ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့တဲ့ ပိုလန်စစ်သားများရဲ့အုတ်ဂူကို ရုရှားမဟာမိတ် ဘီလာရုစ်မှ ဖျက်ဆီးခဲ့ကြောင်း ပိုလန်အစိုးရပြော

763

ရောင်နီ (NP News) - သြဂုတ် ၂၇
ပိုလန်အစိုးရဟာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်စစ်သားများနဲ့တိုက်ခိုက်ရင်းကျဆုံးသွားခဲ့တဲ့ ပိုလန်တော်လှန် တိုက်ခိုက်ရေးသမားများရဲ့အုတ်ဂူများပါရှိတဲ့ အောက်မေ့ဖွယ်နေရာတစ်ခုကို အိမ်နီးချင်း ဘီလာရုစ်ရှိ အာဏာပိုင် များက ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပိုလန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လူကက်ဇ် ဂျက်စီနာ က ဘီလာရုစ်နိုင်ငံ၊ ဆာကွန်တီရှိ သုသာန်ဟာ ဘီလာရုစ်အစိုးရရဲ့ဝန်ဆောင်မှုတွေကြောင့် ပျက်စီးသွားကြောင်း သြဂုတ် ၂၄ ရက်၊ ကြသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်။
"သူရဲကောင်းတွေကို လူ့မှတ်ဉာဏ်ထဲကနေ ဖျောက်ဖျက်ပစ်နိုင်တယ်လို့ထင်တဲ့သူတွေဟာ အလွန်မှားပါတယ်။ ဒီရိုင်းစိုင်းတဲ့လုပ်ရပ်တွေအတွက် စစ်အစိုးရက ပြန်လည်ပေးဆပ်ရမှာပါ” လို့ ဂျက်စီနာက ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်ရဲ့အကြီးဆုံးတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပင်မတပ်မတော် (၁၉၄၄) ကို ရည်ညွှန်းပြီး တွစ်တာမှာ ရေးသားခဲ့ပါ တယ်။
ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆိုဗီယက်တပ်နီတော် စစ်သားများအတွက် အထိမ်းအမှတ်အဆောက်အအုံများ ဖြိုချပစ်မယ်လို့ ဝါဆောက ပြောကြားပြီးနောက် တစ်ရက်အကြာမှာ အဆိုပါစွပ်စွဲချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဆိုပါသချိုင်္င်းနေရာဟာ လွန်ခဲ့တဲ့ ခြောက်လက ယူကရိန်းကို ရုရှားတို့ကျူးကျော်ပြီးကတည်းက ဖျက်ဆီးခဲ့တဲ့ နေရာ ဒါဇင်များစွာထဲမှ တစ်ခုဖြစ်ပေမယ့်လည်း ယင်းနေရာမှာ စစ်သားများကို မြှုပ်နှံထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့အခန်းကဏ္ဍအတွက် ဘီလာရုစ်အပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ပါဝင်လာချိန် မှစ ပိုလန်ဟာလည်း ဘီလာရုစ်သမ္မတကိုဆန့်ကျင်ကာ အများနည်းတူပိတ်ဆို့အရေးယူမှုခြေလှမ်းများ စတင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ဒုတိယကမာၻစစ္အတြင္းက်ဆုံးခဲ့တဲ့ ပိုလန္စစ္သားမ်ားရဲ႕အုတ္ဂူကို ႐ုရွားမဟာမိတ္ ဘီလာ႐ုစ္မွ ဖ်က္ဆီးခဲ့ေၾကာင္း ပိုလန္အစိုးရေျပာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၇
ပိုလန္အစိုးရဟာ ဒုတိယကမာၻစစ္အတြင္း ဆိုဗီယက္စစ္သားမ်ားနဲ႔တိုက္ခိုက္ရင္းက်ဆုံးသြားခဲ့တဲ့ ပိုလန္ေတာ္လွန္ တိုက္ခိုက္ေရးသမားမ်ားရဲ႕အုတ္ဂူမ်ားပါရွိတဲ့ ေအာက္ေမ့ဖြယ္ေနရာတစ္ခုကို အိမ္နီးခ်င္း ဘီလာ႐ုစ္ရွိ အာဏာပိုင္ မ်ားက ဖ်က္ဆီးခဲ့တယ္လို႔ ဆိုပါတယ္။
ပိုလန္ႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ လူကက္ဇ္ ဂ်က္စီနာ က ဘီလာ႐ုစ္ႏိုင္ငံ၊ ဆာကြန္တီရွိ သုသာန္ဟာ ဘီလာ႐ုစ္အစိုးရရဲ႕ဝန္ေဆာင္မႈေတြေၾကာင့္ ပ်က္စီးသြားေၾကာင္း ၾသဂုတ္ ၂၄ ရက္၊ ၾကသပေတးေန႔မွာ ေျပာၾကား ခဲ့ပါတယ္။
"သူရဲေကာင္းေတြကို လူ႔မွတ္ဉာဏ္ထဲကေန ေဖ်ာက္ဖ်က္ပစ္ႏိုင္တယ္လို႔ထင္တဲ့သူေတြဟာ အလြန္မွားပါတယ္။ ဒီ႐ိုင္းစိုင္းတဲ့လုပ္ရပ္ေတြအတြက္ စစ္အစိုးရက ျပန္လည္ေပးဆပ္ရမွာပါ” လို႔ ဂ်က္စီနာက ဒုတိယကမာၻစစ္အတြင္း ပိုလန္ရဲ႕အႀကီးဆုံးေတာ္လွန္ေရးတပ္ဖြဲ႕ျဖစ္တဲ့ ပင္မတပ္မေတာ္ (၁၉၄၄) ကို ရည္ၫႊန္းၿပီး တြစ္တာမွာ ေရးသားခဲ့ပါ တယ္။
ပိုလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ဆိုဗီယက္တပ္နီေတာ္ စစ္သားမ်ားအတြက္ အထိမ္းအမွတ္အေဆာက္အအုံမ်ား ၿဖိဳခ်ပစ္မယ္လို႔ ဝါေဆာက ေျပာၾကားၿပီးေနာက္ တစ္ရက္အၾကာမွာ အဆိုပါစြပ္စြဲခ်က္ထြက္ေပၚလာတာ ျဖစ္ပါတယ္။
အဆိုပါသခ်ိဳငၤ္းေနရာဟာ လြန္ခဲ့တဲ့ ေျခာက္လက ယူကရိန္းကို ႐ုရွားတို႔က်ဴးေက်ာ္ၿပီးကတည္းက ဖ်က္ဆီးခဲ့တဲ့ ေနရာ ဒါဇင္မ်ားစြာထဲမွ တစ္ခုျဖစ္ေပမယ့္လည္း ယင္းေနရာမွာ စစ္သားမ်ားကို ျမႇဳပ္ႏွံထားျခင္း မရွိဘူးလို႔လည္း သိရပါတယ္။
ယူကရိန္းစစ္ပြဲမွာ ႐ုရွားရဲ႕အခန္းက႑အတြက္ ဘီလာ႐ုစ္အေပၚ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈမ်ား ပါဝင္လာခ်ိန္ မွစ ပိုလန္ဟာလည္း ဘီလာ႐ုစ္သမၼတကိုဆန္႔က်င္ကာ အမ်ားနည္းတူပိတ္ဆို႔အေရးယူမႈေျခလွမ္းမ်ား စတင္ခဲ့တယ္လို႔ သိရပါတယ္။