မန်ယူအသင်းကို ဗြိတိန်နာမည်ကျော် ဘီလျံနာတစ်ဦး ဝယ်ယူရန် ဆန္ဒရှိနေ

624

ဖြိုးခန့် (NP News) - သြဂုတ် ၁၈
ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်းကို ဝယ်ယူလိုကြောင်းသတင်းများ ထွက်ပေါ် လာကြောင်းသိရသည်၊၊
ဂလေဇာမိသားစုသည် အသင်း၏ရှယ်ယာအနည်းစုကိုရောင်းချရန် ဆန္ဒရှိနေကြာင်း Bloomberg သတင်းက ဖော်ပြခဲ့ပြီးနောက် အသက်(၆၉)နှစ်အရွယ် ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီးက မန်ယူအသင်းကိုဝယ်လိုသည့်သတင်း များထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်၊၊
ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီး၏ပြောရေးဆိုခွင့်ရှိသူက “မန်ယူအသင်းကိုရောင်းချမယ်ဆိုရင် ဆာ ဂျင်ရက်ကလစ်ဖ် ဟာ အလားအလာရှိတဲ့ ဝယ်ယူသူဖြစ်မှာ သေချာပါတယ်၊၊ ဒီလိုမျိုးဖြစ်နိုင်ရင် အသင်းကိုပိုင်ဆိုင်ရေးအတွက် ဆွေးနွေးဖို့ ကျွန်တော်တို့စိတ်ဝင်စားပါတယ်” ဟု ဆိုသည်၊၊
ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အကြိမ်(၂ဝ)ရရှိခဲ့သော မန်ယူအသင်းသည် နည်းပြသစ်တန်ဟက်၏လက်အောက် တွင် ၎င်းတို့၏အဖွင့်ပွဲစဉ်နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အောက်ဆုံးသို့ ရောက်ရှိ နေကြောင်း သိရသည်၊၊
မျှော်လင့်သလောက်အောင်မြင်မှုများခဲ့ခြင်းက မန်ယူအသင်းအတွက် ဂလေဇာမိသားစုက ကြီးမားသည့် ရင်းနှီး မြှုပ်နှံမှုများမရှိသည့်အတွက်ဖြစ်ကြောင်း ဝေဖန်မှုများပြင်းထန်လာခဲ့သည်။
မန်ယူအသင်းသည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီဂျောင် ကို ခေါ်ယူရန်ကြိုးပမ်းမှုအပါအဝင် အဓိကကစားသမားများ ခေါ်ယူနိုင်ခြင်းမရှိကြောင်းသိရသည်။ အသင်း၏ တိုက်စစ်မှူးစီရော်နယ်ဒိုသည် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
မန်ယူအသင်းသည် နည်းပြဖာဂူဆန် အနားယူသွားခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစပြီး ကစားပွဲများတွင် ရုန်းကန်နေခဲ့ရ ကာ ၂ဝ၁၇ ခုနှစ်မှစပြီး လက်ရှိအချိန်အထိ ဆုဖလားဆွတ်ခူးနိုင်ခြင်း မရှိသေးပေ၊၊ လီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင် ကစားရမည့် ၂ဝ၂၁ ခုနှစ် မေလက ပွဲစဉ်ကို အချိန်ရွှေ့ဆိုင်းရမှုအပါအဝင် ဂလေဇာမိသားစုများ၏ပိုင်ဆိုင်မှုကို မကြာသေးမီနှစ်များအတွင်း ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခဲ့ကြောင်းသိရသည်။
