သီရိလင်္ကာမှာ ဆန္ဒပြပွဲများ တစ်ကျော့ပြန်ဖြစ်ပေါ်ခဲ့ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုဖြိုခွင်း

676

ဂျန်ဇက် (NP News) - သြဂုတ် ၁၉
သီရိလင်္ကာအစိုးရက အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို ပြန်သိမ်းပြီးနောက်ပိုင်း သြဂုတ်လ ၁၈ ရက်နေ့မှာ ပထမဆုံးအကြိမ် ဆန္ဒပြပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များအသုံးပြုပြီး ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇ဝ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းများဖြစ်ခဲ့ပြီးနောက် ဒီနှစ်အတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းများကြောင့် စားသုံးကုန်လိုအပ်ချက်များ မြင့်တက်လာခဲ့သလို ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခဲ့ပါတယ်။ သီရိလင်္ကာသမ္မတအသစ်ဟာ ဆန္ဒပြပွဲများကိုဖြိုခွင်းနိုင်ဖို့ လုံခြုံရေး အဖွဲ့တွေကို လုပ်ပိုင်ခွင့်အပြည့်ပေးထားတဲ့ နိုင်ငံတော်အရေးအပေါ်အခြေအနေအမိန့်ထုတ်ပြန်ခဲ့ပြီး အဲဒီအမိန့် သက်တမ်းဟာ ပြီးခဲတဲ့ရက်ပိုင်းမှာ သက်တမ်းကုန်ဆုံးခဲ့ကာ သမ္မတအသစ်က ထပ်မံတိုးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ကျောင်းသားအများအပြားဟာ သြဂုတ် ၁၈ ရက်နေ့မှာ တစ်ကျော့ပြန်ဆန္ဒပြပွဲတွေကို ကိုလံဘိုမြို့မှာ ပြန်လည်ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ အဆိုပါဆန္ဒပြအုပ်စုကိုတားဆီးပိတ်ဆို့ပြီး နံပါတ်တုတ်များ အဓိကကရုဏ်းဖြိုခွင်းရေး ဒိုင်းများ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ Inter-University ကျောင်းသားသမဂ္ဂအဖွဲ့က ခေါင်းဆောင်တစ်ဦးအပါအဝင် လူပေါင်း ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ ရဲတပ်ဖွဲ့က ၄င်းတို့ဟာ ဆန္ဒပြအုပ်စုတွေကို ထိန်းသိမ်းဖို့ အင်အားအနည်းဆုံးအသုံးပြုခဲ့ပြီး နိုင်ငံပိုင်အဆောက်အဦးများကိုဖျက်ဆီးဖို့ ကြိုးပမ်းသူများ၊ လုံခြုံရေး တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ ကြိုးပမ်းသူများကိုဖမ်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းများကြောင့် ဧပြီလတည်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ဆန္ဒပြပွဲများကြောင့် သမ္မတရာဂျာပက်ဆာ ပြည်ပထွက်ပြေးခဲ့ရပြီး ဝန်ကြီးချုပ် Ranil Wickremesinghe က သမ္မတတာဝန် လွှဲပြောင်း ရယူကာ ဆန္ဒပြပွဲတွေကိုထိန်းသိမ်းနိုင်ဖို့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။ ပြီးခဲတဲ့လမှာ စတင်ခဲ့တဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေအမိန့်ဟာ သက်တမ်းကုန်ဆုံးချိန်မှာ သက်တမ်းတိုးတော့မှာ မဟုတ် ကြောင်း သိရိလင်္ကာသမ္မတအသစ် က ဆိုခဲ့ပါတယ်။
https://www.channelnewsasia.com/asia/sri-lanka-tear-gas-fired-protest-student-rally-2889196

