ဆိုမာလီနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူးမှာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူအသေအပျောက်များခဲ့

 466

ရောင်နီ (NP News) - သြဂုတ် ၂၁

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံး အဝန်းအဝိုင်းမှာ သေနတ်သမားများရဲ့ နာရီ ၂ဝ ကြာ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများနဲ့ ဒေသခံမီဒီယာများက ပြောကြားပါတယ်။

သြဂုတ်လ ၁၉ ရက်၊ သောကြာနေ့ ညနေပိုင်းက အစိုးရ အရာရှိများ မကြာခဏလာရောက်လေ့ရှိတဲ့ ဟာယတ် ဟိုတယ်ကို သေနတ်သမားများက ပစ်ခတ်၊ ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ဆိုမာလီယာ သမ္မတသစ် ဟက်ဆန်ရှက်ခ် မိုဟာမက် ရွေးကောက်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပြီး အယ်လ်ရှာဘတ် လက်နက်ကိုင်အဖွဲ့မှ လက်ချက်ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးသမားများ ကြား အလွန်ရေပန်းစားတဲ့ အဆိုပါဟိုတယ်တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ပြီး အလ်ရှာဘက် က နိုင်ငံရေးသမားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ တိုက်ခိုက်မှုအတွက်လည်း ၄င်းတို့လုပ်တာဖြစ်ကြောင်း အခိုင်အမာ ပြောထားပြီး ဖြစ်ကြောင်း၊ အရာရှိတွေရဲ့ အမည်တွေကိုတော့ မဖော်ပြထားပေမယ့် အုပ်စုက မြို့တော် မိုဂါဒစ်ရှူးနဲ့ နိုင်ငံအတော်များများမှာ ဒီလိုတိုက်ခိုက်မှုတွေကို မကြာခဏ လုပ်ဆောင်နေကြောင်း အလွတ်တန်း သတင်းထောက်တစ်ဦးက ပြောပါတယ်။

အယ်လ်ရှာဘတ်ကို အစိုးရတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီး ချေမှုန်းပစ်မယ်လို့ ဆိုမာလီယာသမ္မတ မိုဟာမက်က ကတိပြုထားတာကြောင့် အခုလိုတိုက်ခိုက်မှုဖြစ်ပွားတာဖြစ်ပြီး အယ်လ်ရှာဘတ် ခေါင်းဆောင်များ ဘက်မှလည်း နိုင်ငံအစိုးရကိုဖြုတ်ချပစ်မယ်လို့ ကတိပြုခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ အဆောက်အဦးအတွင်း ပိတ်မိနေသော ကလေးငယ်များအပါအဝင် အရပ်သားဒါဇင်ပေါင်းများစွာကိုကယ်ဆယ်နိုင်ခဲ့ကြောင်း လုံခြုံရေးအရာရှိ မိုဟာမက် အက်ဘီကာဒါ က ဆိုပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေက ဟိုတယ်အဆောက်အဦအတွင်းက အကြမ်းဖက်သမားတွေကိုဖြိုခွင်းခဲ့ပြီး လူအများစုကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အရပ်သား ၁ဝ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်” လို့ ၎င်းက ပြော ကြားခဲ့ပါတယ်။

ကနဦး တိုက်ခိုက်မှုမှာ ကားဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက် လာစဉ် သေနတ်သမားများက အဆောက်အအုံအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပြင်းပြင်းထန်ထန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းကလည်း အမေရိကန်က အဆိုပါလက်နက်ကိုင်အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပါတယ်။

https://lm.facebook.com/l.php?u=https%3A%2F%2Faje.io%2Fs9ptag&h=AT29ZT0HKF_iIIU8onOmtiWuEhpwoEPTnBaibacw_VABgOBzFZgM_DSNb3fWiTchU89KIsvY7InyB7s3cRZ3lui3yrL-9vBn6xyVob9yLEYHBNv77gcYUBcNlgjDtyt_AAQg81kLnzAMaZ9WLS4

Zawgyi Version;
ဆိုမာလီႏိုင္ငံ၊ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉးမွာ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ရာ လူအေသအေပ်ာက္မ်ားခဲ့
ေရာင္နီ (NP News) - ၾသဂုတ္ ၂၁

ဆိုမာလီႏိုင္ငံ ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉးရွိ ဟိုတယ္တစ္လုံး အဝန္းအဝိုင္းမွာ ေသနတ္သမားမ်ားရဲ႕ နာရီ ၂ဝ ၾကာ ဝင္ေရာက္စီးနင္းတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး လူ ၁ဝ ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားနဲ႔ ေဒသခံမီဒီယာမ်ားက ေျပာၾကားပါတယ္။

ၾသဂုတ္လ ၁၉ ရက္၊ ေသာၾကာေန႔ ညေနပိုင္းက အစိုးရ အရာရွိမ်ား မၾကာခဏလာေရာက္ေလ့ရွိတဲ့ ဟာယတ္ ဟိုတယ္ကို ေသနတ္သမားမ်ားက ပစ္ခတ္၊ ဗုံးေဖာက္ခြဲျခင္းမ်ား ျပဳလုပ္ခဲ့ပါတယ္။