မန်ယူအသင်းပရိသတ်များသည် သြဂုတ်(၂၃)ရက်နေ့ အိုးထရက်ဖို့ဒ်မှာ ကစားမည့်ပွဲစဉ်တွင် ဂလေဇာမိသားစုကို ထပ်မံဆန့်ကျင်ဆန္ဒပြရန် စီစဉ်နေကြောင်းသိရသည်၊၊
ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီး၏ပြောရေးဆိုခွင့်ရှိသူက “ဒါဟာ ငွေသုံးခြင်း မသုံးခြင်းနဲ့မဆိုင်ပါဘူး၊၊ ဆာ ဂျင်ရက် ကလစ်ဖ်က လက်ရှိအချိန်မှာ အသင်းက မြို့အတွက်ဘယ်လောက်အရေးပါသလဲ၊၊ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာကြည့်နေတာပါ၊၊ အသင်းကို ပြန်လည်စတင်ဖို့ အချိန်ကျလာပြီလို့ထင်ပါတယ်” ဟု ဆိုသည်။
ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်သည် အသင်းကိုရောင်းချရန် စီစဉ်ခဲ့ပြီးနောက် ဗြိတိန်ဘီလျံနာသူဋ္ဌေး ကြီး ဆာဂျင်ရက်ကလစ်ဖ်က မေလတွင် ပေါင်(၄ ဒသမ ၂၅) ဘီလျံဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်၊၊
ဗြိတိန်ဘီလျံနာသူဋ္ဌေးကြီးက ၎င်းသည်မန်ယူအသင်း၏အမာခံပရိသတ်ဖြစ်နေဆဲဖြစ်ပြီး မန်ယူအသင်းကို ဝယ်ယူ ရန် မကမ်းလှမ်းခြင်းမှာ ၎င်းတို့ကရောင်းချမည့်အစီအစဉ်ကို မပြောကြားသေးခြင်းကြောင့်ဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်၊၊
https://www.bbc.com/sport/football/62584716

Zawgyi Version;
မန္ယူအသင္းကို ၿဗိတိန္နာမည္ေက်ာ္ ဘီလ်ံနာတစ္ဦး ဝယ္ယူရန္ ဆႏၵရွိေန
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၈
ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီး ဆာဂ်င္ရက္ကလစ္ဖ္သည္ မန္ယူအသင္းကို ဝယ္ယူလိုေၾကာင္းသတင္းမ်ား ထြက္ေပၚ လာေၾကာင္းသိရသည္၊၊
ဂေလဇာမိသားစုသည္ အသင္း၏ရွယ္ယာအနည္းစုကိုေရာင္းခ်ရန္ ဆႏၵရွိေနၾကာင္း Bloomberg သတင္းက ေဖာ္ျပခဲ့ၿပီးေနာက္ အသက္(၆၉)ႏွစ္အ႐ြယ္ ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီးက မန္ယူအသင္းကိုဝယ္လိုသည့္သတင္း မ်ားထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္၊၊
ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီး၏ေျပာေရးဆိုခြင့္ရွိသူက “မန္ယူအသင္းကိုေရာင္းခ်မယ္ဆိုရင္ ဆာ ဂ်င္ရက္ကလစ္ဖ္ ဟာ အလားအလာရွိတဲ့ ဝယ္ယူသူျဖစ္မွာ ေသခ်ာပါတယ္၊၊ ဒီလိုမ်ိဳးျဖစ္ႏိုင္ရင္ အသင္းကိုပိုင္ဆိုင္ေရးအတြက္ ေဆြးေႏြးဖို႔ ကြၽန္ေတာ္တို႔စိတ္ဝင္စားပါတယ္” ဟု ဆိုသည္၊၊
ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ အႀကိမ္(၂ဝ)ရရွိခဲ့ေသာ မန္ယူအသင္းသည္ နည္းျပသစ္တန္ဟက္၏လက္ေအာက္ တြင္ ၎တို႔၏အဖြင့္ပြဲစဥ္ႏွစ္ပြဲလုံး ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ ေအာက္ဆုံးသို႔ ေရာက္ရွိ ေနေၾကာင္း သိရသည္၊၊
