NUG-CRPH နှင့် PDF များကို ဒေါ်အောင်ဆန်းစုကြည် မသိကြောင်း ထွက်ဆိုထား

 22017

Iris (NP News) - သြဂုတ် ၁၃
နစကအစိုးရကို တန်ပြန်တိုက်ခိုက်နေသော စင်ပြိုင်အဖွဲ့ CRPH ၊ NUG နှင့် PDF များကို မသိသကဲ့သို့ ၎င်းနှင့်လည်း မသက်ဆိုင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုထားကြောင်း သတင်းရရှိသည်။

တရားရုံးထုတ်စစ်ဆေးမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်က တရားလိုရှေ့နေများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားခြင်းမျိုးဖြစ်ပြီး ယင်းကဲ့သို့ တရားခွင်အတွင်းဖြေဆိုချက်များမှာ စီရင်ထုံးအတွက် သမိုင်းဝင်မှတ်တမ်းမှတ်ရာများဖြစ်လာကြောင်းလည်း သတင်းရင်းမြစ်များထံ NP News က စုံစမ်းသိရှိရသည်။ " NUG-CRPH ဆိုတာ ဘာလဲလို့ သူက ပြန်မေးတယ်။ PDF ဆိုတာက ဘာလဲလို့ မေးတယ်။ သူ မသိဘူးလည်း ပြောတယ် " ဟု တရားရုံးသတင်းရင်းမြစ်တစ်ဦးက NP News ကို အတည်ပြုပြောကြားသည်။ ၎င်းနှင့်မသက်ဆိုင်ကြောင်း အဓိပ္ပါယ်ရသည့် ဒေါ်အောင်ဆန်းစုကြည်၏အဆိုပါ ပြောဆိုချက်များကို တရားခွင်အတွင်း၌ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လက်ရေးမူဖြင့် လိုက်လံမှတ်သားခဲ့ကြောင်းလည်း သိရသည်။ တရားလိုရှေ့နေများ၏ မေးမြန်းချက်များကို မသိကြောင်း ပြောကြားမှုအပြင် ဘယ်လိုအဖွဲ့အစည်းများဖြစ်သနည်းဆိုသော မေးခွန်းမျိုးကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်လည်မေးမြန်းခဲ့သည့်အတွက် တရားလိုရှေ့နေများဘက်ကလည်း CRPH ၏ လုပ်ရပ်များ၊ NUG ၏ လုပ်ရပ်များနှင့် PDF တို့၏ လုပ်ရပ်များကို အကြမ်းဖျင်း ရှင်းပြမှုများ ရှိခဲ့ကြောင်းလည်း ကြားသိရသည်။

" အော် အဲဒီလိုလားလို့ပဲ ပြောတယ်။ ကျွန်မ မသိဘူးပဲ ဆက်ပြောတယ် " ဟု သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ သတင်းစကားများမှာ CRPH မှ ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်ထံ ၂၄ နာရီမပြည့်မီအတွင်း တိုက်ရိုက်ရောက်ရှိနေခဲ့ပြီး ဦးအောင်ကြည်ညွန့်အပါအဝင် NUG မှ ပုဂ္ဂိုလ်အများအပြားကလည်း သိရှိထားကြသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်မှ တစ်နည်းနည်းဖြင့် လွတ်မြောက်လာမည်ကိုပင် အထူးစိုးရိမ်နေကြကြောင်းလည်း NUG ထဲမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသောသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို မသိဘူးပြောတာကို သူတို့ကို မထောက်ခံတာနဲ့ အတူတူပဲလို့ နားလည်ထားပုံရတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့ ပြန်လည်ထိတွေ့ဆက်ဆံမှာကို သူတို့ စိုးရိမ်နေကြတယ် " ဟု NUG သတင်းရင်းမြစ်က ပြောသည်။ ယင်းအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မည်သို့စီစဉ်သင့်သနည်းဆိုသော မေးခွန်းများက ၎င်းတို့အဖွဲ့အတွင်း ခေါင်းခြောက်စရာဆွေးနွေးမှု ဖြစ်နေကြောင်းလည်း ဆိုသည်။

NUG အတွင်းစည်းအတွင်း၌မူ ပါတီ၏ဖေ့ဘွတ်ပေ့ချ်ကို မြန်မာပြည်တွင်း၌ ဆက်လက်ရှင်သန်နေကြသော အခြားထိပ်တန်းပါတီဝင်များ၏လက်ထဲမှ လုယူထားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမပါသော ထုတ်ပြန်ချက်များကို လိုအပ်သလို ဆက်တိုက်ထုတ်ပြန်ခြင်းဖြင့် ဖိအားပေးထားမည့်နည်းလမ်းကိုသာ ကနဦးရွေးချယ်ထားကြောင်း သိရသည်။

Zawgyi Version;
NUG-CRPH ႏွင့္ PDF မ်ားကို ေဒၚေအာင္ဆန္းစုၾကည္ မသိေၾကာင္း ထြက္ဆိုထား
Iris (NP News) - ၾသဂုတ္ ၁၃
နစကအစိုးရကို တန္ျပန္တိုက္ခိုက္ေနေသာ စင္ၿပိဳင္အဖြဲ႕ CRPH ၊ NUG ႏွင့္ PDF မ်ားကို မသိသကဲ့သို႔ ၎ႏွင့္လည္း မသက္ဆိုင္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္းျဖစ္သူ NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆိုထားေၾကာင္း သတင္းရရွိသည္။