Zawgyi Version;
သီရိလကၤာမွာ ဆႏၵျပပြဲမ်ား တစ္ေက်ာ့ျပန္ျဖစ္ေပၚခဲ့ကာ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ားအသုံးျပဳၿဖိဳခြင္း
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၉
သီရိလကၤာအစိုးရက အေရးေပၚအေျခအေနထုတ္ျပန္ထားမႈကို ျပန္သိမ္းၿပီးေနာက္ပိုင္း ၾသဂုတ္လ ၁၈ ရက္ေန႔မွာ ပထမဆုံးအႀကိမ္ ဆႏၵျပပြဲမ်ားျပန္လည္ျဖစ္ပြားခဲ့ရာ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ မီးသတ္ပိုက္မ်ားအသုံးျပဳၿပီး ၿဖိဳခြင္းခဲ့တယ္လို႔ သိရပါတယ္။
သီရိလကၤာႏိုင္ငံမွာ ႏွစ္ေပါင္း ၇ဝ အတြင္း အဆိုး႐ြားဆုံးစီးပြားေရးအက်ပ္အတည္းမ်ားျဖစ္ခဲ့ၿပီးေနာက္ ဒီႏွစ္အတြင္း အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
သီရိလကၤာႏိုင္ငံမွာ စီးပြားေရးအက်ပ္အတည္းမ်ားေၾကာင့္ စားသုံးကုန္လိုအပ္ခ်က္မ်ား ျမင့္တက္လာခဲ့သလို ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေနခဲ့ပါတယ္။ သီရိလကၤာသမၼတအသစ္ဟာ ဆႏၵျပပြဲမ်ားကိုၿဖိဳခြင္းႏိုင္ဖို႔ လုံၿခဳံေရး အဖြဲ႕ေတြကို လုပ္ပိုင္ခြင့္အျပည့္ေပးထားတဲ့ ႏိုင္ငံေတာ္အေရးအေပၚအေျခအေနအမိန႔္ထုတ္ျပန္ခဲ့ၿပီး အဲဒီအမိန႔္ သက္တမ္းဟာ ၿပီးခဲတဲ့ရက္ပိုင္းမွာ သက္တမ္းကုန္ဆုံးခဲ့ကာ သမၼတအသစ္က ထပ္မံတိုးျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။ ေက်ာင္းသားအမ်ားအျပားဟာ ၾသဂုတ္ ၁၈ ရက္ေန႔မွာ တစ္ေက်ာ့ျပန္ဆႏၵျပပြဲေတြကို ကိုလံဘိုၿမိဳ႕မွာ ျပန္လည္ျပဳလုပ္ခဲ့ရာ ရဲတပ္ဖြဲ႕နဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ဟာ အဆိုပါဆႏၵျပအုပ္စုကိုတားဆီးပိတ္ဆို႔ၿပီး နံပါတ္တုတ္မ်ား အဓိကက႐ုဏ္းၿဖိဳခြင္းေရး ဒိုင္းမ်ား အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။ Inter-University ေက်ာင္းသားသမဂၢအဖြဲ႕က ေခါင္းေဆာင္တစ္ဦးအပါအဝင္ လူေပါင္း ၆ ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္းရဲတပ္ဖြဲ႕က ဆိုပါတယ္။ ရဲတပ္ဖြဲ႕က ၄င္းတို႔ဟာ ဆႏၵျပအုပ္စုေတြကို ထိန္းသိမ္းဖို႔ အင္အားအနည္းဆုံးအသုံးျပဳခဲ့ၿပီး ႏိုင္ငံပိုင္အေဆာက္အဦးမ်ားကိုဖ်က္ဆီးဖို႔ ႀကိဳးပမ္းသူမ်ား၊ လုံၿခဳံေရး တပ္ဖြဲ႕ေတြကိုတိုက္ခိုက္ဖို႔ ႀကိဳးပမ္းသူမ်ားကိုဖမ္ဆီးခဲ့တယ္လို႔ ဆိုပါတယ္။
သီရိလကၤာႏိုင္ငံမွာ စီးပြားေရးအက်ပ္အတည္းမ်ားေၾကာင့္ ဧၿပီလတည္းက စတင္ျဖစ္ေပၚခဲ့တဲ့ဆႏၵျပပြဲမ်ားေၾကာင့္ သမၼတရာဂ်ာပက္ဆာ ျပည္ပထြက္ေျပးခဲ့ရၿပီး ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe က သမၼတတာဝန္ လႊဲေျပာင္း ရယူကာ ဆႏၵျပပြဲေတြကိုထိန္းသိမ္းႏိုင္ဖို႔ ႏိုင္ငံေတာ္အေရးေပၚအေျခအေနကို ေၾကညာခဲ့ပါတယ္။ ၿပီးခဲတဲ့လမွာ စတင္ခဲ့တဲ့ ႏိုင္ငံေတာ္အေရးေပၚအေျခအေနအမိန႔္ဟာ သက္တမ္းကုန္ဆုံးခ်ိန္မွာ သက္တမ္းတိုးေတာ့မွာ မဟုတ္ ေၾကာင္း သိရိလကၤာသမၼတအသစ္ က ဆိုခဲ့ပါတယ္။
https://www.channelnewsasia.com/asia/sri-lanka-tear-gas-fired-protest-student-rally-2889196