကိုလည်း ပယ်ချထားပါတယ်။
ယူကရိန်းအစိုးရဟာ စစ်ပွဲမှာ လူသေဆုံးမှုမြင့်တက်အောင်လုပ်ဆောင်နေပြီး အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့လက်နက်ကူညီပေးမှုတွေက ယူကရိန်းအ စိုးရကို သက်တမ်းရှည်အောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းဆိုထားပါတယ်။ အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေက ရုရှားနဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာ သတိထားစေလိုကြောင်း ရုရှားသံအမတ်ကြီးက သတိပေးထားပါတယ်။
https://www.rt.com/news/560530-russian-ambassador-names-us-goal-ukraine/

zawgyi version
ယူကရိန္းစစ္ပြဲကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ အေမရိကန္ စိတ္မဝင္စားဟု ႐ုရွားအစိုးရေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁ဝ
အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး အနာတိုလီ အန္တိုေနာဗ့္က အေမရိကန္ဟာ ယူကရိန္းစစ္ပြဲမီး ပိုမိုေတာက္ေလာင္ေအာင္ ေလာင္စာဆီေတြ ထပ္ထည့္ေနသလို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ စိတ္ဝင္စားမႈမရွိေၾကာင္း ေဝဖန္ျပစ္တင္လိုက္ပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ (၁) ဘီလ်ံထပ္မံေပးဖို႔ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ ႐ုရွားသံအမတ္ႀကီးက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ (၁)ဘီလ်ံထပ္ မံကူညီေပးဖို႔ အေမရိကန္အစိုးရရဲ႕ဆုံးျဖတ္ခ်က္ဟာ ယူကရိန္းစစ္ပြဲကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔စိတ္မဝင္စားေၾကာင့္ ျပသလိုက္တာျဖစ္သလို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ ေတာင္းဆိုသံ ေတြကို နားမေထာင္ျခင္းျဖစ္တယ္လို႔ ႐ုရွားသံအမတ္ႀကီးက ေဝဖန္ခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းရဲ႕အေျခအေနေတြကို ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္ၿပီး စစ္လက္နက္ပစၥည္းမ်ား သေဘၤာနဲ႔ထပ္မံတင္ပို႔ႏိုင္ဖို႔ ခြင့္ျပဳေပးခဲ့တာျဖစ္ေၾကာင္းဆိုပါတယ္။
ဒါေပမယ့္ ႐ုရွားသံအမတ္ႀကီးကေတာ့ အေမရိကန္အစိုးရရဲ႕လုပ္ရပ္က စစ္ပြဲကို ပိုမိုရွည္ ၾကာလာေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သုံးသပ္ေျပာဆိုထားပါတယ္။ ႐ုရွားသံ အမတ္ႀကီးက ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားတပ္ဖြဲ႕ေတြကို ပင္ပန္းႏြမ္းလ်ေအာင္လုပ္ ေဆာင္ၿပီး စစ္ပြဲေတြမွာ အေနာက္အုပ္စုက ပံ့ပိုးထားတဲ့ ေခတ္မီလက္နက္မ်ားအကူအ ညီနဲ႔ ႐ုရွားတပ္ဖြဲ႕ေတြကို အႏိုင္ရဖြယ္ရွိေနတယ္လို႔ သုံးသပ္မႈေတြကိုလည္း ပယ္ခ်ထားပါတယ္။
ယူကရိန္းအစိုးရဟာ စစ္ပြဲမွာ လူေသဆုံးမႈျမင့္တက္ေအာင္လုပ္ေဆာင္ေနၿပီး အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕လက္နက္ကူညီေပးမႈေတြက ယူကရိန္းအ စိုးရကို သက္တမ္းရွည္ေအာင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ေတြက ႐ုရွားနဲ႔ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္လာေအာင္ လုပ္ေဆာင္ေနျခင္းျဖစ္တယ္ဆိုတာ သတိထားေစလိုေၾကာင္း ႐ုရွားသံအမတ္ႀကီးက သတိေပးထားပါတယ္။
https://www.rt.com/news/560530-russian-ambassador-names-us-goal-ukraine/