မန်ယူနှင့်ပွဲအပြီးတွင် လီဗာပူးလ်အသင်း၏အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း နည်းပြကလော့ ပြော

 351

ဖြိုးခန့် (NP News) - သြဂုတ် ၂၄

လီဗာပူးလ်အသင်းသည် သြဂုတ်(၂၂)ရက်နေ့က မန်ယူအသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ယာဗင်ကလော့က အသင်း၏အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဝန်ခံပြောဆိုခဲ့သည်၊၊

ဆန်ချိုသည် ပွဲစပြီး (၁၆)မိနစ်တွင် မန်ယူအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းအစတွင် ရက်ရှိ ဖို့ဒ်သည် ဒုတိယဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့ကြောင်း သိရသည်၊၊

ဆာလက်သည် (၈၁) မိနစ်တွင် လီဗာပူးလ်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း လီဗာပူးလ် အသင်းသည် တစ်မှတ်မှမရရှိခဲ့ဘဲ အဆင့်(၁၆)နေရာသို့ဆင်းသွားခဲ့ရကြောင်းသိရသည်၊၊ လီဗာပူးလ်အသင်းသည် မန်စီးတီးအသင်းနှင့် (၅)မှတ်အကွာတွင် ရပ်တည်နေခဲ့ပြီး နည်းပြကလော့သည် ပွဲအပြီးတွင် လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်ရာသီအစအတွက် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်၊၊

နည်းပြကလော့က “ရလဒ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တစ်ကယ်ကိုစိတ်ပျက်မိပါတယ်၊၊ ကျွန်တော်တို့ရဲ့ အခြေ အနေနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်၊၊ ဒီပွဲဟာ မန်ယူအသင်းဘာလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိသွားတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်၊၊ မန်ယူအသင်းက အနိုင်ရရှိဖို့ကို ကျွန်တော်တို့ထက်ပိုပြီး စိတ်အားထက်သန်ခဲ့ပါတယ်၊၊ ဒါဟာ မန်ယူ အသင်းကစားချင်တဲ့ ကစားပွဲတစ်ပွဲဆိုတာ အသေအချာပါပဲ၊၊ ဒါဟာ ကျွန်တော်တို့ အမှားလို့ပြောနိုင်ပါတယ်၊၊ နောက်ဆုံးအချိန်အထိ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ပါတယ်၊၊ ကျွန်တော်တို့ ပင်နယ်တီဧရိယာအတွင်းမှာ ဂိုးကန်သွင်းနိုင်မယ့်အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်၊၊ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ဂိုးတစ်ဂိုးကိုသွင်းယူ နိုင်ခဲ့ ပေမယ့် နောက်ကျသွားခဲ့ပါပြီ၊၊ ကျွန်တော်တို့ နည်းနည်းလေးပိုကောင်းအောင် ကစားနိုင်ရင် ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရရှိနိုင်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

မန်ယူအသင်း တောင်ပံကစားသမား ဆန်ချို အဖွင့်ဂိုးသွင်းယူပီးချိန်တွင် ဂျိမ်းစ်မီလ်နာနှင့် ဗန်ဒိုက်တို့ကြားတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့်အငြင်းပွားမှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမရှိကြောင်း နည်းပြကလော့က အခိုင် အမာပြောဆိုခဲ့သည်၊၊

နည်းပြကလော့က “ကွင်းထဲမှာ အငြင်းပွားမှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့အသင်းမှာ အခြားဘာပြဿနာမှ မရှိပါ ဘူး၊၊ ကစားပွဲတစ်ပွဲကို ရှုံးနိမ့်ပြီးရင် ဘယ်သူကမှ ပျော်ရွှင်ကြမှာမဟုတ်ပါဘူး၊၊ ဒါဟာ လုံးဝပုံမှန်ပါပဲ၊၊ ဒါက ဆင်ခြေ တစ်ခု မဟုတ်ပါဘူး၊၊ အသင်းမှာ အားလုံးက အဆင်ပြေပါတယ်” ဟုဆိုသည်။

https://www.dailymail.co.uk/sport/football/article-11136257/Jurgen-Klopp-admits-worried-Liverpools-shock-2-1-defeat-Man-United.html

Zawgyi Version;
မန္ယူႏွင့္ပြဲအၿပီးတြင္ လီဗာပူးလ္အသင္း၏အေျခအေနႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း နည္းျပကေလာ့ ေျပာ
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၂၄

လီဗာပူးလ္အသင္းသည္ ၾသဂုတ္(၂၂)ရက္ေန႔က မန္ယူအသင္းကို (၂)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပ ယာဗင္ကေလာ့က အသင္း၏အေျခအေနႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္၊၊

