အိန္ဒိယကို နှစ်ပေါင်း ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင်လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု

 812

ဂျန်ဇက် (NP News) - သြဂုတ် ၁၆
အိန္ဒိယနိုင်ငံကို နှစ်ပေါင်း ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရမ်ဒရာမိုဒီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ သြဂုတ် ၁၅ ရက်နေ့မှာ ကျင်းပတဲ့ အိန္ဒိယနိုင်ငံရဲ့ ၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်း အနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဗြိတိန်နိုင်ငံရဲ့ လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗြိတိန်နိုင်ငံလက်ထဲမှ ပြန်လည်လွတ်မြောက်လာတဲ့ ၇၅ နှစ်ပြည့် လွတ်လပ်ရေးအခမ်းအနားနေ့ကို အိန္ဒိယနိုင်ငံတဝှမ်းကျင်းပခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်က လူငယ်တွေအနေနဲ့ ရည်မှန်းချက်ကြီးကြီးထားပြီး နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင် ပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်က "ကျွန်တော်တို့ အိန္ဒိယနိုင်ငံကို လာမယ့် ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ပြောင်းလဲနိုင် အောင် ကြိုးစားလုပ်ကိုင်သွားရမယ်။ ဒါဟာကြီးမားတဲ့ဆုံးဖြတ်ချက်အဖြေတစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံး အစွမ်းကုန်လုပ်ဆောင်သွားရမယ်" လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာဘဏ်ရဲ့သတ်မှတ်ချက်ထဲမှာ ဝင်ငွေနည်းနိုင်ငံစာရင်းထဲ သတ်မှတ်ခံထားရ တယ်လို့ သိရပါတယ်။

တစ်ဦးချင်းဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ၈၆ ဒေါ်လာ နဲ့ ၄၂၅၅ ဒေါ်လာရရှိတဲ့နိုင်ငံများကို ဝင်ငွေနည်း နိုင်ငံအဖြစ် သတ်မှတ်ထားပြီး တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၂ဝ၅ အထက်ရရှိတဲ့နိုင်ငံတွေကို ဝင်ငွေ မြင့်မားစွာ ရရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာဘဏ်က သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယ ဟာ ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံတွေထဲ အဆင့် ၆ နေရာမှာ သတ်မှတ်ခံထားရပြီး စီးပွားရေး လျင်မြန်စွာ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ အာရုံစိုက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့လက်ရှိတစ်ဦးချင်း ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၁ဝဝ ဝန်းကျင်ခန့်ရရှိနေပြီး အမေရိကန်လိုမျိုး အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဝင်ငွေရမှုနည်းပါးနေတယ်လို့ သိရပါတယ်။

https://tvpworld.com/61843029/india-aims-to-become-developed-nation-in-25-years-pm-modi

Zawgyi Version;
အိႏၵိယကို ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း ဖြံ႕ၿဖိဳးၿပီးႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္မယ္လို႔ ဝန္ႀကီးခ်ဳပ္မိုဒီ ကတိျပဳ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၆
အိႏၵိယႏိုင္ငံကို ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း ဖြံ႕ၿဖိဳးၿပီးႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္သြားဖို႔ ရည္႐ြယ္ထားေၾကာင္း အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရမ္ဒရာမိုဒီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ ၾသဂုတ္ ၁၅ ရက္ေန႔မွာ က်င္းပတဲ့ အိႏၵိယႏိုင္ငံရဲ႕ ၇၅ ႏွစ္ျပည့္ လြတ္လပ္ေရးေန႔အခမ္း အနားမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ ၿဗိတိန္ႏိုင္ငံရဲ႕ လက္ေအာက္ခံ ကိုလိုနီႏိုင္ငံျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ၿဗိတိန္ႏိုင္ငံလက္ထဲမွ ျပန္လည္လြတ္ေျမာက္လာတဲ့ ၇၅ ႏွစ္ျပည့္ လြတ္လပ္ေရးအခမ္းအနားေန႔ကို အိႏၵိယႏိုင္ငံတဝွမ္းက်င္းပခဲ့ပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္က လူငယ္ေတြအေနနဲ႔ ရည္မွန္းခ်က္ႀကီးႀကီးထားၿပီး ႏိုင္ငံအတြက္ အေကာင္းဆုံးလုပ္ေဆာင္ ေပးဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အိႏၵိယဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္တို႔ အိႏၵိယႏိုင္ငံကို လာမယ့္ ၂၅ ႏွစ္အတြင္း ဖြံ႕ၿဖိဳးၿပီးႏိုင္ငံအျဖစ္ ေျပာင္းလဲႏိုင္ ေအာင္ ႀကိဳးစားလုပ္ကိုင္သြားရမယ္။ ဒါဟာႀကီးမားတဲ့ဆုံးျဖတ္ခ်က္အေျဖတစ္ခုျဖစ္ၿပီး ကြၽန္ေတာ္တို႔အားလုံး အစြမ္းကုန္လုပ္ေဆာင္သြားရမယ္" လို႔ေျပာပါတယ္။

အိႏၵိယႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကမာၻဘဏ္ရဲ႕သတ္မွတ္ခ်က္ထဲမွာ ဝင္ေငြနည္းႏိုင္ငံစာရင္းထဲ သတ္မွတ္ခံထားရ တယ္လို႔ သိရပါတယ္။

တစ္ဦးခ်င္းဝင္ေငြ စုစုေပါင္း အေမရိကန္ေဒၚလာ ၁ဝ၈၆ ေဒၚလာ နဲ႔ ၄၂၅၅ ေဒၚလာရရွိတဲ့ႏိုင္ငံမ်ားကို ဝင္ေငြနည္း ႏိုင္ငံအျဖစ္ သတ္မွတ္ထားၿပီး တစ္ဦးခ်င္းဝင္ေငြ အေမရိကန္ေဒၚလာ ၁၃၂ဝ၅ အထက္ရရွိတဲ့ႏိုင္ငံေတြကို ဝင္ေငြ ျမင့္မားစြာ ရရွိတဲ့ႏိုင္ငံအျဖစ္ ကမာၻဘဏ္က သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

အိႏၵိယ ဟာ ကမာၻ႔စီးပြားေရးအေကာင္းဆုံးႏိုင္ငံေတြထဲ အဆင့္ ၆ ေနရာမွာ သတ္မွတ္ခံထားရၿပီး စီးပြားေရး လ်င္ျမန္စြာ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ဖို႔ အာ႐ုံစိုက္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ အိႏၵိယႏိုင္ငံရဲ႕လက္ရွိတစ္ဦးခ်င္း ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂၁ဝဝ ဝန္းက်င္ခန႔္ရရွိေနၿပီး အေမရိကန္လိုမ်ိဳး အျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဝင္ေငြရမႈနည္းပါးေနတယ္လို႔ သိရပါတယ္။

https://tvpworld.com/61843029/india-aims-to-become-developed-nation-in-25-years-pm-modi

Related news

© 2021. All rights reserved.