ဒါဟာ ဆိုမာလီယာ သမၼတသစ္ ဟက္ဆန္ရွက္ခ္ မိုဟာမက္ ေ႐ြးေကာက္ခံရၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ တိုက္ခိုက္မႈျဖစ္ၿပီး အယ္လ္ရွာဘတ္ လက္နက္ကိုင္အဖြဲ႕မွ လက္ခ်က္ျဖစ္တယ္လို႔ သိရပါတယ္။ ႏိုင္ငံေရးသမားမ်ား ၾကား အလြန္ေရပန္းစားတဲ့ အဆိုပါဟိုတယ္တိုက္ခိုက္မႈအတြင္း အနည္းဆုံး လူ ၁ဝ ဦး ေသဆုံးခဲ့ၿပီး အလ္ရွာဘက္ က ႏိုင္ငံေရးသမားေတြကို ဓားစာခံအျဖစ္ ဖမ္းဆီးထားကာ တိုက္ခိုက္မႈအတြက္လည္း ၄င္းတို႔လုပ္တာျဖစ္ေၾကာင္း အခိုင္အမာ ေျပာထားၿပီး ျဖစ္ေၾကာင္း၊ အရာရွိေတြရဲ႕ အမည္ေတြကိုေတာ့ မေဖာ္ျပထားေပမယ့္ အုပ္စုက ၿမိဳ႕ေတာ္ မိုဂါဒစ္ရႉးနဲ႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ဒီလိုတိုက္ခိုက္မႈေတြကို မၾကာခဏ လုပ္ေဆာင္ေနေၾကာင္း အလြတ္တန္း သတင္းေထာက္တစ္ဦးက ေျပာပါတယ္။

အယ္လ္ရွာဘတ္ကို အစိုးရတပ္ဖြဲ႕ေတြနဲ႔ စစ္ဆင္ေရးေတြ အရွိန္ျမႇင့္ၿပီး ေခ်မႈန္းပစ္မယ္လို႔ ဆိုမာလီယာသမၼတ မိုဟာမက္က ကတိျပဳထားတာေၾကာင့္ အခုလိုတိုက္ခိုက္မႈျဖစ္ပြားတာျဖစ္ၿပီး အယ္လ္ရွာဘတ္ ေခါင္းေဆာင္မ်ား ဘက္မွလည္း ႏိုင္ငံအစိုးရကိုျဖဳတ္ခ်ပစ္မယ္လို႔ ကတိျပဳခဲ့ေၾကာင္း ၎က ေျပာၾကားပါတယ္။

အဆိုပါတိုက္ခိုက္မႈမွာ အေဆာက္အဦးအတြင္း ပိတ္မိေနေသာ ကေလးငယ္မ်ားအပါအဝင္ အရပ္သားဒါဇင္ေပါင္းမ်ားစြာကိုကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း လုံၿခဳံေရးအရာရွိ မိုဟာမက္ အက္ဘီကာဒါ က ဆိုပါတယ္။

“လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဟိုတယ္အေဆာက္အဦအတြင္းက အၾကမ္းဖက္သမားေတြကိုၿဖိဳခြင္းခဲ့ၿပီး လူအမ်ားစုကို ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ အရပ္သား ၁ဝ ဦး ထက္မနည္းေသဆုံးခဲ့တယ္လို႔ အတည္ျပဳထားပါတယ္” လို႔ ၎က ေျပာ ၾကားခဲ့ပါတယ္။

ကနဦး တိုက္ခိုက္မႈမွာ ကားဗုံးႏွစ္လုံးေပါက္ကြဲခဲ့ၿပီး အဆိုပါတိုက္ခိုက္မႈေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေရာက္ လာစဥ္ ေသနတ္သမားမ်ားက အေဆာက္အအုံအတြင္း ဝင္ေရာက္ပုန္းေအာင္းခဲ့ကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားနဲ႔ ျပင္းျပင္းထန္ထန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာၾကားပါတယ္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္းကလည္း အေမရိကန္က အဆိုပါလက္နက္ကိုင္အဖြဲ႕ကို ေလေၾကာင္း တိုက္ခိုက္မႈ အမ်ားအျပားျပဳလုပ္ခဲ့ပါတယ္။

https://lm.facebook.com/l.php?u=https%3A%2F%2Faje.io%2Fs9ptag&h=AT29ZT0HKF_iIIU8onOmtiWuEhpwoEPTnBaibacw_VABgOBzFZgM_DSNb3fWiTchU89KIsvY7InyB7s3cRZ3lui3yrL-9vBn6xyVob9yLEYHBNv77gcYUBcNlgjDtyt_AAQg81kLnzAMaZ9WLS4

Related news

© 2021. All rights reserved.