ေမွ်ာ္လင့္သေလာက္ေအာင္ျမင္မႈမ်ားခဲ့ျခင္းက မန္ယူအသင္းအတြက္ ဂေလဇာမိသားစုက ႀကီးမားသည့္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားမရွိသည့္အတြက္ျဖစ္ေၾကာင္း ေဝဖန္မႈမ်ားျပင္းထန္လာခဲ့သည္။
မန္ယူအသင္းသည္ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ဘာစီလိုနာအသင္းကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္ ကို ေခၚယူရန္ႀကိဳးပမ္းမႈအပါအဝင္ အဓိကကစားသမားမ်ား ေခၚယူႏိုင္ျခင္းမရွိေၾကာင္းသိရသည္။ အသင္း၏ တိုက္စစ္မႉးစီေရာ္နယ္ဒိုသည္ အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနသည္ဟု သတင္းမ်ားထြက္ေပၚေနသည္။
မန္ယူအသင္းသည္ နည္းျပဖာဂူဆန္ အနားယူသြားခဲ့သည့္ ၂ဝ၁၃ ခုႏွစ္မွစၿပီး ကစားပြဲမ်ားတြင္ ႐ုန္းကန္ေနခဲ့ရ ကာ ၂ဝ၁၇ ခုႏွစ္မွစၿပီး လက္ရွိအခ်ိန္အထိ ဆုဖလားဆြတ္ခူးႏိုင္ျခင္း မရွိေသးေပ၊၊ လီဗာပူးလ္အသင္းႏွင့္ယွဥ္ၿပိဳင္ ကစားရမည့္ ၂ဝ၂၁ ခုႏွစ္ ေမလက ပြဲစဥ္ကို အခ်ိန္ေ႐ႊ႕ဆိုင္းရမႈအပါအဝင္ ဂေလဇာမိသားစုမ်ား၏ပိုင္ဆိုင္မႈကို မၾကာေသးမီႏွစ္မ်ားအတြင္း ဆန႔္က်င္ကန႔္ကြက္မႈမ်ား ရွိေနခဲ့ေၾကာင္းသိရသည္။
မန္ယူအသင္းပရိသတ္မ်ားသည္ ၾသဂုတ္(၂၃)ရက္ေန႔ အိုးထရက္ဖို႔ဒ္မွာ ကစားမည့္ပြဲစဥ္တြင္ ဂေလဇာမိသားစုကို ထပ္မံဆန႔္က်င္ဆႏၵျပရန္ စီစဥ္ေနေၾကာင္းသိရသည္၊၊
ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီး၏ေျပာေရးဆိုခြင့္ရွိသူက “ဒါဟာ ေငြသုံးျခင္း မသုံးျခင္းနဲ႔မဆိုင္ပါဘူး၊၊ ဆာ ဂ်င္ရက္ ကလစ္ဖ္က လက္ရွိအခ်ိန္မွာ အသင္းက ၿမိဳ႕အတြက္ဘယ္ေလာက္အေရးပါသလဲ၊၊ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္မလဲ ဆိုတာၾကည့္ေနတာပါ၊၊ အသင္းကို ျပန္လည္စတင္ဖို႔ အခ်ိန္က်လာၿပီလို႔ထင္ပါတယ္” ဟု ဆိုသည္။
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ေအဘရာမိုဗစ္သည္ အသင္းကိုေရာင္းခ်ရန္ စီစဥ္ခဲ့ၿပီးေနာက္ ၿဗိတိန္ဘီလ်ံနာသူေ႒း ႀကီး ဆာဂ်င္ရက္ကလစ္ဖ္က ေမလတြင္ ေပါင္(၄ ဒသမ ၂၅) ဘီလ်ံျဖင့္ဝယ္ယူရန္ ကမ္းလွမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္း သိရသည္၊၊
ၿဗိတိန္ဘီလ်ံနာသူေ႒းႀကီးက ၎သည္မန္ယူအသင္း၏အမာခံပရိသတ္ျဖစ္ေနဆဲျဖစ္ၿပီး မန္ယူအသင္းကို ဝယ္ယူ ရန္ မကမ္းလွမ္းျခင္းမွာ ၎တို႔ကေရာင္းခ်မည့္အစီအစဥ္ကို မေျပာၾကားေသးျခင္းေၾကာင့္ျဖစ္ေၾကာင္း BBC သတင္းဌာနသို႔ ေျပာၾကားခဲ့သည္၊၊
https://www.bbc.com/sport/football/62584716