ဆန္ခ်ိဳသည္ ပြဲစၿပီး (၁၆)မိနစ္တြင္ မန္ယူအသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒုတိယပိုင္းအစတြင္ ရက္ရွိ ဖို႔ဒ္သည္ ဒုတိယဂိုးကိုထပ္မံသြင္းယူႏိုင္ခဲ့ေၾကာင္း သိရသည္၊၊

ဆာလက္သည္ (၈၁) မိနစ္တြင္ လီဗာပူးလ္အသင္းအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ေသာ္လည္း လီဗာပူးလ္ အသင္းသည္ တစ္မွတ္မွမရရွိခဲ့ဘဲ အဆင့္(၁၆)ေနရာသို႔ဆင္းသြားခဲ့ရေၾကာင္းသိရသည္၊၊ လီဗာပူးလ္အသင္းသည္ မန္စီးတီးအသင္းႏွင့္ (၅)မွတ္အကြာတြင္ ရပ္တည္ေနခဲ့ၿပီး နည္းျပကေလာ့သည္ ပြဲအၿပီးတြင္ လီဗာပူးလ္အသင္း၏ ပရီးမီးယားလိဂ္ရာသီအစအတြက္ စိုးရိမ္မိေၾကာင္း ဝန္ခံခဲ့သည္၊၊

နည္းျပကေလာ့က “ရလဒ္ေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တစ္ကယ္ကိုစိတ္ပ်က္မိပါတယ္၊၊ ကြၽန္ေတာ္တို႔ရဲ႕ အေျခ အေနနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္၊၊ ဒီပြဲဟာ မန္ယူအသင္းဘာလုပ္မယ္ဆိုတာ ရွင္းရွင္းလင္းလင္းသိသြားတဲ့ ပြဲတစ္ပြဲ ျဖစ္ပါတယ္၊၊ မန္ယူအသင္းက အႏိုင္ရရွိဖို႔ကို ကြၽန္ေတာ္တို႔ထက္ပိုၿပီး စိတ္အားထက္သန္ခဲ့ပါတယ္၊၊ ဒါဟာ မန္ယူ အသင္းကစားခ်င္တဲ့ ကစားပြဲတစ္ပြဲဆိုတာ အေသအခ်ာပါပဲ၊၊ ဒါဟာ ကြၽန္ေတာ္တို႔ အမွားလို႔ေျပာႏိုင္ပါတယ္၊၊ ေနာက္ဆုံးအခ်ိန္အထိ ကြၽန္ေတာ္တို႔ အေကာင္းဆုံးကစားခဲ့ပါတယ္၊၊ ကြၽန္ေတာ္တို႔ ပင္နယ္တီဧရိယာအတြင္းမွာ ဂိုးကန္သြင္းႏိုင္မယ့္အခြင့္အေရးေတြ အမ်ားႀကီးရခဲ့ပါတယ္၊၊ ကြၽန္ေတာ္တို႔နဲ႔ထိုက္တန္တဲ့ ဂိုးတစ္ဂိုးကိုသြင္းယူ ႏိုင္ခဲ့ ေပမယ့္ ေနာက္က်သြားခဲ့ပါၿပီ၊၊ ကြၽန္ေတာ္တို႔ နည္းနည္းေလးပိုေကာင္းေအာင္ ကစားႏိုင္ရင္ ဒီပြဲမွာ ကြၽန္ေတာ္တို႔ အႏိုင္ရရွိႏိုင္ပါတယ္” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊

မန္ယူအသင္း ေတာင္ပံကစားသမား ဆန္ခ်ိဳ အဖြင့္ဂိုးသြင္းယူပီးခ်ိန္တြင္ ဂ်ိမ္းစ္မီလ္နာႏွင့္ ဗန္ဒိုက္တို႔ၾကားတြင္ ျဖစ္ပြားခဲ့ေသာ ျပင္းထန္သည့္အျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားမရွိေၾကာင္း နည္းျပကေလာ့က အခိုင္ အမာေျပာဆိုခဲ့သည္၊၊

နည္းျပကေလာ့က “ကြင္းထဲမွာ အျငင္းပြားမႈေတြရွိခဲ့ေပမယ့္ ကြၽန္ေတာ္တို႔အသင္းမွာ အျခားဘာျပႆနာမွ မရွိပါ ဘူး၊၊ ကစားပြဲတစ္ပြဲကို ရႈံးနိမ့္ၿပီးရင္ ဘယ္သူကမွ ေပ်ာ္႐ႊင္ၾကမွာမဟုတ္ပါဘူး၊၊ ဒါဟာ လုံးဝပုံမွန္ပါပဲ၊၊ ဒါက ဆင္ေျခ တစ္ခု မဟုတ္ပါဘူး၊၊ အသင္းမွာ အားလုံးက အဆင္ေျပပါတယ္” ဟုဆိုသည္။

https://www.dailymail.co.uk/sport/football/article-11136257/Jurgen-Klopp-admits-worried-Liverpools-shock-2-1-defeat-Man-United.html

Related news

© 2021. All rights reserved.