၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် လျှောက်လွှာအရေအတွက် (၃၉ဝဝဝ)ကျော်လက်ခံမည်ဟု MAJA မှထုတ်ပြန်
727
ယွန်း (NP News) - သြဂုတ် ၂၁
၂ဝ၂၂ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် လျှောက်လွှာအရေ အတွက် စုစုပေါင်း (၃၉ဝဝ)ကျော် လက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ သြဂုတ်လ ၁၉ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် လျှောက်လွှာများကို Online စနစ်ဖြင့် လက်ခံသွားမည်ဖြစ်ပြီး N4 Yangon/ N4 Mandalay နှင့် N5 Mandalay အတွက် (၄)ကြိမ်စီ၊ N5 Yangon အတွက် (၃)ကြိမ်နှင့် N3 Yangon အတွက် (၂)ကြိမ်ခွဲ၍ လက်ခံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
လျှောက်လွှာများအား သြဂုတ်လ ၂ဝရက်မှ သြဂုတ်လ ၂၄ရက်အထိ လက်ခံသွားမည် ဖြစ်ပြီး ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်း (၂၄ဝဝဝ)ဦးနှင့် မန္တလေး စာဖြေဌာနအတွက် (၁၅၂ဝဝ)ဦး လက်ခံသွားမည်ဖြစ်ကြောင်း MAJA မှ ထုတ်ပြန်ထားသည်။
online လျှောက်လွှာများကို Server မှ လက်ခံနိုင်သည့် လူအရေအတွက်အထိ ဖြည့်သွင်းနိုင်သော်လည်း ငွေပေးချေခြင်းအား level အလိုက် သတ်မှတ်ထားသော အရေ အတွက်ထိသာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုစာမေးပွဲသည် online အပလီကေးရှင်းစနစ်သစ်ဖြစ်သောကြောင့် လူအနည်းငယ်သာ လက်ခံရန်လျာထားခဲ့သော်လည်း လျှောက်လွှာရောင်းချရာတွင် ဖြစ်ပေါ်ခဲ့သော အခက်အခဲများကြောင့် ပထမဆုံးအကြိမ် အသုံးပြုမည့် online စနစ်သစ်တွင် လျှောက် ထားသူ အများအပြား လက်ခံသွားမည်ဖြစ်ကြောင်း MAJA မှဆိုသည်။
ထို့ပြင် Online မှ လျှောက်လွှာလက်ခံခြင်းဖြစ်သည့်အတွက် server ကြပ်တည်း၍ လိုင်းကျသွားခြင်း မဖြစ်ပေါ်စေရေးအတွက် server သို့ဝင်ရောက်၍ မရသည့် အခါမျိုးတွင် နောက်ပိုင်းအချိန်များမှ ဝင်ရောက်လျှောက်ထားရန် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှအသိပေး ထုတ်ပြန်ထားသည်။
zawgyi version
ယွန်း (NP News) - သြဂုတ် ၂၁