တရား႐ုံးထုတ္စစ္ေဆးမႈမ်ားအတြင္း ေဒၚေအာင္ဆန္းစုၾကည္က တရားလိုေရွ႕ေနမ်ား၏ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားထားျခင္းမ်ိဳးျဖစ္ၿပီး ယင္းကဲ့သို႔ တရားခြင္အတြင္းေျဖဆိုခ်က္မ်ားမွာ စီရင္ထုံးအတြက္ သမိုင္းဝင္မွတ္တမ္းမွတ္ရာမ်ားျဖစ္လာေၾကာင္းလည္း သတင္းရင္းျမစ္မ်ားထံ NP News က စုံစမ္းသိရွိရသည္။ " NUG-CRPH ဆိုတာ ဘာလဲလို႔ သူက ျပန္ေမးတယ္။ PDF ဆိုတာက ဘာလဲလို႔ ေမးတယ္။ သူ မသိဘူးလည္း ေျပာတယ္ " ဟု တရား႐ုံးသတင္းရင္းျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာၾကားသည္။ ၎ႏွင့္မသက္ဆိုင္ေၾကာင္း အဓိပၸါယ္ရသည့္ ေဒၚေအာင္ဆန္းစုၾကည္၏အဆိုပါ ေျပာဆိုခ်က္မ်ားကို တရားခြင္အတြင္း၌ရွိေနေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားက လက္ေရးမူျဖင့္ လိုက္လံမွတ္သားခဲ့ေၾကာင္းလည္း သိရသည္။ တရားလိုေရွ႕ေနမ်ား၏ ေမးျမန္းခ်က္မ်ားကို မသိေၾကာင္း ေျပာၾကားမႈအျပင္ ဘယ္လိုအဖြဲ႕အစည္းမ်ားျဖစ္သနည္းဆိုေသာ ေမးခြန္းမ်ိဳးကို ေဒၚေအာင္ဆန္းစုၾကည္ဘက္က ျပန္လည္ေမးျမန္းခဲ့သည့္အတြက္ တရားလိုေရွ႕ေနမ်ားဘက္ကလည္း CRPH ၏ လုပ္ရပ္မ်ား၊ NUG ၏ လုပ္ရပ္မ်ားႏွင့္ PDF တို႔၏ လုပ္ရပ္မ်ားကို အၾကမ္းဖ်င္း ရွင္းျပမႈမ်ား ရွိခဲ့ေၾကာင္းလည္း ၾကားသိရသည္။

" ေအာ္ အဲဒီလိုလားလို႔ပဲ ေျပာတယ္။ ကြၽန္မ မသိဘူးပဲ ဆက္ေျပာတယ္ " ဟု သတင္းရင္းျမစ္က ေျပာသည္။ အဆိုပါ သတင္းစကားမ်ားမွာ CRPH မွ ဦးေဆာင္ပုဂၢိဳလ္တစ္ဦးျဖစ္သူ ဦးေအာင္ၾကည္ၫြန႔္ထံ ၂၄ နာရီမျပည့္မီအတြင္း တိုက္႐ိုက္ေရာက္ရွိေနခဲ့ၿပီး ဦးေအာင္ၾကည္ၫြန႔္အပါအဝင္ NUG မွ ပုဂၢိဳလ္အမ်ားအျပားကလည္း သိရွိထားၾကသည့္အတြက္ ေဒၚေအာင္ဆန္းစုၾကည္ အက်ဥ္းေထာင္မွ တစ္နည္းနည္းျဖင့္ လြတ္ေျမာက္လာမည္ကိုပင္ အထူးစိုးရိမ္ေနၾကေၾကာင္းလည္း NUG ထဲမွ ေဒၚေအာင္ဆန္းစုၾကည္အား ေလးစားေသာသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။

" ေဒၚေအာင္ဆန္းစုၾကည္က သူတို႔ကို မသိဘူးေျပာတာကို သူတို႔ကို မေထာက္ခံတာနဲ႔ အတူတူပဲလို႔ နားလည္ထားပုံရတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းတို႔ ျပန္လည္ထိေတြ႕ဆက္ဆံမွာကို သူတို႔ စိုးရိမ္ေနၾကတယ္ " ဟု NUG သတင္းရင္းျမစ္က ေျပာသည္။ ယင္းအတြက္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္အား မည္သို႔စီစဥ္သင့္သနည္းဆိုေသာ ေမးခြန္းမ်ားက ၎တို႔အဖြဲ႕အတြင္း ေခါင္းေျခာက္စရာေဆြးေႏြးမႈ ျဖစ္ေနေၾကာင္းလည္း ဆိုသည္။

NUG အတြင္းစည္းအတြင္း၌မူ ပါတီ၏ေဖ့ဘြတ္ေပ့ခ်္ကို ျမန္မာျပည္တြင္း၌ ဆက္လက္ရွင္သန္ေနၾကေသာ အျခားထိပ္တန္းပါတီဝင္မ်ား၏လက္ထဲမွ လုယူထားၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္၏ သေဘာထားမပါေသာ ထုတ္ျပန္ခ်က္မ်ားကို လိုအပ္သလို ဆက္တိုက္ထုတ္ျပန္ျခင္းျဖင့္ ဖိအားေပးထားမည့္နည္းလမ္းကိုသာ ကနဦးေ႐ြးခ်ယ္ထားေၾကာင္း သိရသည္။

Picture

CiCi Wan

13/08/2022 14:25

ရူးရင်လည်း ထမင်းလွတ်ရူးကြပါကွာ၊ စောက်ရူးတေ

Related news

© 2021. All rights reserved.