မြန်မာနိုင်ငံက မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို စက်တင်ဘာလ (၁)ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ပေးမည်

1411

NP News - သြဂုတ် ၃ဝ
မလေးရှား၊ တီမောနိုင်ငံတို့မှလွဲ၍ ကျန်ရှိသော အာဆီယံနိုင်ငံများကို စက်တင်ဘာလ (၁)ရက်မှစ၍ မြန်မာနိုင်ငံက ဗီဇာကင်း လွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ခရီးသွားအေဂျင်စီအချိုထံမှ ကြားသိရသည်။
ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား မြန်မာနိုင်ငံအဝင်အထွက် ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သို့သော် မလေးရှားနိုင်ငံနှင့် တီမောနိုင်ငံတို့အား ဗီဇာကင်းလွတ်ခွင့်ပေးမည် မဟုတ်ဘဲ မြန်မာ နိုင်ငံအတွင်းသို့ လာရောက်လိုပါက ဗီဇာလျှောက်ထားရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“မလေးရှားနဲ့ တီမောကလွဲလို့ ကျန်အာဆီယံနိုင်ငံတွေကို ဗီဇာကင်းလွတ်ပေးလိုက်တာဖြစ်တယ်။ လေကြောင်းလိုင်းတွေကိုလည်း သက်ဆိုင်ရာက တရားဝင်အကြောင်းကြားလာတာတွေရှိတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခရီးသွားဝင်ရောက်မှုနှုန်းတွေ မြင့်တက်လာမယ်လို့တော့ ယူဆရတယ်” ဟု ခရီးသွားအေဂျင်စီတစ်ခုမှ လုပ်ငန်းရှင်းတစ်ဦးက ပြောသည်။
ကမ္ဘာတစ်ဝန်းလုံး၌ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုများကို ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အတွက် ယခုနှစ် ဧပြီလ ၁ ရက်မှစ၍ လုပ်ငန်းဗီဇာလျှောက်ထားမှုကို ပြန်လည်ခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွားဗီဇာလျှောက်ထားမှုကိုလည်း ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ယခုနှစ် မေလမှစ၍ ဇူလိုင်လအထိ နိုင်ငံပေါင်း ၅၄ နိုင်ငံမှ နိုင်ငံခြားခရီးသွားဧည့် သည် ၁၆၂၂ ဦးဝင်ရောက်ခဲ့ပြီး အများဆုံးမှာ တရုတ်နိုင်ငံခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ရန်ကုန်၊ ပုဂံနှင့် အင်းလေးဒေသတို့ကို နိုင်ငံခြားခရီးသွားအများအပြားက ကြိုက်နှစ်မှုရှိကြပြီး အာဆီယံနိုင်ငံများကို ဗီဇာကင်းလွတ်ခွင့်ပေးခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းများမှာလည်း ပြန်လည်တိုးတက်လာနိုင်ကြောင်း ခရီးသွားအေဂျင်စီအချို့က သုံးသပ်နေကြသည်။

zawgyi version
မန္မာႏိုင္ငံက မေလးရွား၊ တီေမာႏိုင္ငံတို႔မွလြဲ၍ က်န္ရွိေသာ အာဆီယံႏိုင္ငံမ်ားကို စက္တင္ဘာလ (၁)ရက္မွစ၍ ဗီဇာကင္းလြတ္ခြင့္ေပးမည္
NP News - ၾသဂုတ္ ၃ဝ
မေလးရွား၊ တီေမာႏိုင္ငံတို႔မွလြဲ၍ က်န္ရွိေသာ အာဆီယံႏိုင္ငံမ်ားကို စက္တင္ဘာလ (၁)ရက္မွစ၍ ျမန္မာႏိုင္ငံက ဗီဇာကင္း လြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း ခရီးသြားေအဂ်င္စီအခ်ိဳထံမွ ၾကားသိရသည္။
ကေမာၻဒီးယား၊ ဘ႐ူႏိုင္း၊ အင္ဒိုနီးရွား၊ လာအို၊ ဖီလစ္ပိုင္၊ စကၤာပူ၊ ထိုင္းႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔၏ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအား ျမန္မာႏိုင္ငံအဝင္အထြက္ ဗီဇာကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ မေလးရွားႏိုင္ငံႏွင့္ တီေမာႏိုင္ငံတို႔အား ဗီဇာကင္းလြတ္ခြင့္ေပးမည္ မဟုတ္ဘဲ ျမန္မာ ႏိုင္ငံအတြင္းသို႔ လာေရာက္လိုပါက ဗီဇာေလွ်ာက္ထားရန္လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။
“မေလးရွားနဲ႔ တီေမာကလြဲလို႔ က်န္အာဆီယံႏိုင္ငံေတြကို ဗီဇာကင္းလြတ္ေပးလိုက္တာျဖစ္တယ္။ ေလေၾကာင္းလိုင္းေတြကိုလည္း သက္ဆိုင္ရာက တရားဝင္အေၾကာင္းၾကားလာတာေတြရွိတယ္။ ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ ခရီးသြားဝင္ေရာက္မႈႏႈန္းေတြ ျမင့္တက္လာမယ္လို႔ေတာ့ ယူဆရတယ္” ဟု ခရီးသြားေအဂ်င္စီတစ္ခုမွ လုပ္ငန္းရွင္းတစ္ဦးက ေျပာသည္။
ကမာၻတစ္ဝန္းလုံး၌ ကိုဗစ္ကပ္ေရာဂါ ကူးစက္ျပန႔္ပြားမႈျမင့္မားလာျခင္းေၾကာင့္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားခရီးသြားဝင္ေရာက္မႈမ်ားကို ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လ ၂၃ ရက္မွစ၍ ယာယီရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ကိုဗစ္ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္း ေလ်ာ့နည္းက်ဆင္းလာသည့္အတြက္ ယခုႏွစ္ ဧၿပီလ ၁ ရက္မွစ၍ လုပ္ငန္းဗီဇာေလွ်ာက္ထားမႈကို ျပန္လည္ခြင့္ျပဳခဲ့ၿပီးေနာက္ ကမာၻလွည့္ခရီးသြားဗီဇာေလွ်ာက္ထားမႈကိုလည္း ထပ္မံခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသို႔ ယခုႏွစ္ ေမလမွစ၍ ဇူလိုင္လအထိ ႏိုင္ငံေပါင္း ၅၄ ႏိုင္ငံမွ ႏိုင္ငံျခားခရီးသြားဧည့္ သည္ ၁၆၂၂ ဦးဝင္ေရာက္ခဲ့ၿပီး အမ်ားဆုံးမွာ တ႐ုတ္ႏိုင္ငံခရီးသြားဧည့္သည္မ်ားျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံရွိ ရန္ကုန္၊ ပုဂံႏွင့္ အင္းေလးေဒသတို႔ကို ႏိုင္ငံျခားခရီးသြားအမ်ားအျပားက ႀကိဳက္ႏွစ္မႈရွိၾကၿပီး အာဆီယံႏိုင္ငံမ်ားကို ဗီဇာကင္းလြတ္ခြင့္ေပးျခင္းႏွင့္အတူ ခရီးသြားလုပ္ငန္းမ်ားမွာလည္း ျပန္လည္တိုးတက္လာႏိုင္ေၾကာင္း ခရီးသြားေအဂ်င္စီအခ်ိဳ႕က သုံးသပ္ေနၾကသည္။